ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေး ICC မှာ ရင်ဆိုင်နေတဲ့အခြေအနေနဲ့ ဖိလစ်ပိုင် နိုင်ငံရေး တစေ့တစောင်း

The Manila Times မှာ ဖော်ပြထားတဲ့ ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေး ICC မှာ ရင်ဆိုင်နေတဲ့အခြေအနေနဲ့ ဖိလစ်ပိုင် နိုင်ငံရေး တစေ့တစောင်း PH govt consulted on Duterte’s arrest ===================================== DOCUMENTS from the International Criminal Court revealed that the government knew beforehand about former president Rodrigo Duterte’s impending arrest. Government officials have denied that they had prior knowledge of the arrest warrant. The documents detail prior consultations between Philippine…

Read More

ရွှေဘိုမင်းဆက် မှန်နန်းစံ

  ဆူးငှက်         “အင်းအိုင်ဝိုက်လည် မြို့ကြီးတည်ပြန်… ၁၁၄၄ ခုနှစ်က အမရပူရရွှေနိုင်ငံ… ရေချိုတွင်းနဲ့ ပျံ့နန်းလှန်… ရွှေဘိုမင်းဆက် မှန်နန်းစံ၊ မြတ်ဘိုးတော် သူစီမံ အင်းကြီးတောင်သမန်…”တဲ့။   ဂန္ထဝင်တေးပြုစာဆိုကြီး နန်းတော်ရှေ့ဆရာတင်က “တောင်သမန်”ကို ဖွဲ့ဆိုရင်းနဲ့ အမရပူရကို ပုံဖော်ခဲ့တယ်။   အမရပူရကို ကောဇာသက္ကရာဇ် ၁၁၄၄ ခုနှစ်မှာ(ခရစ် ၁၇၈၂)မှာ အလောင်းမင်းတရားရဲ့သားတော် ဘိုးတော်ဘုရားခေါ် ဗဒုံမင်းက တည်ခဲ့ပါတယ်။ ဘိုးတော်ဘုရားဟာ အမရပူရ ရွှေနန်း တော်မှာ ၃၇ နှစ် နန်းစံပြီး သက်တော် ၇၅ နှစ်မှာ နတ်ရွာစံခဲ့တယ်။ ဘိုးတော်ဘုရား လွန်ပြီးနောက် စစ်ကိုင်းမင်းခေါ် ဘကြီးတော်က အင်းဝမှာ ပြောင်းရွှေ့ နန်းစံပြန်တယ်။ အင်းဝမှာ ဘကြီးတော်က ၁၈ နှစ် နန်းစံပြီး ရွှေဘိုမင်းခေါ် သာယာဝတီမင်းက…

Read More

စကားပြေလား၊ စကားပြောလား

  ဆူးငှက် ကုန်လွန်ခဲ့သော ဆယ်စုနှစ် ၂စုကျော် ၂၀၀၀ခုနှစ် နိုဝင်ဘာလဆန်းရက်၏ မိုးစိမ့်စိမ့် နံနက်စောစောတွင် မန်္တလေး-လားရှိုးလမ်းမကြီးဘေး အောင်ချမ်းသာရွာစွန် လက်ဖက် ရည်ဆိုင်လေးမှ နွားနို့ကဲသော ချိုစိမ့်စိမ့် လက်ဖက်ရည် တစ်ခွက်စီ သောက်အပြီး မိုးရေစိုစွတ်ဆဲ ဝေးပြေးလမ်းမကြီးအတိုင်း တည်းခိုရာ နေရာလေးဆီသို့ ကျွန်တော်တို့ ၃ဦးသား လမ်းလျှောက်ပြန်ခဲ့ကြသည်။ ကျွန်တော်တို့ ၃ဦးသားဟု တန်းညှိ၍ ဆိုရာတွင် ကျန် ၂ယောက်က ကျွန်တော့်ထက် အသက်ရော ဝါရော ကြီးသူများ ဖြစ်ကာ နိုင်ငံရေးအရ ခိုင်ကျည်သော ယုံကြည်ချက်ဖြင့် နရသိန် ၂ကျော့ပြန်များ ဖြစ်သည်။ တစ်ဦးက အင်္ဂလိပ်စာပြဆရာ အယ်ဒီတာ၊ တစ်ဦးက သုတေသန သမား စာကြည့်တိုက်မှူး။ အင်္ဂလိပ်စာပြဆရာ အယ်ဒီတာက ကျွန်တော့် အစ်ကိုလို ဆရာလို ဖြစ်သည်။ သုတေသနသမား စာကြည့်တိုက်မှူးက မန္တလေးရောက်တာ မကြာသေး၊ သူ့ကို…

Read More

အနုအလှ စာသားများနှင့် တေးပြုစာဆို ဦးဘသိန်း(မန္တလေး)

    ဆူးငှက်   တေးပြုစာဆို ဦးဘသိန်း(မန္တလေး)ကို ၁၂၇၃ခု ဝါဆိုလပြည့်ကျော် ၃ရက် (၁၉၁၁ခု ဇူလိုင်လ ၁၃ရက်) ကြာသပတေးနေ့တွင် မန္တလေးမြို့ ဈေးချိုတော် အနီး ရေကြည်ရပ်နေ အဖဦးပေါအိ၊ အမိဒေါ်ခင်တို့က မွေးဖွားခဲ့သည်။   ငယ်ရွယ်စဉ်ကတည်းက ဂီတအပေါ် မွေ့လျော်ဝါသနာထုံခဲ့ပြီး မြန်မာဂီတာ၊ ဟာဝေယံဂီတာနှင့် တယောထိုးခြင်း တို့ကို လေ့လာသင်ယူကာ ကþမ်းကျင်စွာ တီးခတ်ခဲ့သူဖြစ်သည်။ ဂီတနှင့် ကျွမ်းဝင်သူဖြစ်သည့်အလျောက် အသက်(၁၉)နှစ် အရွယ် ၁၉၃၀ခုနှစ်တွင် တယောဆရာကြီး ဦးကြီးငွေ(ရှုမ၀ ပန်းချီ)၊ ဦးဘဝင်းတို့နှင့် ဆက်နွယ်ပြီး မြို့မအပျော်တမ်းတူရိယာအသင်းသို့ ဝင်ရောက်ခဲ့သည်။ မြို့မ အပျော်တမ်းတူရိယာအသင်းတွင် တယောတူရိယာသမား အဖြစ်ပါဝင်တီးခတ်ခဲ့ရာမှ မြို့မတူရိယာအသင်းကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သူ ကိုဘညိန်း (မြို့မငြိမ်း)၏ သင်ကြားပေးမှုဖြင့် အသင်းတွင် လိုအပ်နေသော ဆလိုက်ထရန်ဘုံး လေမှုတ်တူရိယာပစ္စည်းကို တီးမှုတ်ခဲ့သည်။ မြို့မတူရိယာအသင်းမှ ဓာတ်ပြားသွင်းခဲ့သည့်…

Read More

ဓာတ်ရထားမှသည် မီနီအိုးဝေသို့

    ဆူးငှက်     မန္တလေး ရတနာပုံ နေပြည်တော် တည်ထောင်ရာတွင် သတ္တဌာန အပါအဝင် ဖြစ်သည့် နန်းတော်မြို့ရိုးကို သာသနာ ၂၄ဝဝပြည့်နှစ် အထိမ်းအမှတ်အဖြစ် မြို့တော်ကို လေးထောင့် စတုရန်းတည်၍ မြို့ရိုးအနား တစ်ဘက်လျှင် တာ ၆ဝဝ စီဖွဲ့လျက် ကိုက်ပေါင်း ၂၂၁၆ကိုက်၊ လေးဘက်ပတ်လည် စုစုပေါင်း ၅မိုင်၁ဖာလုံရှည် စတုရန်းအကွက်ချ တည်ဆောက် သည်။ တစ်မျက်နှာလျှင်၁မိုင်၂ဖာလုံကျော်မျှ ရှိသည်ဟု ခန့်မှန်းနိုင်သည်။     မြို့ရိုးထုအမြင့် ၂၇ပေ၊ ထု ၁ဝပေရှိ၏။ မြို့ရိုးတစ်လျှောက် သူရဲခိုများထားရှိရာသူရဲခို ၃၈ဝဝ ခန့်ရှိသဖြင့် ရှေးခေတ်မြန်မာစစ်သည် အင်အား သုံးနိုင်ပုံကို ခန့်မှန်းနိုင်သည်။ သူရဲခိုများတွင် သေနတ်ပစ်ရန် အပေါက်ငယ်မှာ ၂ပေ၉လက်မကျယ်ဝန်း၏။ ၁ပြကြားတွင် သူရဲခိုပေါင်း ၇ဝ ရှိသည်။     မြို့ရိုးတစ်လျှောက်…

Read More

ရန်ကုန် နယ်နိမိတ်ထဲ ဝင်ရောက်မယ့် ကုန်ကားတွေ မိုးကာတွေမအုပ်ဖို့ တိုင်းအစိုးရအဖွဲ့ အမိန့်ထုတ်

ရန်ကုန် ၊ ဇန်နဝါရီ ၁၀ – ၂၀၂၄ GG( VOM) ရန်ကုန်တိုင်း နယ်နိမိတ်ထဲ ဝင်ရောက်လာမယ့် ကုန်တင်ကားတွေအားလုံး အမိုးအကာတွေ မအုပ်ဖို့ တိုင်းအစိုးရအဖွဲ့ အမိန့်ထုတ် ညွှန်ကြားလာတယ်လို့ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းက သိရပါတယ်။ ” နိုင်ငံတော်က လုံခြုံရေးအရ မဖြစ်သင့်တာမဖြစ်အောင် တာဝန်ရှိသူအသီးသီးက လုပ်ကြတာပေါ့။ ဘာကုန်တွေပါတယ် ဘာညာ လုံခြုံရေးအရစစ်ဆေးမှာပေါ့။ အခုကအမိန့်ပြန်တမ်းထွက်တာပဲရှိသေးတယ်။ အဓိက နိုင်ငံတော်ကလုံခြုံရေးအရ လိုအပ်မယ်ထင်လို့လုပ်တာဆိုတော့သဘောထား မှတ်ချက် မပေးချင်ဘူး ” လို့ အသင်း တာဝန်ရှိသူတဦးကပြောပါတယ်။ အဆိုပါ ညွှန်ကြားစာမှာတော့ ရန်ကုန်နယ်နိမိတ်အတွင်းကို လာရောက်ပြီး ကုန်စည်ပို့ဆောင်မယ့် ကုန်တင်ယာဥ်တွေကို လုံခြုံရေးအရ စစ်ဆေးတဲ့အခါလွယ်ကူလျှင်မြန်အောင်အတွက်ဆိုပြီး ညွှန်ကြားတာဖြစ်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကုန်ကားမောင်းသူတစ်ဦးက “ဂိတ်ရောက်မှ အမိုးထဲ စစ်လည်းရပါတယ်။ အမိုးတွေ ရုတ်လိုက် ပြန်အုပ်လိုက်လုပ်ရတာ ကျနော်တို့အတွက်ကိ အချိနိကြန့်ကြပါတယ်။ တမျိုးပြီးတမျိုး…

Read More

လက်ဆည်ကန် ဝင်းလိုက်ရုံရှေ့ က၊ လွတ်လပ်ရေး အကြိုည

  ဆူးငှက်   လွတ်လပ်ရေးနေ့ အကြိုညတွင် မန္တလေး လက်ဆည်ကန်ရပ်ရှိ ဝင်းလိုက်ရုပ်ရှင်ရုံရှေ့၌ မြို့မတူရိယာအဖွဲ့က မြို့လူထုကို သီဆို တီးမှုတ်ဖျော်ဖြေခဲ့သတဲ့။   ထိုပွဲတွင် သီချင်းတစ်ပုဒ်ကို မြို့မကတီးမှုတ်ရာတွင် ကမ္ဘာ့သင်္ကေတနည်းပညာ(music notes) တတ်မြောက် ထားကြသူများမို့ တူရိယာတီးမှုတ်သူတိုင်း၏ ရှေ့တွင် သင်္ကေတ စာရွက်များ ချထားကာ မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှသတဲ့။ ထိုနေ့ညက ထိုသီချင်း သီဆိုသူမှာ အဆိုတော် ကိုသိန်းတန်တဲ့။ တီးမှုတ်ကြသည့် မြို့မ အဖွဲ့သားများမှာ တယော၊ ဦးရင်လေး၊ ကိုကြီးငွေ၊ မြို့မငြိမ်း၊ အကော်ဒီယမ် ကိုအေးမောင်၊ ဘေ့(စ်)ကိုဘသင်၊ ဘင်ဂျိုကော့(တ)ကိုသိန်း၊ ကလယ်ရီနက် တောင်မြို့ ဦးကိုလေး၊ ကိုတင်အေး၊ ကိုကောင်းညွန့်၊ ကိုစော၊ ဆိုက်ဆိုဖုန်းဦးသောင်း၊ ဂီတာကိုဘသိန်း၊ ကိုဘရှင်(တောင်မြို့)၊ ထရန်ပက်ကိုဘကျင်၊ ဂျက်(ဇ်)ကိုလှဒင်၊ ကိုထွန်းရှိန် တို့ဖြစ်သည်။ ထိုနေ့ညပွဲတွင် စန်္ဒရားမပါရှိခဲ့၊ ကလယ်ရီနက်တွင် ညာသံဆိုလို…

Read More

“အမိတက္ကသိုလ်ကို လွမ်းမိတဲ့ အခါ…”

    သွေး (စစ်ကိုင်း)   တက္ကသိုလ်တက်ရောက် ပညာသင်ယူခဲ့သူတိုင်း တက္ကသိုလ်ရဲ့ နေ့ရက်တွေကို သတိတရရှိနေတတ်ကြပါတယ်။ ရန်ကုန်တက္ကသိုလ် လို့ ဆိုလိုက်ရင် “အဓိပတိလမ်း” နဲ့ “ကံ့ကော်ပန်း” တွေကို ပြေးမြင်ယောင်မိမှာ ဖြစ်သလို မန္တလေးတက္ကသိုလ် လို့ ဆိုလိုက်ရင် မိန်းအဆောက်အဉီနဲ့ စိန်ပန်းတွေကို မြင်ယောင်မိမှာ ဖြစ်ပါတယ်။ တက္ကသိုလ်ရဲ့ အငွေ့အသက်ကို ပြည့်ပြည့်ဝဝ ရရှိခဲ့တဲ့ ရက်စွဲတွေကို ပြန်တမ်းတမိတိုင်း ကျောင်းနေဖက် သူငယ်ချင်းတွေကိုပါ သတိရမိပါရဲ့။   မန္တလေးတက္ကသိုလ်မှာ ရူပဗေဒအထူးပြု ကျောင်းသူတစ်ယောက်အနေနဲ့ တက်ရောက်ခဲ့ရတဲ့ အချိန်တွေဟာ ကျမရဲ့ ဘဝမှာ အပျော်ရွှင်ဆုံးကာလ တစ်ခုပါပဲ။ အထက်မြန်မာနိုင်ငံက အထင်ကရတက္ကသိုလ် ဖြစ်တဲ့ အတွက် အနယ်နယ်အရပ်ရပ်က ကျောင်းသား, ကျောင်းသူတွေ တက်ရောက်တဲ့ တက္ကသိုလ်ဆိုရင်လည်း မမှားပါဘူး။ ကျမတို့ ကျောင်းတက်စဉ်က ဖယ်ရီလို့ ခေါ်တဲ့ ကျောင်းကြို/ပို့ကားနဲ့…

Read More

NCA အခမ်းအနားကို တက်ရောက်လာတဲ့ ခေါင်းဆောင်တချို့ရဲ့ သဘောထားများ

နေပြည်တော်၊ အောက်တိုဘာ- ၁၅- ၂၀၂၃ KT (VOM) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံရေးခေါင်းဆောင်တချို့နဲ့ တိုင်းရင်းသားခေါင်းဆောင်တချို့ရဲ့ သဘောထားမှတ်ချက်တွေကို VOM က စုစည်းတင်ဆက်ထားပါတယ်။ အဲ့ဒီ အခမ်းအနားကို နစက ဥက္ကဌနဲ့ အဖွဲ့ဝင်တွေအပြင် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားခေါင်းေဆာင်တွေနဲ့ငြိမ်းချမ်းရေးအကျိုးတော်ဆောင် အများအပြား တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။

Read More

ရာသီဥတုပြောင်းလဲမှုကို သတိပြုပါ

သွေး (စစ်ကိုင်း) ရာသီဥတုပြောင်းလဲမှုရဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေကို ကမ္ဘာတဝှမ်း တွေ့ကြုံခံစားလာနေရ တာ တွေ့ရပါတယ်။ အစွန်းရောက် ရာသီဥတုဖြစ်တဲ့ ရေကြီးမှု မိုးခေါင်ရေရှားမှုတို့ကို ခံစားနေကြရုံသာမက တောမီးလောင်မှု အပူချိန်အလွန်အမင်း မြင့်တက်မှု မုန်တိုင်းတိုက်ခတ်မှုတွေလည်း ပိုများလာနေတာပါ။ မြန်မာနိုင်ငံမှာလည်း ၂၀၂၃ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်မှု အများအပြား ရှိခဲ့ပါတယ်။ Global Warming လို့ ခေါ်တဲ့ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရာသီဥတု ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာရပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှုဟာလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ တိုက်ရိုက်ပတ်သက်နေပြီး ကမ္ဘာ့အင်အားကြီး စက်မှုနိုင်ငံတွေအနေနဲ့ ထိထိရောက်ရောက် လုပ်ဆောင်မှု အားနည်းနေလို့ပါပဲ။ ရုပ်ကြွင်းလောင်စာတွေ အသုံးပြုမှု ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်လည်ပတ်မှု သစ်တောပြုန်းတီးမှု တရားမဝင် သစ်တောခုတ်လှဲမှု အပါအဝင် လူသားတွေရဲ့ အဆင်ခြင်မဲ့ လုပ်ဆောင်ချက် တွေကြောင့် ကမ္ဘာကြီး ပူနွေးလာရတာ…

Read More
VOM News

FREE
VIEW