စပိန်မှာ နိုက်ကလပ်သုံးခု မီးလောင်မှုကြောင့် လူ (၁၃) ယောက်သေဆုံး

မက်ဒရစ် ၊ အောက်တိုဘာ ၂
မျိုးဆက်(VOM)
စပိန်နိုင်ငံ အရှေ့တောင်ပိုင်း မာစီယာမြို့မှာ နိုက်ကလပ်သုံးခု မီးလောင်မှုကြောင့် အနည်းဆုံး လူ ၁၃ ယောက်သေဆုံးခဲ့ပါတယ်။
La Fonda လို့လူသိများတဲ့ Fonda Milagros နိုက်ကလပ်မှာ တနင်္ဂနွေနေ့ နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
အကခန်းမထဲကနေ လွတ်မြောက်ဖို့ လူတွေ အပြေးအလွှားကြိုးစားနေချိန်မှာ အနီးနားရှိ ကလပ်တွေကိုပါ မီးကူးစက် ပျံ့နှံ့သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
သေဆုံးသူတွေထဲမှာ မွေးနေ့ပွဲကျင်းပနေတဲ့ မိသားစုဝင်တွေလည်း ပါဝင်တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြထားပါတယ်။
မီးလောင်မှုဟာ နိုက်ကလပ်ရဲ့ ပထမထပ်မှာစတင်ခဲ့ပြီးနောက် ခေါင်မိုးပြိုကျခဲ့တာဖြစ်ပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
Ref:BBC
Photo:AP
Telegram Link : https://bit.ly/46oiUX0

Related posts

✕
VOM News

FREE
VIEW