မန္တလေးရှုခင်းနောက်ခံတွေနဲ့ သွားရောက်ရိုက်ကူးထားတဲ့ ဗီအိုအမ်သတင်းဌာနရဲ့ ဖေဖေါ်ဝါရီ ၂၁ ရက် ညနေခင်းသတင်းတွေလာပါပြီ။ နေပြည်တော်မှာ ပထမဦးဆုံး အကြီမ် မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ သတင်းပါ ။ ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ တိုက် ၃၃၇၂၊ အခန်း (၁၆)က FDAဌာနခွဲစာရေးနေထိုင်တဲ့ တိုက်ခန်းမှာ ဒီကနေ့မနက်ပိုင်းက အဲယာကွန်းအပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ဆုံးရှုံးမှုတန်ဖိုးကိုတော့တွက်ချက်နေဆဲ ဖြစ်တဲ့သတင်း။ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိ မရှိကို ရန်ကုန်က အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှာ ဓာတ်ခွဲစစ်ဆေးနိုင်ပြီဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက အတည်ပြုပြောပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိမရှိကို ရည်ညွန်းဓာတ်ခွဲခန်းအဖြေ စောင့်ဆိုင်းနေတဲ့ စောင့်ကြည့်လူနာ ၁ ဦးသာရှိတယ်လို့ သိရပြီး ကိုရိုနာဗိုင်းရပ်စ်ပိုးသံသယရှိလူနာ ထပ်မံတွေ့ရှိလာပါက ပိုးရှိ မရှိကို ရန်ကုန်မှာတင် စစ်ဆေးနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုဟာ မနေ့ကအထိ တရုတ်နိုင်ငံမှာ ရောဂါအတည်ပြုလူနာ…
Read MoreCategory: Chinese
VOMရဲ့ ဖေဖော်ဝါရီ ၁၉ရက် ညနေခင်းသတင်းအစီအစဉ်
VOMရဲ့ ဖေဖော်ဝါရီ ၁၉ရက် ညနေခင်းသတင်းအစီအစဉ် ပထမဆုံး သတင်းကတော့ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြိုနယ်၊ လွတ်လပ်ရေးရပ်ကွက်၊ ၉၇လမ်း၊ ဘင်္ဂလီစု ကောင်းထက်ဆေးခန်းအပေါ်ထက်မှာ ဒီကနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီး(၂)ဦးနဲ့ ကလေးငယ်တစ်ဦး မီးခိုးမွှန် သေဆုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒုတိယသတင်းတပုဒ်ကတော့ ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ကျေးရွာမှာ မနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းလောက်က မူဆလင်လူငယ်တစ်ဦး အသတ်ခံရပြီး ဒီကနေ့မနက်ပိုင်းက ရခိုင်လူငယ်တစ်ဦးကို ပေါင်းတုတ်ကျေးရွာသားတွေက ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ တတိယမြောက်သတင်းကတော့ လယ်သိမ်းယာသိမ်းမှုတွေ အင်းကိစ္စနဲ့ ဒေသဖွံ့ဖြိုးရေး ကိစ္စတွေမှာ အဂတိလိုက်စားခဲ့တယ်ဆိုပြီး ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းဟာ ပဲခူးထောင်မှာ ဖမ်းဆီးခံထားရပါတယ်။ မနေ့ဖေဖော်ဝါရီလ ၁၈ရက် မနက်က ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် အမှတ်(၂) တရားရုံးမှာရုံးထုတ်စစ်ဆေးတဲ့အချိန်မှာတော့ ဦးကျော်မျိုးမင်းက သူဟာ…
Read More၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ ဗီအိုအမ်ရဲ့ ညနေခင်းသတင်းရုပ်သံအစီအစဉ်
၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ ဗီအိုအမ်ရဲ့ ညနေခင်းသတင်းရုပ်သံအစီအစဉ် ရန်ကုန်တိုင်း လသာမြို့နယ် ၂ ရပ်ကွက် လမ်းမတော်လမ်းက သံဈေးမှာ ဒီမနက်က မီးလောင်လို့ လူ ၈၅ ယောက်ကို မီးသတ်က အရေးပေါ်ကယ်တင်ရပြီး ၁၅ယောက်က မီးခိုးမွှန်လို့ ဆေးရုံကိုပို့ရတဲ့သတင်း။ လူမှုဝန်ထမ်းနဲ့ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့အဖွဲ့ ဘူးသီးတောင်ခရီးစဉ်မှာ သူတို့စီးနင်းတဲ့ ရဟတ်ယာဉ်ကို အေအေက လက်နက်ငယ်နဲ့ ပစ်တယ်လို့ တပ်မတော်က ပြောပေမယ့် အေအေရဲ့ ပြောခွင့်ရ ခိုင်သုခကတော့ သူတို့အတိကျမသိသေးဘူးလို့ဆိုပါတယ်။ ရခိုင်ပြည်နယ် အမ်းမြို့က စစ်ဘေးရှောင်တွေကို ပြည်သူ့အားကစားကွင်းထဲ မြို့မအားကစားရုံကနေ အမှတ် ၅ ရပ်ကွက် ကွင်းပြင်မှာ ယာယီစခန်းတွေဆောက်ပြီး ရွှေခိုင်းတဲ့သတင်း ရခိုင်ပြည်နယ်ကလာတဲ့ နိုင်ငံသားအထောက်အထားမပြနိုင်တဲ့ သူ ၅၄ ယောက်နဲ့ သူတို့ကို စောင့်ရှောက်ပေးသူတယောက်ကို လှည်းကူးမြို့နယ် အမြန်လမ်းမကြီး မိုင်တိုင် ၂၅…
Read MoreVOM ရဲ့ ဖေဖေါ်ဝါရီ ၁၈ ရက် ညနေခင်းရုပ်သံ သတင်းများ
VOM ရဲ့ ဖေဖေါ်ဝါရီ ၁၈ ရက် ညနေခင်းရုပ်သံ သတင်းများ ရခိုင်ပြည်နယ် ၊ ဘူးသီးတောင်မြို့နယ် ဆင်သေပြင်ရွာက ရွာသားတစ်ဦး ဒီကနေ့မနက် ၈ နာရီခွဲလောက်က နွားကျောင်းသွားရင်း မိုင်းနင်းမိတာကြောင့် သေဆုံးသွားတယ်ဆိုတဲ့သတင်းနဲ့ စစ်ရှောင်ပြည်သူတွေသတင်း နောက်တစ်ပုဒ်ကတော့ အေအေနဲ့ တပ်မတော်တိုက်ပွဲတွေကြောင့်ပဲ ရေလမ်း ကုန်းလမ်းအသွားအလာ ပြတ်တောက်နေတဲ့ ရခိုင်နဲ့ချင်းပြည်နယ်အစပ် ချင်းပြည်နယ်ပလက်ဝမြို့မှာ ဆန်နဲ့ဆီတွေပြတ်လပ်နေလို့ နောက်တပတ်ကျော်ရင် အခက်အခဲရှိနိုင်တယ်လို့ ဒေသခံတွေက ပြောတဲ့သတင်း။ တတိယ တစ်ပုဒ်ကတော့ ကိုရိုနာဗိုင်းရပ်မဖြစ်ခင်တည်းက ပိတ်ထားတဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေး ဂိတ်ကြောင့် မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုနယ်က ကျေးရွာတွေမှာ ဆိတ်ကုန်သည်နဲ့ မွေးမြူရေး သမားတွေ အရှုံးပေါ်နေတယ်လို့ ဆိတ်မွေးတဲ့သူတွေက ပြောတဲ့ ရုပ်သံသတင်း။ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက်ပိုင်းက မြစ်ကြီးနားမြို့နယ်၊ ငွေပျော်စံပြရွာနားက အင်ခိုင်ဘွမ် တောင်မှာ လိပ်ကျောက်တူးတဲ့သူ ၃၅၀ ကျော်ကို…
Read Moreဗီအိုအမ်ရဲ့ ဖေဖေါ်ဝါရီ ၁၇ ရက်ညနေခင်းသတင်းစုစည်းတင်ဆက်မှု ရုပ်သံသတင်း
ဗီအိုအမ်ရဲ့ ဖေဖေါ်ဝါရီ ၁၇ ရက်ညနေခင်းသတင်းစုစည်းတင်ဆက်မှု ရုပ်သံသတင်း ၁။ ပဲခူးတိုင်း၊ ပဲခူးမြို့၊ တိုင်းဒေသကြီးလွှတ်တော်ရုံးရှေ့မှာ ဒီကနေ့မနက်ပိုင်းက ကဝမြို့နယ်၊ ရစ်ကန်ကြီးကျေးရွာ ရှိ ဒေသခံပြည်သူတွေဟာ ကဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ဆန္ဒပြခဲ့ကြတဲ့သတင်း။ ၂။ မီးလောင်ပျက်စီးခဲ့တဲ့ မင်္ဂလာစျေးမြေနေရာမှာ အသစ်ပြန်လည်တည်ဆောက်တဲ့လုပ်ငန်းတွေကို လပိုင်းအတွင်းစတင်ဖို့ရှိတယ်လို့ မန္တလေးတိုင်း လျှပ်စစ်စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇာနည်အောင် ပြောပြတဲ့သတင်း။ ၃။ ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့၀င် (၇) ဦးထဲမှ (၃) ဦးကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ – ၆၆(ဃ) နဲ့ ဗိုလ်တထာင်မြို့နယ် တရားရုံးက ဒီကနေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ခြောက်လထပ်ပြီးတော့ချမှတ်ခဲ့တဲ့သတင်း။ ၄။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအရှေ့ဘက်ခြမ်း၊ ဖားပျော်ကျေးရွာအနီးမှာ တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ရန်ကုန်-စစ်တွေအဝေးပြေးလမ်းမပေါ်မှာ ပြေးဆွဲနေတဲ့ ကား ၃၀၀ကျော်…
Read MoreVoice Of Myanmar အွန်လိုင်းသတင်းဌာနရဲ့ ဖေဖေါ်ဝါရီ ၁၆ ရက်ညနေခင်းသတင်းအစီအစဉ်
Voice Of Myanmar အွန်လိုင်းသတင်းဌာနရဲ့ ဖေဖေါ်ဝါရီ ၁၆ ရက်ညနေခင်းသတင်းအစီအစဉ် ဒီကနေ့ကြည့်ရှုနားဆင်ရမယ့် သတင်းတွေထဲမှာ ဖေဖေါ်ဝါရီ ၂ရက်နေ့က တရုတ်နိုင်ငံဝူဟန်မြို့ကနေပြန်ခေါ်လာတဲ့ မြန်မာကျောင်းသား ၅၉ ယောက်ကို မန္တလေးက ကန်တော်နဒီဆေးရုံမှာ ၁၄ ရက်ကြာ စောင့်ကြည့်ခဲ့တာဟာ ဒီကနေ့ ပြည့်ပြီမို့ သူတို့သွားလိုတဲ့ နေရပ်ရင်းတွေကို ပြန်ခွင့်ပြုလိုက်သလို တရုတ်ပြည်ထိသွားခေါ်ပြီးစောင့်ရှောက်ပေးတဲ့ ကျမ္မာရေးဝန်ထမ်း ၃ ယောက်ကို ဂုဏ်ပြုဆုချီးမြှင့်တဲ့ သတင်း။ ၂၀၁၆ ခုနှစ် မတ်လ၂၆ ရက်က မီးလောင်သွားတဲ့ မန္တလေးက မင်္ဂလာဈေးကြီးမှာ ဈေးရောင်းကြတဲ့ ဆိုင်ခန်းရှင်တွေဟာ သူတို့ ယာယီဈေးမှာနေရတာကြာတဲ့ကိစ္စနဲ့ ဈေးပြန်ဆောက်ရင် မြေညီထပ်နဲ့ မိမိတို့ မူလနေရာတွေမှာဘဲပြန်လိုချင်ကြောင်း ၊ မန္တလေးတိုင်းအစိုးရအနေနဲ့ ပေးထားတဲ့ကတိအတိုင်းအမြန်ဆောင်ရွက်ပေးဖို့ စတဲ့ ကြွေးကြော်သံတွေနဲ့ ယာယီဈေးကနေ မင်္ဂလာဈေးဟောင်းနေရာထိ ဆန္ဒပြတဲ့ သတင်း။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာစေဖို့အတွက် အစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့…
Read Moreဗီအိုအမ်ရဲ့ ဖေဖေါ်ဝါရီလ ၁၅ ရက်ညနေခင်းသတင်းအစီအစဉ်
ဗီအိုအမ်ရဲ့ ဖေဖေါ်ဝါရီလ ၁၅ ရက်ညနေခင်းသတင်းအစီအစဉ် မန္တလေးမြို့၊မှာ ၁၃၀၀ ပြည့်အရေးတော်ပုံကာလ ၁၉၃၉ ဖေဖေါ်ဝါရီလက ၂၆ ဘီလမ်းပေါ်မှာ အင်္ဂလိပ်အစိုးရရဲ့ ပုလိပ်တွေလက်ချက်နဲ့ ကျဆုံးသွားတဲ့ အာဇာနည် ၁၇ ဦးကျဆုံးတဲ့ (၈၁)နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပခဲ့တဲ့သတင်း၊ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီး မနေ့ဖေဖော်ဝါရီလ ၁၄ ရက်နေ့က တပ်မတော်နဲ့ အေအေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် စစ်တွေ- ရန်ကုန် ကားအသွားအလာတွေနဲ့ ဒေသတွင်း ကုန်လမ်း၊ရေလမ်းခရီးသွားလာရေးတွေ ရပ်ဆိုင်းနေတယ်ဆိုတဲ့အကြောင်း၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ (NCA-S EAO) ရဲ့ ဆဋ္ဌမအကြိမ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့အစည်းအဝေးကို ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့မှာ ကျင်းပခဲ့တယ်ဆိုတဲ့ သတင်း၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ မနေ့ ဖေဖော်ဝါရီလ ၁၄ ရက်ညနေပိုင်းက မူးယစ်ဆေးဝါး သတင်းအရ လိုက်လံရှာဖွေတဲ့အခါ သေနတ်တစ်လက်…
Read More၂၀၂၀ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက် ဗီအိုအမ်ရဲ့ ညနေခင်းသတင်းအစီအစဉ်
၂၀၂၀ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက် ဗီအိုအမ်ရဲ့ ညနေခင်းသတင်းအစီအစဉ် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်က ရာမောင်တံတားအနီးမှာ တပ်မတော်နဲ့အေအေ တိုက်ပွဲတွေဖြစ်လို့ ဒေသခံတွေထွက်ပြေးနေကြသလို ထင်းခွေသွားတဲ့ရွာသားတဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးတဲ့သတင်း၊ ပုသိမ် ၊ ရွေသောင်ယံကမ်းခြေမြို့နားမှာ နိုင်ငံသားအထောက်ထားမဲ့သူ ၄၈ ယောက်ဖမ်းမိတဲ့သတင်း၊ ရွှေဘိုတက္ကသိုလ်က ဗကသကျောင်းသားတွေဟာ စစ်အသုံးစရိတ်လျှော့ချပေးဖို့နဲ့ ပညာရေးစရိတ်တိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုတဲ့ သတင်းအပါအဝင် စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ပထမဦးဆုံး အိန္ဒိယ – မြန်မာနယ်စပ်ဈေးဖွင့်မယ့်သတင်းတွေကို ကြည့်ရှုနားဆင်နိုင်ပါတယ်။ #VOM #voiceofmyanmar #ညနေခင်းသတင်း Zawgyi ၂၀၂၀ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက် ဗီအိုအမ်ရဲ့ ညနေခင်းသတင်းအစီအစဉ် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်က ရာမောင်တံတားအနီးမှာ တပ်မတော်နဲ့အေအေ တိုက်ပွဲတွေဖြစ်လို့ ဒေသခံတွေထွက်ပြေးနေကြသလို ထင်းခွေသွားတဲ့ရွာသားတဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးတဲ့သတင်း၊ ပုသိမ် ၊ ရွေသောင်ယံကမ်းခြေမြို့နားမှာ နိုင်ငံသားအထောက်ထားမဲ့သူ ၄၈ ယောက်ဖမ်းမိတဲ့သတင်း၊ ရွှေဘိုတက္ကသိုလ်က ဗကသကျောင်းသားတွေဟာ စစ်အသုံးစရိတ်လျှော့ချပေးဖို့နဲ့…
Read MoreCoronavirus and China’s struggles
Coronavirus and China’s struggles February 9, 2020 VOM The death toll of Coronavirus in China has raised up to 908 with 37290 confirmed cases and 28942 suspects. The death toll has outnumber the number of those who were died with SARS (Severe Acute Respiratory Syndrome) that fears to be infected with coronavirus is dynamically increasing. When the world…
Read MoreInterview with Monywa Aung Shin
Interview with Monywa Aung Shin There will be gives and takes. Monywa U Aung Shin, the secretary of the National League for Democracy party’s information committee said there will be gives and takes with the relationship with China, as the country is due to welcome Chinese President Xi Jinping. President Xi Jinping’s visit is to strengthen the ties between Myanmar…
Read More