ဆူးငှက် ညို့ညို့ဆိုင်းဆိုင်း၊ မှိုင်းပြာရီမှောင်တန်းတော့ တိမ်ခိုးလေးတွေ ဘေးက ယှက်လို့ တောင်တန်းတစ်ဖက် တစ်ချက် ဝန်းကာရံကာပင် လွမ်းစရာ့ စံရာတစ်ခွင် သခင်မမှာအရင်ဘဝကခင်ပပသို့ အသွင် . . .။ သနားစရာကမ်းပါးအစ၊ ရင်ခတ်သရဖီ အခွေအခွေပင် . . . ။ ယခုတိုင်ပင် ဒိဋ္ဌအမြင် . . .၊ ပုံတော်အစစ်ကို မြင်ရတော့ သခင်မ၊ ယခင်ဘဝ . . . အသက်မရှည်လေခြင်း . . . ကျေးဇူးရှင်ရယ် နေညိုနု၊ ရွှေလိုရှု . . . မေပျိုဥရဲ့ . . .၊ တောင်တော်အဝင် . . .။ (နန်းတော်ရှေ့ဆရာတင်၊ မယ်ဥတောင်သီချင်း) …
Read MoreCategory: ဆောင်းပါး
ပုရစ်ဖူးတို့လွန့်လူးချေပြီ..၊ ပြန်ပါလေတော့ ဆောင်း
ဆူးငှက် ”ရွက်နုဝါ ရောယှက်လို့ တောနက်တဲ့ မြိုင်သာ စောရတက် ခိုင်ညှာမှာ ကြိုင်မွှေးဝါ မြပန်း ထက်ဆွယ်ကမ်းကုန်းဆည် ရွေတညီလွမ်းစေဖို့ဆန်း” ဆောင်းက ပြန်ရန် ဟန်တပြင်ပြင် ဖြစ်နေချေပြီ။ ဟောကြည့် အခုပဲ နေထန်းတစ်ဖျား ရောက်သည်နှင့် ဆောင်းငွေ့အသက်က ရုတ်ချည်း ထွက်ပြေးသွားသည်။ အလည်လွန် လိုက်ပုံကလည်း ညနေငါးနာရီခွဲလောက်အထိ ပြန်မရောက်။ နေလုံးကျချိန် ၆နာရီကျော်ပါမှ အရိပ်အယောင် ပြလာသည်။ ညသန်းခေါင် နားနီးပါးမှ ကမူးရှူးထိုးနှင့် အိပ်ရာဝင်တော့သည်။စိမ့်စိမ့်..အေးအေး..ဆောင်း။ ဟော ကြည့်၊ နှင်းရည်ဝ၍ အမြဲငိုက်မျဉ်းနေသော သစ်ပင်များ ကလည်း၊ မဆီမဆိုင် ရုပ်ပြောင်း ရုပ်လွဲလုပ်ကာ မျက်နှာဝှက်ကြသေး၏။ သို့သော် သူတို့ခမျာရွက်ဝါတွေ ခါချနိုင်တာက လွဲလို့ ငေါလောကြီး…။ ဆောင်းနှောင်း သစ်ပင်များကား ဘုရားစောင်းတန်းမှ နိမိတ်ကြီးလေးပါး…
Read Moreရုန်းကန်ပြေးလွှား စစ်ရှောင် အမျိုးသမီးများ
မတ်-၈-၂၀၂၄ SN (VOM) ကမ္ဘာပေါ်ရှိ တိုင်းပြည်အများစုမှာ အမျိုးသားဦးရေထက် အမျိုးသမီးဦးရေ ပိုမိုများပြားလျက်ရှိပါတယ်။ ဒီလို အမျိုးသမီးဦးရေ များပြားနေမှုနဲ့အတူ အမျိုးသားတွေနည်းတူ အမျိုးသမီးတွေကိုလည်း တန်းတူရည်တူ အခွင့်အရေးပေးနိုင်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာတဝန်းမှာ အမျိုးသမီးတွေ အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာကြပြီး အမျိုးသမီးတွေရဲ့ စွမ်းရည်ကို မြှင့်တင်ဆောင်ရွက်လာကြပါတယ်။ ဒါကြောင့်ပဲ နှစ်စဉ်နှစ်တိုင်း မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (International Women’s Day) အဖြစ်သတ်မှတ်ကာ နှစ်စဉ် ဆောင်ပုဒ်တခု သတ်မှတ်ထုတ်ပြန်ပြီး အမျိုးသမီးကဏ္ဍကို မြှင့်တင်ဖို့ အသိပေးလေ့ရှိကာကမ္ဘာတဝန်း အမျိုးသမီးကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်နိုင်ဖို့ အခမ်းအနားတွေ ကျင်းပလေ့ရှိပါတယ်။ အမျိုးသမီးတွေရဲ့ ပင်ကိုဗီဇဟာ များသောအားဖြင့် အားနွဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမျိုးသားတွေနဲ့ အပြိုင် ကာယအား၊ ဉာဏအား၊ စိတ်ဓာတ်စွမ်းအားတွေ…
Read Moreရွှေမန်းတင်မောင်ရဲ့ ဘုရင်ငို
ဆူးငှက် မြန်မာ့ဇာတ်သဘင်မှာ နောက်ပိုင်း ဇာတ်တော်ကြီးတွေက အခရာကျ လှပါသတဲ့။ ဒီ နောက်ပိုင်း ဇာတ်တော်ကြီးတွေမှာလည်း “အဆို၊ ပြော၊ အငို”တွေက ပညာသားတွေ ဖြစ်တယ်လို့လည်း ဆိုတယ်။ ပါဠိ၊ ပါဋ်သား အပါအဝင် ရှေးစာ၊ လင်္ကာတွေနဲ့တန်ဆာဆင်ထားတဲ့ အဆိုတွေ၊ အပြောတွေဟာ ပရိသတ်ကို စွဲဆောင်နိုင်ပြီး ဇာတ်ခုံကြီး တစ်ခုလုံး တောကြီးမြိုင်ကြီး ဖြစ်သွားသလို၊ ပင်လယ် သမုဒ္ဒရာကြီးလည်း ဖြစ်သွားနိုင်တာပါပဲ။ အလားတူ ပါပဲ ပြာသာဒ်အဆောင်ဆောင် ဖြစ်နိုင်သလို ဝါးတစ်လုံးကြမ်းတစ်ခင်းနဲ့ တဲလေးတစ်တဲလည်း ဖြစ်နိုင်ပါတယ်။ အလားတူပါပဲ၊ ဒီ“အဆို၊ အပြော၊ အငို”တွေကြောင့် ပျော်ရွှင် ကြည်နူးရသလို ဒေါသအမျက် ချောင်းချောင်းလည်း ထွက်ကြရတယ်။ တဝါးဝါး တဟားဟား ရယ်မော ရသလိုပဲ မျက်ရည်တွေတွေ စီးပြီး ငိုပွဲဆင်ရတာလည်း ရှိပါတယ်။ …
Read Moreသုံးနှစ်ကျော်အတွင်း သုံးဆနီးပါး စျေးမြင့်တက်လာတဲ့ ရွှေနဲ့ ဒေါ်လာ
မတ်၊ ၆ ၊ ၂၀၂၄ SN (VOM) မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေတွေဟာ အပြောင်းအလဲတွေ ကြုံတွေ့ရမှုနဲ့အတူ ရင်းနှီးမြှုပ်နှံမှုမှာ လုပ်ငန်းကြီးနှစ်ခုဖြစ်တဲ့ ရွှေနဲ့ ဒေါ်လာဈေးဟာလည်း လတ်တလောမှာတော့ လှုပ်ခတ်မှုတွေနဲ့ အတက်ဘက်ကို ရောက်ရှိနေပါတယ်။ ရွှေနဲ့ ဒေါ်လာဟာ အတက်ဘက်ကို ရောက်ရှိနေပေမယ့် ဈေးကွက်ထဲမှာတော့ အရောင်းအဝယ် ငြိမ်သက်နေတယ်လို့ လုပ်ငန်းလုပ်ကိုင်သူတွေက ဆိုကြပါတယ်။ အမေရိကန်ဒေါ်လာဈေးဟာ လက်ရှိမှာ တဒေါ်လာကို ပြင်ပပေါက်ဈေး ငွေကျပ် ၃၆၂၀ ဝန်းကျင် ရောက်ရှိနေတာပါ။ ရွှေဈေးကတော့ သုံးဆယ့်ကိုးသိန်း ရှစ်သောင်းဈေး ဖြစ်ပေါ်နေပြီး သိန်း ၄၀ နားကို တဖြည်းဖြည်း ချဉ်းကပ်လို့လာနေပါတယ်။ ပြည်တွင်းရွှေဈေးဟာ နိုင်ငံရေး အပြောင်းအလဲမဖြစ်ခင် နှစ်ရက်အလို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက် (စနေနေ့) ဈေးကွက်အပိတ်မှာ တကျပ်သား ဆယ့်သုံးသိန်း နှစ်သောင်းဝန်းကျင်သာ ရှိခဲ့တာ…
Read Moreဟဲ့..ဆိုကာ ကြိမ်တံမြှောက်မှဖြင့်
ဆူးငှက် စွယ်စုံရအနုပညာရှင်ကြီး တွံတေးသိန်းတန်က မြန်မာပြည်မှာ လှည်းနဲ့လှေ ရှိနေသရွေ့ သူ့သီချင်းတွေလည်း ရှိနေဦးမယ်လို့ပြောတာမှတ်မိပါတယ်။ ဟုတ်ပါတယ်။ မြန်မာပြည်ရဲ့လူဦးရေ ခုနစ်ရာခိုင်နှုန်းကျော်ဟာ ကျေးလက်နေပြည်သူတွေဖြစ်တယ်။ ကျေးလက်နေပြည်သူလူထုကြားမှာ သူ့သီချင်းတွေ ရှိနေဦးမှာပါ။ ကျွန်တော် တစ်မျိုးပြန်စဉ်းစားပါသေးတယ်။ ကျေးလက်မှ မြို့ပြမှ မဟုတ်ပါဘူး။ မြန်မာလူမျိုးရဲ့ ပင်ကိုယ်စရိုက်သဘာဝအရ ဗီဇစိတ်အခြေခံဆိုတာရှိပါတယ်။ ဒီစိတ်ဟာ ငယ်ရွယ်စဉ် ကလေးဘဝမှာလည်း ရိုးရိုးသားသား ပေါ်လွင်ပါတယ်။ အရွယ်လေးရလာတော့ ဒီဗီဇစိတ်ကို ပတ်ဝန်းကျင်တွေက ဖုံးလွှမ်းပေးလိုက်တော့ ဟန်ဆောင်ရတာတွေများလာပါတယ်။ ဒါပေမယ့် တည်ငြိမ်ရင့်ကျတ်တဲ့အသက်အရွယ်ရောက်လာတော့ ဟန်ဆောင်မှုတွေအောက်က ပင်ကိုဗီဇစိတ်ကို ရဲရဲတင်းတင်းပြန်ပြီး ဖော်ထုတ်လာကြပါတယ်။ ဆိုပါတော့…။ အရွယ်လေးရလာချိန် ပတ်ဝန်းကျင်အနေအထားအရ ခေတ်ပေါ်ဆိုတာတွေနောက် ကောက်ကောက်ပါအောင် မမောနိုင်မပန်းနိုင် လိုက်ကြတာပါပဲ။ အခု ဒီဟာပေမယ့် ဟိုဟာပေါ်လာတော့ ဟိုဟာနောက်လိုက်ကြရ…။ ဒါပေမယ့် အသက် ၄၀ ကျော်အရွယ် တည်ငြိမ်လာချိန် အိမ်က ကာရာအိုကေစက်ရှေ့ မိုက်ကိုင်ပြီး တွံတေးသိန်းတန်ဟဲလိုက်ရမှ…
Read Moreမြှင့်တင်ဖို့ လိုအပ်နေသေးတဲ့ တောင်သူလယ်သမားတွေ ဘဝ
ရန်ကုန် ၊ မတ် ၂ – ၂၀၂၃ GG (VOM) ဒီနေ့ မတ်လ ၂ ရက်နေ့ဟာ ၆၂ ကြိမ်မြောက်ကျရောက်တဲ့ ” တောင်သူလယ်သမား နေ့ ” ပဲဖြစ်ပါတယ်။ တနည်းအားဖြင့်ဆိုရရင် တောင်သူလယ်သမားနေ့ဆိုပြီး ဖြစ်တည်လာတာ ၆၂ နှစ်မြောက်ရှိပြီလို့ဆိုလိုတာပါ။ ” တောင်သူလယ်သမားနေ့ ” ဆိုတာဟာ တောင်သူလယ်သမား၊ အလုပ်သမားတွေ ခေါင်းပုံဖြတ်ခံဘဝမှ လွတ်မြောက်ဖို့အတွက် အဓိကရည်ရွယ်ပြီး တောင်သူ ဆွေးနွေးပွဲ၊နှီးနှောဖလှယ်ပွဲတွေကျင်းပရာကနေ ဖြစ်ပေါ်လာခဲ့တဲ့ တောင်သူတွေကို ကျေးဇူးရှင်ဦးကြီးတွေအဖြစ် ဂုဏ်ပြုတဲ့နေ့တနေ့ဖြစ်ပါတယ်။ တောင်သူလယ်သမားနေ့ကို ၁၉၆၃ ခုနှစ်ကစပြီး နှစ်စဉ် ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင် ကျင်းပ ပြုလုပ်ခဲ့ကြပေမယ့် ဇန်နဝါရီလဟာ တောင်သူလယ်သမားတွေရဲ့ လယ်ယာရိတ်သိမ်းချိန်နဲ့ တိုက်ဆိုင်နေခြင်း၊ အင်္ဂလိပ်နှစ်သစ်ကူးကာလကို ဂုဏ်ပြုသလို ဖြစ်နေတာကြောင့် တောင်သူလယ်သမားနေ့ကို ၁၉၆၅ ခုနှစ်မှစပြီး…
Read Moreပျောက်ဆုံးနေဆဲ မြန်မာ့သတင်း လွတ်လပ်ခွင့်
ဖေဖော်ဝါရီ-၂၉-၂၀၂၄ SN (VOM) မြန်မာနိုင်ငံမှာ သတင်းစာလွတ်လပ်ခွင့်နဲ့ သတင်းတွေ သိရှိပိုင်ခွင့်အခြေအနေဟာ လက်ရှိအချိန်အထိ ရုန်းကန် တိုက်ပွဲဝင်နေရဆဲ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကစလို့ မြန်မာနိုင်ငံမှာ ပြည်တွင်းသတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ တစထက်တစ ကျဆင်း ယိုယွင်းလာခဲ့တယ်လို့ အကဲခတ်တွေက ထောက်ပြထားပြီး သတင်းမီဒီယာသမားတွေ အနေနဲ့ သတင်းရယူ ရေးသားဖော်ပြရာမှာ မတရားဖမ်းဆီးချုပ်နှောင်ခံရမှုတွေ၊ အကြမ်းဖက် ခံရမှုတွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစလို့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ သုံးနှစ်တာကာလအတွင်း သတင်းမီဒီယာတွေ ပြင်းပြင်းထန်ထန် ဖိနှိပ်ခံနေရပြီး သတင်းသမားတွေရဲ့ အသက်ရှင်သန် ရပ်တည်ရေးနဲ့ သတင်းရေးသားမှုပိုင်းတွေမှာ အခက်အခဲတွေ တိုးလာနေတယ်လို့ သတင်းသမားတွေက ပြောပါတယ်။ အထူးသဖြင့် ပြည်တွင်းမှာနေပြီး သတင်းရေးသားတင်ဆက်နေတဲ့ သတင်းသမားတွေက ပိုပြီးတော့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေကြရတာပါ။ “မြန်မာနိုင်ငံ…
Read Moreပန်းမြိုင်လယ်မှ အစ
ဆူးငှက် ကျွန်တော် “ပန်မြိုင်လယ်”ကို တော်တော် စွဲလန်းခဲ့ပါတယ်။ တကယ်တမ်း “ပန်မြိုင်လယ်”ကို နှစ်ခြိုက် စွဲလန်းခဲ့ပေမယ့်လည်း “ပန်မြိုင်လယ်”ကို ဂဏသေချာစွာ ကျွန်တော်မသိရိုးအမှန်ပါ။ ရွာစားစိန်ချစ်တီး ဆိုင်းဝိုင်းထဲက ဦးပြေဟန်နှင့် ဦးစပယ်ရှယ်ပြောသလို “ပန်မြိုင်လယ်ဆိုတာ ကိုဖိုးခ လယ်နဲ့ ကန်သင်းချင်းယှဉ်နေတဲ့ လယ် ပေါ့”ဆိုတဲ့ ပြက်လုံးထဲကလိုပင် မတွေးမိခဲ့။ကျွန်တော် စာအုပ်အငှားဆိုင်လေး ဖွင့်မှာမို့ ဆိုင်နာမည် ဆိုင်းဘုတ်လေးကို အဲဒီအချိန်က ခေတ်စားနေတဲ့ ရောင်စုံစတစ်ကာပလတ်စတစ် အစိမ်းရောင်လေး စာလုံးလှီးပြီး ကျောက်သင်ပုန်းဆေး အနက်သုတ်ထားတဲ့ သုံးထပ်ပြားလေးပေါ်ကပ်တော့ ရွာကရောက်နေတဲ့ဦးကြီးက ပါးစောင်ရှိ ကွမ်းတွေ ဖွီးကနဲထွေးပြီး “မင်း ဆိုင်နာမည်ကလည်းကွယ် အတိတ်နိမိတ်မရှိ၊ ပန်းလည်းပန်း၊ လယ်လည်း လယ်ဦးမှာ ဆိုတော့ မဟန်ပါဘူးကွယ်”လို့ ဆိုတယ်။ ကျွန်တော်လည်း ဦးကြီးကို ရှင်းပြမနေတော့ပါဘူး။ ဒါပေမယ့် ဘွဲ့ရပြီးလူငယ်တစ်ယောက်ပေမယ့် ဦးကြီးပြောသလို အဆင်မပြေ တပင်တပန်း…
Read Moreငယ်ငယ်က မီးရထား
ဆူးငှက် ကျွန်တော်ငယ်ငယ်က မီးရထားစက်ခေါင်းတွေကို တော်တော် သဘောကျပါတယ်။ ပြောမယ့်သာ ပြောတာတကယ်တမ်း ကျွန်တော် မွေးဖွားကြီးပြင်းတဲ့ နေရာနဲ့ ဝန်းကျင်က မီးရထားနဲ့ ဘာမှ ပတ်သက် ဆက်စပ်ခြင်း မရှိပါဘူး။ကျွန်တော် မွေးတာက မန္တလေးဈေးချိုတော် အနောက်ဘက် အိမ်တော်ရာ ဘုရား တောင်ဘက်မုခ်က ဆင်းရဲသား ရပ်ကွက်လေးမှာပါ။ ကျွန်တော့် အသိုင်းအဝန်းထဲမှာလည်း မီးရထားဝန်ထမ်း၊ မီးရထားနဲ့ ပတ်သက်တာ တစ်ယောက်မှ မရှိပါဘူး။ မီးရထားနဲ့ခရီးသွားတာကလည်း တစ်နှစ်မှ တစ်ခေါက်တောင် အနိုင်နိုင်ပါ။ ဒါကလည်း မိဘတွေ ဇာတိဖြစ်တဲ့ ဘုတလင်ဘက်ကို နွေအခါမှာ ပြန်ဖြစ်တာပါ။ ဟုတ်ပါတယ်။ တစ်နှစ်မှ တစ်ခါ ဆိုသလို မီးရထားစီးဖြစ်တဲ့ အချိန်မှာပဲ မီးရထားစက်ခေါင်းတွေကို စိတ်ဝင်စား သွားတာပါပဲ။ ကျွန်တော့်ဖခင် ဟာခရီးထွက်ရင် အလွန်ဝီရိယ ကောင်းလှပါ တယ်။…
Read More