မက်ဒရစ် ၊ အောက်တိုဘာ ၂ မျိုးဆက်(VOM) စပိန်နိုင်ငံ အရှေ့တောင်ပိုင်း မာစီယာမြို့မှာ နိုက်ကလပ်သုံးခု မီးလောင်မှုကြောင့် အနည်းဆုံး လူ ၁၃ ယောက်သေဆုံးခဲ့ပါတယ်။ La Fonda လို့လူသိများတဲ့ Fonda Milagros နိုက်ကလပ်မှာ တနင်္ဂနွေနေ့ နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အကခန်းမထဲကနေ လွတ်မြောက်ဖို့ လူတွေ အပြေးအလွှားကြိုးစားနေချိန်မှာ အနီးနားရှိ ကလပ်တွေကိုပါ မီးကူးစက် ပျံ့နှံ့သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ သေဆုံးသူတွေထဲမှာ မွေးနေ့ပွဲကျင်းပနေတဲ့ မိသားစုဝင်တွေလည်း ပါဝင်တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြထားပါတယ်။ မီးလောင်မှုဟာ နိုက်ကလပ်ရဲ့ ပထမထပ်မှာစတင်ခဲ့ပြီးနောက် ခေါင်မိုးပြိုကျခဲ့တာဖြစ်ပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ Ref:BBC Photo:AP #voiceofmyanmar #vom စပိန် #နိုက်ကလပ် #မီးလောင်မှု #၁၃ယောက်သေဆုံး Telegram Link :…
Read MoreAuthor: Editor Thet Thet
This Day in History
ဗြိတိသျှတို့၏ အုပ်ချုပ်မှုကိုဆန့်ကျင်ခဲ့သည့် အိန္ဒိယအမျိုးသားခေါင်းဆောင် မဟတ္တမဂန္ဒီကို ၁၈၆၉ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့တွင် အိန္ဒိယနိုင်ငံ အနောက်ပိုင်း ပေါ်ဘန်ဒါမြို့တွင် မွေးဖွားခဲ့သည်။ #voiceofmyanmar #vom #ThisDayInHistory #October2 Telegram Link : https://t.me/VOMNEWS2023/2704
Read Moreလာမယ့်နှစ် ကာကွယ်ရေးအသုံးစရိတ် ၇၀ ရာခိုင်နှုန်းထိ တိုးမြှင့်ဖို့ ရုရှားစီစဥ်နေ
လာမယ့်နှစ် ကာကွယ်ရေးအသုံးစရိတ် ၇၀ ရာခိုင်နှုန်းထိ တိုးမြှင့်ဖို့ ရုရှားစီစဥ်နေ မော်စကို ၊ အောက်တိုဘာ ၁ မျိုးဆက်(VOM) ရုရှားအစိုးရဟာ လာမယ့်နှစ် ကာကွယ်ရေးအသုံးစရိတ်ကို ၇၀ ရာခိုင်နှုန်းထိ တိုးမြှင့်ဖို့ စီစဥ်နေပါတယ်။ ရုရှားအစိုးရဟာ လာမယ့်သုံးနှစ်အတွင်း ဘတ်ဂျက်အစီအစဉ်ကို အောက်လွှတ်တော်သို့ တင်သွင်းခဲ့ရာ ကာကွယ်ရေးအသုံးစရိတ်ကို သိသိသာသာ တိုးမြှင့်ထားပါတယ်။ အစီအစဉ်အရ လာမယ့်နှစ်မှာ ကာကွယ်ရေးအသုံးစရိတ်ကိုရူဘယ် ၁၀.၈ ထရီလီယံနီးပါး သို့မဟုတ် ဒေါ်လာ ၁၁၁ ဘီလီယံကျော်အထိ တိုးလာမှာလည်းဖြစ်ပါတယ်။ အဲဒီပမာဏဟာ နိုင်ငံဂျီဒီပီရဲ့ ၆ ရာခိုင်နှုန်းအထိ ရှိလာမယ်လို့ ခန့်မှန်းထား ပြီး ရုရှားက ယူကရိန်းကို မကျူးကျော်ခင် ခုနှစ်မှာ၂၀၂၁ ခုနှစ်ကထက် နှစ်ဆကျော် ပိုများပါတယ်။ ရုရှားက ယူကရိန်းကို ဆက်လက်ကျူးကျော်တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာကြောင့် ပူတင်အစိုးရဟာ ခဲယမ်းမီးကျောက် နဲ့ အခြားစစ်လက်နက်ကိရိယာတွေ ထုတ်လုပ်မှုကို မြှင့်တင်ဖို့စီစဉ်နေကြောင်း…
Read Moreအမရပူရမြို့နယ်ကို ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်
မန္တလေး၊ အောက်တိုဘာ- ၁- ၂၀၂၃ SA(VOM) မန္တလေးတိုင်းအတွင်းမှာရှိတဲ့ အမရပူရမြို့နယ်မှာ ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်ချက်တွေကို စက်တင်ဘာလ ၂၉ ရက်နေ့ရက်စွဲနဲ့ ကန့်သတ်ထုတ်ပြန်စာတစောင် ထုတ်ပြန်ခဲ့ပါတယ်။ အမရပူရအုပ်ချုပ်ရေးရုံးက တာဝန်ရှိသူတယောက်ကတော ” စက်တင်ဘာ ၂၉ ရက်နေ့မှာ စာထုတ်တယ်။ မနက်ဖြန် ရုံးဖွင့်ရက် တနင်္လာနေ့မှာ အောက်ခြေရပ်ကျေးအုပ်ချုပ်ရေးရုံးတွေကနေတဆင့် ဒါတွေကို ဖြန့်ဝေမှာဖြစ်ပါတယ်။ ထုတ်ပြန်ချက်တွေကတော့ စာထဲမှ.ပါတဲ့အတိုင်းသာဖြစ်ပါတယ်” လို့ ပြောပါတယ်။ အဲ့ဒီထုတ်ပြန်ချက်မှာတော့ အမရပူရမြို့နယ်အတွင်း ဆိုင်ကယ်တစ်စီးကို အမျိုးသားနှစ်ယောက်မစီးရ၊ အမျိုးသမီးတစ်ဦးနောက်မှာ အမျိုးသားတဦးလိုက်ပါစီးနင်းခြင်း မပြုရ၊ အမျိုးသားတဦးနောက်တွင် အမျိုးသမီးတဦး လိုက်ပါစီးနင်းနိုင်သည်၊ အမျိုးသမီးနှစ်ဦး စီးနင်းခွင့်ပြုသည် ဆိုပြီး ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ အမရပူရမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံတစ်ယောက်ကတော့ ” ဆိုင်ကယ်နဲ့သွားလာနေကြတဲ့ ပြည်သူလူထုတွေတော့ အခက်အခဲဖြစ်လိမ့်မယ်။ သူတို့ကလည်း လုံခြုံရေးအရ ထုတ်ပြန်တာဆိုတော့ ဘယ်တတ်နိုင်ပါ့မလဲ” လို့ VOM ကို…
Read Moreစစ်ကိုင်းတိုင်းထဲမှာ စက်တင်ဘာလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် (၂၃ ) ယောက်သေဆုံး
အောက်တိုဘာ ၁ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်းထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်ကနေ ၃၀ ရက်အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားလို့ ပစ်သတ်ခံရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ( ၂၃) ယောက်ရှိခဲ့တယ်လို့မှတ်တမ်းတွေအရ သိရပါတယ်။ ” ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက် မနက်ပိုင်းက ဘုတလင်မြို့ပေါ်မှာ လုံခြုံရေး တာဝန်ကျနေတဲ့ ရဲတပ်ကြပ် ဖိုးထူးဆိုသူ ပစ်သတ်ခံရပြီး လက်နက်ခဲယမ်းတွေ ပါသွားတယ် ၊ ၁၃ ရက်နေ့မှာ စစ်ကိုင်းမြို့နယ် ၊ သလွန်ဖြူရွာမှာ မိဘတွေဆီ အလည်ပြန်လာတဲ့ တံတာဦးလေဆိပ်က ဒုရဲအုပ် သန်းမင်းစိုးတို့ လင်မယား ပစ်သတ်ခံရတယ် ၊ အဲ့ဒီနေ့ ည ၁၁ နာရီဝန်းကျင်မှာ ဒီပဲယင်းမြို့မှာ လုံခြုံရေးတာဝန်ကြနေတဲ့ ရဲတပ်ဖွဲ့ဝင် ၄ ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး လက်နက်…
Read MoreThis Day in History
Voice of Myanmar နိုင်ဂျီးရီးယားနိုင်ငံသည် ၁၉၆၀ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ဗြိတိန်ထံမှ လွတ်လပ်ရေးရခဲ့သော်လည်း ဓနသဟာယအဖွဲ့ဝင်အဖြစ် ထိုအချိန်က ဆက်လက်ရပ်တည်ခဲ့သည်။ #voiceofmyanmar #vom #ThisDayInHistory #October1st
Read Moreနိုင်ငံတဝှမ်း မိုးသည်းထန်၊ ရေကြီး ရေလျှံမှုနဲ့ မြေပြိုကျလို့ သဘာဝဘေးဒဏ်ခံစားနေရ
အောက်တိုဘာ ၁-၂၀၂၃ MM (VOM) နိုင်ငံတဝှမ်း ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စ္စာရွာသွန်းတဲ့ ဒဏ်ကြောင့် ရေကြီး ရေလျှံမှု မြေပြိုကျမှု၊ လေပြင်းတိုက်ခတ်မှု တွေဖြစ်ပွားကာ လူသေဆုံးမှုတွေရှိ လာပြီးလူဦးရေ ထောင်နဲ့ချီ သဘာဝဘေးဒဏ် ခံစားနေ ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အဲ့ဒီ ရေကြီး ရေလျှံမှုတွေ လေပြင်းတိုက်ခတ်မှုတွေ မြေပြိုမှု တွေဟာ မကွေးတိုင်း ဧရာဝတီတိုင် ၊ ရှမ်းပြည်နယ် ၊ တနင်္သာရီ တိုင်း ၊ မွန်ပြည် နယ်နဲ့ မန္တလေးတိုင်းတွေမှာ အများဆုံး ဖြစ်ပွားနေတာလို့ သိရပါတယ်။ ” သံဖြူဇရပ်မြို့နယ်၊စက်စဲကျေးရွာက စက်စဲကမ်းခြေမှာ စက်တင်ဘာ ၂၉ ရက်နဲ့ မနေ့ ၃၀ ရက်က ဒီရေမြင့်တက်လာပြီး ပင်လယ်ရေလှိုင်းရိုက်ခတ်မှုဒဏ်ကြောင့် ကမ်းစပ်ရှိရေထိန်းနံရံနဲ့ နေအိမ် ၂၃ လုံးပျက်စီးခဲ့တယ်၊ ၂၉ ရက်က နေအိမ် ၂…
Read Moreစစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ပစ်ခတ်ခံရလို့ သေဆုံးသူ ၂၀၀ ကျော်ရှိ
အောက်တိုဘာ ၊ ၁ ၊ ၂၀၂၃ SP(VOM) စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့က ပစ်ခတ်တာကြောင့် လူ ၂၀၀ နီးပါးသေဆုံးခဲ့ရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်ကနေ ၃၀ အထိ အသေအပျောက် အများဆုံးက စစ်ကိုင်းတိုင်းဖြစ်တယ် ၊ အဲ့ဒီနောက် မကွေးတိုင်းဘက်မှာလည်း သေတယ် ၊ စစ်ကြောင်းအဖွဲ့နဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး သေရတာဖြစ်တယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ပစ်ခတ်ဖမ်းဆီးမှုဖြစ်စဥ်တွေမှာ စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်ကြားမှာရှိတဲ့ ကျွန်းတောဦးရွာက ကိုညွန့်ဝင်း ၊ ကိုလှိုင်ထွေးအောင် ၊ ကိုကျော်သူမင်း၊ ကိုသူထူးစံနဲ့ ကိုဇင်သူ တို့ ၅ ယောက်ကို သေနတ်ဒဏ်ရာတွေနဲ့…
Read Moreကြက်တွေရဲ့စကားကို ဘာသာပြန်နားလည်နိုင်တော့မှာလား
VOM ရဲ့ သိပ္ပံနဲ့နည်းပညာ အစီအစဉ် – ကြက်တွေရဲ့စကားကို ဘာသာပြန်နားလည်နိုင်တော့မှာလား – မက်ဆင်ဂျာမှာ AI Chatbot ကို လိုရာမေးနိုင်ပြီ -AI တင့်ကား ပထမဆုံး ထုတ်လုပ်လိုက်တဲ့ အစ္စရေးစစ်တပ် မျိုးဆက်(VOM) အောက်တိုဘာ-၁-၂၀၂၃ (၁) ကြက်တွေရဲ့စကားကို နားလည်နိုင်မယ့် ဉာဏ်ရည်တုနည်းပညာ တီထွင် ဂျပန်နိုင်ငံက သုတေသီတွေဟာ ကြက်တွေရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကို နားလည်နိုင်မယ့် ဉာဏ်ရည်တုနည်းပညာတမျိုးကို တွေ့ရှိခဲ့ကြောင်း သိရပါတယ်။ အဲဒီတီထွင်မှုကို တိုကျိုတက္ကသိုလ်က ပါမောက္ခ အန်ဒီရီယန်ဒေးဗစ်ချော့ခ်က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အသံပိုင်းဆိုင်ရာ ပြောင်းလဲမှုပုံစံတွေကို အာရုံခံနိုင်တဲ့ Deep Emotional Analysis Learning စနစ်ကို အခြေခံထားတယ်လို့ သုတေသီတွေက ဆိုပါတယ်။ သုတေသီတွေရဲ့ လက်ရှိလေ့လာမှုအရ ကြက်တွေရဲ့အသံကို ဉာဏ်ရည်တုနည်းပညာက အာရုံခံစိစစ်ပြီး ကြက်တွေရဲ့ ဆာလောင်မှု၊ ကြောက်ရွံ့မှု၊ ဒေါသဖြစ်မှုနဲ့ စိတ်လှုပ်ရှားမှုအပါအဝင် အမျိုးမျိုးသော…
Read Moreဘာဆုတောင်းကြမလဲ မိတ်ဆွေ
ဆူးငှက် “ပေါင်းသိင်္ဂီ ကျင်ခတ်နှင့်၊တင်ကလပ်ဆောင်ချီ၊ အရှင်မြတ်နောင်ညီကို၊တင်ပမည်မကြွား၊ ပွဲတော်ရောက် သူအစုကိုပါအောင်၊တူရှုပါမင်းမြတ်နှစ်ပါး။ အခုမှ ဘယ်အမှုမြိုတယ်၊ရွယ်ခုဆိုစကား၊ မယ်ဥလိုဖုရားက၊ကျားလွှတ်လို့ လှန့်ပါ၊ ချစ်ခင်လျှင် ပြစ်တင်ဦးပါနဲ့၊နှစ်စဉ်ဖူးရောက်ပါမည် ဖျာ၊ ချစ်ခင်ဦးသူပါလျှင်၊မဟူရာဖန်ခွက်နှင့် ““ ဗျန်”” အရက် မှန်းသွယ်ရည်၊ဘုန်းဆက်ပါ့မည်၊ အောင်လျှင်အဖြစ် မန်းနယ်ပြည်မှာ၊မှန်းရွယ်ရည် တင်ဦးဖျလေး…..။”” ၁၉၄၆ ခုနှစ်က ထုတ်ဝေတဲ့ မြန်မာ့အလင်း သတင်းစာမှာ ပါရှိတဲ့ တေးထပ်လေးပါ။ ဒီတေးထပ်လေးက တောင်ပြုံးပွဲနဲ့ ပတ်သက်ပြီး ရေးစပ်ခဲ့တယ် ဆိုတာ သိသာပါတယ်။ အေဒီ ၁၀၄၄ခုနှစ် ကတည်းက အနော်ရထာ မင်းစော တည်ထားခဲ့တဲ့ ဆုတောင်းပြည့်၊ ဆုတောင်းရ ဘုရားနဲ့ ဆက်စပ် ပတ်သက်ပြီး ဖြစ်ပေါ်ခဲ့တဲ့ မင်းညီနောင် ဇာတ်လမ်းဟာ မန်္တလေးမြို့အနီး တောင်ပြုံး အရပ်မှာ သာမက တစ်ပြည်လုံးပျံ့နှံ့ ထင်ရှားခဲ့ရာ ယနေ့ထက် တိုင်အောင်ပါပဲ။ တောင်ပြုံး ပွဲတော်ကို နှစ်ပေါင်း…
Read More