ပါတီမိတ်ဆက်-တအာင်း(ပလောင်)အမျိုးသားပါတီ

ပါတီမိတ်ဆက်-တအာင်း(ပလောင်)အမျိုးသားပါတီ

မန္တလေး၊ စက်တင်ဘာ ၁၀-၂၀၂၀
လဲ့လဲ့ဝင်း(VOM)

လာမယ့် ၂၀၂၀ နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် တအာင်း(ပလောင်) အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးမိုင်းအုဏ်းခိုင်ကို VOMသတင်းထောက် မလဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။

VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက်ရွေးချယ်ထားလဲ
ဦးမိုင်းအုဏ်းခိုင် – ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်စုစုပေါင်း ၃၆ ယောက်ရှိပါတယ်။ အမျိုးသားမှာ ၆ဦး ၊ ပြည်သူ့လွှတ်တော်မှာ ၁၀ဦး၊ ပြည်နယ်အတွက် ၂၀ဦး ရွေးထားပါတယ်။

VOM – ပါတီရဲ့ ကတိကဝတ်က ဘာတွေဖြစ်မလဲ
ဦးမိုင်းအုဏ်းခိုင် – လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်း၊ ကိုယ်ချင်းစာနာခြင်း၊ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာနှင့် ဒီမိုကရေစီအခွင့်အရေးကို အခြေခံသည့် အမျိုးသားရေးဝါဒကို ယုံကြည်လက်ခံခြင်း ဆိုတာနဲ့ ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးကို အဓိကရှေးရှုလုပ်ပါ့မယ်။

VOM- အာဏာရပါတီ၊ ပြည်ခိုင်ဖြိုး၊ အန်အယ်လ်ဒီနဲ့ ရှမ်းပါတီကြီးတွေကို ဘယ်လိုအင်အားတွေနဲ့ ယှဉ်ပြိုင်သွားမလဲ
ဦးမိုင်းအုဏ်းခိုင်- ပလောင်အမျိုးသားကိုပဲ အခြေခံတဲ့ မြို့နယ်အများဆုံးနေရာတွေမှာဝင်ပြိုင်တဲ့အတွက် အခက်ခဲမရှိပါဘူး။

VOM- လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုရွေးလဲ။
ဦးမိုင်းအုဏ်းခိုင် -ပါတီပေါ်မှာ စိတ်ဝင်စားစွာလုပ်နိုင်သောသူ၊ လူထုကလည်း ယုံကြည်အားကိုးတဲ့သူကို အဓိကထားရွေးပါတယ်။

VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရော ဘယ်နှနေရာ နိုင်ခဲ့ဖူးပါသလဲ။
ဦးမိုင်းအုဏ်းခိုင် – ၂၀၁၀မှာ ၆ ဦးနိုင်တယ်၊ ၂၀၁၅မှာ ၂၈ဦး ပြိုင်တာ ၁၂ဦးနိုင်တယ်၊ ၂၀၂၀မှာ ၃၆ ဦးယှဉ်ပြိုင်မှာပါဗျာ။

VOM- ပါတီဝင်အင်အား ဘယ်လောက်ရှိပါသလဲ။
ဦးမိုင်းအုဏ်းခိုင်- ၄သောင်း ၃ထောင်ရှိတယ်။

VOM -ပါတီရဲ့ဆောင်ပုဒ်တွေကဘာတွေလဲ။
ဦးမိုင်းအုဏ်းခိုင် – ဒေသဖွံ့ဖြိုးတိုးတက်ဖို့ TNP လက်ဖက်ညွန့်တံဆိပ်ကို မဲပေးစို့

#voiceofmyanmar #VOM #ပါတီမိတ်ဆက်

Zawgyi

ပါတီမိတ္ဆက္-တအာင္း(ပေလာင္)အမ်ိဳးသားပါတီ

မႏၲေလး၊ စက္တင္ဘာ ၁၀-၂၀၂၀
လဲ့လဲ့ဝင္း(VOM)

လာမယ့္ ၂၀၂၀ ႏိုဝင္ဘာလ ၈ရက္ေန႔ ေ႐ြးေကာက္ပြဲမွာဝင္ၿပိဳင္မယ့္ တအာင္း(ပေလာင္) အမ်ိဳးသားပါတီ အေထြေထြအတြင္းေရးမႉး ဦးမိုင္းအုဏ္းခိုင္ကို VOMသတင္းေထာက္ မလဲ့လဲ့ဝင္းက ေမးျမန္းထားတာျဖစ္ပါတယ္။

VOM – ပါတီအေနနဲ႔ ဝင္ၿပိဳင္မယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ ဘယ္ေလာက္အေရအတြက္ေ႐ြးခ်ယ္ထားလဲ
ဦးမိုင္းအုဏ္းခိုင္ – ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္စုစုေပါင္း ၃၆ ေယာက္ရွိပါတယ္။ အမ်ိဳးသားမွာ ၆ဦး ၊ ျပည္သူ႔လႊတ္ေတာ္မွာ ၁၀ဦး၊ ျပည္နယ္အတြက္ ၂၀ဦး ေ႐ြးထားပါတယ္။

VOM – ပါတီရဲ႕ ကတိကဝတ္က ဘာေတြျဖစ္မလဲ
ဦးမိုင္းအုဏ္းခိုင္ – လြတ္လပ္ျခင္း၊ တရားမွ်တျခင္း၊ ညီမွ်ျခင္း၊ ကိုယ္ခ်င္းစာနာျခင္း၊ အမ်ိဳးသားယဥ္ေက်းမႈစ႐ိုက္လကၡဏာႏွင့္ ဒီမိုကေရစီအခြင့္အေရးကို အေျခခံသည့္ အမ်ိဳးသားေရးဝါဒကို ယုံၾကည္လက္ခံျခင္း ဆိုတာနဲ႔ ၿငိမ္းခ်မ္းေရးနဲ႔ ေဒသဖြံ႕ၿဖိဳးေရးကို အဓိကေရွးရႈလုပ္ပါ့မယ္။

VOM- အာဏာရပါတီ၊ ျပည္ခိုင္ၿဖိဳး၊ အန္အယ္လ္ဒီနဲ႔ ရွမ္းပါတီႀကီးေတြကို ဘယ္လိုအင္အားေတြနဲ႔ ယွဥ္ၿပိဳင္သြားမလဲ
ဦးမိုင္းအုဏ္းခိုင္- ပေလာင္အမ်ိဳးသားကိုပဲ အေျခခံတဲ့ ၿမိဳ႕နယ္အမ်ားဆုံးေနရာေတြမွာဝင္ၿပိဳင္တဲ့အတြက္ အခက္ခဲမရွိပါဘူး။

VOM- လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို ဘယ္လိုေ႐ြးလဲ။
ဦးမိုင္းအုဏ္းခိုင္ -ပါတီေပၚမွာ စိတ္ဝင္စားစြာလုပ္ႏိုင္ေသာသူ၊ လူထုကလည္း ယုံၾကည္အားကိုးတဲ့သူကို အဓိကထားေ႐ြးပါတယ္။

VOM- ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲေတြမွာေရာ ဘယ္ႏွေနရာ ႏိုင္ခဲ့ဖူးပါသလဲ။
ဦးမိုင္းအုဏ္းခိုင္ – ၂၀၁၀မွာ ၆ ဦးႏိုင္တယ္၊ ၂၀၁၅မွာ ၂၈ဦး ၿပိဳင္တာ ၁၂ဦးႏိုင္တယ္၊ ၂၀၂၀မွာ ၃၆ ဦးယွဥ္ၿပိဳင္မွာပါဗ်ာ။

VOM- ပါတီဝင္အင္အား ဘယ္ေလာက္ရွိပါသလဲ။
ဦးမိုင္းအုဏ္းခိုင္- ၄ေသာင္း ၃ေထာင္ရွိတယ္။

VOM -ပါတီရဲ႕ေဆာင္ပုဒ္ေတြကဘာေတြလဲ။
ဦးမိုင္းအုဏ္းခိုင္ – ေဒသဖြံ႕ၿဖိဳးတိုးတက္ဖို႔ TNP လက္ဖက္ၫြန႔္တံဆိပ္ကို မဲေပးစို႔

#voiceofmyanmar #VOM #ပါတီမိတ္ဆက္

Related posts

Leave a Comment

VOM News

FREE
VIEW