သွေး (စစ်ကိုင်း) တက္ကသိုလ်တက်ရောက် ပညာသင်ယူခဲ့သူတိုင်း တက္ကသိုလ်ရဲ့ နေ့ရက်တွေကို သတိတရရှိနေတတ်ကြပါတယ်။ ရန်ကုန်တက္ကသိုလ် လို့ ဆိုလိုက်ရင် “အဓိပတိလမ်း” နဲ့ “ကံ့ကော်ပန်း” တွေကို ပြေးမြင်ယောင်မိမှာ ဖြစ်သလို မန္တလေးတက္ကသိုလ် လို့ ဆိုလိုက်ရင် မိန်းအဆောက်အဉီနဲ့ စိန်ပန်းတွေကို မြင်ယောင်မိမှာ ဖြစ်ပါတယ်။ တက္ကသိုလ်ရဲ့ အငွေ့အသက်ကို ပြည့်ပြည့်ဝဝ ရရှိခဲ့တဲ့ ရက်စွဲတွေကို ပြန်တမ်းတမိတိုင်း ကျောင်းနေဖက် သူငယ်ချင်းတွေကိုပါ သတိရမိပါရဲ့။ မန္တလေးတက္ကသိုလ်မှာ ရူပဗေဒအထူးပြု ကျောင်းသူတစ်ယောက်အနေနဲ့ တက်ရောက်ခဲ့ရတဲ့ အချိန်တွေဟာ ကျမရဲ့ ဘဝမှာ အပျော်ရွှင်ဆုံးကာလ တစ်ခုပါပဲ။ အထက်မြန်မာနိုင်ငံက အထင်ကရတက္ကသိုလ် ဖြစ်တဲ့ အတွက် အနယ်နယ်အရပ်ရပ်က ကျောင်းသား, ကျောင်းသူတွေ တက်ရောက်တဲ့ တက္ကသိုလ်ဆိုရင်လည်း မမှားပါဘူး။ ကျမတို့ ကျောင်းတက်စဉ်က ဖယ်ရီလို့ ခေါ်တဲ့ ကျောင်းကြို/ပို့ကားနဲ့…
Read MoreAuthor: Editor Htein Lin
အတက်ကြမ်းသလို အကျကြမ်းပေမယ့် အကျမှာ အဝယ်လေးတဲ့ရွှေ
နိုဝင်ဘာ ၂၁ – ၂၀၂၃ SN (VOM) ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကျပ် ၃၈ သိန်းကျော်အထိ မြင့်တက်ခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ ဒီကနေ့ နိုဝင်ဘာ ၂၁ ရက် မနက်ပိုင်းမှာတော့ အခေါက်ရွှေ တကျပ်သား ကျပ် သုံးဆယ့်ငါးသိန်းရှစ်သောင်းခွဲဈေး ဖြစ်ပေါ်ခဲ့ပြီး နေ့လယ်ပိုင်းမှာတော့ ကျပ် သုံးဆယ့်ခြောက်သိန်းဝန်းကျင်ကို ရောက်ရှိနေပါတယ်။ ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ကျပ် ၃၃ -၃၄ သိန်းကျော် ဝန်းကျင်မှာ ရှိခဲ့ပြီး တလလုံး ဈေးတွေ အေးစက်တည်ငြိမ်နေခဲ့ပေမယ့် အခု နိုဝင်ဘာလအတွင်းမှာတော့ ၂ ရက်နေ့ကစလို့ ဈေးကွက်အတွင်း အလှုပ်အခတ်တွေ ဖြစ်ပေါ်နေပြီး ဈေးအတက်အကျမငြိမ် ဖြစ်နေပါတယ်။ ဒါနဲ့ ပတ်သက်လို့ ရန်ကုန်မြို့က ရွှေလုပ်ငန်းရှင်တယောက်က “ဈေးတွေကတော့ မငြိမ်ပါဘူး။ ဒီလိုပဲ ကောလဟာလတွေထွက်လိုက်၊…
Read Moreမြောက်ကိုရီးယားရဲ့ စစ်ထောက်လှမ်းရေးဂြိုဟ်တု ရက်ပိုင်းအတွင်း လွှတ်တင်တော့မယ်
တိုကျို၊ နိုဝင်ဘာ-၂၁-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ နိုဝင်ဘာ ၂၂ ရက်ကနေ ၃၀ ရက်အတွင်း သူ့ရဲ့စစ်ထောက်လှမ်းရေး ဂြိုဟ်တုလွှတ်တင်ဖို့ အစီအစဉ်ရှိကြောင်း ဂျပန်နိုင်ငံကိုအကြောင်းကြားခဲ့တယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က နိုဝင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ အနောက်တောင်ဘက်နဲ့ ဖိလစ်ပိုင်အရှေ့ဘက် ပစိဖိတ်သမုဒ္ဒရာအတွင်း ဂြိုဟ်တုလွှတ်တင်တဲ့ ဒုံးပျံရဲ့ အပျက်အစီးတွေကျရောက်နိုင်မယ့်နေနရာတွေကို သတိပေးဖော်ပြထားပါတယ်။ အရာဝတ္ထုတွေ ကျရောက်လာနိုင်ခြေနဲ့ပတ်သက်ပြီး ရေယာဉ်တွေကို ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့ကသတိပေးချက်ထုတ်ပြန်ထားပါတယ်။အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ရဲ့ လမ်းညွှန်ချက်အရ အဖွဲ့ဝင်နိုင်ငံတွေဟာ ရေယာဉ်တွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ စစ်ရေးလေ့ကျင့်မှုနဲ့အခြားသောလုပ်ဆောင်မှုတွေ အတွက် ကြိုတင်အကြောင်းကြားရဖို့ သတ်မှတ်ထားပါတယ်။ မြောက်ကိုရီးယားဟာ မေလနဲ့ သြဂုတ်လတွေအတွင်း စစ်ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်ဖို့ နှစ်ကြိမ်တိုင် ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်းမရှိပါဘူး။ အောက်တိုဘာလအတွင်း တတိယအကြိမ် လွှတ်တင်မှုပြုမယ်လို့ ထုတ်ပြန်ထားပါတယ်။ မြောက်ကိုရီးယားဟာ မကြာသေးမီကလည်း ဒုံးကျည်တွေပစ်ခတ်ရာမှာ…
Read Moreတီးတိန်မြို့နယ်ထဲက ၊ ကနေဒီတောင်ပေါ်စခန်း တိုက်ခိုက်ခံရ ၊ ငါးဦးသေဆုံး ၊ လက်နက်ခဲယမ်းတွေပါသွား
နိုဝင်ဘာ ၊ ၂၁ ၊ ၂၀၂၃ SP ( VOM) ချင်းပြည်နယ် မြောက်ပိုင်း ၊ ဖလမ်းခရိုင် ၊ တီးတိန်မြို့နယ် ၊ ကနေဒီတောင်ပေါ်မှာရှိတဲ့ ရှေ့တန်းကာကင်းစခန်းကို ဒီကနေ့ နိုဝင်ဘာ ၂၁မနက်ပိုင်း ၆ နာရီဝန်းကျင်က ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ တိုက်ပွဲဖြစ်စဥ်နဲ့ ပတ်သက်လို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက လူမှုကွန်ရက်ပေါ်မှာ ထုတ်ပြန်ထားတာက “ကနေဒီတောင် တပ်စခန်းကို ဒီမနက် ၆ နာရီက တိုက်ခိုက်ခဲ့တယ် ၊ အဲ့ဒီတိုက်ပွဲမှာ အလောင်း ငါးလောင်းနဲ့ အရှင်ဖမ်းမိထားတာတွေရှိတယ် ၊ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ် ၊ အဲ့ဒီအပြင် တချို့လည်း ထွက်ပြေးတိမ်းရှောင်လို့ လိုက်လံရှင်းလင်းနေတယ်လို့…
Read Moreအစ္စရေးဓါးစာခံတွေ လွတ်မြောက်ရေးသဘောတူညီချက် ပိုမိုနီးစပ်လာ
ဝါရှင်တန်၊ နိုဝင်ဘာ-၂၁-၂၀၂၃ မျိုးးဆက်(VOM) ဟာမတ်စ်တို့ရဲ့ တိုက်ခိုက်မှုအတွင်း ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အစ္စရေး ဓါးစာခံတွေလွတ်မြောက်ရေး သဘောတူညီချက် ရရှိဖို့ ယခင်ကထက် ပိုမိုနီးစပ်လာတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။ “ဒီသဘောတူညီချက်ရရှိဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့် လုပ်စရာရှိတာတွေ ရှိနေတုန်းပါပဲ” လို့အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက ပြောပါတယ်။ ဟားမတ်စ်တို့နဲ့ သဘောတူညီချက်တရပ်ရဖို့ နီးလာပြီလို့ ယုံကြည်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း သီးခြားအခမ်းအနားတခုမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။ လက်ရှိမှာတော့ နိုင်ငံတကာ ကြက်ခြေနီကော်မတီ ဥက္ကဌဟာ ဓါးစာခံတွေလွတ်မြောက်ရေး စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်နေပြီး ဟားမတ်စ်တို့ရဲ့ နိုင်ငံရေးရုံးအခြေစိုက်ရာ ကာတာနိုင်ငံကို သွားရောက်နေပြီဖြစ်ပါတယ်။ အဲဒီသဘောတူညီချက်ရရှိရေးအတွက် လက်တွေ့ကျတဲ့ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အတားအဆီးတွေသာကျန်ရှိတော့ကြောင်း ကာတာဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ…
Read Moreလက်နက်ကြီးကျည်တွေ ကျရောက် ပေါက်ကွဲပြီးနောက် ဘုတလင် ပြည်သူ့ဆေးရုံ ပိတ်ထားရ
နိုဝင်ဘာ ၊ ၂၁ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ဘုတလင်မြို့ ၊ မြို့နယ်ပြည်သူ့ဆေးရုံးကြီးမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲလို့ မနေ့ နိုဝင်ဘာ ၂၀ ရက်ကနေစပြီး ဆေးရုံပိတ်ထားလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ဆေးရုံဝန်းထဲမှာ နေထိုင်တဲ့ ဆေးရုံအုပ်ကြီး အပါအဝင် ကျန်းမာရေး ဝန်ထမ်း ၂၀ ကျော်ရှိတယ် ၊ အခု အဲ့ဒီ ဝန်ထမ်းတွေမရှိတော့ဘူး ၊ တခြားမှာ ပြောင်းရွှေ့သွားကြတယ် ၊ ကျန်းမာရေးဝန်ထမ်းတွေမရှိတော့ ဆေးကုသနေဆဲလူနာတွေက မုံရွာဆေးရုံပြောင်းရွှေ့တာနဲ့ ဆင်းကုန်ကြတယ် ၊ ဘုတလင် ဆေးရုံမှာက အခုဆို လူနာရော ၊ ကျန်းမာရေး ဝန်ထမ်းတွေပါ မရှိတော့ဘူး ၊ ဘာကြောင့်လဲဆိုရင်…
Read Moreဂန့်ဂေါမြို့နယ် ကန်နယ်မြေရဲစခန်းမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေ
နိုဝင်ဘာ ၊ ၂၁ ၊ ၂၀၂၃ SP ( VOM) မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ကန်တိုက်နယ် စံပြကျေးရွာမှာရှိတဲ့ ကန်နယ်မြေရဲစခန်းကို ဒီမနက် အစောပိုင်း ၁ နာရီ ဝန်းကျင်က ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မနက်အစောပိုင်း ၁ နာရီမှာ စတင်တိုက်ပွဲဖြစ်ပွားတယ် ၊ နှစ်ဘက် ပစ်ခတ်မှုတွေ ပြင်းထန်တယ် ၊ မနက် ၃ နာရီဝန်းကျင်လောက်မှာ ကလေးမြို့ဘက်က လေယာဥ်တစီးလာပြီး ဗုံးနှစ်လုံးချသွားတယ် ၊ ကန်ရွာထဲက တောင်ပိုင်း အရှေ့ဘက်က ရွာအဝင်မှာနေတဲ့ ဦးကိုကြီးရဲ့ အိမ်ပေါ် ကျတယ် ၊ နေအိမ် အဆောက်ဦး တလုံး ပျက်စီးသွားတယ် ၊ ကန်ရွာထဲမှာ လူမနေတာ သုံးလရှိပြီဆိုတော့…
Read Moreရွှေ၊ ငွေနဲ့ စက်သုံးဆီ တပတ်တာဈေးကွက်
နိုဝင်ဘာ ၂၀ – ၂၀၂၃ SN (VOM) နိုဝင်ဘာ ၁၄ ရက်မှ ၂၀ ရက်အထိ တပတ်တာကာလအတွင်း ပြည်တွင်းရွှေဈေး အတက်ကြမ်းခဲ့ပြီး အမေရိကန်ဒေါ်လာ ငွေလဲနှုန်းလည်း မြင့်တက်လာခဲ့ပါတယ်။ စက်သုံးဆီဈေးကွက်မှာတော့ ဓာတ်ဆီဝယ်ယူရခက်နေပြီး တန်းစီ ဝယ်ယူနေရတဲ့အချိန်မှာဈေးနှုန်းအပြောင်းအလဲ နည်းခဲ့ပါတယ်။ လက်ရှိမှာ နိုင်ငံအနှံ့ တိုက်ပွဲတွေ ပြင်းထန်လာသလို ပြည်တွင်းဘဏ်တွေမှာ အကန့်အသတ်နဲ့သာ ငွေထုတ်ပေးတော့ခြင်း၊ ဘဏ်ခွဲတချို့ ပိတ်သိမ်းခြင်း စတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာကြောင့် ငွေထက်စိတ်ချရတဲ့ ရွှေဘက်မှာ ရင်းနှီးမြှုပ်နှံသူများပြားလာတဲ့အတွက် ရွှေဈေး ထိုးတက်လာတာဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ တဖက်မှာလည်း ငွေလဲနှုန်းတွေ မြင့်တက်နေပြီး တဒေါ်လာကို ၃၅၀၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိနေကာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကတော့ ၃၃၀၀ ကျပ်ဝန်းကျင် ပေါက်ဈေး ရှိခဲ့တာဖြစ်ပါတယ်။ …
Read Moreတန်ဆောင်တိုင် ငပလီကမ်းခြေ ဘိုကင်လုပ်ထားသူတွေ ပြန်အမ်းငွေ အပြည့်မရ
ရန်ကုန်၊ နိုဝင်ဘာ ၁၈-၂၀၂၃ GG(VOM) တန်ဆောင်ပွဲတော်ကာလမှာ ငပလီကမ်းခြေခရီးစဥ်သွားရောက်ဖို့အတွက် ဟိုတယ်နဲ့ လေယာဉ်လက်မှတ်အတွက် ကြိုတင်ပေးရတဲ့ ဘိုကင်ငွေ နဲ့ အကျေချေပြီး လေယာဥ် လက်မှတ်ဖြတ်ထားသူတွေ ခရီးစဥ်ကိုဖျက်သိမ်းလိုက်ပေမယ့် ပြန်အမ်းငွေ ရာနူန်းပြည့်ပြန်မရ တဲ့အခက်အခဲတွေကြုံတွေ့နေရတယ် လို့သိရပါတယ်။ ရန်ကုန် သံတွဲ လေကြောင်းခရီးစဥ်တွေ ပြေးဆွဲနေဆဲဖြစ်တာကြောင့် ဟိုတယ်တချို့ငွေပြန်အမ်းတာမျိုး လုပ်ပေးခြင်းမရှိဘဲ ရက်ရွှေ့လိုပါက သတ်မှတ်ကာလအထိ ရက်ရွှေ့နိုင်ကြောင်း ပြောဆိုမှုရှိပြီး လေကြောင်းလိုင်းကလည်း လေကြောင်းလိုင်းဘက်ကပြေးဆွဲနိုင်ခြင်းမရှိတာ နဲ့ လေကြောင်းပြေးဆွဲမှုပိတ်လိုက်တာမျိုးမှသာ ငွေပြန်အမ်းမယ်ဆိုတဲ့ အခြေအနေတွေ ကြုံတွေ့နေရတာဖြစ်တယ်လို့သိရပါတယ်။ ” လေယာဥ်လက်မှတ်ဖိုးလည်း ချေပြီးပြီ၊ဟိုတယ်ခလည်းချေပြီးပြီ၊ ဒါပေမယ့်အခု refund ပြန်မပေးဘူး လုပ်နေတယ်၊ကုန်းကြောင်းပိတ်ပေမယ့် လေကြောင်းဖွင့်လို့ ပြန်မပေးဘူး ပြောတယ်၊ အခုတော့ညှိနေတယ် ၊တချို့ ခရီးသွားကုမ္ပဏီတွေက ငွေပြန်အမ်းပေးကြတယ်၊ တချို့တွေကတော့ ငွေပြန်မအမ်းချင်လို့ ညစ်နေတာလည်းရှိတယ်၊…
Read More၈၅ နှစ်ပြည့် လူထုကြီးပွားရေးစာအုပ်တိုက်
ဆူးငှက် ဒီနှစ် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ မန္တလေးက “လူထုကြီးပွားရေး”စာအုပ်တိုက် ၈၅ နှစ် သက်တမ်းပြည့်ပါတယ်။ လူထုကြီးပွားရေးစာအုပ်တိုက်ကို ရန်ကုန်မြို့ ၃၈ လမ်း၊ အမှတ် ၂၂၃ မြေညီထပ်မှာ စတင်တည်ထောင်ခဲ့ပါသတဲ့။ အဲဒီအချိန်ကြီးပွားရေးကိုလှလို့ အမည်တွင်တဲ့ နောင် လူထုဦးလှတို့ စတင်တည်ထောင်ခဲ့ကြတာပါ။ ကြီးပွားရေးစာအုပ်တိုက်ကို စတင်ထူထောင်တာကတော့ ၁၉၃၈ ဇူလိုင်လပါတဲ့။ ကြီးပွားရေးစာအုပ်တိုက်မထူထောင်မီ ၁၉၃၄ ခုနှစ်လောက်ကတည်းက ကြီးပွားရေးမဂ္ဂဇင်းကို အယ်ဒီတာ ကိုလှ ကထုတ်ဝေနေပါပြီတဲ့။ အဲဒီခေတ် အဲဒီအခါကထုတ်ဝေတဲ့ကြီးပွားရေးမဂ္ဂဇင်းဟာ လူငယ်များ ကျန်းမာသန်စွမ်းပြီး ပညာတွေတတ်၊ အမြင်တွေကျယ်ကာ တိုင်းပြည်လွတ်လပ်ရေးကြီးပွားရေးလမ်းကြောင်းကို စိတ်အားထက်သန်စွာ ကြံဆောင်ကြစေဖို့ ရည်ရွယ်ခဲ့တာပါပဲ။ ဒါ့ကြောင့်လည်း ကြီးပွားရေးမဂ္ဂဇင်းက အဲဒီခေတ် အဲဒီအချိန် အခြားမဂ္ဂဇင်းစာစောင်များမှာ ပါလေ့ရှိတဲ့ မိန်းကလေးလှလှနဲ့မျက်နှာဖုံးမျိုးမဟုတ်ဘဲ ကျိုးနေတဲ့ထီး ပေါက်နေတဲ့…
Read More