စားဝတ်နေရေး ကျပ်တည်းမှုကို ထနောင်းခေါက် ခွာရောင်းပြီး ဖြေရှင်းနေသူတွေ

ဧပြီ-၁၉-၂၀၂၄ SN (VOM) ထနောင်းပင်ဆိုတာ အပူပိုင်းအညာဒေသရဲ့ အဖိုးတန်အပင်တမျိုးပါ။ “နွေ ထနောင်း ဆောင်း မန်ကျည်း မိုး ဇရပ်” ပါတဲ့။ နေပူတဲ့ အခါ ထနောင်းရိပ်က အေးမြပြီး ဆောင်းအေးချိန်မှာ မန်ကျည်းရိပ်က အနွေးဓါတ်ပေးတတ်တယ်လို့ မှတ်သားရပါတယ်။ နွေဦးပေါက်ကာလမှာ အခြားသော အပင်တွေက အရွက်ကင်းမဲ့နေတတ်ပေမယ့်လည်း ထနောင်းပင်တွေက စိမ်းစိုစို ရွက်နုသစ်တွေဝေနေလို့ မြင်ရသူရင်ကို အေးမြစေပါတယ်။ အဲ့ဒီ့လိုပဲ ဆောင်းချမ်းမြမြ ခါသမယမှာတော့ မန်းကျည်းပင်အုပ်အုပ်ဆိုင်းဆိုင်းက နွေးထွေးမှုကို ပေးစွမ်းနိုင်ပါတယ်။ အညာနဲ့ ထနောင်း၊ ထနောင်းနဲ့ အညာ က ခွဲခြားမရပါ။ ထနောင်းပင်ဟာ တခြားအပင်တွေနဲ့မတူဘဲ အဝေးကမြင်ရုံနဲ့ ထနောင်းပင်မှန်း သိသာစေတဲ့ ဂုဏ်အင်္ဂါရပ်ကို ပိုင်ဆိုင်ပါတယ်။ အဝါရောင်ပန်းခိုင်တွေက အပင်ထိပ်ဖျားပိုင်းမှာသာ ရှိတတ်တာမို့ ခူးဖို့မလွယ်ပါဘူး။ ထနောင်းပင်ဟာ အညာအရပ်ဒေသမှာ အလွန် တန်ဖိုးကြီးမားတဲ့ အပင်တပင် ဖြစ်ပါတယ်။ ထနောင်းပင်ရဲ့…

Read More

ဘတ်စ်ကား ဒရိုင်ဘာ စပယ်ယာများ၏ သြဂက်စတြာ

    ဆူးငှက်     တကယ်တော့ သင်္ကြန်ဟူသည် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သော ပွဲတော်ကြီးဖြစ်သည်။ အယုတ်အလတ် အမြတ်မရွေးအတန်းအစား မခွဲတစ်သားတည်း ပျော်ပါး လွတ်လပ်စွာ ဆင်နွှဲခဲ့ကြသည့် ပွဲတော်ဖြစ်သည်။ ထို့ကြောင့်  ၁၉၅၂ခုနှစ်တွင် ကျင်းပသော ပြည်ထောင်စု သင်္ကြန်တွင် ပါဝင်ဆင်နွှဲ ကြရာ၌ တပ်မတော်သားပါသည်။ တက္ကသိုလ် ကျောင်းသား ပါသည်။ ရုံးသူရုံးသား ပါသည်။ ကျောင်းသူကျောင်းသား ပါသည်။ ဈေးသူဈေးသားပါသည်။ ဆေးလိပ်သမ ပါသည်။ မော်တော်ကား ဒရိုင်ဘာပါသည်။ ပါဝင် ဆင်နွှဲသည် ဆိုသည်ကလည်း ရေပက်ရုံ၊ ရေပက်ခံရုံမျှ မဟုတ်၊ အနုပညာကို ထုတ်ဖော် ကွန့်မြူးကာ အားလုံးကိုယ်စီ သီချင်းရေးစပ်၊ သီချင်းသီဆို၊ ကိုယ်တိုင် ပါဝင် တီးမှုတ် ကခုန်ကြခြင်း ဖြစ်ပါ၏။     ဂီတ သုခုမ ပညာရှင်များကလည်း ကိုယ့်အနုပညာကို…

Read More

အတင်းအဖျင်းတွေနဲ့ လူကြိုက်များအောင်လုပ်တဲ့ မီဒီယာအရေခြုံလုပ်စားများ

    ဧပြီ-၁၃-၂၀၂၄ SN (VOM)   မီဒီယာဆိုတာ သတင်း၊ ဖျော်ဖြေရေး၊ ပညာရေး၊ ကြော်ငြာနဲ့ အချက်အလက်တွေကို စနစ်တကျ စုဆောင်းဖြန့်ဝေပြီး လူအများကြားမှာ အရေးကြီးတဲ့  ဆက်သွယ်ရေးလမ်းကြောင်းကို ပေးတဲ့ ကြားခံနယ် တခုဖြစ်ပါတယ်။   ယေဘူယျအားဖြင့် မီဒီယာ အမျိုးအစားတွေကို ကြော်ငြာမီဒီယာ၊ ရုပ်သံမီဒီယာ၊ ဒီဂျစ်တယ်မီဒီယာ၊ အီလက်ထရောနစ်မီဒီယာ၊ အသံလွှင့်မီဒီယာ၊ ပုံနှိပ်မီဒီယာ၊ သတင်းမီဒီယာ၊ ဟိုက်ပါမီဒီယာ၊ မာ(လ်)တီမီဒီယာ၊ လူမှုဆက်ဆံရေးမီဒီယာ စသဖြင့် မီဒီယာ အမျိုးအစားတွေ ခွဲခြား သတ်မှတ်နိုင်ပါတယ်။ အဲ့ဒီ့ နည်းပညာတွေအပေါ် မူတည်ပြီး သတင်းအချက်အလက်တွေကို ဖြန့်ဝေပေးဖို့အတွက် ပုံစံအမျိုးမျိုးနဲ့ ဆက်သွယ်ပေးနိုင်တာ ဖြစ်ပါတယ်။   မီဒီယာဆိုတာ တိုင်းပြည်တခုရဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်ပါတယ်။ မီဒီယာဆိုတာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး စတဲ့ မဏ္ဍိုင်ကြီး သုံးခုကို မယိမ်းမယိုင်စေရေး တည့်မတ်ပေးတဲ့ မဏ္ဍိုင်တခုဖြစ်သလို ပြည်သူနဲ့အစိုးရကြား…

Read More

ရွှေမန်းတောင်ရိပ်ခို

    ၁၉၄၇ ခုနှစ်က ရေးစပ်ခဲ့သော “ရွှေမန်းတောင်ရိပ်ခို” သီချင်းကို ၁၉၅၀ ခုနှစ် ရန်ကုန် သင်္ကြန်တွင် ဆရာမြို့မငြိမ်းကိုယ်တိုင် ပြန်လည် သစ်ဆန်းခဲ့သောအခါ     ဆူးငှက်     လွတ်လပ်ရေး ကြေညာအပြီး တစ်နှစ်ကျော်အကြာ ၁၉၄၉ ခုမတ်လ ၁၁ ရက်ညနေ ၃ နာရီအချိန်မှာပင် ပြည်တွင်းစစ်ကြောင့် မန္တလေးသည် တိုင်းရင်းသား လက်နက်ကိုင် ကေအင်ဒီအိုတပ်များ အောက်သို့ ကျရောက်ခဲ့ရသည်။ တစ်ပြည်လုံးအတိုင်းအတာအရလည်း ပြည်တွင်းစစ်မီးက တောက်လောင်နေ၏။ မန္တလေးမြို့၏ အုပ်ချုပ်ရေးရုံးအချို့၊ စစ်ကိုင်းသို့ ဆုတ်ခွာရုံးထိုင်ကြရသည်။ ဗိုလ်မှူးကြင် ဦးစီးသော မန္တလေး အခြေစိုက် အစိုးရ တပ်ပေါင်းစုက စစ်ကိုင်းတွင် အင်အား ပြန်လည်စုစည်းပြီး မန္တလေးမြို့သိမ်း တိုက်ပွဲ ဆင်နွှဲရပြန်သည်။ ၁၉၄၉ ခု ဧပြီ (၆)ရက်နေ့တွင် မန္တလေးကို ပြန်လည်…

Read More

ရေနန်းဗိမာန်သို့ အိပ်မက်စေတမာန်

    ဆူးငှက်       အခုလို သင်္ကြန်နားနီးတစ်ရက်မှာဖြစ်မှာပေါ့။ ပိုမိုတိတိကျကျဆိုရလျှင် အခုလို သင်္ကြန်နားနီး တစ်ညသား ဖြစ်မှာပေါ့။လမ်း ၈၀ နှင့် ၁၅ လမ်း ဝန်းကျင် ကျုံးအတွင်း ရေခပ်ရန်ခင်းထားသော တံတားလေးပေါ် ဖျာကလေးခင်းကာ ခေါင်းအောက်လက်ခု ပက်လက်အိပ်၍ ကောင်းကင်ပေါ်က ကြယ်တွေ ကြည့်ရင်း လူငယ်လေးနှစ်ဦး စကားပြော နေကြသတဲ့။ တစ်ဦးက မန္တတလေးပန်းချီကျောင်းဆင်း၊ တစ်ဦးက မန္တလေးစိုက်ပျိုးရေးတက္ကသိုလ်ကျောင်းသား…၊ သန်းခေါင်ကျော် မှောင်ထဲ မြောက်နားဆီက လူတစ်ဦးကလည်း လက်ထဲမှာ ပစ္စည်းလေး တစ်ခုကိုင်ပြီး လူသူ တစ်ယောက်တစ်လေကို ရှာဖွေနေပုံဖြင့် ခပ်သုတ်သုတ်လမ်းလျှောက်လာသည်။     လူငယ်လေးနှစ်ဦးအိပ်ရင်း စကားပြောနေသော တံတားလေးနား အရောက် လမ်းလျှောက်လာသူက …“ဟေ့ .. ဘယ်သူတွေလဲကွ…” ဟု အသံပေးရင်း အနားကပ်လာတော့ “ဟာ ……

Read More

ဘုန်းမိုးသွန်းလောင်း နှင့် အေးအေးချမ်းချမ်း

      ဆူးငှက်       ပုဂံခေတ်ကတည်းက အထင်အရှား ရှိခဲ့တယ်ဆိုတဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန်ဟာ မန္တလေး ရတနာပုံမ်ခေတ် အထိ “ပဒေရာဇ်သင်္ကြန်”အဖြစ်ပဲ မှတ်တမ်းမှတ်ရာ ရှိခဲ့တယ်။ “သင်္ကြန်”ဆိုတာ” ကူးပြောင်းခြင်း”ဆိုတဲ့ အနက်အဓိပ္ပာယ်နဲ့ ပုဏ္ဏားဖြူ ပုဏ္ဏားညိုသမားဟူးရားတို့ရဲ့ “စိတ်တော်သိ ဗောင်းတော်ညိတ် “ဗေဒင်ကိန်းခန်း ယတြာများနှင့်အတူ ဘုရင်ဧကရာဇ် အသိုင်းအဝိုင်းရဲ့ ရွှေဘုံနိဒါန်းလာ အခင်းအကျင်းများနဲ့ပဲ နှစ်စဉ်မပျက် ဆောင်ရွက်စီမံရတဲ့ ပြုဖွယ်ကိစ္စများပဲ ဖြစ်ပါတယ်။ အများပြည်သူလူထုအနေနဲ့ကတော့ နှစ်ဟောင်းက အညစ်အကြေးတွေ နှစ်သစ်မှာ ပါမလာအောင်နဲ့၊ နှစ်သစ်မှာ ရေလိုအေးပြီး ပန်းလိုလန်းကြစေကြောင်း ဇမ္မူဒီပါသြဘာနိမိတ် ထွန်းတဲ့ တောင်ကျွန်းသား အစဉ်အလာတွေအတိုင်း အောင်သပြေခက် နဲ့ ရေပက် ကစားကြတာပါပဲ။ ဘယ် မင်းဧကရာဇ် ပြောင်းပြောင်း ပြည်သူလူထုရဲ့ အစဉ်အလာကတော့ ဒီအတိုင်းပါပဲ။     မန္တလေး…

Read More

“ကျန်းမာရေး အတွက် ဆိုးကျိုးဖြစ်စေတတ်တဲ့ အစားအသောက်တွေ”

    သွေး (စစ်ကိုင်း)   လူတိုင်းဟာ ကျန်းမာရေး ကောင်းမွန်ပြီး ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်လိုကြပါတယ်။ အဲသလို ကျန်းမာပျော်ရွှင်ဖို့ ဆိုရင် မကျန်းမမာ ဖြစ်စေတဲ့ အမူအကျင့် အလေ့အထတွေကို ရှောင်ကြဉ်ရမှာပါ။ သို့ပေမဲ့ မကျန်းမမာ ဖြစ်စေတတ်တဲ့ အကြောင်းရင်းကို သတိမမူမိဘဲ ဖြစ်နေတတ်ပါတယ်။ ကိုယ်ခန္ဓာထဲကို ဝင်ရောက်လာတဲ့ ရောဂါဘယတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ အသက်ရှူလမ်းကြောင်းနဲ့ အစားအသောက် လမ်းကြောင်းကနေ ဝင်ရောက်တယ် ဆိုတာကိုလည်း သတိပြုရမှာပါ။ ဒါကြောင့် မကျန်းမမာ ဖြစ်စေတတ်တဲ့ အစားသောက်တွေနဲ့ ကျန်းမာရေး ဆိုးကျိုးတွေကို တင်ပြမှာ ဖြစ်ပါတယ်။     နေ့စဉ်လူနေမှုဘဝမှာ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေက နေရာယူထားတာ တွေ့ရပါတယ်။ အသက်ရှင်သန်ဖို့ အတွက် စားသုံးနေရတဲ့ အစားအစာတွေကို ထုပ်ပိုးရာမှာလည်း ပလတ်စတစ်တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါတယ်။…

Read More

စံရာတောင်ကျွန်း နှင့် မြူမှောင်ဝေကင်း

    ဆူးငှက်     အားလုံးက အသံကြားရာ နားစွင့်လိုက်ကြသည်။   ”သင်္ကြန်အခါတော်…….” ဟူသော အသံနှင့်အတူ အရှေ့ ဦးထိပ်တံခါးဆီမှ အမြောက်သံ သုံးချက်ကို စတင် ကြားလိုက်ရ၏။ ဝမ်းမြောက် ပျော်ရွှင်ခြင်း၏ အသံလှိုင်းတစ်ခုက ရွှေမြို့တော်၏ ကောင်းကင်ယံဆီ လှိုက်ခါသွား သည်။ ”ဒုန်း………” ” ဒုန်း ” ” ဒုန်း ”       ဦးထိပ်တံခါးမှ အမြောက်သံက ‘သောင်းညွတ်’ တံခါးဆီ ပြောင်းသွား၏။ ထို့နောက် တောင်ဘက်မျက်နှာ အင်္ဂါထောင့်က ”ကျွန်းလုံးယူ” ၊ ပြီးတော့ ”ကျော်မိုး” ခေါ် ”မင်္ဂလာ” တံခါး…..။ ဤသို့ဖြင့် တံခါး ၁၂ ရပ်တိုင်း၌ အမြောက်သံသုံးချက်စီဖြင့် အမြောက်သံ သုံးဆယ်ခြောက်ချက် တိတိကြားပြီးနောက် သင်္ကြန်တော်ကျချေပြီ။ ထိုအခါမှစ၍…

Read More

တိုက်ပွဲကြားက အနာဂါတ်ရဲ့ကြယ်ပွင့်တွေကို လင်းလက်ခွင့်ပေးကြပါ

မတ် ၊ ၃၁ ၊ ၂၀၂၄ SP (VOM) ” သမီး စာကျက်နေတဲ့ သစ်ပင်နားကို လက်နက်ကြီးကျည်တလုံး ကျရောက်ပေါက်ကွဲတယ် ၊ သမီးကျောပေးမှီထားတဲ့ သစ်ပင်နောက်ဘက်မှာလည်း ဗုံးပေါက်တာ လူတော့ မထိပေမယ့် ၊ စိတ်ထဲမှာ ဒီနေ့အထိ အလန့်မပြေသေးဘူး” အဲ့ဒီဖြစ်စဥ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်ပိုင်း အချိန်က ၊ စစ်ကိုင်းတိုင်း ၊ ကောလင်းမြို့နယ် ၊ ကျွန်းလှခုံကျေးရွာနားမှာရှိတဲ့ ယာယီတိုက်ပွဲရှောင်နေရင်း ဒီနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုဖို့ ကြိုးစား ပြင်ဆင်နေတဲ့ ကျောင်းသူတယောက်ရဲ့ အတွေ့ကြုံဖြစ်ပါတယ်။ ကောလင်းမြို့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၃ ရက်ကနေစပြီး ၆ ရက်နေ့အထိ သုံးရက် ၊ သုံးည လုံးလုံး တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ် ၊ အဲ့ဒီနောက်…

Read More

ကိုငြိမ်း(မန္တလေး) နှင့် ဆီသည်ချောင်က ကောင်ကလေး

      ဆူးငှက်   တစ်ခါတစ်ရံ စာအုပ်စင်ရှိ ရှုမဝမဂ္ဂဇင်းဟောင်းတွေ၊ မိုးဝေမဂ္ဂဇင်းဟောင်းတွေ ပြန်လှန်ကြည့်မိတိုင်း ‘သုံးရောင်ခြယ်စာပေ’ ဟူသော ‘ဒေါင်းအိုးဝေ စာဟောင်း စာကောင်း’ ဟူသော မင်ရိုက်တံဆိပ်တုံး စာတန်းလေးတွေမြင်တော့ လွမ်းဆွတ်နေမိသေး၏။ တစ်နေ့ ၃ကျပ်မျှသာရသော အမေ့မုန့်ဖိုးလေးက လက်ဖက်ရည်ဆိုင် နှစ်ကြိမ်လောက်ထိုင် တစ်ခါတရံ ဝင်းလိုက်ရုံမှာ စတောလ်က ရုပ်ရှင်ကြည့် အပြီးမှာပင် လစဉ်ထုတ် မဂ္ဂဇင်းတွေ ပုံမှန် ဝယ်ဖြစ်သည်။ ညနေ ဓာတ်မီးထွန်းချိန် ရောက်တာနဲ့ ညဈေးတန်းသို့ လမ်းလျှောက် ထွက်ဖြစ်သည်။ ၂၈လမ်းသစ်သီးဆိုင်က မမကြီးကိုကြည့်၊ ထိုးမုန့်ဆိုင်က ညီအစ်မ တစ်တွေကိုကြည့်၊အောက်လိုင်း တောင်မလွယ်နား ဖိနပ်ဆိုင်က မမလေးကို ကြည့်ပြီး သကာလ နာရီစင် အရှေ့ဘက်ချိုးတက်ကာ အာဇာနည်လမ်းပေါ်က စာအုပ်ဆိုင်တွေ ဆီ ရောက်ဖြစ်တော့သည်။     အင်းဝစာအုပ်တိုက် နှင့် မျက်နှာချင်းဆိုင်…

Read More
VOM News

FREE
VIEW