မန္တလေး၊ အောက်တိုဘာ- ၁- ၂၀၂၃
SA(VOM)
မန္တလေးတိုင်းအတွင်းမှာရှိတဲ့ အမရပူရမြို့နယ်မှာ ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်ချက်တွေကို စက်တင်ဘာလ ၂၉ ရက်နေ့ရက်စွဲနဲ့ ကန့်သတ်ထုတ်ပြန်စာတစောင် ထုတ်ပြန်ခဲ့ပါတယ်။
အမရပူရအုပ်ချုပ်ရေးရုံးက တာဝန်ရှိသူတယောက်ကတော
” စက်တင်ဘာ ၂၉ ရက်နေ့မှာ စာထုတ်တယ်။ မနက်ဖြန် ရုံးဖွင့်ရက် တနင်္လာနေ့မှာ အောက်ခြေရပ်ကျေးအုပ်ချုပ်ရေးရုံးတွေကနေတဆင့် ဒါတွေကို ဖြန့်ဝေမှာဖြစ်ပါတယ်။ ထုတ်ပြန်ချက်တွေကတော့ စာထဲမှ.ပါတဲ့အတိုင်းသာဖြစ်ပါတယ်” လို့ ပြောပါတယ်။
အဲ့ဒီထုတ်ပြန်ချက်မှာတော့ အမရပူရမြို့နယ်အတွင်း ဆိုင်ကယ်တစ်စီးကို အမျိုးသားနှစ်ယောက်မစီးရ၊ အမျိုးသမီးတစ်ဦးနောက်မှာ အမျိုးသားတဦးလိုက်ပါစီးနင်းခြင်း မပြုရ၊ အမျိုးသားတဦးနောက်တွင် အမျိုးသမီးတဦး လိုက်ပါစီးနင်းနိုင်သည်၊ အမျိုးသမီးနှစ်ဦး စီးနင်းခွင့်ပြုသည် ဆိုပြီး ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။
အမရပူရမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံတစ်ယောက်ကတော့ ” ဆိုင်ကယ်နဲ့သွားလာနေကြတဲ့ ပြည်သူလူထုတွေတော့ အခက်အခဲဖြစ်လိမ့်မယ်။ သူတို့ကလည်း လုံခြုံရေးအရ ထုတ်ပြန်တာဆိုတော့ ဘယ်တတ်နိုင်ပါ့မလဲ” လို့ VOM ကို ပြောပါတယ်။
အခုလိုဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်ချက်တွေကို အမရပူရမြို့နယ်မှာ ပထမဆုံးအကြိမ်အဖြစ် ကန့်သတ်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဒါအပြင် စစ်ကိုင်းတိုင်းအတွင်းမှာ ရှိတဲ့ မြို့နယ်အများစုကိုလည်း အလားတူ ဆိုင်ကယ်စီးနင်းခွင့်ကန့်သတ်ချက်တွေကို ထုတ်ပြန်ထားတာရှိပါတယ်။