နိုဝင်ဘာ ၊ ၃ ၊ ၂၀၂၃ SP ( VOM) လာမယ့် နိုဝင်ဘာ ၅ ရက်ကစလို့ သေဒဏ်နဲ့ တကျွန်း ပြစ်ဒဏ်ကျခံရသူတွေကို တလတကြိမ် မိသားစုက ထောင်ဝင်စာတွေ့ခွင့်ရတော့မယ်လို့ နိုင်ငံရေး အကျဉ်းသား အကူညီစောင့်ရှောက်ရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ ၂၀၂၀ မတ် နောက်ဆုံးပတ်ထဲကနေ လူကိုယ်တိုင် ထောင်ဝင်စာ တွေ့ဆုံခွင့်ကို ကိုဗစ်ရောဂါ တုန့်ပြန်ကာကွယ်ရေး လုပ်ငန်းစဉ်တွေအရ ကန့်သတ်ထားတာဖြစ်တယ် ၊ အခုက ကိုဗစ်ရောဂါ ထိန်းချုပ်နိုင်တဲ့ အဆင့်ရောက်နေပြီ ဖြစ်တာကြောင့် လူကိုယ်တိုင် ထောင်ဝင်စာ တွေ့ဆုံခွင့် ကန့်သတ်ထားတာကို ရုတ်သိမ်းဖြေလျော့ပေးတာဖြစ်တယ် ၊ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်က စပြီး ထောင်ဝင်စာတွေ့ခွင့် ပြုထားပေးတယ် ၊ အခုဟာက လာမယ့်နိုင်ဝင်ဘာ ၅ ရက်ကစလို့ သေဒဏ်နဲ့…
Read MoreAuthor: Editor Htein Lin
ခေတ်ဟောင်း မန္တလေး စကားဝိုင်း
ဆူးငှက် ကျွန်တော်သည် ၁၉၉၉ ကတည်းက ယခုနေထိုင်သောအာင်ပင်လယ် လမိုင်းလယ်အဝန်းအဝိုင်းရှိ လယ်တောအိမ်ကလေးသို့ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ထိုစဉ်ကကျွန်တော့အိမ်ကလေး၏မြောက်ဘက်ခြမ်းမှာသာ လူနေအိမ်ခြေတွေရှိသည်။တောင်ဘက်ခြမ်းမှာက ကွင်းပြင်တစ်လျှောက်လုံး၊ ဟို .အောင်ပင်လယ် ကန်ဘောင်ရိုးအထိ ပိတ်စွယ်ရိုင်းတာကြီးဖြစ်သည်။ ယခု ၂၆ ဘီလမ်းမကြီးကမြေသားလမ်းပေါ် ကျောက်ကြမ်းတွေခင်းပြီးကာစ၊ မချောမွေ့သေး ညတိုင်ရောက်လျှင်ခြောက်ဗို့ဘက်ထရီ မီးလုံးလေး၏ အလင်းရောင်မှိန်မှိန်အောက်၌ ရေဒီယိုလေးတစ်လုံးနှင့် ထိုင်နေရင်း ပိတ်စွယ်ပင်တွေကြား တိုင်ဦးတမ်းကစားနေကြသောပိုးစုန်းကြူးအုပ်ကြီး၏ ပဒေသာကပွဲ ကိုပဲကြည့်ရှုနေရသည်။ ကျွန်တော်သည် ၁၉၉၉ ကတည်းက ယခုနေထိုင်သော အောင်ပင်လယ် လမိုင်းလယ်အဝန်းအဝိုင်းရှိ လယ်တောအိမ်ကလေးသို့ယာတောကြီးပေါ်ကနေ ဝါတွင်း ကာလတွင် တောင်ဘက် ကျန်းမာရေးရပ်ကွက်ဓမ္မာရုံဆီက ဖွင့်နေသည့် အသံချဲ့စက်မှ ဗုဒ္ဓဝင် ဖွားတော်မူခန်း ဓာတ်ပြားမှအသံများနှင့် နှလုံးစိတ်ဝမ်းအေးချမ်းရပြန်၏။ မနက်လင်းလျှင်ဖြင့် ကိုယ့်အိမ် အရှေ့ဖက်မှာလည်း ပိတ်စွယ်တောကြီးမို့အရှေ့ရိုးမပေါ်က ခေါင်းပြူလာသော ထွန်းသစ်စ နေရောင်ခြည်ကို အစောဆုံးထိတွေ့ရပြန်သည်။ နံနက်ခင်း၏ နေရောင်ခြည်အောက်တွင်…
Read Moreမိုရေးမှာ စျေးဝယ်လာတဲ့ မြန်မာနိုင်ငံသား ၄၄ ဦးကို အိန္ဒိယရဲက ဖမ်းဆီးစစ်ဆေးနေ
နိုဝင်ဘာ ၊ ၁ ၊ ၂၀၂၃ SP ( VOM) မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ စစ်ကိုင်းတိုင်း ၊ တမူးခရိုင် ၊ တမူးမြို့နယ်ထဲကနေ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် ၊ မိုးရေးမြို့ရဲ့ မနက်ခင်းစျေးမှာ စျေးဝယ်သွားတဲ့ မြန်မာနိုင်ငံ ၄၄ ယောက်ကို ဒီကနေ့ နိုဝင်ဘာ တရက် မနက်ပိုင်းက အိန္ဒိယ ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ နယ်စပ်ကုန်သည်များဆီက သိရပါတယ်။ ” အခါတိုင်းလည်း မိုးရေးမြို့ဘက်က မနက်စျေး (ဒေသအခေါ် ကသည်းစျေး) ကို မြန်မာတွေ စျေးရောင်း စျေးဝယ်သွားကြတယ် ၊ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ဂိတ် နှစ်ဂိတ်ရှိတယ် ၊ 1 ဂိတ်နဲ့ 2 ဂိတ် နန်းဖာလုံ ဂိတ် ဖြစ်တယ် ၊…
Read More၁၀၂၇ စစ်ဆင်ရေးဖြစ်ပြီးနောက် ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲဖြစ်တဲ့ ဧရိယာတွေက ဒေသခံတွေပြောတဲ့ မြေပြင်အနေအထား
နိုဝင်ဘာ ၁-၂၀၂၃ Sh V(VOM) စစ်ရေးအခြေအနေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နေရာအနှံ့အပြားမှာ အောက်တိုဘာ ၂၇ ရက်နေ့ကစ မြောက်ပိုင်းမဟာမိတ် ညီနောင် သုံးဖွဲ့ ဖြစ်တဲ့ MNDAA, TNLA, AA နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေဖြစ်တဲ့ BPLA, Mandalay PDF တို့ဟာ ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် စစ်တပ်၊ ရဲစခန်း၊ပြည်သူ့စစ်တပ်၊ နယ်ခြားစောင့်တပ်၊ ငွေလိမ်ဂိုဏ်း တွေကို အဓိကထား ထိုးစစ်ဆင်မယ်ဆိုပြီး တိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်။ ကိုးကန့် ဘက်ကတော့ အောက်တိုဘာ ၂၇ ရက်နေ့ကနေ အောက်တိုဘာ ၃၁ ရက်နေ့အထိ စစ်တပ်ခန်း ၈၇ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်းနဲ့လက်နက်ချ အလင်းဝင်လာသူ အများအပြားရှိကြောင်း သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။ စစ်ပွဲအခြေအနေကို လေ့လာနေတဲ့ ဒေသခံတယောက်ပြောပြတာကတော့ “ စဖြစ်တဲ့နေ့က စစ်တပ်ကုန်းတွေက…
Read Moreမူဆယ် နယ်စပ် တရုတ်ဘက်ခြမ်း တကြော တရုတ်ဘက်က လုံခြုံရေးတွေ ပိုမို လုပ်လာ
နိုဝင်ဘာ ၁၊ ၂၀၂၃ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် နယ်စပ် တရုတ်ဘက်ခြမ်း တကြော ဒီရက်ပိုင်းမှာ တရုတ်ဘက်က လုံခြုံရေးတွေ ပိုမို လုပ်လာကြောင်းနယ်စပ် ဒေသခံတွေဆီက သိရပါတယ်။ “တရုတ်ကလေ အခြေအနေမဟန်ရင် ပစ်ဖို့လေ။ တရုတ်ဘက်က အရမ်းဒေါသထွက်နေတယ်။ မြန်မာ ဘက်က ကျာဖြန် (ငွေလိမ်) ဂိုဏ်းတွေ ပုန်းခိုနေတော့။ အခြေအနေမဟန်ရင် ဖုန်တလုံးလုံးနဲ့ ချပစ်ဖို့ အစီအစဉ်ရှိတယ်။ တရုတ်ဘက် ကျည်တွေ ကျော်လာတယ် ပြီးတော့ ဒီရက်ပိုင်း တရုတ်ဘက် နယ်စပ်က ကျောင်း နှစ်ကျောင်း၊ သုံးကျောင်း ကျောင်းတောင်တက်လို့ မရတော့ဘူး။ နားထားတယ်။ ကျောင်းတောင် တက်လို့ မရအောင် ပစ်နေကြတယ်။ မလုပ်နဲ့ လည်း ပြောလို့ မရဘူး။ အရင်တုန်းကလည်း လက်နက်ကြီးတွေ ကျော်လာတယ်။”…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၁ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၂၃၀ ကျပ် ဝယ်ဈေး – ၃၁၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၃၅၀ ကျပ် ဝယ်ဈေး – ၂၃၀၀ ကျပ် -ယူရို ရောင်းဈေး – ၃၄၆၁ ကျပ် ဝယ်ဈေး – ၃၄၀၃ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၀.၀၀ ကျပ် ဝယ်ဈေး – ၈၈.၅၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၆၉၅ ကျပ် ဝယ်ဈေး – ၆၈၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၄၈ ကျပ် ဝယ်ဈေး – ၄၃၈ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…
Read Moreယနေ့ ရွှေဈေးပြန်ဖွင့်ပြီ
အဖွင့်စျေး (နိုဝင်ဘာ- ၁ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၇၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၁၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၂၁၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #ရွှေစျေး Telegram Link: https://t.me/VOMNEWS2023/3273
Read Moreဒီပဲယင်းနဲ့ ရေဦးမြို့နယ်တွေမှာ ဒေသခံ ပြည်သူ ၇၀၀၀ ကျော် တိုက်ပွဲရှောင် ပြေးလွှားနေရ
နိုဝင်ဘာ ၊ ၁ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ဒီပဲယင်းမြို့နယ် အနောက်ဘက်ခြမ်းနဲ့ ရေဦးမြို့နယ်တွေမှာ ဒေသခံ ပြည်သူ ၇၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာပြီး တိုက်ပွဲရှောင်နေရတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်ည နောက်ပိုင်းကစလို့ အခုထိ ဒီပဲယင်းနဲ့ ရေဦးနယ်ထဲကို စစ်ကြောင်းတွေ ဝင်ရောက်လာတယ် ၊ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကြောင်းအဖွဲ့တွေ ပစ်ခတ်မှုတွေဖြစ်လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာတွေကတော့ ဝဘာ၊ မှန်သာ၊ ငဝဲတော၊ သာစည်၊ ချောင်းနား၊ အင်တိုင်းလေး၊ အင်တန်း၊ တောကျောင်း၊ လျှော်ဖြူ၊ အင်ပင်၊ ဇီးကုန်း၊ မရိုးကုန်း၊ ချောင်းရိုး၊ ကြောင်ပန်းတော၊ အောက်ကလေးနဲ့ အုန်းခြံ…
Read Moreသုံးရက်အတွင်း နောက်ထပ် သက်တော်ရှည် နိုင်ငံတော်သြဝါဒစရိယဆရာတော် တပါး ပျံလွန်တော်မူ
အောက်တိုဘာ ၃၁ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်၊ ဇေယျဝတီ (၁) လမ်း၊ ဓမ္မမာမကကျောင်းမှာ သီတင်းသုံးနေထိုင်တော်မူတဲ့ ဝေဠု၀န် သာသနာပိုင် သက်တော်ရှည် နိုင်ငံတော်သြဝါဒစရိယဆရာတော်ကြီး ဘဒန္တပညာဝံသ၊ သက်တော် (၁၀၄) နှစ်၊ဝါတော် (၈၄) ဝါဟာ မနေ့ အောက်တိုဘာလ ၃၀ ရက်၊ ညနေ ၅ နာရီ ၅၅ မိနစ်အချိန်က ဘဝနတ်ထံ ပျံလွန်တော်မူသွားပြီလို့ ဆရာတော်ကြီးရဲ့ ကပ္ပိယတယောက်က ပြောပါတယ်။ “ဆရာတော်ကြီးရဲ့ ရောဂါက သွေးဝမ်းသွားတာ။ တခြား ထွေထွေထူးထူးတော့ ရောဂါကမရှိဘူး။ ကျောင်းမှာနေရင်းနဲ့ သွေးဝမ်းသွားတော့ ကျွန်တော်တို့က ခိုင်ရတနာဆေးရုံကို တင်လိုက်တာ။ တင်လိုက်တော့ သွေးမယိုအောင် ဆေးနဲ့ထိန်းထားတာပဲရှိတယ်။ ခန္ဓာကိုယ်ထဲမှာ ဘာဖြစ်နေတယ်ဆိုတာကို အသက်ကလည်းကြီးနေတော့လေ ကြည့်ဖို့က…
Read Moreဒီပဲယင်းမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း လူ ၃၀ နီးပါး သတ်ဖြတ်ခံရ
အောက်တိုဘာ ၊ ၃၁ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ဒီပဲယင်းမြို့မှာရှိတဲ့ ရွာပေါင်း ၊ ရှစ် ရွာမှာနေတဲ့ လူ ၃၀ နီးပါး ဒီရက်ပိုင်းအတွင်း သတ်ဖြတ်ခံရတယ်လို့ဒေသခံတွေဆီက သိရပါတယ်။ “အသတ်ခံရတဲ့ လူတွေက သီတင်းကျွတ် လပြည့်နေ့ ဝန်းကျင်က သတ်ခံရတာဖြစ်တယ် ၊ သိမ္ဘာရွာက ကိုအောင်နိုင် ၃၅ နှစ် ၊ ဇော်မျိုးအောင် ၃၄ နှစ် ၊ အမည်မသိရသေးတဲ့ လူ နှစ် ယောက် ပေါင်း လေးယောက် သတ်ခံရတယ် ၊ အဲ့ဒီ အပြင် ဘုတ္ထန်းရွာက ကိုကြည်ဝင်း သတ်ခံရတယ် ၊ နောက်ပြီး ရှမ်းတောရွာမှာက ကိုငြိမ်းမင်းဦး (ပန်းပုရွာ…
Read More