ဒေါက်တာတင့်ဆွေ လာမယ့် ဒီဇင်္ဘာ (၁၈) ရက်နေ့ဆိုရင် NCGUB ခေါ် စင်ပြိုင်အစိုးရကို ဖွဲ့စည်းခဲ့တဲ့ နှစ်ပတ်လည်နေ့ရောက်ပါမယ်။ လွန်ခဲ့တဲ့ ၁၉၉ဝ ဒီလိုရက်တွေမှာဆိုရင် လောလောလတ်လတ်အရွေးချယ်ခံထားကြရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ စစ်အစိုးရထိန်းချုပ်ရာကနေ လွတ်မြောက်အောင် ခက်ခက်ခဲခဲ ထွက်ခွါနေကြရပါပြီ။ အများစုကတော့ ထိုင်းနယ်စပ်ဘက်ဆီနဲ့ ကျွန်တော်တို့ကတော့ အိန္ဒိယနယ်စပ်ဖက်ဆီ ထွက်ကြရတာပါ။ ၁၈-၁၂-၁၉၉ဝ နေ့ကစတင် ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရကို ၁၄-၉-၂ဝ၁၂ နေ့ကစပြီး အစိုးရအဖွဲ့ကိုယ်တိုင်က ဖျက်သိမ်းလိုက်ပါပြီ။ အဝေးမရောက်ခင်က မြန်မာပြည်မြေပေါ်မှာ ထူထောင်လိုက်တာဖြစ်လို့ စင်ပြိုင်အစိုးရလို့ သုံးနှုံးပါတယ်။ နိုင်ငံတကာမှာလဲ Parallel government လို့ ခေါ်ကြတယ်။ တကယ်တော့ ၁၉၉ဝ ရွေးကောက်ပွဲအရ တရားဝင်အစိုးရ ထူထောင်ချင်ခဲ့တာပါ။ တခြားနိုင်ငံတွေကိုခရီးထွက်နေကြတဲ့ ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေကို ထိုင်းနိုင်ငံက ဗီဇာပိတ်လိုက်ပြီးနောက် ဝါရှင်တန်-ဒီစီမှာ ရုံးဖွင့်လိုက်ပေမဲ့ အဝေးရောက်အစိုးရလို့ မသုံးခဲ့သေးပါ။…
Read MoreCategory: သုံးသပ်ချက်
ကိုဗစ်နဲ့ နိူင်ငံရေးမတည်ငြိမ်မှုတွေကြားက အလုပ်သမားတွေရဲ့ဘဝ
အောက်တိုဘာ ၃-၂၀၂၁ အေးချမ်းသူ(VOM) ကိုဗစ်ကပ်ရောဂါနဲ့နိူင်ငံရေးမတည်ငြိမ်မှုတွေဟာ မြန်မာနိူင်ငံမှာရှိတဲ့ စက်မှုဇုန်ပေါင်းစုံက အလုပ်သမားတွေကို အလုပ်လက်မဲ့ဖြစ်စေခဲ့ပါတယ်။ ကိုဗစ် စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၂၀ မတ်လကနေ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း မြန်မာနိူင်ငံမှာ ခေတ္တယာယီနဲ့ အပြီးပိတ်သိမ်းသွားတဲ့ စက်ရုံ၊ အလုပ်ရုံ (၄၄၈) ရုံရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာနရုံးကနေ သိရပါတယ်။ အဲဒီလို ပိတ်သိမ်းလိုက်တဲ့အထဲမှာ ရန်ကုန် နဲ့မန္တလေးက စက်ရုံအလုပ်ရုံတွေက ပိုမိုများပြားပြီး စက်ရုံပိတ်လိုက်လို့ အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမားဦးရေ တစ်သိန်းကျော်ရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာနကနေ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ရက်က လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်က Myanmar Unique အထည်ချုပ်စက်ရုံ ယာယီပိတ်သိမ်းသွားလို့ အလုပ်သမား(၈၀၀)ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရ ပါသေးတယ်။ “အဓိက ပြဿနာက အော်ဒါမရတာ၊ အော်ဒါမရတော့ ချုပ်ပြီးသားအထည်တွေလည်း ပို့လို့ရမရဘူးဖြစ်နေတယ်၊ ကိုဗစ်ကာလမှာ…
Read Moreစက်သုံးဆီ ပြတ်လပ်မှုမရှိနိုင်ပေမယ့် ချွေတာဖို့လိုတယ်လို့ ပညာရှင်တွေ သုံးသပ်
စက်တင်ဘာ ၃၀-၂၀၂၁ GH ( VOM ) ပြည်တွင်းရဲ့ စက်သုံးဆီစျေးကွက်ဟာ ဒီနေ့ စက်တင်ဘာလ ၃၀ရက်မှာဆိုရင် 92 တစ်လီတာကို ၂၀၀၀ ကျပ်အထိ ရှိလာပြီး 95?တစ်လီတာကို ၂၀၀၀ ကျော်အထိ ဆိုင်တွေက ရောင်းချလာတာကို တွေ့ရပါတယ်။ စက်သုံးဆီ ဆိုင်တချို့ ယာယီပိတ်မယ်၊ စက်သုံးဆီပြတ်လတ်နိုင်မယ် ဆိုတဲ့ သတင်းတွေကြောင့် မနေ့က ညနေကစပြီး ဆီဆိုင်တွေမှာ ဆီဖြည့်ဖို့ အလုအယက် စောင့်ဆိုင်းဝယ်ယူမှုတွေ ပြုလုပ်ပြီးနောက် ဆီအရောင်း ဆိုင်တွေက စျေးနူန်းမြင့်ရောင်းချလာကြတာဖြစ်တယ်လို့ သုံးစွဲသူတွေကဆိုကြပါတယ်။ ” ကျနော်တို့ဘက်မှာ မနေ့က ထဲက ၉၂ က ၂၀၀၀ ဖြစ်နေတယ်။ ဆိုင်တွေကတော့ ရောင်းတာမတူဘူးပေါ့။ တချို့ဆိုင်ကလည်း ၁၈၅၀ ရောင်းတယ်။ ၁၈၀၀ လည်းရောင်းတယ်။ ခွဲတမ်းနဲ့ရောင်းတာစျေးလျော့ တယ်ဆိုလို့မေးတော့ မရပါဘူးဗျာ၊…
Read More“အမှိုက်က စ ပြသာဒ်မီးလောင်သလိုပေါ့ UECက မဲစာရင်းကိစွနဲ့ပတ်သက်ပြီး ဖြေရှင်းခဲ့ရင် တပ်မတော်က အာဏာသိမ်းဖို့ အကြောင်းရှာ လို့မရတော့ဘူး” ဦးရဲထွန်း(သီပေါ)
ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁ အေးချမ်းသူ (VOM) တပ်မတော်က အာ့ကြောင့်အာဏာရယူခဲ့လဲ။ ဒီဖြစ်စဉ်တွေဟာ ဘာကြောင့်ဖြစ်ခဲ့တာလဲ။ နောင်အနာဂတ်မှာ မြန်မာနိူင်ငံရဲ့အခြေအနေဟာ ဘယ်လိုတွေဖြစ်လာနိူင်လဲဆိုတာ နိူင်ငံရေးလေ့လာသူတစ်ဦးဖြစ်တဲ့ ဦးရဲထွန်း(သီပေါ)နဲ့ VOM သတင်းထောက် အေးချမ်းသူက ဆက်သွယ်မေးမြန်းထားပါတယ်။ VOM – လက်ရှိအခြေအနေတွေအရ အာဏာသိမ်းတာ အာဏာလွှဲပြောင်းယူတာဆိုတာတွေက အဓိက ဘာကြောင့် ဖြစ်လာရတယ်လို့ မြင်လဲ။ UYT – အကြောင်းအရင်းက နှစ်ချက်ရှိတယ်။ အခြေခံအကြောင်းအရင်းနဲ့ လတ်တလော အကြောင်းအရင်းနှစ်ချက်ရှိတယ်။ အခြေခံ အကြောင်းအရင်းတွေကတော့ တပ်ကလာတဲ့NLDနဲ့ပြိုင်ဘက် ပါတီတွေ ဒီတစ်ကြိမ်ရွေးကောက်ပွဲ မှာတော်တော်များများ ပါတီတွေက အရွေးမခံရဘူး။ အထူးသဖြင့် ပြည်မကို အခြေခံတဲ့ နိူင်ငံရေးပါတီကြီးတွေပေါ့။ ဦးရွှေမန်းပါတီ၊ ဒေါက်သက်သက်ခိုင်ပါတီ၊ ဦးသိန်းညွန့် တို့ NDFတို့ တစညတို့ အဲ့လိုပါတီကြီးတွေက လုံးဝအရွေးမခံရဘူး။ တိုင်းရင်းသားပါတီတွေ တော်တော်များများလဲ အရွေးမခံရဘူး။ အဲ့မှာသူတို့အမြင်တစ်ခု…
Read Moreဖွဲ့စည်းပုံအရ အာဏာသိမ်းတယ်ဆိုတာ ဥပဒေနဲ့ ညီသလား
မန္တလေး-ဖေဖေါ်ဝါရီ ၂-၂၀၂၁ ဆွေလင်းထွန်း +နေလင်း(VOM) မဲစာရင်းပြဿနာတွေကို အစိုးရနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းပေးဖို့ ငြင်းပယ်တာ၊ အရေးယူဆောင်ရွက်မှုမရှိတာ၊ လွှတ်တော်အစည်းအဝေးတွေကို ရွှေ့ဆိုင်းမပေးတာတွေဟာ နိုင်ငံတော်အာဏာကို အဓမ္မနည်းနဲ့ ယူရာရောက်တဲ့အတွက်ဖေဖော်ဝါရီ ၁ရက်နေ့မှာ ယာယီသမ္မတ ဦးမြင့်ဆွေအမိန့်နဲ့ တနိုင်ငံလုံးကို အရေးပေါ်အခြေအနေ တနှစ်ကြေညာခဲ့ပါတယ်။ အရေးပေါ်အခြေအနေကြေညာပြီးနောက် အခြေခံဥပဒေပုဒ်မ ၄၁၈အရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ယာယီသမ္မတက လွှဲအပ်ခဲ့ပါတယ်။ အဲ့ဒီနောက် ဖွဲ့စည်းပုံပါ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ပြီးရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လွှတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာခဲ့ပေမယ့်ဘယ်အချိန်မှာ ကျင်းပမယ်လို့တော့ ပြောထားတာ မတွေ့ရပါဘူး။ အခုလိုမျိုး တပ်မတော်အနေနဲ့ နိုင်ငံတော်ရဲ့ အာဏာ ၃ ရပ်ကို ရယူတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့…
Read Moreဆန္ဒပြပွဲအကြောင်းပြ အကြမ်းဖက်လာတာတွေကို တရားဥပဒေမိုးစိုးရေးက ထိထိရောက်ရောက် မကာကွယ်နိုင်
ရန်ကုန်-ဇန်နဝါရီ ၃၁ . ၂၀၂၁ ယဉ်ပပထွန်း (VOM) UEC ကို ကန့်ကွက်မှုနဲ့ တပ်မတော်ကို ထောက်ခံတဲ့ ပွဲမှာဆိုရင်တော့ တဖြေးဖြေးနဲ့ ရုန်းရင်း ဆန်ခတ် အသွင်ဆောင်လာတဲ့အခါမှာ ဥပဒေကျော်လွန်အကြမ်းဖက်လာတာတွေကို တရားဥပဒေစိုးမိုးရေးက ထိရောက်စွာမလုပ်နိုင်ဘူးလို့ နိုင်ငံရေးအသိုင်းအဝိုင်းတွေကဆိုကြပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြောရေးဆိုခွင့်ရှိသူဒေါက်တာ မျိုးညွှန့်က သူ့အမြင်ကို ခုလိုပြောပါတယ်။ “ မြန်မာနိုင်ငံရဲ့ ပြသာနာက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်။ အခုက နိုင်ငံမှာက တရားဥပဒေ စိုးမိုးမှုအားနည်းနေတယ်ဆိုတာက သမ္မတရုံး သတင်းစာရှင်းပွဲမှာတောင် ထည့်ပြောရပါတယ် ။ ဥပဒေကိုကျော်လွန်အကြမ်းဖက်လာတာတွေကို တရားဥပဒေစိုးမိုးရေးက ထိရောက်စွာ မလုပ်နိုင်ဘူး ။ တရား ဥပဒေစိုးမိုးရေးနဲ့ပတ်သက်တဲ့ သူတွေကတော့ မျက်နှာပျက်စရာဖြစ်ပါလိမ့်မယ် “ လို့ ဆိုပါတယ်။ ရန်ကုန်မှာဆိုရင် တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီးတော့ ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးမှုတွေက အောင်မြင်ခဲ့ပေမယ့်လည်း လက်တွေ့မှာ…
Read Moreချောက်ထဲကျဖို့ လက်တလုံးအလိုမှာ ကယ်ဖို့ပြင်မလား တွန်းချမလား စဉ်းစားခန်း
မန္တလေး- ဇန်နဝါရီ ၂၃-၂၀၂၁ ဆွေလင်းထွန်း+နေလင်း(VOM) အချိန်သည်ကား ဒီမိုကရေစီဘိုးအေနိုင်ငံကြီး အမေရိကန်ရဲ့ ရွေးကောက်ပွဲရလာဒ်တွေကြေငြာအပြီး ဒုတိယအကြိမ် သမ္မတဖြစ်လိုသော်လည်း ဒေါ်နယ်ထရန့်လိုလားသူတွေက အမျိုးမျိုးကန့်ကွက်၊ လွှတ်တော်ကိုဝင်စီးပြီးနောက် ထရန့်တယောက် အားမတန်လို့ မာန်လျှော့ပြီး ထွက်တော်မူဖို့ အိမ်ဖြူတော်ကနေ စီးတော်ရဟတ်ယာဉ်ပေါ်အတက် နောက်ဆုံးနုတ်ဆက်ခြင်း တာ့တာ့ဘိုင့်ဘိုင်လုပ်နေချိန်။ အနောက်ခြမ်းက ဒီမိုကရေစီဘိုးအေကြီးရဲ့ ရွေးကောက်ပွဲနဲ့ ရှေ့နောက်ကျင်းပခဲ့တဲ့ ရွှေမြန်မာနိုင်ငံမှာလည်း နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲပြီးကတည်းက မဲရလာဒ် အငြင်းပွားမှုတွေကြောင့် ရှင်းလင်းပွဲတွေ၊ တရားအပြိုင်အဆိုင်စွဲတာတွေ ၊ ဆန္ဒပြပွဲတွေ နဲ့ ထောက်ခံပွဲမျိုးစုံ မြို့အတော်များများမှာလုပ်နေချိန် အဖမ်းခံပွဲ၊ လူဖမ်းပွဲတွေ လည်း တပြိုင်တည်းဖြစ်နေချိန် ။ အခြားတဖက်မှာတော့ ၂၀၂၀ နိုဝင်ဘာ ၈ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်အနိုင်ရခဲ့တဲ့ အနိုင်ရပါတီက NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အစိုးရဖွဲ့ဖို့ ဖေဖော်ဝါရီ ၁ရက်မှာ…
Read Moreဖမ်းဝရမ်းထုတ်ခံရတဲ့ အမျိုးသားရေး လှုပ်ရှားသူတွေ ဘာလို့ ခုမှ ထွက်အဖမ်းခံကြသလဲ
မန္တလေး-ဒီဇင်ဘာ-၂၈-၂၀၂၀ နေလင်း(VOM) အမျိုးသားရေးလှုပ်ရှားမှုအဖြစ်လုပ်ဆောင်တဲ့ ၂၀၁၉ တုန်းက မြို့တော်ခန်းမရှေ့မှာလုပ်တဲ့ ဟောပြောပွဲနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့ကိုမုန်းအောင်၊ မလေးစားအောင်၊ မေတ္တာပျက်အောင်လှုံ့ဆော်ခဲ့တယ်ဆိုတဲ့ ပုဒ်မ ၁၂၄(က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဘူးလက်လှဆွေလို့ လူသိများတဲ့ အမျိုးသားလွှတ်တော်အမတ်ဟောင်း၊ တပ်မတော်အရာရှိဟောင်း ဦးလှဆွေဟာ ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့၊ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာ လာရောက်အဖမ်းခံခဲ့ပါတယ်။ ဒီလိုအလားတူပဲ အမျိုးသားရေးဆရာတော်လို့အများသိကြတဲ့ ဦးဝီရသူဟာလည်း ဘူးလက်လှဆွေလို အလားတူပုဒ်မတွေနဲ့ ဖမ်းဝရမ်းထုတ်ခံရရာက နိုဝင်ဘာ ၂ရက်နေ့က သွားရောက်အဖမ်းခံခဲ့ပါတယ်။ တခြားအမျိုးသားရေးလှုပ်ရှားသူတွေဖြစ်တဲ့ ဟိဏ်းဝေယံက အောက်တိုဘာ ၃၁ မှာ အဖမ်းခံခဲ့သလို မြတ်ဘုန်းမိုရ်နဲ့ တင်လင်းထိုက်ဟာလည်း ဒီဇင်ဘာ ၁၁ရက်နေ့က သွားရောက်အဖမ်းခံခဲ့ပါတယ်။ သူတို့ကတော့ နိုင်ငံတော် အစိုးရ၊ ငြိမ်ဝပ်ရေးကိုထိခိုက်တဲ့ ပြစ်မှုကို ကျူးလွန်ချင်လာအောင် ကြောက်ခြင်း ၊ ထိတ်လန့်ခြင်း တခုခုအကြံနဲ့ပြုမူမှု ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲခံထားရတာဖြစ်ပါတယ်။ အမျိုးသားရေးဆရာတော်…
Read Moreကပ်ဘေးကာလရဲ့ ခြောက်သွေ့တဲ့ ခရစ္စမတ်
ဒီဇင်ဘာ ၂၁-၂၀၂၀ ယဉ်ပပထွန်း၊ ကောင်းလကျ်ာ၊ ညီသစ်၊ ရန်အောင်ထွန်း ကိုဗစ် ၁၉ ရောဂါကပ်ဘေးရဲ့ ဒုတိယလှိုင်းကို ဖြတ်သန်းနေရတဲ့ ကာလအတောအတွင်း သေဆုံးသူ ၂၄၀၀ ကျော်နဲ့ အတည်ပြုလူနာ ၁၁၀၀၀၀ ကျော် ရှိလာခဲ့ပြီး၊ ရောဂါပိုးတွေ့လူနာတွေ များပြားထူထပ်တဲ့ ဒေသတွေကို stay home နယ်မြေများအဖြစ် သက်ဆိုင်ရာက သတ်မှတ်ထားသလို၊ တဖက်မှာလည်း ဖြေလျှော့မှုတွေ လုပ်လာပါတယ်။ ဖြေလျှော့မှုတွေထဲမှာ ခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူးကာလအတွင်း ခရစ်ယာန် ဘာသာဝင်တွေအတွက် ဘုရားကျောင်းတွေမှာ လူ ၃၀ အထိ စုဝေး ဝတ်ပြုခွင့်ပေးထားပြီး၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် မကြာခင်ရက်ပိုင်းအတွင်း ကျရောက်မယ့် ခရစ္စမတ်ပွဲတော်ကို လုံးဝ မကျင်းပတော့မယ့် ခရစ်ယာန် ဘုရားကျောင်းတွေ ရှိသလို အများစုက အွန်လိုင်းနဲ့…
Read Moreအမတ်နေရာ ၈၃ ရာခိုင်နှုန်း အနိုင်ရတဲ့ NLD ပါတီဟာ မဲရရှိမှုနဲ့တွက်ရင် ၆၈ ရာခိုင်နှုန်းသာရှိ
မန္တလေး-ဒီဇင်ဘာ ၁၃-၂၀၂၀ ဆွေလင်းထွန်း(VOM) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ရဲ့ တရားဝင် ထုတ်ပြန်ချက်တွေအရ NLD ပါတီဟာ ပြည်ထောင်စုအဆင့်မှာ အမတ်နေရာ ၈၂ ရာခိုင်နှုန်းကျော် အနိုင်ရရှိပြီး အစိုရဖွဲ့နိုင်ခဲ့ပေမယ့် မဲရရှိမှု အရေအတွက်ကတော့ ၆၈ ရာခိုင်နှုန်းကျော်ပဲရှိတယ်လို့ မဲရလာဒ်စာရင်းတွေကို အခြေခံတွက်ချက်မှုအရ သိရပါတယ်။ NLD ပါတီအနေနဲ့ ပြည်သူ့လွှတ်တော်မှာ ခိုင်လုံမဲအရေအတွက် စုစုပေါင်း ၂၆သန်းကျော်အနက် ၁၈သန်းကျော်ကိုသာ ရရှိပြီး ရာခိုင်နှုန်းအားဖြင့် ၆၈ ရာခိုင်နှုန်းကျော် ရရှိတာကို တွေ့ရပါတယ်။ အမျိုးသားလွှတ်တော်မှာလည်း ခိုင်လုံမဲအရေအတွက် စုစုပေါင်း ၂၆သန်းကျော်အနက် ၁၈သန်းကျော်ကိုသာ ရရှိပြီး ရာခိုင်နှုန်းအားဖြင့် ၆၉ ရာခိုင်နှုန်းခန့်သာ ရရှိတာကို တွေ့ရပါတယ်။ မြန်မာလူမျိုးအများစု နေထိုင်ကြတဲ့ တိုင်းဒေသကြီးတွေမှာ NLD ပါတီဟာ ပြည်ထောင်စုလွှတ်တော် မဲဆန္ဒနယ်တွေအတွက် ၇၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိတာကိုတွေ့ရပြီး ရန်ကုန်တိုင်းမှာ…
Read More