အင်ဒိုနီးရှား ပါပူအာဒေသမှာ ဆန္ဒပြသူတွေအကြမ်းဖက်လို့ လူ ၂၁ ဦးထက်မနည်းသေဆုံး

ဂျကာတာ၊ စက်တင်ဘာ-၂၄-၂၀၁၉ မျိုးဆက် (VOM)   အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ပါပူအာဒေသမှာ ရာပေါင်းများစွာသော ဆန္ဒပြသူတွေ ဟာ မြို့အတွင်းရှိ အဆောက်အဦတွေကို မီးရှို့ခဲ့တာကြောင့် လူ၂၁ ထက်မနည်း သေဆုံးပြီး ၆၅ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။     စက်တင်ဘာ၂၃ရက်မှာ အထက်တန်းကျောင်းသားအများစုပါဝင်တဲ့ ဆန္ဒပြသူတွေဟာ  ဝါမီနာ မြို့တွင်းရှိ အစိုးရအဆောက်အအုံတစ်ခုနဲ့  အခြားသော အဆောက်အဦးတွေကို မီးရှို့ခဲ့ကြပါတယ်။ သေဆုံးသူတွေထဲက ၁၆ဦးဟာ မီးလောင်နေတဲ့ အဆောက်အဦးတွေအတွင်း ပိတ်မိသေဆုံးခဲ့ကြတာပါ။   မနေ့ကဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ ဆရာတစ်ယောက်ရဲ့ လူမျိုးရေးခွဲခြားပြောဆိုမှုကြောင့် ဖြစ်ပွားခဲ့တာပါ။ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း ပါပူအာဒေသမှာ သီတင်းပတ်ချီကြာအောင် ဆူပူအုံ့ကြွမှုတွေဖြစ်ပေါ်ခဲ့ပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေအသုံးပြုကာ လူစုခွဲခဲ့ရပါတယ်။   စက်တင်ဘာ၂၃ရက်ကဖြစ်ပေါ်တဲ့ အကြမ်းဖက်ဆူပူကြောင့် သေဆုံးသူအရေအတွက်ဟာ မြင့်တက်လာနိုင်ပြီး  မီးလောင်သွားတဲ့  အဆောက်အဦးတွေထဲမှာ  ပိတ်မိနေသူအများစုဟာ အရပ်သားတွေဖြစ်တယ်လို့  စစ်ဘက်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။…

Read More

H1N1 ကြောင့် သေသူ ၈၁ ဦးရှိလာ

  ဇူလိုင် ၃၀၊ ၂၀၁၉ VOM   နိုင်ငံတဝှမ်း၊ ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးသူ စုစုပေါင်း ၈၁ ဦးရှိပြီလို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ဇန်နဝါရီလကနေ ဇူလိုင် ၂၉ ရက်နေ့အထိ နိုင်ငံတဝှမ်း၊ ရာသီတုပ်ကွေး H1N1 ကြောင့် သေတဲ့သူ ၈၁ ဦးထဲမှာ အများစုက ရန်ကုန်တိုင်းက ဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ရန်ကုန်တိုင်းဟာ လူဦးရေအထူထပ်ဆုံး ဖြစ်တာကြောင့် ရောဂါကူးစက်ခံရသူ အများဆုံးဖြစ်ပြီး သေဆုံးသူအရေအတွက် ၆၂ ဦးအထိရှိနေပါတယ်။ ပဲခူးတိုင်းမှာ ၅ဦး၊  ဧရာဝတီတိုင်းမှာ ၅ ဦး၊ မွန်ပြည်နယ်မှာ ၃ ဦးနဲ့ စစ်ကိုင်းတိုင်းမှာ ၂ ဦး H1N1 ကြောင့် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်က…

Read More

NLD ဗဟိုသုတေသနလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးကို တာဝန်ယာယီရပ်ဆိုင်း

VOM ဇူလိုင် ၂၅၊ ၂၀၁၉   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းကို ပါတီလုပ်ထုံးလုပ်နည်းပုဒ်မ ၇ (၁) အရ စုံစမ်းစစ်ဆေးမှုလုပ်နေဆဲကာလမှာ ပါတီတာဝန်တွေကနေရပ်ဆိုင်းပြီး ဦးဉာဏ်ဝင်း ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးနေပါတယ်။   “ကိုမျိုးရန်နောင်သိမ်း ကိုက တာဝန်က အပြီးရပ်တာတော့ မဟုတ်ပါဘူး။ သူ့နဲ့ပတ်သက်တဲ့ တိုင်စာရလို့ စုံစမ်းစစ်ဆေးမှာဖြစ်လို့ ဒီကာလ တာဝန်ခဏရပ်ထားတာပါ။ အခုမှ စ ပြီး စစ်မှာဆိုတော့ ကျနော်တို့ ဘာမှပြောလို့ မရသေးပါဘူး။ စစ်ပြီးမှ ဘယ်လို အရေးယူမလဲ သိရမှာ” လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က VOM ကို ပြောပါတယ်။   တိုင်ကြားခံရသူ ဦးမျိုးရန်နောင်သိမ်းကတော့ အခုလို တာဝန်တွေ ယာယီရပ်ဆိုင်းခံရတာဟာ သူ့တာဝန်ယူနေရတဲ့ဌာနအတွက် လုပ်အားလျော့တယ်လို့ ဆိုပါတယ်။   “ပါတီစည်းကမ်းအရ တိုင်တာရှိလို့ စုံစမ်းစစ်ဆေးနေတဲ့ကာလ…

Read More

နိုင်ငံခြားရေးဝန်ကြီး ဌာနညွှန်မှူးအိမ်မှ ဌာနဆိုင်ရာ အချက်အလက်များ ခိုးယူခံရ

မန္တလေး၊ ဇူလိုင်လ ၂၂၊ ၂၀၁၉ ရဲရင့်မင်းခန့် (VOM)   မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် ပါတ်ကုန်းဝန်းကျင်  ၂၇ လမ်း  ၇၂ × ၇၃ လမ်း ကြားမှာနေထိုင်တဲ့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီး ဌာနမှ  ညွှန်ကြားရေးမှူး ဦးရဲမင်းသိန်းရဲ့အိမ်မှာ ခိုးမှုဖြစ်လို့ ဌာနဆိုင်ရာ အချက်အလက်တွေနဲ့ ရွှေထည်ပစ္စည်းတွေ ခိုးယူခံခဲ့ရတယ်လို့ ရဲက ပြောပါတယ်။   ဦးရဲမင်းသိန်းဟာ ဇူလိုင်လ ၂၁ ရက်နေ့က ညနက်မှ အိမ်ပြန်ရောက်ခဲ့ပြီး မနက်ပိုင်းမှာတော့ အရေးကြီး စာရွက်စာတမ်းတွေနဲ့ ငွေနဲ့ လက်ဝတ်လက်စားတွေ ပျောက်ဆုံးနေတာသိခဲ့ရလို့ သက်ဆိုင်ရာ နယ်မြေရဲစခန်းကို တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။   Sam sonite အိတ် တစ်လုံး ကာလ တန်ဖိုး (၂ )သိန်း ကျပ်၊ အိတ်အတွင်းမှ အရေးကြီး အချက်အလက်ပါသည့်  ငွေမှင်ရောင် …

Read More

အခြေခံ ဥပဒေ ပြင်ဆင်ရေးအပေါ် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်၏ အမြင်

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်မောင်မောင်က မကြာခင် ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းဆွေးနွေးမယ့် ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး အပေါ်အခုလို သဘောထားပေးခဲ့ပါတယ်။   ဇူလိုင်လ ၁၇ ရက်နေ့၊ ပြည်ထောင်စုလွှတ်တော် စည်းဝေးအပြီး မှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

Read More

ပုဂံကို ကမ္ဘာ့အမွေအနှစ်အဖြစ် ယူနက်စကို သတ်မှတ်

ဂျူလိုင် ၆၊ ၂၀၁၉ VOM   ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုဒေသကို ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) က ကမ္ဘာ့အမွေအနှစ်အဖြစ် ဒီနေ့မှာပဲ သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ အဇာဘိုင်ဂျန်နိုင်ငံ ဘာကုမြို့မှာ လုပ်နေတဲ့ ယူနက်စကိုအဖွဲ့ရဲ့ ကမ္ဘာ့အမွေအနှစ်ကော်မတီရဲ့ ၄၃ ကြိမ်မြောက် အစည်းအဝေးမှာ ပုဂံ ဒေသနဲ့ ပတ်သက်တဲ့ အဆိုပြုလွှာကို ဆွေးနွေးပြီးတဲ့အခါမှာ အခုလို သတ်မှတ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ပုဂံကို လာရောက်လေ့လာစစ်ဆေးခဲ့တဲ့ ICOMOS အဖွဲ့က ဒီဆွေးနွေးပွဲမှာ ပုဂံကို ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ပေးဖို့ ထောက်ခံတင်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံ၊ ယူဂန်ဒါနိုင်ငံ၊ စပိန်နိုင်ငံ၊ အင်ဒိုနီးရှားနဲ့ နော်ဝေ  တို့ကလည်း ထောက်ခံတင်ပြမှုတွေ ပြုခဲ့ပြီးတဲ့အဆုံး အခုလို သတ်မှတ်လိုက်တာပဲ ဖြစ်ပါတယ်။ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခံရရေးအတွက် ၁၉၉၄ ခုနှစ်တုန်းက ကြိုးစားခဲ့ဖူးပေမယ့်၊ ရှေးဟောင်းအဆောက်အဦတွေကို…

Read More

ဇီးကုန်းက ကိုရင်​​လေးကို ​ချုပ်​​နှောင်​ကျီစယ်သူအား စစ်ဆေးနေ

ဇီးကုန်း၊ ဇွန်​ ၁၆၊ ၂၀၁၉ မိုးယံ   ပဲခူးတိုင်း သာယာဝတီခရိုင်​ ဇီးကုန်းမြို့နယ်​ ရွာဝိုင်းကြီး အုပ်​စု ရွာဝိုင်းကြီးရွာက ကိုရင်လေးတပါးကို ချုပ်နှောင်ဖွက်ထားမှုနဲ့ မသင်္ကာသူ အမျိုးသားတဦးကို ဇီးကုန်းရဲစခန်းက ထိန်းသိမ်း စစ်ဆေးနေတယ်လို့ သိရပါတယ်။ ရွာဝိုင်းကြီး ဘုန်း​တော်​ကြီး​ကျောင်း မှ အသက်​ ၁၁နှစ်​အရွယ် ကိုရင်​ အာ​သောက(ခ)အာကာမင်း ဟာ မနေ့ညနေပိုင်းမှာ ပျောက်သွားခဲ့တာကြောင့် ရွာဝိုင်းကြီးတရွာလုံး အုတ်အော်သောင်းနင်းဖြစ်ခဲ့ပြီး ဇီးကုန်းမြို့နယ်ရဲစခန်းကို လူပျောက်ရှာဖွေဖို့ တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။ ညပိုင်းမှာတော့ ​ပျောက်​ဆုံး​နေတဲ့ကိုရင်​​လေး ကို ရွာဝိုင်းကြီး ဘုန်း​တော်​ကြီး ​ကျောင်း ဆွမ်းစား​ဆောင်​ရှိ ဘီဒို ​နောက်​ထဲမှာ သင်္ကန်းစနဲ့  ပါးစပ်ကို​ပိတ်​စည်း ချုပ်​​နှောင်​ထားလျက်​ သတိ​မေ့ ​နေတာကို ​တွေ့ရှိရတယ်​လို့ ရဲက ပြောပါတယ်။ “ကိုရင်​ ၈ပါး ဘုန်းကြီး​ကျောင်းဝန်းထဲမှာ ​ရေချိုးကြပြီးတော့ တပါးပျောက်နေတာ ရှာမတွေ့တာနဲ့…

Read More

ထောင်တွင်း တက္ကသိုလ်ဝင်တန်းဖြေသူ ၅၅ ရာနှုန်းအောင်

မန္တလေး အိုးဘိုထောင်ကနေ ၂၀၁၈ – ၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်သူ ၅၉ ရာနှုန်းရှိတယ်လို့ မန္တလေး အိုးဘိုထောင်က သိရပါတယ်။ ဖြေဆိုသူ အမျိုးသား ၅၉ ဦး၊ အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၇၁ ဦး ရှိခဲ့ပြီး စာမေးပွဲ ဖြေဆို အောင်မြင်သူ ၃၇ ဦး ရှိတယ်၊ ဂုဏ်ထူးနဲ့ အောင်မြင်သူ ၁၄ ယောက် ရှိတယ်လို့ ထောင်ပိုင်ကြီး ဦးချိုဝင်းထွန်းက ပြောပါတယ်။ ဂုဏ်ထူးနဲ့ အောင်မြင်သူတွေထဲမှာ ၂ ဘာသာ ဂုဏ်ထူးရှင် ၃ ယောက်နဲ့ ၁ ဘာသာ ဂုဏ်ထူးရှင် ၁၁ ယောက် ပါဝင်တယ်လို့ သိရပါတယ်။ “မနှစ်က အောင်ချက်က ၄၉ ရာနှုန်း ရှိခဲ့တယ်။ ဒီနှစ်က ၅၉ ရာနှုန်းဆိုတော့…

Read More

မလေးရှားသွားမယ့် ရိုဟင်ဂျာ ၈၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ တားဆီး

ဒါကာ၊ မေ-၁၈-၂၀၁၉ မျိုးဆက် (VOM)   မလေးရှားနိုင်ငံကို လှေနဲ့သွားမယ့် မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည် ၈၄ ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက တားဆီးနိုင်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက မေ ၁၈ ရက်မှာ ပြောပါတယ်။   ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ကူတူပါလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာ ၆၇ ဦး ငါးဖမ်းလှေတစ်စီးနဲ့ ထွက်ခွာဖို့ စောင့်ဆိုင်းနေစဉ်မှာ တားဆီးနိုင်ခဲ့တာဖြစ်ပြီး အဲဒီထဲမှာ အမျိုးသမီး ၃၁ ဦးနဲ့ ကလေး ၁၅ ဦးပါဝင်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။   ဘင်္ဂလားပင်လယ်အော်ထဲမှာရှိတဲ့ စိန့်မာတင်ကျွန်းမှာတော့နောက်ထပ် ရိုဟင်ဂျာ ၁၇ ဦးကို ဘင်္ဂလားဒေ့ရှ် လူကုန်ကူးသူ ငါးဦးနဲ့အတူ စက်လှေနဲ့မထွက်ခွာမီ ကမ်းခြေစောင့်တပ်ဖွဲ့က ဟန့်တားနိုင်ခဲ့ပါတယ်။   ဒုက္ခသည်စခန်းက ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေဟာ မလေးရှား၊ ထိုင်းအစရှိတဲ့ နိုင်ငံတွေမှာ ပိုမိုကောင်းမွန်တဲ့ အခွင့်အရေးတွေရဖို့အတွက် နှစ်စဉ်နှစ်တိုင်း…

Read More

ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့ ၀န်ကြီးနှစ်ဦး အပါအ၀င်ရှစ်ဦးကို တိုင်တန်းမှု ပြည်ထောင်စုတရားလွှတ်တော်ချုပ်လက်ခံထား

ရန်ကုန် ၊ မေ – ၁၈ – ၂၀၁၉ သိင်္ဂီ (VOM)   ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့  ၀န်ကြီးနှစ်ဦး အပါအ၀င် ရှစ်ဦးကို သာယာဝတီမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(ဟောင်း)ဦးကျော်ဆန်းအောင်က  အမှုဖွင့်တိုင်ကြားမှု နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက လက်ခံခဲ့တယ်လို့ သိရပါတယ်။   “မနေ့က အမှုကိုလက်ခံဖွင့်ပေးလိုက်ပြီဖြစ်တယ်။ “လို့ ဒီအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးမင်းသက်ဇင်က ပြောပါတယ်။   ငွေကြေးအလွဲသုံးစားလုပ်တယ်ဆိုပြီး သာယာဝတီမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(ဟောင်း)ကဦးကျော်ဆန်းအောင်ကို စုံစမ်းစစ်ဆေးမှုတွေလုပ်ကာ တာဝန်ကရပ်စဲခဲ့တာနဲ့ ပတ်သက်ပြီး တိုင်းဝန်ကြီးချုပ်၊ စည်ပင်သာယာရေးဝန်ကြီး ၊ လည်/ဆည်ဝန်ကြီးနဲ့ စုံစမ်းစစ်ဆေးခဲ့သူများကို အရေးယူပေးဖို့ နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တာပါ။   ” ငွေကြေးအလွဲသုံးစားလုပ်တယ်ဆိုပြီးပြောတယ်။ ရံပုံငွေကို မြို့ရွာအတွက် သုံးဖို့ဆုံးဖြတ်တုန်းက အဖွဲ့အစည်းကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ် အားလုံးသဘောတူညီမှုနဲ့ လုပ်ခဲ့တယ်၊ ဒါကို ကျွန်တော်ကို ငွေအလွဲသုံးစားဆိုပြီး တာဝန်ကရပ်စဲတယ်။…

Read More
VOM News

FREE
VIEW