ဇန်နဝါရီ ၁၆-၂ဝ၂၅ Ms(VOM) မြန်မာနိုင်ငံမှာ တိုက်ပွဲပဋိပက္ခတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင တရက်ကို ကလေငယ် နှစ်ဦးထက်မနည်း သေဆုံးဒဏ်ရာရမှုတွေရှိနေတယ်လို့ ၂၀၂၄ခုနှစ်အတွင်း ကလေးငယ်တွေ တိုက်ပွဲကြောင့်ကြုံတွေ့ရတဲ့အခြေအနေကို စုစည်းထားတဲ့အစီရင်ခံစာကို Unicef myanmar ကထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့၂၀၂၄ ခုနှစ်အတွင်းမြန်မာနိုင်ငံမှာ တိုက်ပွဲ တွေနဲ့ ကျယ်ပြန့်လာတဲ့ပဋိပက္ခတွေကြောင့်ကလေးပေါင်း ၆သန်းခန့်ဟာ ဆိုးရွားတဲ့လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများနဲ့ ရင်ဆိုင်နေရပြီး ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ စစ်ဘေးရှောင် ၃.၅ သန်းနီးပါး မှာ၃၃ ရာခိုင်နှုန်းကျော်က ကလေးများဖြစ်သလို ၂၀၂၄ ခုနှစ်အတွင်း အရှိန်အဟုန်မြင့်လာသော ပဋိပက္ခများကြောင့် ကလေးငယ် ၇၅၀ ကျော် သေဆုံး၊ ဒဏ်ရာရရှိခဲ့ရာ တရက်ကိုကလေးနှစ်ယောက်နှုန်းထက်ပိုကာသေဆုံးဒဏ်ရာရမှုရှိနေတာလို့ ယူနီဆက်ဖ် ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေကြောင့်အရပ်သားအများစုနေထိုင်ရာဒေသများမှာ မြေမြှုပ်မိုင်း တွေအသုံးပြုတာ၊လ ေကြောင်းတိုက်ခိုက်မှုများနဲ့အခြားသေဆုံးစေနိုင်တဲ့ လက်နက်များကို တိုးမြှင့်အသုံးပြုလာခြင်းက ကလေးများအတွက် လုံခြုံရာနေရာတွေ နည်းပါးလာစေတယ်လို့ ဆိုပါတယ်။ ” တိုက်ပွဲနဲ့လေကြောင်းတိုက်ခိုက်တာကြောင့်ကလေးတွေသေဆုံးရတာတွေဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလနဲ့စက်တင်ဘာလတွေမှာ…
Read MoreAuthor: Editor
အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ဂါဇာစစ်ပွဲ အဆုံးသတ်လေပြီ
ဂါဇာစီးတီး၊ ဇန်နဝါရီ-၁၆-၂၀၂၅ မျိုးဆက်(VOM) ၁၅ လကြာဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲအဆုံးသတ်ရေးအတွက် အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား အပစ်ရပ်ရေးနဲ့ ဓါးစာခံလွတ်မြောက်ရေး သဘောတူညီချက် ရရှိခဲ့ကြောင်း အမေရိကန်နဲ့ ကာတာ စေ့စပ်ညှိနှိုင်းရေးမှူးတွေက ပြောပါတယ်။ ဒီသဘောတူညီချက်ကို အစ္စရေးအစိုးရက အတည်ပြုထားပြီး လာမယ့် တနင်္ဂနွေနေ့မှာ စတင်သက်ဝင်မယ်လို့ ကာတာဝန်ကြီးချုပ်က ပြောပါတယ်။ ဂါဇာမှာ တိုက်ပွဲတွေ အဆုံးသတ်ပြီးနောက် လူသားချင်းစာနာမှု အကူအညီတွေ တိုးမြှင့်ပေးကာ ဓါးစာခံတွေကိုလည်း သူတို့ရဲ့ မိသားစုတွေနဲ့ ပြန်လည်ပေါင်းနိုင်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ သဘောတူညီချက်ရဲ့ နောက်ဆုံးအသေးစိတ်အချက်အလက်တွေကို လုပ်ဆောင်နေဆဲဖြစ်ပေမယ့် သဘောတူညီချက်ရရှိမှုအတွက် ဂျိုးဘိုင်ဒင်ကို ကျေးဇူးတင်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။ အပစ်အခတ်ရပ်စဲရေး ပထမခြောက်ပတ်မစတင်မီ ဟားမတ်စ်တို့ဟာ အမျိုးသမီး၊ ကလေးငယ်နဲ့သက်ကြီးရွယ်အိုအပါအဝင် ဓါးစာခံ ၃၃ ယောက်ကို ပြန်လွှတ်ပေးပြီး အစ္စရေးကလည်း အကျဉ်းထောင်တွေမှာ ထိန်းသိန်းထားတဲ့ ပါလက်စတိုင်းတွေကို ပြန်လွှတ်ပေးရမှာဖြစ်တယ်လို့…
Read Moreသတိပြုရမယ့် ငလျင်ဘေးအန္တရာယ်
SN (VOM) ငလျင်လှုပ်ခတ်ခြင်းဟာ ကမ္ဘာ့မြေမျက်နှာပြင်အောက်ရှိ မြေထုတွေ ရုတ်တရက်ကျိုးပြတ် ရွေ့လျားမှုကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။ လူနေမှု ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ငလျင်ဘေးအန္တရာယ်ကို အထူးဂရုပြုကြဖို့ လိုအပ်ပါတယ်။ ဘူမိဗေဒ အထောက်အထားတွေအရ မြန်မာနိုင်ငံဟာ ငလျင်လှုပ်ရှားမှုကို တွေ့ကြုံခံစားနေရတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ အတိတ်ကာလကလည်း အင်အားပြင်းငလျင်ကြီးတွေ လှုပ်ရှားခဲ့ခြင်းနဲ့ ကမ်းရိုးတန်းဒေသတွေမှာ ဆူနာမီရေလှိုင်း ရိုက်ခတ်ခြင်းတွေ တွေ့ကြုံ ခံစားခဲ့ရပါတယ်။ မြေငလျင်လှုပ်ခတ်ပြီးနောက်မှာ မြေပြိုခြင်း၊ ဆူနာမီလှိုင်းကြီးတွေ ရိုက်ခတ်ခြင်း စတဲ့ နောက်ဆက်တွဲ အန္တရာယ်တွေ ဖြစ်ပေါ်တတ်ပါတယ်။ အဲဒီလို နောက်ဆက်တွဲ အန္တရာယ်တွေကြောင့် အပျက်အစီး၊ အသေအပျောက်တွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ အဓိက ငလျင်ရပ်ဝန်း နှစ်ခု ရှိပါတယ်။ ပထမတခုက ပစိဖိတ် ကမ်းရိုးတန်းတလျောက် အနားပတ်ထားတဲ့ ရပ်ဝန်းဖြစ်ပါတယ်။ “ပစိဖိတ်မီးကွင်း” (Pasific Ring of Fire) လို့လည်း ဆိုကြပါတယ်။ နောက်တခုကတော့…
Read Moreဒေါ်လာဈေးပြန်တက်လာချိန် တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်သူတွေကိုဗဟိုဘဏ်က ထပ်မံဖမ်းဆီးအရေးယူ
ဇန်နဝါရီ ၁၅ – ၂၀၂၅GG (VOM)ရွှေစျေးနဲ့ဒေါ်လာစျေး ပြန်မြင့်တက်လာမှုနဲ့အတူ ဗဟိုဘဏ်ကလည်း တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ရောင်းချခြင်းနဲ့လဲလှယ်သူတွေကို စုံစမ်းဖော်ထုတ်ပြီး ထပ်မံအရေးယူထားကြောင်း ဇန်နဝါရီ၁၄ရက်မှာ အသိပေးလာပါတယ်။ဟွန်ဒီ လုပ်ငန်းလုပ်ကိုင်ကြောင်း ကျော်စောသတင်း ပေါ်ပေါက် သူတွေကို စစ်ဆေးမေးမြန်းခြင်းနဲ့ ယင်းကျော်စောသူတွေရဲ့ ဘဏ်စာရင်းနဲ့ ဘဏ်စနစ်ကို အသုံးပြုပြီး ငွေလွှဲပြောင်းခြင်းကို စိစစ်ပြီး အရေးယူနိုင်ရေး ဆောင်ရွက်ရာကနေ တရားမဝင်ရောင်းဝယ်နေသူတွေကိုဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အရေးယူဆောင်ရွက်ရာမှာသံသယဖြစ်ဖွယ် တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သူ ၂၆ ယောက်ကို စစ်ဆေးခဲ့ကာ အဲဒီထဲကမှ ကိုးယောက်ကိုအမှုဖွင့်အရေးယူထားပြီးခြောက်ယောက်ကိုတရားစွဲဆိုထားတယ်လို့သိရပါတယ်။ဒါအပြင် လူမှုကွန်ယက်စာမျက်နှာမှတဆင့် တရားမဝင်နိုင်ငံခြားငွေကြေး ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ လဲလှယ်ခြင်း နေတဲ့ facebook Group ၁၂ခု၊ Facebookpage ၅ခု ၊ လူနဲ့ဖေ့ဘုတ်စ်အကောင့် ၁၀ ခုကို စိစစ်ဖော်ထုတ်ပြီးအရေးယူနိုင်ရေးလုပ်နေတယ်လို့သိရပါတယ်။” ဒေါ်လာစျေးနဲ့ရွှေစျေးတက်လာပြီဆိုရင် ဗဟိုဘဏ်ကခုလိုပဲ သူတို့actionယူနေပါတယ်ပေါ့။သူတို့နိုင်ငံခြားငွေတွေလည်းထုတ်ရောင်းနေတာပဲလေ။ခုနှစ်စကနေပြန်တက်လာတာခုထိပဲ။စျေးကွက်လိုအပ်ချက်ရှိနေသရွေ့ ဒေါ်လာစျေးကခုလိုဖြစ်နေမှာပဲ။အခုက နိုင်ငံခြားငွေ ဝင်တာနည်းပြီး…
Read Moreကျူးဘားကို အကြမ်းဖက်အားပေးနိုင်ငံအဖြစ်ကနေ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ပျယ်ဖျက်
ဝါရှင်တန်၊ ဇန်နဝါရီ-၁၅-၂၀၂၅ရတီ(VOM)အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ ရာထူးကနေ မဆင်ခင်ရက်ပိုင်းအလိုမှာ ကျူးဘားကို အကြမ်းဖက်အားပေးနိုင်ငံစာရင်းကနေ ပယ်ဖျက်လိုက်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ကျူးဘားအစိုးရကလည်း အနာဂတ်မှာ နိုင်ငံတကာအကြမ်းဖက်မှုလုပ်ရပ်တွေကို ပံ့ပိုးပေးမှာမဟုတ်ဘူးလို့ အာမခံချက်ပေးထားတယ်လို့ ဂျိုးဘိုင်ဒင်ကဆိုပါတယ်။ သူဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး ကွန်ဂရက်ကို မနေ့က အသိပေးခဲ့တာဖြစ်ပါတယ်။ကျုးဘားကတော့ ဒီဆုံးဖြတ်အပေါ် ကြိုဆိုလိုက်ပြီး ထုတ်ပြန်ပြီးနောက် များမကြာခင်မှာပဲ ရာဇဝတ်မှုအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အကျဉ်းသား ၅၅၃ ယောက်ကို ပြန်လွှတ်ပေးမယ်လို့ ကြေညာပါတယ်။ပြန်လွှတ်ပေးမယ့်သူတွေထဲမှာ လွန်ခဲ့တဲ့လေးနှစ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေလည်း ပါဝင်လာဖွယ်ရှိပါတယ်။ ၂၀၁၅ ခုနှစ် သမ္မတဟောင်း အိုဘားမားလက်ထက်မှာ ကျူးဘားကို အကြမ်းဖက်အားပေးနိုင်ငံစာရင်းမှ ပယ်ဖျက်ပေးခဲ့ပြီး ၅၄ နှစ်ကြာ သံတမန်ဆက်ဆံရေး ပြတ်တောက်မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ဒါပေမယ့်လည်း ၂၀၂၁ ခုနှစ် ဒေါ်နယ်ထရန့် အမေရိကန်အစိုးရလက်ထက် နောက်ဆုံးကာလတွေမှာ အမေရိကန်ဟာ ကျူးဘားကို အကြမ်းဖက်အားပေးနိုင်ငံအဖြစ် စာရင်းသွင်းသတ်မှတ်ခဲ့ပါတယ်။အဲဒီနောက် ကျူးဘားကို စီးပွားရေးအရေယူပိတ်ဆို့မှုချမှတ်ခဲ့သလို အမေရိကန်ရဲ့ အကူအညီတွေနဲ့ လက်နက်တင်ပို့မှုတွေကိုလည်း တားမြစ်ခဲ့ပါတယ်။…
Read Moreဖားကန့် နွံကန်ပေါက်ကျမှုမှာ ရုပ်အလောင်း ၂၀ ကျော်ကို ရှာဖွေတွေ့ရှိထား
ဇန်နဝါရီ ၁၅ – ၂၀၂၅ SN (VOM) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာက ကျောက်စိမ်းတွင်းဟောင်း နွံပေါက်ကျမှုဖြစ်စဉ်မှာ မနေ့ ဇန်နဝါရီ ၁၄ ရက်၊ ညနေပိုင်းအထိ ရုပ်အလောင်း ၂၀ ကျော်ကို ရှာဖွေတွေ့ရှိထားတယ်လို့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ မနေ့ မနက် ၉ နာရီဝန်းကျင်မှ စတင်ကာ ရွံ့နွံတွေ ဖုံးအုပ်သွားတဲ့ နေရာတွေကို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ပြန်လည် လုပ်ဆောင်နေခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ရုပ်အလောင်း ၂၁ လောင်း ရှာဖွေတွေ့ရှိထားကာ အဲဒီ ရုပ်အလောင်းတွေထဲမှာ အသက် ၁၀ နှစ်အောက် ကလေးငယ် လေးယောက်ခန့် ပါဝင်တယ်လို့ သိရပါတယ်။ “လက်ရှိအချိန်အထိ တွေ့ရှိထားတဲ့ ရုပ်အလောင်းတွေ အကုန်လုံးကို မနေ့က မီးသင်္ဂြိုဟ်ပြီးပါပြီ။ ကလေးတွေလည်း ပါနေတော့ အတော်ကို စိတ်မကောင်းစရာပါပဲ။…
Read Moreအွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)လုပ်ငန်းတွေ ရန်ကုန်မှာ လှုပ်ရှားနေ
ဇန်နဝါရီ ၁၅ – ၂ဝ၂၅KKO(VOM)ယခုနှစ်ပိုင်းတွေအတွင်းမှာ ကျားဖြန့်လုပ်ငန်းတွေကို ထိထိရောက်ရောက်နှိမ်နင်းနေ ပေမယ့်၊ထိုကျားဖြန့်လုပ်ငန်းတွေဟာ သိသိသာသာလျော့နည်းပပျောက်သွားခြင်းမျိုးမရှိဘဲ အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်) လုပ်ငန်းတွေဟာ ရန်ကုန်မြို့မှာတောင်လှုပ်ရှားမှုတွေရှိနေတယ်လို့ အဲဒီလုပ်ငန်းနဲ့နီးစပ်ပတ်သက်သူတွေထံကနေ VOM က သိရှိရပါတယ်။ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ်ကစလို့ ကျားဖြန့်လုပ်ငန်းတွေကို တရုတ်-မြန်မာနှစ်နိုင်ငံအစိုးရက ပူးပေါင်းပြီး ထိထိရောက်ရောက်နှိမ်နင်းဖမ်းဆီးအရေးယူတာတို့ မြန်မာနိုင်ငံအတွင်းက ဖမ်းဆီးရမိတဲ့ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူတွေကို တရုတ်နိုင်ငံဘက်ကို ပြန်လည် လွဲပြောင်းပေးအပ်တာတွေကိုပြုလုပ်နေသော်လည်း ယနေ့အထိတော့ ထိုကျားဖြန့်လုပ်ငန်းတွေဟာ လျော့ပါးသွားခြင်းမရှိဘဲအွန်လိုင်းကနေ နည်းလမ်းမျိုးစုံနဲ့ ငွေကြေးလိမ်လည်ရယူနေကြဆဲဖြစ်တယ်လို့ ကျားဖြန့်လုပ်ငန်းတွေရဲ့သားကောင်ဖြစ်ခဲ့ရပြီးလိမ်လည်မှုကိုခံခဲ့ရသူတွေက ဆိုပါတယ်။“သူတို့ကအကောင့်ပေါင်းစုံနဲ့ လူမှုကွန်ရက်တွေကိုအသုံးပြုပြီးတော့ လိမ်ကြတာပါ။ဖေ့ဘွတ်စ်ကနေ သူတို့ရဲ့ပစ်မှတ်သားကောင်တွေကိုလိုက်ရှာတယ်။စကားဝင်ရောပြီးရင်းနှီးအောင်လုပ်တယ်။နောက်တော့သူတို့ရဲ့စတော့ရှယ်ယာဈေးကွက်တွေမှာဝင်ကစားဖို့ဖိတ်ခေါ်တာစွယ်တာ ပထမကတော့သောင်းဂဏန်းလောက် ရင်းခိုင်းပြီးဝင်ကစားခိုင်းတာ အစပိုင်းမှာသူတို့ကလုပ်ငန်းကရတယ်ဆိုပြီး အမြတ်လည်းပေးတယ်။နောက်တော့မှ စတော့ရှယ်ယာဆိုတဲ့ ငွေဆတိုးတဲ့ဟာတွေကိုကစားရင်းငွေနဲ့လိုက်ရင်း၊လိုက်ရင်း ကိုယ့်ဆီကငွေတွေကသူတို့ဆ ီပါသွားတာပေါ့။ ကျွန်တော်အသိတယောက်ဆို ၃ သိန်းလောက်ပါသွားတယ်။ဖြစ်တာမကြာသေးဘူး၊ အဲဒါဟိုတလောတုန်းကမှဖြစ်တာ၊သူကမယုံလို့အဲဒီစတော့ကို ဆက်မကစားတော့တာသူ့အတွက် ကံကောင်းသွားတယ်လို့ပြောရမယ်၊ကျားဖြန့်တွေကနည်းအမျိုးမျိုးလိမ်နေကြတာပဲ၊အခုနောက်ပိုင်းပိုဆိုးလာတယ်”လို့ ရန်ကုန်မြို့နေ ပြည်သူတယောက်က ကျားဖြန့်လုပ်ငန်းတွေရဲ့လိမ်လည်မှုအကြောင်းကို ပြောပြခဲ့ပါတယ်။မြန်မာပြည်တွင်းမှာ လူသုံးအများဆုံးဖြစ်တဲ့ ဖေ့ဘွတ်စ်လူမှုကွန်ရက်မှာလည်း မိန်းကလေးပုံစံဟန်ဆောင်ခိုင်းထားတဲ့ကျားဖြန့်အကောင့်တုပေါင်းများစွာရှိနေသလို ထိုအကောင့်တွေကနေတဆင့်…
Read Moreစစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတကို ဖမ်းဆီးထိန်းသိမ်းပြီ
ဆိုးလ်၊ ဇန်နဝါရီ-၁၅-၂၀၂၅ မျိုးဆက်(VOM) တောင်ကိုရီးယား စုံစမ်းစစ်ဆေးရေးမှူးတွေဟာ ဆိုင်းငံ့ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို ဆိုးရှိသူ့ရဲ့နေအိမ်မှာ ဒီကနေ့မနက်က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ ဖမ်းဆီးဖို့ကြိုးပမ်းမှုအတွင်း တာဝန်ရှိသူတွေနဲ့ သမ္မတလုံခြုံရေးအဖွဲ့၊ ထောက်ခံသူတွေအကြား နာရီအတန်ကြာ ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ယခုအစောပိုင်းက သူ့ကို ဖမ်းဆီးဖို့ ကြိုးပမ်းမှုမှာလည်း မအောင်မြင်ခဲ့ဘဲ ရုပ်သိမ်းခဲ့ရပါတယ်။ တခေါာက်မှာတော့ အာဏာပိုင်တွေဟာ နေအိမ်ထဲကို လှေကားတွေအသုံးပြု ဝင်ရောက်ခဲ့ရာတွေရှိခဲ့ပါတယ်။ လက်ရှိမှာတော့ စုံစမ်းစစ်ဆေးသူတွေဟာ သမ္မတယွန်းကို ၄၈ နာရီကြာ ဖမ်းဆီးစစ်ဆေးနိုင်မှာဖြစ်ပြီး စုံစမ်းစစ်ဆေးနေချိန်အတွင်း ၀ရမ်းကို သက်တမ်းတိုးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၀ရမ်းသက်တမ်းတိုးဖို့ တရားရုံးက ပယ်ချပါက ယွန်းဆွတ်ခ်ယိုးလ်ကို ပြန်လွှတ်ပေးရမှာဖြစ်ပါတယ်။ ဖမ်း၀ရမ်းသက်တမ်းတိုးမှုအရ ရုံးတင်စစ်ဆေးခြင်းမပြုမီ သမ္မတကို ရက်ပေါင်း ၂၀ ထိ ထိန်းသိမ်းထားနိုင်ပြီး စွဲချက်တင်ခံရတာနဲ့ ခြောက်လကြာချိန်ထိ ချုပ်နှောင်ထားရန် အစိုးရရှေ့နေများက တောင်းဆိုနိုင်သည်။ သမ္မတကို ရာထူးကနေ ဖယ်ရှားမှု ပြုမပြု…
Read Moreရွှေစက်တော် ဘုရားပွဲမတိုင်ခင်ကတည်းက လုံခြုံရေးတိုးမြှင့်ချထားတယ်လို့သိရ
ဇန်နဝါရီ ၁၅ -၂၀၂၅ GG (VOM) ရွှေစက်တော်ဘုရားပွဲကို ဖေဖော်ဝါရီ ၂ ရက်နေ့မှာစတင်ကျင်းပမှာဖြစ်ပြီး လုံခြုံရေးအနေနဲ့ အခုကတည်းကရွှေစက်တော်ပတ်ဝန်းကျင်တဝိုက်မှာ လုံခြုံရေးအပြည့်အဝချထားတယ်လို့ မန်းရွှေစက်တော်ရာဘုရား ဂေါပကအဖွဲ့ဆီကသိရပါတယ်။ ရွေစက်တော်ဘုရားပွဲမှာ ချထားတဲ့လုံခြုံရေးအင်အားနဲ့ပတ်သက်လို့အသေးစိတ်မပြောနိုင်ပေမယ့် မနှစ်ကပွဲတော်ကာလမှာထားရှိတဲ့လုံခြုံရေးထက် ပိုပြီးတိုးမြှင့်ချထားတယ်လို့ ဆိုပါတယ်။ “တချို့လုံခြုံရေးကိစ္စတွေကြတော့လျို့ဝှက်လုပ်ရတာကျ ကျွန်တော်တို့လည်း မေးလို့စမ်းလို့မရတာတွေရှိတယ်။ဒါပေမယ့် လုံခြုံရေးတိုးမြှင့်ချထားတဲ့အခြေအနေလို့ပြောလို့ရပါတယ်။မနှစ်ကနဲ့မတူတာက ခုနှစ်မှာပွဲတော်မစခင်ကတည်းကလုံခြုံရေးကိုတိုးမြှင့်ချထားတယ်။ ရွှေစက်တော်သွားတဲ့လမ်းမှာလုံခြုံရေးရှိတယ်။ရွှေစက်တော်မှာလည်းလုံခြုံရေးချထားတယ်။ရွှေစက်တော်ပတ်လည်မှာလည်းလုံခြုံရေးတွေချထားတယ်။” လို့ ဂေါပကဥက္ကဋ္ဌမှ VOM ကိုပြောပါတယ်။ လက်ရှိမှာ ရွှေစက်တော် ဘုရားအနီးမှာလည်း တိုက်ပွဲတွေ၊ပစ်ခတ်မှုတွေ ဖြစ်ပွားခြင်းမရှိတဲ့အပြင် အခုကတည်းကပင် နယ်ဝေးဘုရားဖူးသူတွေလာရောက်မှုရှိနေတယ်လို့ဆိုပါတယ်။ “ဘုရားနယ်မြေမှာတော့အေးအေးချမ်းချမ်းပါပဲ။တည်းခိုခန်းတွေလည်းဆောက်နေပါပြီလိုင်းပေါ်မှာပြောနေတဲ့ ဘယ်ရွာမှာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာရွှေစက်တော်နဲ့နည်းနည်းလှမ်းပါတယ်။အနီးဆိုတာမဟုတ်ပါဘူး။ဒါပေမယ့်ရွှေစက်တော်သွားရင်တော့ဒီရွာတွေတော့ဖြတ်ရတာမျိုးရှိတာပေါ့။ မြေပြင်အနေအထားကတော့ ရွှေစက်တော်မုခ်ဦးနားမှာလုံခြုံရေးအမြဲရှိပါတယ်။။လူတွေလည်းသွားနေကြပါတယ်။လိုင်းပေါ်မှာတော့ကောလဟာလတွေပျံ့နေတာ။လက်တွေ့မြေပြင်အခြေအနေမှာတော့အေးဆေးပါပဲ။ရွှေစက်တော်ကိုသွားလို့လာလို့ရနေပါပြီ။”လို့သူကထပ်မံပြောပါတယ်။ ရွှေစက်တော်ဘုရားပွဲလာရောက်မယ့်ခရီးသွားဧည့်သည်တွေအပါအဝင် ဘုရားပွဲတော်ကာလအတွက် လုံခြုံရေး ကိုတိုးမြှင့်ချထားတဲ့အပြင် မြေပြင်လည်းတိုက်ပွဲဖြစ်တာတွေမရှိတာကြောင့် ခရီးသွားဧည့်သည်တွေ လာရောက်နိုင်ကြောင်းပြောဆိုပါတယ်။ ဒါပေမယ့် နယ်မြေခံ မင်းဘူးခရိုင် အမှတ် ၆ PDF အဖွဲ့က မင်းဘူးမြို့နယ်အတွင်းရှိ ပုသိမ်-မုံရွာလမ်းပိုင်း၊ လက်ပံတော-အိုင်းမ-ကိုင်းမကြီးလမ်းပိုင်းကို အသုံးမပြုဖို့နဲ့ရွှေစက်တော်ဘုရားအနီးသွားလာခြင်းမပြုဖို့ ထုတ်ပြန်ပြောဆိုထားပါတယ်။ ”…
Read Moreရွှေသောင်ယံ မကျီးဇင်ရွာမှာ တိုက်ပွဲငြိမ်သက်ပေမယ့် စစ်ရှောင်သူ တိုးလာနေ၊ ငွေဆောင်၊ ချောင်းသာလမ်း မပိတ်သေး
ဇန်နဝါရီ ၁၂ – ၂၀၂၅ GG (VOM) ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ ၊ မကျီးဇင် ကျေးရွာမှာ မနေ့ကစပြီး ဒီနေ့ဇန်နဝါရီ ၁၂ ရက်မှာတော့ လက်နက်ကြီးပစ်ခတ်သံတွေ ရပ်သွားပြီး တိုက်ပွဲဖြစ်ပွားမှုမရှ်ဘဲ ပစ်ခတ်သံတွေငြိမ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” မကျီးဇင်မှာမနေ့ကရော ဒီနေ့ရောတိုက်ပွဲဖြစ်တာမရှိပါဘူး။ မကျီးဇင်မှာ လက်နက်ကြီးသံမကြားရတော့ဘူး။အပစ်ခတ်ရပ်နေတယ်။တဖက်အဖွဲ့တွေလည်းပြန်ဆုတ်သွားပြီလို့မြေပြင်ရှိတဲ့သူတွေဆီက သိရတယ်။ ” လို့ ဒေသခံကပြောပါတယ်။ လက်ရှိမကျီးဇင်ရွာဘက်မှာ ပစ်ခတ်မှုငြိမ်နေပေမယ့် အရင်ရက်တွေတုန်းက မကျီးဇင်ရွာမှာ AAနဲ့နစကတပ်တွေအကြားတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့အခြေအနေ ကြောင့် မကျီးဇင်ရွာ ဒေသခံတွေ အရေးပေါ်စစ်ဘေးရှောင်ခဲ့ကြရသလို အနီးရှိ ဘောမိ၊မီးလောင်ချိုင်မှပြည်သူတွေလည်း ကြိုတင်ပြီးစစ်ဘေးရှောင်ကြရ တယ်လို့သိရပါတယ်။ မကျီးဇင်ဘက်မှာ နယ်မြေအေးချမ်းမှုမရှိဘဲ စစ်ရှောင်လာသူတွေရှိပေမယ့် ရွှေသောင်ယံအပါအဝင် ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေ၊ဝက်သေ ၊သဖော့ကန်၊ သဲကျင်း ၊ပိုးလောင်း ၊ကျွန်းချောင်း၊မာ့သာ၊ မီးလောင်ချိုင်၊တောင်နီမော် ၊ဘောမိတလျောက် မှာတော့ အခြေအနေအေးဆေးငြိမ်သက်ပြီးပုံမှန်အတိုင်းသွားလာမှုရှိနေတယ်လို့ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ ” မကျီးဇင်…
Read More