၂၀၂၀ ရွေးကောက်ပွဲနဲ့ ကြိုတင်မဲရဲ့လားရာ
နိုဝင်ဘာ ၂-၂၀၂၀ ဆွေလင်းထွန်း(VOM) မြန်မာနိုင်ငံထက် ရောဂါပိုးကူးဆက်မှု ဆယ်ဆ၊ ဆယ့်ငါးဆပိုများတဲ့ နိုင်ငံတွေက ရွေးကောက်ပွဲကျင်းပပုံတွေကို အတွေ့အကြုံယူထားပြီး ကိုဗစ်ကပ်ကြားထဲမှာ ရွေးကောက်ပွဲကို အောင်မြင်အောင်ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆိုပေမယ့် လက်တွေ့မှာတော့ အစရှိသေး ပြဿနာပေါင်း သောင်းခြောက်ထောင် တက်နေပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့်အချိန်ဟာ တကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ တိုက်ဆိုင်နေတဲ့အတွက် မဲဆွယ်စည်းရုံးရေး၊ ဆန္ဒမဲပေးရေး ကိစ္စတွေမှာ အရင်ရွေးကောက်ပွဲတွေနဲ့မတူဘဲ ထူးခြားမှုတွေရှိခဲ့ပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက နေအိမ်မှာ နေထိုင်ဖို့(Stay home) သတ်မှတ်ထားတဲ့ မြို့နယ်တွေနဲ့ လူဦးရေထူထပ်တဲ့ မြို့နယ်တွေက အသက် ၆၀ ကျော် သက်ကြီးရွယ်အိုတွေကို အောက်တိုဘာ ၂၉ရက်ကနေ နိုဝင်ဘာ ၅ရက်အထိ အိမ်တိုင်ရာရောက် ကြိုတင်မဲ လိုက်လံကောက်ခံနေတာ ဖြစ်ပါတယ်။ Stay home သတ်မှတ်မထားတဲ့ မြို့နယ်တွေက အသက် ၆၀ ကျော်သူတွေကိုလည်း သက်ဆိုင်ရာ ရပ်ကွက်၊…
Read More
ပြင်မလားဖျက်မလား ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် သဘောထား
မန္တလေး-အောက်တိုဘာ ၃၁-၂၀၂၀ ဆွေလင်းထွန်း + နေလင်း (VOM)   ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာတဲ့ အစိုးရ ၂ဆက်သက်တမ်း ကုန်ကာနီးပေမယ့် ပြည်သူတွေစိတ်တိုင်းကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအဖြစ် အသိမှတ်ပြုမခံရသေးဘဲ ဝေဖန်ခံရဆဲဖြစ်ပါတယ်။ အစိုးရတွေကလည်း သူတို့လုပ်ဆောင်မရတဲ့ ကိစ္စတွေဆိုရင်ဖွဲ့စည်းပုံပါ ပေးထားချက်တွေရဲ့ အဟန့်အတားတွေကြောင့်လို့ လက်ညိုးထိုးထောက်ပြနေတာကြောင့် လည်းဖြစ်ပါတယ်။  ဒီရက်ပိုင်း နိုင်ငံရေးအစဉ်အလာကောင်းရှိတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က ဖွဲ့စည်းပုံကို လုံးဝဖျက်သိမ်းပြီး အသစ်ရေးဖို့လိုတယ်ဆိုတဲ့ လှုပ်ရှားမှုတွေရှိလာနေပါတယ်။   ဖျက်သိမ်းရမယ်လို့ ယူဆကြသူတွေထဲမှာ ဗကသများအဖွဲ့ချုပ်ကလည်း အပါအဝင်ဖြစ်ပါတယ်။ လက်ရှိ ဗကသများအဖွဲ့ချုပ်မှာ အထွေထွေအတွင်းရေးမှုးအဖြစ် တာဝန်ယူထားတဲ့ ကို‌ဝေယံဖြိုးမိုးကတော့ ၂၀၀၈ အခြေခံဥပဒေဟာ တပ်မတော်ရဲ့ အလိုကျ ရေးဆွဲထားတာ ဖြစ်တဲ့အတွက် ဖျက်သိမ်းပစ်ရမယ်လို့ ပြောပါတယ်။   ကိုဝေယံဖြိုးမိုးက “ဗမာပြည်မှာ စစ်အာဏာကို ဖျက်သိမ်းဖို့အတွက်ဆိုရင် အရင်ဦးဆုံး စစ်အာဏာရှင်စနစ်ကို ထောက်တိုင်ပြုထားတဲ့…
Read More
ဝန်းရံအားပေး ဖိုက်တင်ပလေး နှင့် မီးမွှေးကြသူများ
မန္တလေး-အောက်တိုဘာ ၂၉-၂၀၂၀ ဆွေလင်းထွန်း+နေလင်း (VOM) ခွေး၊ခွေးချင်းကိုက်ရင်တောင် ကိုယ့်ခွေးက အနိုင်ရစေချင်တဲ့ လူ့သဘာဝတွေကြောင့် မိမိတို့နှစ်သက်တဲ့ ပါတီ၊ မိမိတို့လိုလားတဲ့ ပါတီကို အုံနဲ့ကျင်းနဲ့ ဝန်းရံအင်အားပြတဲ့ ယဉ်ကျေးမှုအဖြစ် ၂၀၂၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲအကြိုမဲဆွယ်ပွဲတွေမှာ အထင်အရှားတွေ့နေရပါတယ်။ မိမိလိုလားတဲ့ ပါတီမဲဆွယ်ပွဲမှာ လူအင်အားများဖို့ ပါတီခေါင်းဆောင်တွေရဲ့ မေတ္တာရပ်ခံချက်တွေကို လစ်လျူရှုပြီး တီရှပ်အခမဲ့ဝေတာ၊ ရေသန့်ဗူး အခမဲ့ဝေတာ၊ စားသောက်စရာဝေကြတာ စသည်ဖြင့် လူတွေစုလှည့်လည်နေကြပါတယ်။ ဒီလိုကိုဗစ်ကာလ တာမြစ်ချက်တွေကို ချိုးဖေါက်လူစုတာ ရွေးကောက်ပွဲ မဲဆွယ်ကာလမို့လို့ လျှော့တွေးပေးလို့ရပေမယ် သင်္ကြန်မှာလိုလို ၊ တောင်ပြုံးပွဲ ၊ ကူနီပွဲတွေမှာလို လှည့်လည်သူချင်း စနောက်ရာကနေ ရန်ဖြစ်ကြ လူသေကြ ၊ ခေါင်းကွဲကြ ဇာတ်လမ်းတွေ အများအပြားတွေ့နေရပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ နာဂစ်ဥပဒေလို့  တချိန်က အတိုက်ခံနိုင်ငံရေးသမားတွေ ဆိုခဲ့ကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရကျင်းပတဲ့ သုံးကြိမ်မြောက်…
Read More
ပြည်သူတွေရဲ့ ထက်သန်တဲ့ဆန္ဒကြောင့် NLD ဟာ အသာစီးရနေတာသာဖြစ်
မန္တလေး-အောက်တိုဘာ ၂၈-၂၀၂၀ NLD ကိုယ်စားလောင်းတွေဟာ ပုဂ္ဂိုလ်ချင်းအလိုက်ယှဉ်ပြိုင်နိုင်တဲ့ အရည်အချင်းရှိသူတွေကို စိစစ်ရွေးချယ်တာအပြင် ပြည်သူရဲ့ပါဝင်မှုဟာ ထင်တာထက် အဆပေါင်းများစွာများလာကြောင်း NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဗီအိုအမ်နဲ့ ဆက်သွယ်စဉ်မှာ ဖြေကြားထားပါတယ်။ ရွေးကောက်ပွဲဟာ စနစ်သစ်ကို ပြောင်းဖို့ အရေးကြီးတဲ့ နောက်အဆင့်မို့ ပြည်သူတွေရဲ့ ထက်သန်တဲ့ ဆန္ဒကြောင့် သူများတွေထက် အသာစီးရနေကြောင်းပြောကြားထားတာအပါအဝင်၊ ဝန်းရံပြည်သူတွေကို အုပ်စုလိုက်လမ်းပေါ်ထွက်တဲ့ကိစ္စတွေ မေတ္တာရပ်ခံကြောင်းနဲ့ ကိုဗစ်ရဲ့အကန့်သတ်ကို အခြားပါတီများနည်းတူခံနေရတဲ့အကြောင်းတွေပြောထားပါတယ်။ ဒေါက်တာမျိုးညွန့်နဲ့ ဗီအိုအမ်အယ်ဒီတာချုပ် ဦးနေမျိုးလင်းတို့ ဆက်သွယ်မေးမြန်းထားတဲ့ ရုပ်သံဖိုင်ကို ရှုစားနိုင်ပါပြီ။ #voiceofmyanmar #VOM #NLD #ဒေါက်တာမျိုးညွန့် #ပါတီမိတ်ဆက် zawgy ပြည်သူတွေရဲ့ ထက်သန်တဲ့ဆန္ဒကြောင့် NLD ဟာ အသာစီးရနေတာသာဖြစ် မန္တလေး-အောက်တိုဘာ ၂၈-၂၀၂၀ NLD ကိုယ်စားလောင်းတွေဟာ ပုဂ္ဂိုလ်ချင်းအလိုက်ယှဉ်ပြိုင်နိုင်တဲ့ အရည်အချင်းရှိသူတွေကို စိစစ်ရွေးချယ်တာအပြင် ပြည်သူရဲ့ပါဝင်မှုဟာ ထင်တာထက် အဆပေါင်းများစွာများလာကြောင်း NLD…
Read More
သတင်းတုသတင်းမှားနဲ့ အမုန်းစကားဖြန့်တာတွေ သတိထား
မန္တလေး-အောက်တိုဘာ ၂၇-၂၀၂၀ နေလင်း+ဆွေလင်းထွန်း (VOM) မြန်မာနိုင်ငံမှာ တံခါးဖွင့်မှုဝါဒကျင့်သုံးလာပြီးနောက် တယ်လီဖုန်းဆင်းကဒ်တွေဟာ လမ်းဘေးမှာ အလွယ်တကူဝယ်လာနိုင်တာမို့ တယ်လီဖုန်းသုံးနိုင်သူများပြားလာသလို ဖေ့ဘုတ်သုံးစွဲသူဟာလည်း သန်း ၂၀ ကျော်လာတယ်လို့ စောင့်ကြည့်လေ့လာသူတွေရဲ့ စာရင်းအရသိရပါတယ်။ ဒီလို လူအများသုံးစွဲလာနိုင်တာဟာ တဖက်ကကောင်းသလို အခြားတဖက်မှာလည်း အင်တာနက်နဲ့ မယဉ်ပါးသေးသူတွေ၊ ဆိုရှယ်မီဒီယာရဲ့သဘောသဘာဝကို နားလည်မှုအားနည်းသူတွေအတွက် အမှားတွေကို အလွယ်လက်ခံမိပြီး အမှန်ထင်ကာ ပြန်လည်ဖြန့်ဝေတာတွေကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ တက်ခဲ့တဲ့ သာဓကတွေ ရှိနေပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ နီးကပ်လာတာနဲ့အမျှ နိုင်ငံရေးပါတီတွေ၊ အစိုးရခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ် လူမျိုးရေး ဘာသာရေးနဲ့ ပတ်သက်တဲ့ သတင်းတု၊ သတင်းမှားတွေနဲ့ တိုက်ခိုက်တာဟာ အရင်ထက် များပြားလာပါတယ်။ သတင်းတု သတင်းမှားတွေ ပျံ့နှံ့လာတာဟာ လူမှုကွန်ယက် ဖေ့ဘုတ်သုံးစွဲမှု မြင့်တက်လာတာက အကြောင်းရင်းတခု ဖြစ်ပြီး အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ကြေညာချက်တွေကို အတုလုပ်တာတွေ၊ ပါတီတခုနဲ့ တခုကြား…
Read More
ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကိစ္စ ဒေါက်တာသက်သက်ခိုင် ဘာပြောလဲ ?
ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကိစ္စ ဒေါက်တာသက်သက်ခိုင် ဘာပြောလဲ ? မန္တလေး-အောက်တိုဘာ ၂၆-၂၀၂၀ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ရဲ့ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်အနေနဲ့ NLD ပါတီကနေ ဒဂုံမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ တာဝန်ယူရတဲ့ ကာလတွေအတွင်း ပြည်သူတွေအတွက် ဘာလုပ်ခဲ့သလဲ? လက်ရှိလွှတ်တော်တွေထဲရောက်နေတဲ့ ပြည်သူရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သား ကိုယ်စားလှယ် ၂၅ % ကိစ္စမှာ ဒေါက်တာသက်သက်ခိုင်ရဲ့ သဘောထားဘယ်လိုရှိသလဲ ဆိုတာ Voice Of Myanmar(VOM) ရဲ့ အယ်ဒီတာချုပ် ကိုနေလင်းက ဆက်သွယ်မေးမြန်းထားတဲ့ ရုပ်သံကို ကြည့်ရှုနိုင်ပါပြီ။ နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဒေါက်တာသက်သက်ခိုင်ဟာ မရမ်းကုန်မြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ #voiceofmyanmar #VOM #PPP #ပြည်သူ့ရှေ့ဆောင် #ဒေါက်တာသက်သက်ခိုင် Zawgy ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကိစ္စ ဒေါက်တာသက်သက်ခိုင် ဘာပြောလဲ ? မန္တလေး-အောက်တိုဘာ ၂၆-၂၀၂၀…
Read More
ရွေးကောက်ပွဲစောင့်ကြည့်သူတွေ ဘာတွေမြင်ထားလဲ
Read More
တောင်ကုတ်က NLD ကိုယ်စားလှယ်လောင်း ၃ယောက်ကို AA က ဖမ်းထားတာနဲ့ပတ်သက်ပြီး NLD ပါတီရဲ့ ထုတ်ပြန်ချက်နောက်က ဂယက်
တောင်ကုတ်က NLD ကိုယ်စားလှယ်လောင်း ၃ယောက်ကို AA က ဖမ်းထားတာနဲ့ပတ်သက်ပြီး NLD ပါတီရဲ့ ထုတ်ပြန်ချက်နောက်က ဂယက်   အောက်တိုဘာ ၂၂-၂၀၂၀ ဆွေလင်းထွန်း(VOM)   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့တောင်ကုတ်ကလွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးကိုအောက်တိုဘာ ၁၄ ရက်နေ့က ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ AA လက်နက်ကိုင်အဖွဲ့ကဖမ်းဆီးခဲ့တာနဲ့ ပတ်သက်လို့ NLD ပါတီက ကြေညာချက်တစောင်ကို အောက်တိုဘာ ၂၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်မှာ ကိုယ်စားလှယ်လောင်းသုံးဦးဟာ ဥပဒေဖောက်ဖျက်သူတွေ မဟုတ်တာကြောင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ ထုတ်ပြန်ချက်မှာ ကိုယ်စားလှယ်လောင်းသုံးဦးဟာ ဥပဒေဖောက်ဖျက်သူတွေ မဟုတ်ဘဲ AA အကြမ်းဖက်အဖွဲ့ရဲ့ ထုတ်ပြန်ချက်ပါ အချက်တွေဟာ အခြေအမြစ်မရှိဘဲ တဖက်သတ် ကောက်ချက်ချမှုသာ ဖြစ်ကြောင်းနဲ့  AA အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်တွေ‌ဟာ နောင်အနာဂတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ရာမှာ ကြီးမားတဲ့ အဟတ့်အထားတခု ဖြစ်လာနိုင်တယ်လို့ ပါရှိပြီး…
Read More
“စွမ်းအင်လိုအပ်ချက်ကို ဘယ်လို ဖြည့်ဆည်းမလဲ”
“စွမ်းအင်လိုအပ်ချက်ကို ဘယ်လို ဖြည့်ဆည်းမလဲ” သွေး (စစ်ကိုင်း)၊ စက်တင်ဘာ ၂၅၊ ၂၀၂၀ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက် စွမ်းအင်ရရှိရေးဟာ အထူးပဲ အရေးကြီးပါတယ်။ စွမ်းအင်ရင်းမြစ်တွေ ပိုင်ဆိုင်ထားတဲ့ ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံမှာ စွမ်းအင်ထုတ်လုပ်ရေး အတွက် ကောင်းမွန်အဆင်ပြေတဲ့ နည်းလမ်းတွေကို ထည့်သွင်း စဉ်းစားရမှာပါ။ ပြန်ပြည့်မြဲစွမ်းအင် (Renewable Energy) ပိုထုတ်လုပ်ဖို့ ဦးတည်ကြိုးပမ်း သွားမယ် ဆိုရင် စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်သလို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုပါ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်း ဝန်းကျင်ပဲ လျှပ်စစ်မီး ရရှိသေးတာ ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိဖို့ မျှော်မှန်းထားပါတယ်။ လျှပ်စစ်စွမ်းအင်ကို ရေ၊ လေ၊ ဘူမိအပူကနေ ထုတ်ယူနိုင်ပြီး လက်ရှိမှာတော့ အများဆုံး ထုတ်လုပ်နေတာက ရေအားသုံး…
Read More
မန္တလေးမှာနေတဲ့ မြန်မာနိုင်ငံသားတရုတ်လူမျိုးတွေ ရွေးကောက်ပွဲကို စိတ်ဝင်စားမှုရှိကြသလား
မန္တလေးမှာနေတဲ့ မြန်မာနိုင်ငံသားတရုတ်လူမျိုးတွေ ရွေးကောက်ပွဲကို စိတ်ဝင်စားမှုရှိကြသလား မန္တလေး ၊ စက်တင်ဘာ ၆-၂၀၂၀ လဲ့လဲ့ဝင်း(VOM) ဓာတ်ပုံ – ရှိုင်းအောင်(VOM) လာမယ့် ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့် မြန်မာနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကို မြန်မာနိုင်ငံသား တရုတ်လူမျိုးတွေ စိတ်ဝင်စားမှုရှိမရှိ VOM က လိုက်မေးကြည့်တဲ့အခါ ၁၀ ဦးမှာ ၇ ဦးလောက်က စိတ်မဝင်စားကြတာကိုတွေ့ရပါတယ်။ ချမ်းအေးသာစံမြို့နယ်က ခေါက်ဆွဲဆိုင်ပိုင်ရှင် တရုတ်လူမျိုးတယောက်ကတော့ “ကျနော့်ခေါက်ဆွဲဆိုင်ရောင်းရဖို့က ပိုအရေးကြီးတယ်လေ၊ တက်လာတဲ့ အစိုးရက ကျနော့်အစိုးရပါ ၊ မဲပေးဖို့မလိုပါဘူး တက်လာတဲ့အစိုးရကိုချစ်မှာပါ” လို့ ပြောပါတယ်။ အောင်မြေသာစံမြို့နယ်ထဲမှာနေတဲ့ တရုတ်လူမျိုးနောက်တယောက်ကလည်း “ မြန်မာနိုင်ငံရေးကို မသိဘူးလေ၊ မဲပေးမှားမှာကြောက်လို့ မပေးတော့ဘူး”လို့ ပြောပါတယ်။ ချမ်းအေးသာစံမြို့နယ်ထဲက တရုတ်လူမျိုးတစ်ဦးကတော့ “ဒုက္ခတွေများမှာစိုးလို့ စိတ်မဝင်စားမိဘူး” လို့ ပြောပါတယ်။ ပြည်ကြီးတံခွန်မြို့နယ်မှာနေတဲ့ တရုတ်လူမျိုး ကိုသိန်းဝင်းက…
Read More
VOM News
FREE
VIEW