လူစုလူဝေးနဲ့ မဲဆွယ်စည်းရုံးရေးပြုလုပ်တာတွေ အရဲမကိုးသင့် မန္တလေး၊ စက်တင်ဘာ ၁၅- ၂၀၂၀ ရှိုင်းအောင်(VOM) Positive Case ကို ဆေးကုသရင်း Positive ဖြစ်သွားတဲ့ဆရာဝန်တွေတောင် လူနာလိုမနေရတော့ဘဲ Positive လူနာတွေကို ဆေးကုပေးနေရတဲ့ အခြေအနေမျိုးကို ကြုံတွေ့နေရတဲ့အတွက် လူစုလူဝေးနဲ့မဲဆွယ်စည်းရုံးရေး မပြုလုပ်သင့်ဘူးလို့ ကျန်းမာရေးနဲ့ အားက စားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက VOM ကိုပြောပါတယ်။ WHO ရဲ့ report မှာ မြန်မာနိုင်ငံရဲ့ ရောဂါကူးစက်မှုနှုန်းဟာ ပြီးခဲ့တဲ့အပတ်ကထက် ၈၇ ရာခိုင်နှုန်းပိုများလာတယ်လို့ မှတ်ချက်ပြုထားတာရှိတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ ” အများစု ကျွန်မမြင်နေရသလောက်က လူငယ်ပိုင်းတွေ သက်လတ်ပိုင်းတွေ ပိုပြီးများတာပေါ့၊ သူတို့အနေနဲ့ ကျန်းမာပြီး ဘာမှမဖြစ်ဘူးထင်ရပေမယ့်လို့ သူတို့အိမ်က မိဘတွေဖြစ်လာနိုင်တယ်၊ ဒါကြောင့် မိမိနှစ်သက်တဲ့ပါတီ မိမိနှစ်သက်တဲ့ လူပုဂ္ဂိုလ်တွေကို သဘောကျလို့ရပါတယ်၊ မဲပေးလို့ရပါတယ်၊ မဲပေးတာကလည်း နိုဝင်ဘာလ…
Read MoreCategory: Election
ပါတီမိတ်ဆက် (အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ-NPA)
ပါတီမိတ်ဆက် (အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ-NPA) မန္တလေး၊ စက်တင်ဘာ ၁၅-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀နိုဝင်ဘာလ၈ရက်နေ့ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဥက္ကဋ္ဌ ဦးသိမ်းကြည်ကို VOMသတင်းထောက် လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ ဦးသိမ်းကြည်- ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်စုစုပေါင်း၄ယောက်ရှိပါတယ်။ ရန်ကုန်ကို အဓိကထားပြိုင်မယ်။ မှော်ဘီမှာ ၃ နေရာပြိုင်မယ်၊ ပြည်တောင်စုလွှတ်တော် ၁ ယောက်၊တိုင်းဒေသကြီး လွှတ်တော် ၂ယောက်၊ မြောက်ဥက္ကလာဒေသကြီးမှာပါပြိုင်ပါမယ်၊ စုစုပေါင်း၄နေရာ ယှဉ်ပြိုင်ပါမယ်။ VOM – ပါတီရဲ့ ကတိကဝတ်ကဘာတွေဖြစ်မလဲ ဦးသိမ်းကြည်-အရေးကြီးတာက ပြည်သူလူထုရဲ့ ဘဝဖွံ့ဖြိုးတိုးတက်မှုရှိဖို့အတွက် ဒီမိုကရေစီရှိရမယ်၊ တဆက်ထဲမှာ လူအခွင့်အရေးရှိရမှာ။ ဒါဆိုရင် ဖွံ့ဖြိုးတိုးတက်ရမယ်။ အခြားအသေးစိတ်ကတော့ ပါတီရဲ့ထုတ်ပြန်ချက်တွေမှာ ပါပါတယ်။ VOM- အာဏာရပါတီ၊ ပြည်ခိုင်ဖြိုး စတဲ့ပါတီကြီးတွေကို ဘယ်လိုအင်အားတွေနဲ့ ယှဉ်ပြိုင်သွားမလဲ။ ဦးသိမ်းကြည်- ဖွဲ့စည်းပုံအခြေခံဥပဒေက မြန်မာနိုင်ငံမှာသွားရမယ်၊…
Read MoreCovid -19 ကြောင့် Quarantineဝင်နေရသူတွေနဲ့ မဲရုံစောင့်ရမယ့် ပညာရေးဝန်ထမ်းတွေ ဘာစိုးရိမ်နေကြသလဲ ? သက်ဆိုင်ရာက ဘာတွေပြင်ပြီးပြီလဲ ?
Covid -19 ကြောင့် Quarantineဝင်နေရသူတွေနဲ့ မဲရုံစောင့်ရမယ့် ပညာရေးဝန်ထမ်းတွေ ဘာစိုးရိမ်နေကြသလဲ ? သက်ဆိုင်ရာက ဘာတွေပြင်ပြီးပြီလဲ ? မန္တလေး၊စက်တင်ဘာ- ၁၄- ၂၀၂၀ ရှိုင်းအောင်(VOM) ၂၀၂၀ခုနှစ်နိုဝင်ဘာလ၈ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲနီးမှ Quarantine ဝင်ရခဲ့သည်ရှိသော် ရောဂါပိုးတွေ့ရှိခဲ့သော် ကြိုတင်မဲပေးခွင့်ရသူစာရင်းမှာ သေချာထည့်သွင်းမထားတဲ့အတွက် မဲပေးခွင့်ဆုံးရှုံးနိုင်တာမို့ စိုးရိမ်မှုတွေရှိနေပါတယ်။ ဒီလို စိုးရိမ်မှုတွေဖြေဖျောက်ဖို့ လူတိုင်မဲပေးခွင့် မဆုံးရှုံးအောင်Qurantine ဝင်နေတဲ့သူတွေနဲ့Positive လူနာတွေမဲပေးခွင့်ရအောင် ဘယ်လိုတွေစီစဉ်ထားသလဲလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီးကို VOM က ဆက်သွယ်မေးမြန်းရာမှာတော့ “ Quarntine ဝင်နေတဲ့သူတွေမဲပေးခွင့်မဆုံးရှုံးအောင်သက်ဆိုင်ရာQurantine Center ကအဖွဲ့တွေ၊ရွေးကောက်ပွဲကော်မရှင်ကအဖွဲ့တွေ၊ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ကြီးကြပ်မှုတွေအောက်ကနေအန္တရာယ်မဖြစ်အောင်မဲပေးနိုင်ဖို့စီးစဥ်ထားပြီဖြစ်ပေမယ့်Positive လူနာတွေပါမဲပေူခွင့်မဆုံးရှုံရအောင်အသေးစိတ် ညှိနှိုင်းနေပြီဖြစ်တယ်” လို့ ဖြေပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာလူတိုင်းလူတိုင်းမဲပေးခွင့်မဆုံးရှုံးဘဲနဲ့အန္တရာယ်ကင်းစွာမဲပေးနိုင်ဖို့၊မဲပေးတဲ့ဖြစ်စဥ်ကြောင့်ရောဂါကူးဆက်ပြန့်ပွားမှုပိုမိုမဆိုးရွားစေဖို့ဆိုတဲ့ရည်ရွယ်ချက်တွေဟာကျမတို့အဓိကရည်ရွက်ချက်၂ခုဖြစ်တယ်လို့လည်း ဒေါက်တာခင်ခင်ကြီးကထည့်သွင်းပြောကြားပါတယ်။ မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးရှိန်ဝင်းကိုဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ ” ၂၀၂၀ခုနှစ်နိုဝင်ဘာလ၈ရက်နေ့မှာကျင်းပမယ့်အထွေထွေရွေးကောက်ပွဲကာလမှာQurantine ဝင်နေသူတွေကတော့ပုံစံ၃(က) နဲ့မဲပေးနိုင်မှာဖြစ်ပြီးPositive လူနာတွေအတွက်ကတော့မဲပေးနိုင်ဖို့မစီစဥ်ရသေးဘူး” လို့ VOM ကိုပြောပါတယ်။…
Read Moreကရင်ပြည်နယ်မှာ ဗမာ၊မွန်၊ ပအိုဝ်း ဆိုရင် မဲ ၄မဲ ထည့်ရမယ်
ကရင်ပြည်နယ်မှာ ဗမာ၊မွန်၊ ပအိုဝ်း ဆိုရင် မဲ ၄မဲ ထည့်ရမယ် Voice Of Myanmar ကရင်ပြည်နယ်က ရွေးကောက်ပွဲမဲဆန္ဒနယ်အကုန်လုံးမှာ တက်ကုန်ရွှက်ကုန်ဖွင့်မယ့်ပါတီတွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တို့ပဲဖြစ်ပြီး ၃၆နေရာစလုံးပြိုင်ကြမှာပါ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကတော့ ၃၅ နေရာပြိုင်ပြီး ညီညွတ်သောဒီမိုကရက်တစ်ပါတီကတော့ ၃၄ နေရာပြိုင်မှာပါ။ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ကတော့၂၉ နေရာပြိုင်ပြီး၊မွန်ညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ ကယန်းအမျိုးသားပါတီ၊ ပအိုးဝ်အများသားအဖွဲ့ချုပ်နဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ် ၂၃ ဦးနဲ့ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၂၃၃ ယောက် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ #voiceofmyanmar #VOM #ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများ Zawgyi ကရင်ပြည်နယ်မှာ ဗမာ၊မွန်၊ ပအိုဝ်း ဆိုရင် မဲ ၄မဲ ထည့်ရမယ် Voice Of Myanmar ကရင်ပြည်နယ်က ရွေးကောက်ပွဲမဲဆန္ဒနယ်အကုန်လုံးမှာ တက်ကုန်ရွှက်ကုန်ဖွင့်မယ့်ပါတီတွေကတော့…
Read Moreပါတီမိတ်ဆက် (ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ-SNDP)
ပါတီမိတ်ဆက် (ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ-SNDP) မန္တလေး၊ စက်တင်ဘာ ၁၃-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀နိုဝင်ဘာလ၈ရက်နေ့ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ပါတီအထွေထွေအတွင်းရေးမှုး ဦးစိုင်းဘိုးအောင် ကို VOMသတင်းထောက် လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ ဦးစိုင်းဘိုးအောင် – ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်စုစုပေါင်း၁၀၈ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ ရည်မန်းချက်ကဘာတွေဖြစ်မလဲ ဦးစိုင်းဘိုးအောင် -(၁)ငြိမ်းချမ်းရေးဖော်ဆောင်မှုမှ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရက်တစ်နိုင်ငံတော်တည်ဆောက်ရေးဟူ၍ ဖော်ပြထားခြင်းဖြစ်ပါတယ်။ (၂)ဌာနေတိုင်းရင်းသားများကိုယ်စားပြုမှုများကိုအခြေပြုသည့်ပြည်နယ်အစိုးရဖွဲ့စည်းရေး (၃)ဒေသန္တယအုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးတွင် ဌာနေတိုင်းရင်းသားပြည်သူများပါဝင်ခွင့်ရရေး။ (၄)လူမှုဘဝကိုအထောက်အကူပြုသည့်ပညာရေးစနစ်အကောင်းအထည်ဖော်ရေးကိုလည်း ရည်မှန်းချက်တစ်ရပ်အဖြစ်ထားပါတယ်။ VOM- အာဏာရပါတီ၊ ပြည်ခိုင်ဖြိုး စတဲ့ပါတီကြီးတွေကို ဘယ်လိုအင်အားတွေနဲ့ ယှဉ်ပြိုင်သွားမလဲ။ ဦးစိုင်းဘိုးအောင် -ကိုယ့်ရဲ့တိုင်းရင်းသားသည် ကျွန်တော်တို့ရဲ့အင်အားနဲ့ ပြိုင်မယ်၊ ကိုယ့်ရဲ့ ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ စုပေါင်းအားနဲ့ ပြိုင်မယ်။ VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရော ဘယ်နှနေရာ…
Read Moreဧရာဝတီတိုင်းမှာ ပါတီကြီး ၃ခု အင်အားအပြည့်နဲ့ပြိုင်မယ်
ဧရာဝတီတိုင်းမှာ ပါတီကြီး ၃ခု အင်အားအပြည့်နဲ့ပြိုင်မယ် Voice Of Myanmar ဧရာဝတီတိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့ဟာလွှတ်တော်အသီးသီးရဲ့ ကိုယ်စားလှယ်နေရာတွေအတွက်နေရာကုန်လူကုန်၉၂နေရာစလုံးပြိုင်ပြီးညီညွတ်သောဒီမိုကရက်တစ်ပါတီကတော့၉၁နေရာပြိုင်မယ့်အတွက်အားပြိုင်မှုကောင်းတဲ့တိုင်းဒေသကြီးတခုဖြစ်ပါတယ်။ ပဲခူးတိုင်းကမြို့နယ်၂၆မြို့နယ်မှာဒီပါတီကြီးတွေအပြင်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ကရင်ပြည့်သူ့ပါတီ၊ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားနဲ့အလုပ်သမားပြည်သူ့ပါတီ၊ကရင်အမျိုးသားပါတီ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊အမျိုးသမီးပါတီ(မွန်) ၊အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ဒီမိုကရက်တစ်ပါတီ(မြန်မာ) ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီစတဲ့ ပါတီ ၂၁ ပါတီကကိုယ်စားလှည်လောင်းတွေနဲ့တသီးပုဂ္ဂလ ၁၆ ဦး စုစုပေါင်း ကိုယ်စားလှယ် ၅၄၂ ဦး ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ #voiceofmyanmar #VOM #ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားလှယ် Zawgyi ဧရာဝတီတိုင်းမှာ ပါတီကြီး ၃ခု အင်အားအပြည့်နဲ့ပြိုင်မယ် Voice Of Myanmar ဧရာဝတီတိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့ဟာ လွှတ်တော်အသီးသီးရဲ့ ကိုယ်စားလှယ်နေရာတွေအတွက် နေရာကုန် လူကုန် ၉၂ နေရာစလုံးပြိုင်ပြီး ညီညွတ်သောဒီမိုကရက်တစ်ပါတီကတော့ ၉၁ နေရာပြိုင်မယ့်အတွက် အားပြိုင်မှုကောင်းတဲ့ တိုင်းဒေသကြီးတခုဖြစ်ပါတယ်။…
Read Moreမဲဆန္ဒနယ်အနည်းဆုံးဖြစ်တဲ့ ကယားပြည်နယ်မှာ အင်အားတူပြိုင်မယ့်ပါတီ ၅ခုရှိ
မဲဆန္ဒနယ်အနည်းဆုံးဖြစ်တဲ့ ကယားပြည်နယ်မှာ အင်အားတူပြိုင်မယ့်ပါတီ ၅ခုရှိ Voice Of Myanmar မဲဆန္ဒနယ် ၇ ခုသာရှိတဲ့ ကယားပြည်နယ်မှာ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ နဲ့ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီတို့ဟာ တက်စုံရွက်ကုန်ဖွင့်ပြီး ပြိုင်ကြမှာဖြစ်ပါတယ်။ ဒေသခံတိုင်းရင်းသားပါတီဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကတော့ ၃၄ နေရာရှိတဲ့အနက် နေရာ ၃၀ ပဲပြိုင်ပြီး အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီကတော့ ၁၉နေရာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီ၊ ကယန်းအမျိုးသားပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ကရင်အမျိုးသားပါတီနဲ့ တသီးပုဂ္ဂလ၁၃ ဦး စုစုပေါင်း ကိုယ်စာလှယ်လောင်းပေါင်း ၂၇၂ ဦးက လွှတ်တော်အသီးအသီးအတွက် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ #voiceofmyanmar #VOM #ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် Zawgyi မဲဆန္ဒနယ်အနည်းဆုံးဖြစ်တဲ့ ကယားပြည်နယ်မှာ အင်အားတူပြိုင်မယ့်ပါတီ ၅ခုရှိ Voice Of Myanmar မဲဆန္ဒနယ် ၇ ခုသာရှိတဲ့ ကယားပြည်နယ်မှာ…
Read Moreပါတီမိတ်ဆက် ( “ဝ” အမျိုးသားပါတီ-WNP )
ပါတီမိတ်ဆက် ( “ဝ” အမျိုးသားပါတီ-WNP ) မန္တလေး၊ စက်တင်ဘာ ၁၀-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့် ၂၀၂၀ နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် “ဝ” အမျိုးသားပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ရှမ်းမြောက်တာဝန်ခံ ဦးဆိုင်နပ် ကို VOMသတင်းထောက် လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ “ဝ” အမျိုးသားပါတီဟာ “ဝ” အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ၊ “ဝ” ဒီမိုကရက်တစ်ပါတီ နဲ့ “ဝ” လစ်ဘရယ် ဒီမိုကရက်တစ်တိုးတက်ဖွံ့ဖြိုးရေးပါတီတို့ပူးပေါင်းပြီး ၂၀၂၀ ပြည့်နှစ် ဧပြီ ၂ရက်မှာ မှတ်ပုံတင်ခဲ့တာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ ဦးဆိုင်နပ် – ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် ၂၁ ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ ကတိကဝတ်က ဘာတွေဖြစ်မလဲ ဦးဆိုင်းနပ် – မရှိပါဘူး။…
Read Moreပါတီမိတ်ဆက် (လီဆူတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ)
ပါတီမိတ်ဆက် (လီဆူတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ) စက်တင်ဘာ ၁၂-၂၀၂၀ ရန်အောင်ထွန်း(VOM) နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကချင်ပြည်နယ်က လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် လီဆူတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးရွှေမင်း (ခ) ဆီဖာလာလူး ကို VOM သတင်းထောက် ကိုရန်အောင်ထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။ VOM – ပါတီရဲ့ မူဝါဒက ဘယ်လိုလဲ သိပါရစေ ဦးရွှေမင်း – လီဆူအမျိုးသားကို အခြေခံပြီးတော့ ပြည်သူတစ်ရပ်လုံးရဲ့ အကျိုးစိးပွားကို ဖွံ့ဖြိုးအောင် ကြိုးပမ်းဆောင်ရွက်မယ်ဆိုတာဖြစ်ပါတယ်။ VOM – ရွေးကောက်ပွဲ ကတိကဝတ်တွေကရော ဘာတွေလဲ ဦးရွှေမင်း – အဓိကကတော့ ဖက်ဒရယ်ဒီမိုကရေစီကို သွားမယ်လို့ အားလုံးသဘောတူပြီးတော့ စတင်လျှောက်လှမ်းနေတဲ့ အချိန်ကာလလို့ ပြောလို့ရနေပြီ၊ အဲ့ဒီအခါမှာ ကျွန်တော်တု့ိရဲ့ အခြေခံမူဖြစ်တဲ့ တန်းတူရေးနဲ့ သွားရမှာဖြစ်တယ်။…
Read Moreပါတီမိတ်ဆက်-တအာင်း(ပလောင်)အမျိုးသားပါတီ
ပါတီမိတ်ဆက်-တအာင်း(ပလောင်)အမျိုးသားပါတီ မန္တလေး၊ စက်တင်ဘာ ၁၀-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့် ၂၀၂၀ နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် တအာင်း(ပလောင်) အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးမိုင်းအုဏ်းခိုင်ကို VOMသတင်းထောက် မလဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက်ရွေးချယ်ထားလဲ ဦးမိုင်းအုဏ်းခိုင် – ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်စုစုပေါင်း ၃၆ ယောက်ရှိပါတယ်။ အမျိုးသားမှာ ၆ဦး ၊ ပြည်သူ့လွှတ်တော်မှာ ၁၀ဦး၊ ပြည်နယ်အတွက် ၂၀ဦး ရွေးထားပါတယ်။ VOM – ပါတီရဲ့ ကတိကဝတ်က ဘာတွေဖြစ်မလဲ ဦးမိုင်းအုဏ်းခိုင် – လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်း၊ ကိုယ်ချင်းစာနာခြင်း၊ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာနှင့် ဒီမိုကရေစီအခွင့်အရေးကို အခြေခံသည့် အမျိုးသားရေးဝါဒကို ယုံကြည်လက်ခံခြင်း ဆိုတာနဲ့ ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးကို အဓိကရှေးရှုလုပ်ပါ့မယ်။ VOM- အာဏာရပါတီ၊ ပြည်ခိုင်ဖြိုး၊…
Read More