မန္တလေး- ဇန်နဝါရီ ၂၃-၂၀၂၁ ဆွေလင်းထွန်း+နေလင်း(VOM) အချိန်သည်ကား ဒီမိုကရေစီဘိုးအေနိုင်ငံကြီး အမေရိကန်ရဲ့ ရွေးကောက်ပွဲရလာဒ်တွေကြေငြာအပြီး ဒုတိယအကြိမ် သမ္မတဖြစ်လိုသော်လည်း ဒေါ်နယ်ထရန့်လိုလားသူတွေက အမျိုးမျိုးကန့်ကွက်၊ လွှတ်တော်ကိုဝင်စီးပြီးနောက် ထရန့်တယောက် အားမတန်လို့ မာန်လျှော့ပြီး ထွက်တော်မူဖို့ အိမ်ဖြူတော်ကနေ စီးတော်ရဟတ်ယာဉ်ပေါ်အတက် နောက်ဆုံးနုတ်ဆက်ခြင်း တာ့တာ့ဘိုင့်ဘိုင်လုပ်နေချိန်။ အနောက်ခြမ်းက ဒီမိုကရေစီဘိုးအေကြီးရဲ့ ရွေးကောက်ပွဲနဲ့ ရှေ့နောက်ကျင်းပခဲ့တဲ့ ရွှေမြန်မာနိုင်ငံမှာလည်း နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲပြီးကတည်းက မဲရလာဒ် အငြင်းပွားမှုတွေကြောင့် ရှင်းလင်းပွဲတွေ၊ တရားအပြိုင်အဆိုင်စွဲတာတွေ ၊ ဆန္ဒပြပွဲတွေ နဲ့ ထောက်ခံပွဲမျိုးစုံ မြို့အတော်များများမှာလုပ်နေချိန် အဖမ်းခံပွဲ၊ လူဖမ်းပွဲတွေ လည်း တပြိုင်တည်းဖြစ်နေချိန် ။ အခြားတဖက်မှာတော့ ၂၀၂၀ နိုဝင်ဘာ ၈ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်အနိုင်ရခဲ့တဲ့ အနိုင်ရပါတီက NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အစိုးရဖွဲ့ဖို့ ဖေဖော်ဝါရီ ၁ရက်မှာ…
Read MoreCategory: Chinese
သိပ္ပံနည်းပညာရဲ့ ကဏ္ဍကတော့ ပြီးပြီ၊ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ကဏ္ဍက ဘယ်လိုလဲ
ရေးသားသူ- ဘရာဂျင်ဒြာ နဗ်နစ် (အိန္ဒိယသံအမတ်၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အိန္ဒိယနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်) အိန္ဒိယ၊ တောင်အာဖရိကအပါအဝင် အခြားသော နိုင်ငံ ၈ ခုက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကို ကုန်သွယ်ရေးဆိုင်ရာ မူဝါဒဆိုင်ရာတွေထဲက မူပိုင်ခွင့်နဲ့ သက်ဆိုင်တဲ့ အချို့အချက်အလက်တွေကို ခေတ္တဖြေလျှော့ပေးဖို့ အဆိုပြုတင်ပြထားပါတယ်။ ဒါက ဘာလဲဆိုတော့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးတွေ ကုသဆေးတွေကို အရှိန်အဟုန်မြှင့်ပြီး ထုတ်လုပ်လာကြတဲ့အခါ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က သတ်မှတ်ထားတဲ့ TRIPS လို့ အများသိကြတဲ့ မူပိုင်ခွင့်ဆိုင်ရာ မူဝါဒတွေက ဒီအဆိုပြုတဲ့ နိုင်ငံတွေရဲ့ ဆေးဝါးထုတ်လုပ်မှုတွေကို အဟန့်အတား မဖြစ်စေဖို့ပါပဲ။ အဆိုပြုချက်အပေါ် ကန့်ကွက်လိုသူ အနည်းစု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှာ ရှိခဲ့ပေမယ့် ဒီအဆိုပြုချက်ကို အဖွဲ့ဝင်တွေ အတော်များများက သဘောတူ ထောက်ခံခဲ့ကြပါတယ်။ အမျိုးမျိုးသော နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ကမ္ဘာတဝှမ်းက…
Read MoreScience has delivered, will the WTO deliver?
TRIPS waiver proposal from India, South Africa and other members Opinion By Brajendra Navnit, Ambassador and Permanent Representative of India to WTO A proposal by India, South Africa and eight other countries calls on the World Trade Organisation (WTO) to exempt member countries from enforcing some patents, and other Intellectual Property (IP) rights under the organization’s Agreement on Trade-Related Aspects of…
Read Moreစပိုင်ဝဲအန္တရာယ်နဲ့သတင်းထောက်
ဇန်နဝါရီ-၁၅-၂၀၂၁ တင်ထားဆွေ သတင်းထောက်များဘေးကင်းလုံခြုံရေးနဲ့ သက်ဆိုင်တဲ့ အွန်လိုင်းဆွေးနွေးပွဲတစ်ခု ကို ဒီအပတ်ထဲမှာ တက်ဖြစ်ပါတယ်။ Channel 4 News, Thomson Reuters, New York Times က ဝါရင့်သတင်းထောက်တွေနဲ့ NGO တွေ သတင်းထောက်တွေကို လုံခြုံရေးနဲ့ ပတ်သက်ပြီး အကြံပေးနေတဲ့ Risk Pal ကအရာရှိတွေ ပါဝင်ဆွေးနွေးတဲ့ပွဲ ဖြစ်တဲ့ အတွက် အလွန်ဗဟုသုတရပါတယ်။ သတင်းထောက်တွေ ဘေးကင်းလုံခြုံရေးလို့ပြောရင် ရုတ်တရက်တော့ ကိုယ်ထိလက်ရောက် (ရုပ်ခန္ဓာပိုင်းလုံခြုံရေး) တိုက်ခိုက်ခံရမယ့် အန္တရာယ်က ကာကွယ်ဖို့ကိုသာ စဥ်းစားလေ့ရှိပါတယ်။ အန္တရာယ်ရှိနိုင်တဲ့ နေရာဆီ သတင်းထောက်တွေကို လွှတ်မယ်ဆိုရင် ဘီဘီစီလို သတင်းဌာနကြီးတွေမှာ Risk Assessment အရင်လုပ်ရပါတယ်။ Risk Assessment (RA) ကတော့ ခပ်တိုတို ပြောရမယ်ဆိုရင် အန္တရာယ်နဲ့ ကြုံလာရင် သတင်းထောက်ဖက်က ဘာတွေကြိုပြင်ထားဖို့လိုသလဲဆိုတာကို…
Read Moreတရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ် ဘာတွေထူးလာမလဲ
မျိုးဆက် (VOM) တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီးစဉ်အဖြစ် ဇန်နဝါရီ ၁၁ ရက်မှာ ရောက်ရှိမှာဖြစ်ပါတယ်။ ဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံတကာအရေး အပြောင်းအလဲတွေကိုကြည့်ပြီး မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးမှုကို နောက်ထပ်မြှင့်တင်ဖို့ သူ့ရဲ့ ခရီးစဉ်မှာ ရည်ရွယ်ထားပုံရပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံဟာ ဂျပန်နဲ့ အိန္ဒိယတို့နဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေနဲ့တွေအပေါ် တရုတ်အစိုးရက စိုးရိမ်ပူပန်မှုတွေ တိုးပွားလာနေပြီး ဒါဟာသူ့အကျိုးစီးပွား ယုတ်လျော့စေတယ်လို့ ယူဆထားဖွယ်ရှိပါတယ်။ ဝမ်ယီရဲ့ခရီးစဉ်မှာတော့ မြန်မာနိုင်ငံနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်ဖို့၊ ငြိမ်းချမ်ရေးလုပ်ငန်းစဉ်အပေါ် တရုတ်နိုင်ငံရဲ့ထောက်ခံမှုကို ပိုမိုခိုင်မာစေဖို့နဲ့ ကိုဗစ်-၁၉ နဲ့ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံကို ထောက်ပံ့မှုတွေ တိုးမြင့်ဖို့တွေ ပါဝင်လာနိုင်ပါတယ်။ ဝမ်ယီရဲ့ မြန်မာနိုင်ငံခရီးစဉ် အဓိကရည်ရွယ်ချက်ကတော့ အရပ်ဘက်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံက အစဉ်တစ်စိုက်ထောက်ခံနေတယ်ဆိုတာနဲ့ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီပါတီက တောင်ပြိုကမ်းပြိုအနိုင်ရရှိတာကို ဂုဏ်ပြုဖို့ဖြစ်ပြီး သူဟာ နိုဝင်ဘာရွေး ကောက်ပွဲပြီးနောက် နေပြည်တော်ကို…
Read Moreကိုဗစ်နိုင်တင်းတွန်းလှန်ရေးခြေလှမ်းသစ်
လန်ဒန်-ဇန်နဝါရီ -၁-၂၀၂၁ တင်ထားဆွေ ၂၀၂၀ခုနှစ်ကို ကိုဗစ်နိုင်တင်း ရောဂါကပ်ဆိုးကြီးကို တွန်းလှန်ရတဲ့နှစ်၊ လူတွေရဲ့ ပုံမှန်ဘဝတွေပျက်ယွင်းရတဲ့နှစ် မမျှော်လင့်ပဲမိသားစုဝင်တွေဆုံးရှုံးရတဲ့နှစ် ကမ္ဘာ့စီးပွားရေးကျဆင်းတဲ့ နှစ်လို့အများက အမှတ်ရနေကြမှာပါ။ ဒီဇင်ဘာလ ၃၁ ရက်၊ ၂၀၁၉ ခုနှစ်မှာ တရုတ်နိုင်ငံဟူးဘေးပြည်နယ် ဝူဟန်မြို့မှာ အဆုပ်ပွရောဂါလက္ခဏာ တွေနဲ့ ဗိုင်းရပ်စ်ပိုးကူးစက်နေသူ ၂၇ ဦးရှိနေပြီလို့ တရုတ်အစိုးရကကမ္ဘာကျန်းမာရေးအဖွဲ့ ဆီကို တရားဝင် အကြောင်းကြားလိုက်ပါတယ်။ ဒီမတိုင်မီက တရုတ်ပြည်မှာ ဗိုင်းရပ်စ်တစ်မျိုး ကူးစက်ပျံ့နှံ့နေတယ်ဆိုတဲ့ သတင်းတွေ ဟိုတစ်စဒီတစ်စထွက်လာပေမယ့် အတည်မပြုနိုင်ခဲ့ပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဝူဟန်မှာကွင်းဆင်းလေ့လာမှုတွေပြုလုပ်ပြီး ဇန်နဝါရီလလယ်မှာ ဝူဟန်မြို့မှာ ကူးစက်ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ် ဟာ လူအချင်းချင်းအကြားကူးစက်နိုင်တယ်ဆိုတာကို အတည်ပြုလိုက်သလို တရုတ်အစိုးရကိုလည်း အသိပေးလိုက်ပါတယ်။ မတ်လ၁၁ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝူဟန်ကဗိုင်းရပ်စ်ဟာ တကမ္ဘာလုံးကို ကူးစက်နိုင်တဲ့ ကိုဗစ်နိုင်တင်း (COVID-19) ကပ်ရောဂါကြီးဖြစ်တယ်လို့ တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီနောက်ပိုင်းမှာတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကိုဗစ်နိုင်တင်း ဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေ ရှောင်လွဲလို့မရအောင် တိုးပွားလာပြီး ကိုဗစ်နိုင်တင်းတွန်းလှန်ရေးအတွက်…
Read Moreမသန်ပေမယ့် စွမ်းကြသူတွေရဲ့ ရင်တွင်းစကားသံများ
မန္တလေး၊ ဒီဇင်ဘာ- ၃- ၂၀၂၀ ရှိုင်းအောင်(VOM) ဒီကနေ့ ဒီဇင်ဘာ ၃ ရက်ဟာ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဖြစ်ပါတယ်။ မသန်စွမ်းသူတွေရဲ့ ရည်ရွယ်ချက်၊ လိုလားချက်တွေ အများဆုံးက ဘာတွေဖြစ်မလည်းဆိုတာကို မြန်မာနိုင်ငံအတွင်းက ဒေသတွေက အောင်မြင်မှုတွေရရှိထားတဲ့ မသန်စွမ်းတွေအပြင် လူ့အခွင့်အရေးလုပ်နေသူတွေ၊ စိတ်ရောဂါအထူးကုတွေ၊ အစိုးရရဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက မသန်စွမ်းအရေးဦးစားပေးလုပ်နေတဲ့ အရာရှိတွေနဲ့ ရွှေမင်းသားဖေါင်ဒေးရှင်းကလုပ်တဲ့ တိုက်ရိုက်စကားဝိုင်းက ပြောပြချက်တွေကို မသန်စွမ်းသူများ အထိမ်းအမှတ်နေ့မှာ ဂုဏ်ပြုတင်ဆက်ပေးပါရစေ။ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို တစ်ကမ္ဘာလုံးမှာရှိတဲ့ နေရာဒေသတွေမှာလည်း နည်းအမျိုးမျိုးနဲ့ ကျင်းပကြမယ်ထင်ပါတယ်။ ကိုဗစ်ကာလမှာ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ရဲ့ ဆောင်ပုဒ်ကတော့ “ပိုမိုကောင်းမွန်တဲ့ ကိုဗစ်အလွန် ကမ္ဘာတည်ဆောက်ဖို့ လက်လှမ်းမှီပါဝင်ပြီး ရေရှည်တည့်တံ့စေရန် ကြိုးပမ်းစို့” မသန်စွမ်းသူတွေရဲ့ အနာဂါတ် လှပမယ့် ဆောင်ပုဒ်လှလှလေး ကျနော်တို့ ရရှိထားတဲ့အတွက် ဒီဆောင်ပုဒ်နဲ့ မသန်စွမ်းသူများနေ့တွေကို အနှစ်သာရ…
Read Moreမဟာမုနိဘုရားကြီး ဘက်စုံဖွံ့ဖြိုးရေးအတွက် ကျပ်သိန်း ၅သောင်းကျော်နဲ့ အထူးပြုပြင်ထားပြီးပြီမို့ ပြန်ဖွင့်ခွင့်ရရင် ဖူးမျှော်ခံရန်အသင့်ဖြစ်နေပြီ
Read Moreအငြင်းပွားမှု၊ ဆန္ဒပြမှုတွေနဲ့ အတိုင်အတောထူတဲ့ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်
နိုဝင်ဘာ ၂၄-၂၀၂၀ ဆွေလင်းထွန်း+နေလင်း(VOM) ရွေးကောက်ပွဲပြီးတဲ့ နိုဝင်ဘာ ၈ ရက် ညနေကတည်းက အငြင်းပွားမှုအသံတွေ တိုင်မယ်တောတယ်ဆိုတဲ့ အသံတွေက ဟိုကဒီက ထွက်လာခဲ့ပါတယ်။ အခုဆိုရင် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို ရွေးကောက်ပွဲကော်မရှင်နဲ့ ရဲစခန်းတွေမှာ တိုင်တန်းတာတွေ လုပ်ဆောင်နေကြပြီးဆက်လက်လုပ်ဆောင်ဖို့လည်း ရှိနေပါသေးတယ်။ ခုအချိန်ထိ ရရှိထားတဲ့ အချက်အလက်တွေအရ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို တိုင်တန်းမှုတွေထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အများဆုံးဖြစ်တာကို တွေ့ရပါတယ်။ နိုဝင်ဘာ ၁၉ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီက သူတို့ပါတီရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ လွှင့်တင်ထားတဲ့ ပါတီဥက္ကဌ ဦးသန်းဌေးရဲ့ ပြည်သူများသို့ ပန်ကြားချက်ထဲမှာ ပြည်ခိုင်ဖြိုးက စုထောင်းထားတဲ့ ကော်မရှင်နဲ့ သက်ဆိုင်တဲ့ အမှုပေါင်း ၇၅၀ကျော်နဲ့ ရဲအရေးပိုင်တဲ့ အမှုပေါင်း ၁၁၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ ဖြစ်စဉ်အများစုက ကြိုတင်မဲပေးပြီးသူတွေ ရွေးကောက်ပွဲနေ့မှာ ထပ်မံမဲပေးတာ၊ ကိုယ်စားမဲပေးတာ၊…
Read Moreရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ ဘာ့ကြောင့်ထင်သလောက် မနိုင်ရသလဲ
မန္တလေး- နိုဝင်ဘာ ၁၁-၂၀၂၀ ဆွေလင်းထွန်း (VOM) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲရလာဒ်တွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ မထုတ်ပြန်သေးပေမယ့် ရွေးကောက်ပွဲ အနိုင်အရှုံးရလဒ် မဲစာရင်း ပုံစံ(၁၉)ကို သက်ဆိုင်ရာကော်မရှင်ခွဲရုံးတွေမှာ လက်မှတ်ထိုးပြီးသလောက် စာရင်းတွေအရ ကျင်းပပြီးစီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) က တနိုင်ငံလုံးက မဲဆန္ဒနယ်တွေရဲ့ ၈၅ ရာခိုင်နှုန်းခန့်ကို အနိုင်ရနေပြီဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် အမတ်နေရာ ၄၅၂ အနက် NLD ပါတီက ၃၈၀ နေရာကို အနိုင်ရရှိနေတဲ့အတွက် ရာခိုင်နှုန်းအားဖြင့် ၈၄ ရာခိုင်နှုန်း ရှိပြီး ၂၀၁၅ ရွေးကောက်ပွဲမှာထက် ပိုများတာကို တွေ့ရပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် အမတ်နေရာ ၆၂၈ အနက် NLD ပါတီက ၄၇၆ နေရာကို အနိုင်ရရှိနေပြီး ရာခိုင်နှုန်းအားဖြင့် ၇၆ ရာခိုင်နှုန်း ဖြစ်ပါတယ်။ တိုင်းရင်းသားပါတီတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ…
Read More