ဆူးငှက် မန္တလေးတွင် “ရတနာပုံမ်နေပြည်တော်””ခေတ်ကတည်းက ကထိန်ပွဲများကိုလည်းရွှေမြို့တော်တွင် ခြိမ့်ခြိမ့်သည်း ကျင်းပခဲ့ရာ ဘာသာ သာသနာ စည်ပင်ခဲ့သည့် မင်းနေပြည်တော်တွင် ၁၂၄၇ခုနှစ်(ခရစ်၁၈၈၆) ပါတော်မူ ပြီးနောက် အရပ်ရပ် မတည်ငြိမ်သော အခြေအနေ များကြောင့်ရွှေမြို့တော်တွင်း သီတင်းသုံးနေထိုင်တော် မူကြသော ထေရ်ကြီးဝါကြီးများမှအစ စာချ စာသင်သံဃာများအလယ်၊ ကိုရင်၊ သူတော်အဆုံး သာသနာ့ ဝန်ထမ်း သူတော်စင်များသည်လည်း ဘာသာ သာသနာဆိုင်ရာစောင့်ရှောက်မှုနှင့် ပစ္စည်းလေးပါးအစစ ညှိုးနွမ်း ချို့တဲ့တော်မူ ခဲ့ကြသည်။ ထိုအခြေအနေတွင် မန္တလေးတွင် ဘာသာရေးအသင်းများ ဖွဲ့စည်းခဲ့ကြသည်။ သက္ကရာဇ်၁၂၅၈ (ခရစ် – ၁၈၉၆) ခု၌ မလွန်ဈေးဆန်လှူအသင်းကြီးကိုလည်းကောင်း၊ ၁၂၆၀ (ခရစ် – ၁၈၉၈)ခုတွင် ပရိယတ္တိ သာသနဟိတ အသင်းကြီးကို လည်းကောင်း တည်ထောင်နိုင်ခဲ့ကြသည်။ ထို့နောက်၁၂၉၇ (ခရစ် –…
Read MoreCategory: ဆောင်းပါး
မန္တလေးက သီတင်းကျွတ်ပွဲ
ဆူးငှက် မန္တလေး၏ သီတင်းကျွတ်ပွဲတော်သည် ဘုရားပွဲများနှင့်ဆက်စပ်နေသော ပွဲတော်ဖြစ်သည်။ကဆုန်လပြည့်ညောင်ရေသွန်းပွဲတော် ပြီးသည့်နောက် မန္တလေးတွင် ပွဲလမ်းများ ပါးလျားသွား၏။ ထို့ကြောင့် မန္တလေးမှ ဇာတ်၊အငြိမ့်၊ ရုပ်သေး၊ ဆိုင်းအဖွဲ့များသည် ကဆုန်လတွင် “သေတ္တာပိတ် ”ဟုခေါ်သောနောက်ဆုံးပွဲများကို ကပြကြပြီး အဖွဲ့အသီးသီးဖြုတ်သိမ်းကာဇာတ်ခေါင်းခွဲကြသည်။ ထို့နောက် ပညာရှင်အသစ်များပြန်လည်ဖွဲ့စည်းပြီး နယုန်၊ ဝါဆို၊ ဝါခေါင်လများတွင်တီးလုံးတိုက်ကြ၊ဇာတ်တိုက်ကြသည်။ မကြာမီ သီတင်းကျွတ်လဆန်းသည်နှင့် ဘုရားပွဲတော်များစတင်သည်နှင့် စတင်၍ ကပြကြရမည့် “သေတ္တာဖွင့်ပွဲ ” အတွက် ကြိုတင်ပြင်ဆင်ကြသည်။ မန္တလေးတွင် မန္တလေးမြို့ မတည်မီ ကတည်းက တည်ရှိခဲ့သော ဘုရား၊စေတီကြီးများ၊ ဥပမာ မဟာမုနိ၊ဘုရားသုံးဆူ၊ အိမ်တော်ရာ၊ရွှကျီးမြင်၊ အရိပ်မထွက်၊ ဘုရားနီ၊ ချမ်းသာရ၊ အင်းခရု၊ စသည်တို့ဖြစ်သည်။မန္တလေးမြို့နှင့် အတူတည်သော ဘုရားစတီတော်ကြီးများ၊ ဥပမာကျောက်တော်ကြီး၊ စန္ဒာမုနိ၊ မဟာလောကမာရဇိန် ကုသိုလ်တော်၊ သကျသီဟ …စသည်တို့၏ သတ်မှတ်ထားသည့်…
Read Moreအရုဏ်တော် အလှူခံ တီးဝိုင်းများ
ဆူးငှက် မန္တလေးတွင် အလှူခံ တီးဝိုင်းများခတ်စားခဲ့ဖူးသည်။ ရပ်ကွက်ဓမ္မာရုံ ဘုရားပွဲ အတွက်ဆွမ်းလောင်းသင်း အတွက် စသည်ဖြင့် တီးဝိုင်းများဖြင့် မြို့လုံးပတ်လည် အလှူခံ ထွက်ကြသည်။ထိုတီးဝိုင်းများက လျှပ်စစ်အော်ဂင်ပါသည်။ ဒိုးချောင်ပါသည်။ အုပ်စုံပါသည်။ ပုလွေပါသည်။ေလမှုတ်တူရိယာက ၂လက်လောက်လည်း ပါသည်။ အမျိုးသား အမျိုးသမီး အဆိုတော်တွေလည်းပါသည်။ တီးဝိုင်းအဖွဲ့တွင် တီးမှုတ်သူ အချို့က ပညာရှင်ေကြးစားများဖြစ်သော်လည်းအဆိုတော်များအပါအဝင် အများစုက အရပ်သားများဖြစ်သည်။ ထိုတီးဝိုင်းများတွင်ေရှ့က ဆိုက်ကားပေါ်တွင် တီးဝိုင်းဆိုင်းဘုတ်နှင့် ခြေလျင်လိုက်သည်။ ေအာ်လံပါသည်။ ေနာက်က ဆိုက်ကားမှာ မီးစက် အသံချဲ့စက်ပစ္စည်းများတင်သည်။ ေနာက်က ဆိုက်ကားပေါ်မှာ တစ်ဘက်က ဒိုးချောင်နှင့် တစ်ဖက်က အုပ်စုံပါသည်။ ေနာက်ကဆိုက်ကားမှာေအာ်ဂင် တင်သည်။တီးခတ်သူတွေက ထိုဆိုက်ကားများနှင့် ယှဉ်ပြီးခြေလျင်လိုက်သည်။ ထို့အတူပုလွေေလမှုတ်အဖွဲ့နှင့် အဆိုတော်များကလည်း တစ်အုပ်တမကြီးခြေလျင်လိုက်ကြသည်။ထိုတီးဝိုင်းများကတော့ အများဆုံးသီဆိုကြတာ မန္တလေးသီချင်းများဖြစ်သည်။ မန္တလေးသီချင်းဆိုသည်လျှင်ပင် ေအာင်မင်္ဂလာ…
Read Moreစင်တင်များနှင့် မန္တလေး
ဆူးငှက် ၁၉၅၈ခုနှစ် လောက်ကတည်းက တောင်ဘက် ကျုံးအတွင်း မြို့ရိုးနှင့် ကျုံးအကြား မြေကွက်လပ်မှာ လူထုအပန်းဖြေ ဥယျာဉ်ကြီး တစ်ခု ရှိခဲ့ဖူးသည်။ အရှေ့ဘက် မင်္ဂလာတံခါးမှသည် အနောက်ဘက် ၇၉လမ်း အထိ ရှည်လျားတာပေါ့။ ဥယျာဉ်ထဲမှာ ကလေးများအတွက် ကစားစရာတွေရှိသည်။ အနားယူ အပန်းဖြေစရာ အရိပ် အာဝါသရှိသည်။ မိုးပျံတံတား ဆိုတာလည်း ရှိသည်။ အခါကြီး ရက်ကြီးများ၌ ဖျော်ဖြေရန်အတွက် တီးဝိုင်း စင်မြင့်လည်း ရှိသည်။ အမှတ်တရ ဓာတ်ပုံရိုက်ကူးရန် ဓာတ်ပုံဆိုင်လည်း ရှိသည်။ ပြန်ကြားရေး စာကြည့်တိုက်လည်း ရှိသည်။ စားသောက်ဆိုင်တွေ ရှိသည်။ ထိုစဉ်က လွတ်လပ်ရေးအောင်ပွဲ အခမ်းအနားများကို ကျုံးအတွင်း မန်းသီတာ ဥယျာဉ်မှာရော ကျုံးအနောက်ဘက် ကွင်းပြင်မှာရော ခုနစ်ရက်ခုနစ်လီ တခမ်းတနား ကျင်းပသည်။ ဒါက မန်းသီတာ ဥယျာဉ် ဖြစ်သည်။…
Read Moreစင်တင်များနှင့် မန္တလေး
ဆူးငှက် ၁၉၅၈ခုနှစ် လောက်ကတည်းက တောင်ဘက် ကျုံးအတွင်း မြို့ရိုးနှင့် ကျုံးအကြား မြေကွက်လပ်မှာ လူထုအပန်းဖြေ ဥယျာဉ်ကြီး တစ်ခု ရှိခဲ့ဖူးသည်။ အရှေ့ဘက် မင်္ဂလာတံခါးမှသည် အနောက်ဘက် ၇၉လမ်း အထိ ရှည်လျားတာပေါ့။ ဥယျာဉ်ထဲမှာ ကလေးများအတွက် ကစားစရာတွေရှိသည်။ အနားယူ အပန်းဖြေစရာ အရိပ် အာဝါသရှိသည်။ မိုးပျံတံတား ဆိုတာလည်း ရှိသည်။ အခါကြီး ရက်ကြီးများ၌ ဖျော်ဖြေရန်အတွက် တီးဝိုင်း စင်မြင့်လည်း ရှိသည်။ အမှတ်တရ ဓာတ်ပုံရိုက်ကူးရန် ဓာတ်ပုံဆိုင်လည်း ရှိသည်။ ပြန်ကြားရေး စာကြည့်တိုက်လည်း ရှိသည်။ စားသောက်ဆိုင်တွေ ရှိသည်။ ထိုစဉ်က လွတ်လပ်ရေးအောင်ပွဲ အခမ်းအနားများကို ကျုံးအတွင်း မန်းသီတာ ဥယျာဉ်မှာရော ကျုံးအနောက်ဘက် ကွင်းပြင်မှာရော ခုနစ်ရက်ခုနစ်လီ တခမ်းတနား ကျင်းပသည်။ ဒါက မန်းသီတာ ဥယျာဉ် ဖြစ်သည်။…
Read Moreအငြိမ့်ပြိုင်ပွဲ
ဆူးငှက် မန္တလေးဘုရားပွဲတွေက သီတင်းကျွတ်လဆန်းတာနဲ့ စတင်ကြတော့ အငြိမ့်တွေ၊ ဇာတ်တွေက ပွဲဦးထွက် သေတ္တာဖွင့် ကပြကြတယ်။ အများအားဖြင့် ဘုရားပွဲတွေက ၂ ရက်၊ ၂ ည ကျင်းပကြတာပါ။ အငြိမ့်တွေက အဲဒီ ၂ ညမှာ တစ်ညစီကပြကြပေမယ့် ဇာတ်တွေကတော့ ဘုရားပွဲ ၂ ညစလုံး ကပြကြတယ်။ အငြိမ့်က ကမယ့်ညမရောက်ခင် နေ့လယ်လောက်မှ အငြိမ့်စင်လာချပြီ။ အသင့်ပါပစ္စည်းတွေနဲ့ ချက်ချင်း ဆောက်နိုင်တယ်။ ညနေစောင်းတော့မှ အငြိမ့်ကား ရောက်လာပြီး ပစ္စည်းဆင်၊ မီးဆင်တယ်။ ညခုနစ်နာရီလောက်ရောက်တော့ အငြိမ့်တီးဝိုင်းက ယိုးဒယားကရောင်း ရိုက်ပြီး ဧည့်ခံတီးလုံးတီးတယ်။ ညရှစ်နာရီလောက် အငြိမ့်စထွက်၊ ပထမဧည့်ခံသီချင်းပြီးရင် အော်ပရာအစီအစဉ်၊ နောက် ရှေ့ထွက်မင်းသမီး၊ ပြီးရင် ယိမ်းထွက်တန်ထွက်၊ ပြီးမှ အလယ်ထွက်၊ နောက်တခန်းရပ်၊ နောက် ခေါင်းဆောင်မင်းသမီး၊ အသိမ်းမှာ ပြဇာတ်။…
Read Moreလပြည့်ည၏ လရောင်အောက်က စန္ဒာမုနိရင်ပြင်
ဆူးငှက် ကျောက်တော်ကြီးဘုရားဝင်း အရှေ့တောင်ထောင့် မန်ကျည်းပင်ကြီးအောက် အကြော်ဆိုင်ကထလာပြီး စန္ဒာမုနိဘုရားဝင်းထဲ ရောက်တော့ နေထန်းတစ်ဖျားထိလုပြီ။ အရှေ့ဘက် မင်္ဂလာကန်တော်အနီး ထနောင်းပင်များဆီက ချိုးကူသံသဲ့သဲ့ကို ကြားရ၏။ စန္ဒာမုနိဘုရား အနောက်ဘက် သံတန်ဆောင်းလေးအတိုင်း ဘုရားကုန်းတော်ပေါ်တက်တော့ လူသူမရှိ။ ဘုရားရင်ပြင်သည် တိတ်ဆိတ် ငြိမ်သက်လွန်းလှသည်။ နေခြည်သည် ကုန်းတော်ရှိ စိန်တောင်တွေ ကို ငွါးစွင့် ပွင့်လင်းနေစေသည်။ သို့သော် အစွမ်းပြမပူသေး။ ဆောင်းနှောင်း နှင်းကြွင်းကို နွေးစေရုံပဲရှိလို့ အနေတော်ပဲ ဖြစ်သည်။ အာရုံခံဇရပ်ဆီမှ ဘုရားလူကြီးတစ်ဦးက ဘုရားပန်းအိုးများ လဲလှယ်ရန် ကုန်းတော်ဘက် ထွက်လာ၏။ ကျွန်တော်သည် အာရုံခံဇရပ်နှင့် စေတီတော်အကြား တစ်နေရာသို့ ဦးတည်လိုက်သည်။ ထိုနေရာသည် အလေးအမြတ် ထားဖွယ် နေရာဖြစ်၏။ ဦးညွှတ် အလေးပြုဖွယ် နေရာဖြစ်၏။ အောက်မေ့တသ ဆင်ခြင်ဖွယ် နေရာဖြစ်၏။ ထို့အတူ ဂုဏ်ပြု ပူဇော်ဖွယ် နေရာလည်း ဖြစ်သည်။…
Read Moreလွမ်းသနော် ဘုရားပွဲတော်
ဆူးငှက် ရတနာပုံနန်းမြို့တော်ကြီး၏ တနင်္ဂနွေထောင့်တွင် သကျမာရဇိန် ကျောက်တော်ကြီးဘုရား၊ မဟာလောက မာရဇိန် ကုသိုလ်တော်ဘုရား၊ စန္ဒာမုနိဘုရားတို့မှာ တစ်နေရာတည်းတွင် သုံးပွင့်ဆိုင် သပ္ပာယ်စွာ တည်ရှိသည်။ ရှေးကမူ သီတင်းကျွတ်လဆန်း (၁၄)ရက်၊ (၁၅) ရက် နှင့် လပြည့်ကျော် (၁)ရက်အထိ (၃)ရက် ကျင်းပခဲ့သော ကျောက်တော်ကြီး ဘုရားပွဲတွင် ရုပ်စုံအမြင့်သဘင်၊ ဇာတ်ပွဲ၊ အံ့ပွဲ၊ ဆိုင်းပွဲများ ပါဝင်သဖြင့် သီတင်းကျွတ် လပြည့် မီးထွန်းပွဲနှင့်အတူ ကျိတ်ကျိတ်တိုး စည်ကားလှမှာ သေချာသည်။ စန္ဒာမုနိဘုရားအရုဏ်ခံနှင့် စေတီတော်ကြားတွင် ရှေးက ကနောင် မင်းသားကြီး၏ အုတ်ဂူရှိခဲ့သဖြင့် အိမ်ရှေ့မင်း၏ အနွယ်တော်များ က ထိုရက်၌ လာရောက်ကာ ပန်းဆီမီးတို့ဖြင့် ပူဇော်ကန်တော့ကြသည်။ ကုသိုလ်တော် ဘုရား၌လည်း အောင်ပင်ကန်၊ နန္ဒာကန်တို့ကိုအမှီပြု၍ လယ်ယာမြေလုပ်ကိုင်ကြသော လမိုင်း သားတို့က မိမိတို့ရွာအသီးသီးမှ လှည်းတပ်ကြီးချီကာ ဘုရားပွဲအမီ…
Read Moreတောင်သူတွေအတွက် မြေကြီးက ရွှေသီးနိုင်အုံးမှာလား
အောက်တိုဘာ ၁၃ -၂၀၂၃ GG(VOM) မိုးစပါး အခြေခံရည်ညွန်းစျေးအဖြစ် တင်း ၁၀၀ ကို ၇၅၀၀၀၀ ကျပ်ဆိုပြီးသတ်မှတ်ကြောင်း တောင်သူလယ် သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က အောက်တိုဘာလ ၁၀ ရက်နေ့မှာ အသိပေးထုတ်ပြန်ခဲ့ပါတယ်။ ၇၅၀၀၀၀ ဆိုတဲ့ ပမာဏဟာ ရောင်းဝယ်ဖို့စျေးမဟုတ်ပဲ ကြမ်းခင်းစျေးလို့ဆိုပေမယ့်လည်း ဒီနေ့ ခေတ်နဲ့လျော်ညီခြင်းမရှိတဲ့အပြင် ပြင်ပပေါက်စျေးကွက်နဲ့ပါ ထက်ဝက်လောက်ကွာဟနေတာကြောင့် စပါး စိုက်တောင်သူတွေအကြား ဝေဖန်ပြောဆိုမှုတွေမြင့်တက်နေတာဖြစ်ပါ တယ်။ လက်ရှိပြင်ပစျေးကွက်မှာ ၁၅ သိန်းအထိ စျေးပေါက်နေ ချိန်မှာ ထက်ဝက်ကွာတဲ့ နူန်းကို အခြေခံစပါးရည်ညွှန်းစျေးအဖြစ်သတ်မှတ်မှုအပေါ် ကုန်သည်တွေ၊ပွဲစားတွေ လည်သလိုလုပ်စားသွားမှာကို စိုးရိမ်နေရတယ်လို့ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်က စပါးစိုက်တောင်သူတဦးက ပြောပါတယ်။ “သူတို့ကနှစ်တိုင်းသတ်မှတ်သလိုမျိုး အခြေခံရည်ညွန်းစျေးသတ်မှတ်တာမှန်တယ်၊ စျေးကွက်ပေါက်စျေးကများရင်ပေါက်စျေးရောင်းရမယ်လို့ဆိုပေမယ့်လည်း ဒီစျေး သတ်မှတ်တာကို လယ်သမားတွေကမကြိုက်ဘူး။ကုန်သည် နင်းကွက်ပိုဖြစ်တာပေါ့ ၊ခုချိန်ကြီးမှ သူကထပြီးခုလိုသတ်မှတ်တယ်၊တောင်သူလက်ထဲအခုမှ စပါးစပေါ်ရုံရှိသေးတယ်၊ ကျနော်တို့လယ်သမားတွေလည်း စပါးရောင်းပြီးဆန်ပြန်ဝယ်စားရတာ၊အဲ့တော့ ဒီစျေးကို တစ်နှစ်ပတ်လုံး…
Read Moreပရိယာယ် မိုး
ဆူးငှက် လျှပ်ခြည်စေရော် ဇော်တခဲ နဘန္တရာသံဝါခြိမ့်တယ် လမ္ဗရာခြိမ့် နတ်စည်တော် ပဏဝါအိမ် ပတ်လည်ဆော်သည် ဝိုးဝင်းမိုးပြည့် ရှိန်အဝါမှာ ဝတိံသူရာစစ်ရေးမြှူကြဆဲ။ ဝန်ထောက်တော် ဝက်မစွတ်မြို့စားက ကရကဋ်ရာသီဝါဆိုလကို ဤသို့ ဖွဲ့ဆိုခဲ့၏။ တလောဆီကတော့ မိုးကို မျှော်လွန်းသော မြန်မာပြည် အလယ်ပိုင်းဒေသအတွက် မျှော်မျှော်နိုင်လွန်းချည့် ဟု ကိုရွှေမိုးက ရွှေစိတ်တော်ညိုကာ ဒေါသတကြီးခုန်ချ အစွမ်းပြတော့သည်။ ဝါဆို ဝါခေါင် ရေဖောင်ဖောင် ဟု ဆိုရိုး ရှိခဲ့လေတော့ တောင်ဆီမှာမိုးတွေ ညို့လာလျှင်ဖြင့် မောင်ကြီးသည် မမလေးကို “မိုးရွာရင် နော်ဗျာ ဘာနဲ့ မိုးရပါ့၊ ပဒုမ္မာရွှေကြာရိုး၊ ထီးလုပ်လို့မိုး” ဟု ကယုကယင် ချော့နွဲ့လို့မရ။ ပဒုမ္မာရွှေကြာရိုး မဆိုထားနှင့် စတိန်းလက်စတီးစစ်စစ် လက်ကိုင်ရိုးနှင့် ခရမ်းလွန်ရောင်ခြည်ခံ ပိုးဖဲအရွက်ဆောင်း ဂျပန်နာမည်တံဆိပ်တပ် စက်မှုဇုန်ဖြစ် သံမဏိဖဲထီးနှင့်လည်း မမလေးကို ဒီမိုးဒဏ်က…
Read More