ရန်ကုန် နယ်နိမိတ်ထဲ ဝင်ရောက်မယ့် ကုန်ကားတွေ မိုးကာတွေမအုပ်ဖို့ တိုင်းအစိုးရအဖွဲ့ အမိန့်ထုတ်

ရန်ကုန် ၊ ဇန်နဝါရီ ၁၀ – ၂၀၂၄
GG( VOM)

ရန်ကုန်တိုင်း နယ်နိမိတ်ထဲ ဝင်ရောက်လာမယ့် ကုန်တင်ကားတွေအားလုံး အမိုးအကာတွေ မအုပ်ဖို့ တိုင်းအစိုးရအဖွဲ့ အမိန့်ထုတ် ညွှန်ကြားလာတယ်လို့ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းက သိရပါတယ်။

” နိုင်ငံတော်က လုံခြုံရေးအရ မဖြစ်သင့်တာမဖြစ်အောင် တာဝန်ရှိသူအသီးသီးက လုပ်ကြတာပေါ့။ ဘာကုန်တွေပါတယ် ဘာညာ လုံခြုံရေးအရစစ်ဆေးမှာပေါ့။ အခုကအမိန့်ပြန်တမ်းထွက်တာပဲရှိသေးတယ်။ အဓိက နိုင်ငံတော်ကလုံခြုံရေးအရ လိုအပ်မယ်ထင်လို့လုပ်တာဆိုတော့သဘောထား မှတ်ချက် မပေးချင်ဘူး ” လို့ အသင်း တာဝန်ရှိသူတဦးကပြောပါတယ်။

အဆိုပါ ညွှန်ကြားစာမှာတော့ ရန်ကုန်နယ်နိမိတ်အတွင်းကို လာရောက်ပြီး ကုန်စည်ပို့ဆောင်မယ့် ကုန်တင်ယာဥ်တွေကို လုံခြုံရေးအရ စစ်ဆေးတဲ့အခါလွယ်ကူလျှင်မြန်အောင်အတွက်ဆိုပြီး ညွှန်ကြားတာဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကုန်ကားမောင်းသူတစ်ဦးက
“ဂိတ်ရောက်မှ အမိုးထဲ စစ်လည်းရပါတယ်။ အမိုးတွေ ရုတ်လိုက် ပြန်အုပ်လိုက်လုပ်ရတာ ကျနော်တို့အတွက်ကိ အချိနိကြန့်ကြပါတယ်။ တမျိုးပြီးတမျိုး စည်းမျဥ်းတွေထုတ်နေတာ မပြီးတော့ဘူး။ မိုးတွင်းထိ အဲ့လိုဆိုရင်ဘယ်လိုလုပ်မလဲ ” လို့ ပြောပါတယ်။

လက်ရှိမှာတော့ အဝေးပြေးကုန်စည်ပို့ဆောင်ရေးကဏ္ဍမှာ အရင်က ရန်ကုန်ကိုအခြေပြုပြီးကုန်စည်သယ်ယူပို့ဆောင်တဲ့ ကားအစီးရေက နေ့စဥ် ထောင်ဂဏန်းကျော်ရှိခဲ့ပေမယ့် လက်ရှိမှာ အစီးရေ ၅၀၀ အထက်သာရှိတယ်လို့သိရပါတယ်။

စစ်ကိုင်းတိုင်း ၊မကွေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း ၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ကယားပြည်နယ် ၊မွန်ပြည်နယ် စတဲ့ နေရာတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး နယ်မြေမတည်ငြိမ်ခြင်း ၊လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်း ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲကြမ်းတမ်းခြင်း စတဲ့အခက်အခဲတွေကြောင့် ကုန်တင်ကားတွေ ပြေးဆွဲနိုင်ခြင်းမရှိေတာ့တာ ဖြစ်ပါတယ်။

#vom #voiceofmyanmar #ကုန်တင်ကားအမိုးအကာဖွင့်မောင်းရမယ် #အဝေးပြေးကုန်စည်ပို့ဆောင်ရေးလျော့ကျလာနေ

Related posts

Leave a Comment

VOM News

FREE
VIEW