ပါတီမိတ်ဆက်-တအာင်း(ပလောင်)အမျိုးသားပါတီ

ပါတီမိတ်ဆက်-တအာင်း(ပလောင်)အမျိုးသားပါတီ မန္တလေး၊ စက်တင်ဘာ ၁၀-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့် ၂၀၂၀ နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် တအာင်း(ပလောင်) အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးမိုင်းအုဏ်းခိုင်ကို VOMသတင်းထောက် မလဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက်ရွေးချယ်ထားလဲ ဦးမိုင်းအုဏ်းခိုင် – ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်စုစုပေါင်း ၃၆ ယောက်ရှိပါတယ်။ အမျိုးသားမှာ ၆ဦး ၊ ပြည်သူ့လွှတ်တော်မှာ ၁၀ဦး၊ ပြည်နယ်အတွက် ၂၀ဦး ရွေးထားပါတယ်။ VOM – ပါတီရဲ့ ကတိကဝတ်က ဘာတွေဖြစ်မလဲ ဦးမိုင်းအုဏ်းခိုင် – လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်း၊ ကိုယ်ချင်းစာနာခြင်း၊ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာနှင့် ဒီမိုကရေစီအခွင့်အရေးကို အခြေခံသည့် အမျိုးသားရေးဝါဒကို ယုံကြည်လက်ခံခြင်း ဆိုတာနဲ့ ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးကို အဓိကရှေးရှုလုပ်ပါ့မယ်။ VOM- အာဏာရပါတီ၊ ပြည်ခိုင်ဖြိုး၊…

Read More

ကွာရန်တင်းဝင်တဲ့ အလုပ်သမားတွေကို ဆေးခွင့်အဖြစ်သတ်မှတ်ပြီး လူမှုဖူလုံရေး အာမခံကြေး ထောက်ပံ့မယ်

ကွာရန်တင်းဝင်တဲ့ အလုပ်သမားတွေကို ဆေးခွင့်အဖြစ်သတ်မှတ်ပြီး လူမှုဖူလုံရေး အာမခံကြေး ထောက်ပံ့မယ် ရန်ကုန်၊ စက်တင်ဘာ ၁၁-၂၀၂၀ သိင်္ဂီ (VOM) ကိုဗစ်ကာလမှာ အသွားအလာကန့်သတ်ခံရပြီး ကွာရန်တင်းဝင်နေရတဲ့အလုပ်သမားတွေကို လူမှုဖူလုံရေး အာမခံကြေးထောက်ပံ့မှာဖြစ်တဲ့အတွက် အလုပ်သမားတွေအနေနဲ့ ပြန်ည်တောင်းခံနိုင်တယ်လို့ လူမှုဖူလုံရေးအဖွဲ့ကနေ သိရပါတယ်။ လူမှုဖူလုံရေးကြေးထည့်ဝင်ထားတဲ့ အာမခံအလုပ်သမားတွေကို အာမခံငွေကြေးပြန်လည်စီစစ်ထုတ်ပေးမှာဖြစ်တဲ့အတွက် အာမခံထည့်ဝင်ကြေးကို မှတ်ပုံတင်ကာလ (၆)လနဲ့ ထည့်ဝင်ကြေးကာလ (၄)လရှိဖို့ လိုအပ်သလို ညွှန်ကြားချက်အရ ကွာရန်တင်းဝင်ရကြောင်း ထောက်ခံစာပြသဖို့လည်း လိုအပ်တယ်လို့ သိရပါတယ်။ သက်မှတ်ချက်တွေနဲ့ပြည့်စုံတဲ့ အလုပ်သမားတွေကိုတော့ လစာရဲ့ ပျမ်းမျှ ၆၀ ရာခိုင်နူန်းကို ကျန်းမာရေးအထောက်အပံ့အဖြစ် ပေးအပ်မှာဖြစ်ပါတယ်။ ” အလုပ်သမားတွေ နောက်ဆုံးထည့်ဝင်ကြေးပေးသွင်းထားတဲ့ လုပ်ခလစာအပေါ်မူတည်ပြီးတော့ ၆၀ ရာခိုင်နှုန်းကို ထုတ်ပေးနေတာဖြစ်ပါတယ်။ သူတို့ ကွာရန်တင်းဝင်နေချိန်ကို ဆေးခွင့်အဖြစ်သတ်မှတ်ပြီး ခုလိုဆောင်ရွက်ပေးတာဖြစ်ပါတယ်။ “လို့ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနုကပြောပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက…

Read More

ပါတီမိတ်ဆက် (ဝံသာနုဒီမိုကရက်တစ်ပါတီ)

ပါတီမိတ်ဆက် (ဝံသာနုဒီမိုကရက်တစ်ပါတီ) မန္တလေး၊ စက်တင်ဘာ ၁၁-၂၀၂၀ ရှိုင်းအောင်(VOM) လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဝံသာနုဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးရဲမင်း ကို VOM သတင်းထောက် ကိုရှိုင်းအောင်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ ဦးရဲမင်း- အောင်မြေသာဇံမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ယောက်၊ မဲဆန္ဒနယ်အမှတ်( ၂ ) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၁ ယောက် ၊ချမ်းအေးသာဇံမှာ မဲဆန္ဒနယ်အမှတ် (၁) ၊ အမှတ် ( ၂ ) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ယောက်၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၅ ယောက် ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ VOM – ပါတီရဲ့…

Read More

ရန်ကုန်တိုင်းရှိ က.ည.န ရုံးဝန်ဆောင်မှုတွေ ဒီကနေ့ စတင်ရပ်နား

ရန်ကုန်တိုင်းရှိ က.ည.န ရုံးဝန်ဆောင်မှုတွေ ဒီကနေ့ စတင်ရပ်နား ရန်ကုန်၊ စက်တင်ဘာ ၁၁-၂၀၂၀ သိင်္ဂီ (VOM) လူတွေနဲ့ ထိတွေ့လုပ်ကိုင်မှုကို ရှောင်ဖို့အတွက် ရန်ကုန်တိုင်းထဲက ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးအားလုံးရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ဒီကနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ကစပြီး ရပ်ဆိုင်းလိုက်ပြီဖြစ်တယ်လို့ ရန်ကုန်တိုင်း က.ည.န တိုင်းဥိးစီးမှူး ဦးသိန်းထွဋ်ကပြောပါတယ်။ အခုလို ရပ်ဆိုင်းထားတဲ့ကာလမှာ မှတ်ပုံတင်ယာဉ်တွေအတွက် ရက်လွန်ဒဏ်ကြေး ၊ သက်တမ်းတိုးမော်တော်ယာဉ်၊ ယာဉ်မောင်းလိုင်စင် သက်တမ်းလွန်ဒဏ်ကြေးအပါအဝင် လုပ်ငန်းဆိုင်ရာတွေကို ဖြေလျှော့ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ “ရန်ကုန်တိုင်းမှာရှိတဲ့ ကညနရုံးတွေ ဒီနေ့စပိတ်တယ် ၊ ရန်ကုန်က အများဆုံးပဲ။ အရင်ကအွန်လိုင်းလုပ်တယ်ဆိုတာ ဖြေဖို့တို့ သက်တမ်းတိုးဖို့တို့ကို လူမများအောင်လို့ သူ့ရက်နဲ့သူ့နာရီနဲ့သူလုပ်ပေးတာပါ၊ အွန်လိုင်းကနေတော့ သက်တမ်းတိုးလို့မရသေးပါဘူး။ ရုံးထဲကို အပြင်လူဘယ်သူမှလာလို့မရဘူး။ဖြေလျှော့မှုအဖြစ် ပြည်သူတွေမနစ်နာဖို့ ရက်လွန်ဒဏ်ကြေးတွေ သက်တမ်းလွန်တဲ့ကိစ္စတွေအတွက် ဒဏ်ကြေးတွေကိုလည်း တည်ဆဲလုပ်ထုံးလုပ်နည်းတွေနဲ့အညီ သုံးသပ်စိစစ်ပြီးဖြေလျှော့ပေးမှာဖြစ်ပါတယ်။မြန်မာနိုင်ငံယာဉ်ထိန်းတပ်ဖွဲ့၊ အမြန်လမ်းရဲတပ်ဖွဲ့ကိုလည်း သက်တမ်းကုန်ဆုံးနေတဲ့ ယာဉ်တွေနဲ့ပတ်သက်လို့…

Read More

တင်းမာနေတဲ့ နှစ်နိုင်ငံနယ်စပ်ကတပ်ဖွဲ့ဝင်တွေ အမြန်ဆုတ်ခွာဖို့ အိန္ဒိယ-တရုတ် သဘောတူ

တင်းမာနေတဲ့ နှစ်နိုင်ငံနယ်စပ်ကတပ်ဖွဲ့ဝင်တွေ အမြန်ဆုတ်ခွာဖို့ အိန္ဒိယ-တရုတ် သဘောတူ မော်စကို၊ စက်တင်ဘာ-၁၁-၂၀၂၀ မျိုးဆက် (VOM) တရုတ်နဲ့အိန္ဒိယနိုင်ငံတို့ဟာ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ အဆင့်မြင့် သံတမန်အဆင့် အစည်းအဝေးပြုလုပ်ပြီးနောက် ဟိမဝန္တာနယ်စပ်မှာဖြစ်ပွားနေတဲ့ တင်းမာမှုတွေကိုလျှော့ချရေး၊ နှစ်ဘက်အကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ထူထောင်ဖို့ သဘောတူလိုက်ကြပါတယ်။ တရုတ်နိုင်ငံခြားရေးဝမ်ယီနဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိန်ရှန်ကာတို့ဟာ မော်စကိုမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး လက်ရှိနယ်စပ်အခြေအနေဟာ နှစ်ဘက်စလုံးအတွက် အကျိုးမဖြစ်ထွန်းကြောင်း၊ နှစ်ဘက်စလုံးက တပ်ဖွဲ့ဝင်တွေကို လျှင်မြန်စွာရုပ်သိမ်းရေးနဲ့ တင်းမာမှုတွေလျှော့ချရေးအပါအဝင် အချက်ငါးချက်ပါဝင်တဲ့ သဘောတူညီမှုကို ရရှိခဲ့တယ်လို့ နှစ်နိုင်ငံပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဟိမဝန္တာအနောက်ပိုင်း နယ်စပ်ဒေသမှာ အခုသီတင်းပတ်အစောပိုင်းက တရုတ်နဲ့ အိန္ဒိယ တပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီးနောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အစည်းအဝေးပြင်ပမှာ နှစ်နိုင်ငံတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပြီး အခုလိုသဘောတူညီချက်ရရှိခဲ့တာဖြစ်ပါတယ်။ အကဲဆတ်တဲ့ နယ်စပ်ဒေသမှာ သေနတ်တွေအသုံးမပြုဖို့ အရင်အချိန်တွေကတည်းကထားရှိလာတဲ့ သဘောတူညီချက်တစ်ရပ်ကို ပဋိပက္ခဖြစ်စဉ်အတွင်း ချိုးဖောက်ကာ လေထဲကို သေနတ်ပစ်ဖောက်ခဲ့တယ်လို့…

Read More

COVID – 19 ရောဂါပြန့်ပွားနေမူကို ထိန်းချုပ်နိုင်ဖို့ အဝေးပြေးယာဉ်နဲ့ရထားခရီးစဉ်များ ယာယီရပ်ဆိုင်း

COVID – 19 ရောဂါပြန့်ပွားနေမူကို ထိန်းချုပ်နိုင်ဖို့ အဝေးပြေးယာဉ်နဲ့ရထားခရီးစဉ်များ ယာယီရပ်ဆိုင်း ရန်ကုန် ၊ စက်တင်ဘာ ၁၁-၂၀၂၀ ယဉ်ပပထွန်း( VOM) Covid-19 ရောဂါပြန့်ပွားနေမူကြောင့် ရန်ကုန်တိုင်းအတွင်းကပြည်သူတွေ ပြင်ပကိုခရီးသွားလာခြင်းမပြုဖို့ ထုတ်ပြန်ထားတဲ့အတွက် အဝေးပြေးခရီးသည်တင်ကားတွေ ယာယီရပ်ဆိုင်းထားပါတယ်လို ့JJ-expressယာဉ်လိုင်း မှ တာဝန်ရှိသူ ဦးမြင့်ဦးက VOM ကိုပြောပါတယ်။ ရန်ကုန်တိုင်းအတွင်း Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်အပါအဝင် မြို့နယ် ၄၄ မြို့နယ်(ကိုကိုးကျွန်းမပါ)မှာ ကျန်းမာရေးဆိုင်ရာကိစ္စနဲ့ အရေးကြီးလုပ်ဆောင်ရပ်တွေကလွဲြ့ပီး ရန်ကုန်တိုင်းပြင်ပကို ဒီကနေ့ ကနေစတင်ကာ အောက်တိုဘာ ၁ ရက်နေ့အထိ ခရီးသွားရောက်ခြင်းမပြုဖို့ တားမြစ်သတိပေးထားတယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားတာဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ Covid _19 ရောဂါဟာ ပြည်တွင်းကူးစက်မှု မြှင့်တက်လာတဲ့အတွက် ကာကွယ်ထိန်းချုပ်တဲ့အ‌နေနဲ့ မန္တလေးတိုင်းကို အဝင်/အထွက်ရှိနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းအားလုံးကိုလည်း ယာယီရပ်ဆိုင်းထားလိုက်ဖို့ စက်တင်ဘာ ၁၀…

Read More

ရခိုင်ပြည်နယ်မှာ ဒေသခံတိုင်းရင်းသားပါတီတွေထက် ပြည်ခိုင်ဖြိုးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လက်ရည်တူယှဉ်မယ်

ရခိုင်ပြည်နယ်မှာ ဒေသခံတိုင်းရင်းသားပါတီတွေထက် ပြည်ခိုင်ဖြိုးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လက်ရည်တူယှဉ်မယ် Voice Of Myanmar ရခိုင်ပြည်နယ်က မဲဆန္ဒနယ် ၁၇ ခုစလုံးမှာ အန်အယ်လ်ဒီနဲ့ ပြည်ခိုင်ဖြိုးက လက်ကုန်ယှဉ်ပြိုင်ကြမှာမို့ ရှိတဲ့ ၃၄ နေရာလုံး လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းတင်သွင်းထားပါတယ်။ ဒေသခံ ရခိုင်အမျိုးသားပါတီကတော့ ၃၃နေရာပဲစာရင်းတင်သွင်းထားပြီး တနိုင်ငံလုံး ကိုယ်စားလှယ်အများဆုံးလျှောက်ထားတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီကတော့ ရခိုင်ပြည်နယ်မှာ ၅၁ နေရာပဲ လျာထားထားတာကိုတွေ့ရပါတယ်။ ကျန်တဲ့ ပါတီတွေကတော့ ရခိုင့်ဦးဆောင်ပါတီ ၄၂နေရာ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ၂၆နေရာ ပြိုင်မှာဖြစ်ပြီး တခြားပါတီတွေကတော့ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ၊မြိုအမျိုးသားဒီမိုကရေစီပါတီ ၊ ခမီအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အရှိုချင်းအမျိုးသားပါတီ၊ ချင်းတိုင်းရင်းသားများပါတီနဲ့ တသီးပုဂ္ဂလ ၄၁ ဦး စုစုပေါင်း ကိုယ်စားလှယ် ၃၈၀ဦး ပြိုင်ကြမှာဖြစ်ပါတယ်။ လက်ရှိအနေအထားမှာ ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ် အကုန်လုံး…

Read More

ဒေါ်အောင်ဆန်းစုကြည်ကို ဆာခါရော့ဗ်ဆုရရှိထားသူများ အသိုင်းအဝိုင်းမှ ဥရောပပါလီမန်ဖယ်ရှား

ဒေါ်အောင်ဆန်းစုကြည်ကို ဆာခါရော့ဗ်ဆုရရှိထားသူများ အသိုင်းအဝိုင်းမှ ဥရောပပါလီမန်ဖယ်ရှား ဘရပ်ဆယ်၊ စက်တင်ဘာ-၁၁-၂၀၂၀ မျိုးဆက် (VOM) လူ့အခွင့်အရေးလှုပ်ရှားမှုပြုသူအတွက်ပေးအပ်တဲ့ ဆာခါရော့ဗ် ဆုရရှိထားတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆုရသူတွေအသိုင်းအဝိုင်းရဲ့လှုပ်ရှားမှုတွေကနေ ဥရောပပါလီမန်က တရားဝင်ဖယ်ရှားလိုက်ပါတယ်။ မြန်မာနိုင်ငံက ဘင်္ဂါလီအသိုင်းအဝိုင်းအပေါ် ဆက်လက်ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး သူမရဲ့ရပ်တည်ချက်နဲ့ ကာကွယ်ပေးဖို့ပျက်ကွက်မှုကို တုံ့ပြန်တဲ့ ဆုံးဖြတ်ချက်တစ်ရပ်ဖြစ်တယ်လို့ ဥရောပပါလီမန်က စက်တင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရကနေ နေအိမ်အကျယ်ချုပ်ချထားပေမယ့်လည်း ဒီမိုကရေစီအရေးအတွက် အကြမ်းမဖက်နည်းနဲ့လှုပ်ရှားခဲ့တဲ့အတွက် ၁၉၉၀ ခုနှစ်မှာ ဥရောပပါလီမန်ရဲ့ ဆာခါရော့ဗ်ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီအရေးမှာ သူမရဲ့ရပ်တည်ချက်ကြောင့် ၁၉၉၁ ခုနှစ်မှာ ရရှိထားတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ပြန်ရုပ်သိမ်းဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။ ဘင်္ဂါလီတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ မြန်မာနိုင်ငံကို အိုင်စီဂျေမှာ ဂမ်ဘီယာနိုင်ငံက လွန်ခဲ့တဲ့နှစ်အတွင်း တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ Ref : NHK…

Read More

အော်ရီဂွန်ပြည်နယ် တောမီးလောင်မှု လူငါးသိန်းကျော် ဘေးလွတ်ရာထွက်ပြေး

အော်ရီဂွန်ပြည်နယ် တောမီးလောင်မှု လူငါးသိန်းကျော် ဘေးလွတ်ရာထွက်ပြေး ကယ်လီဖိုးနီးယား၊ စက်တင်ဘာ ၁၁-၂၀၂၀ မျိုးဆက် (VOM) ပစိဖိတ်အနောက်မြောက်ဒေသတစ်လျှောက်မှာ အကြီးအကျယ်လောင်ကျွမ်းနေတဲ့ တောမီးကြောင့် အမေရိကန်နိုင်ငံ၊ အော်ရီဂွန်ပြည်နယ်က လူငါးသိန်းကျော် ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပါတယ်။ ပုံမှန်မဟုတ်တဲ့ ပူပြင်းခြောက်သွေ့တဲ့ လေပြင်းတွေတိုက်ခတ်မှုကြောင့် ပြည်နယ်အတွင်းမှာ တောမီးလောင်ကျွမ်းမှု ဒါဇင်များစွာဖြစ်ပေါ်နေပြီး နောက်ဆုံးလောင်ကျွမ်းမှုတစ်ခုကတော့ ရှို့မီးလို့သံသယရှိနေပါတယ်။ တောမီးကြောင့် လူလေးဦးထက်မနည်းသေဆုံးသွားကြောင်း အတည်ပြုနိုင်ခဲ့ပေမယ့်လည်း သေဆုံးသူအရေအတွက် အတိအကျကို မသိရသေးဘူးလို့ အော်ရီဂွန်ပြည်နယ်အုပ်ချုပ်ရေးမှူး ကိတ်ဘရောင်းက ပြောပါတယ်။ လက်ရှိမှာတော့ အမေရိကန်နိုင်ငံအနောက်ပိုင်းက ပြည်နယ် ၁၂ ခုမှာ တောမီးလောင်ကျွမ်းမှု ၁၀၀ ကျော်ထိရှိနေပါတယ်။ အော်ရီဂွန်၊ ကယ်လီဖိုးနီးယားနဲ့ ဝါရှင်တန်ပြည်နယ်တွေမှာတော့ တစ်မြို့လုံး တောမီးလောင်သွားတဲ့ ဖြစ်စဉ်တွေရှိနေပြီး ကယ်လီဖိုးနီးယားပြည်နယ်တစ်ခုတည်းမှာပဲ လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ တောမီးလောင်ကျွမ်းမှုဟာ ၄ ဒသမ ၄ သန်းဧကထိရှိနေပြီး ဒီပမာဏဟာ ဘောလုံးကွင်း…

Read More

မင်းပြားမြို့မှာ ရဲအရာရှိတစ်ဦး သေနတ်နဲ့ပစ်ခံရပြီး ရဲအရာရှိသေနတ်ကို လုယူထွက်ပြေးမှုဖြစ်ပွား

မင်းပြားမြို့မှာ ရဲအရာရှိတစ်ဦး သေနတ်နဲ့ပစ်ခံရပြီး ရဲအရာရှိသေနတ်ကို လုယူထွက်ပြေးမှုဖြစ်ပွား မင်းပြား ၊ စက်တင်ဘာ ၁၁-၂၀၂၀ ကိုတိုးကြီး (VOM) ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ မင်းပြားမြို့မရဲစခန်းမှာ နယ်ထိန်းတာဝန်ထမ်းဆောင်နေတဲ့ ရဲအုပ်တစ်ယောက်နဲ့ ရဲတပ်ကြပ်တစ်ယောက်တို့ဟာ မနေ့ စက်တင်ဘာ ၁၀ရက် ညပိုင်းက ညစာအတွက် ထမင်းဝယ်ဖို့သွားချိန် သေနတ်နဲ့ပစ်ခတ်ခံရပြီး ရဲအရာရှိရဲ့သေနတ်ကို လုယူထွက်ပြေးသွားတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ ” နယ်ထိန်းခေါင်းဆောင် ရဲအုပ် ကောင်းမြတ်ထွန်း နဲ့ ရဲတပ်ကြပ် ဉာဏ်ဝေဖြိုးတို့ နှစ်ယောက်က စခန်းတောင်ဘက် ကိုက် ၁၀၀ အကွာက ဦးမောင်မောင်သန်းရဲ့ ထမင်းဆိုင်မှာ ထမင်းဝယ်သွားတာ၊ အဲ့ဒီမှာ ပစ္စတိုသေနတ်နဲ့ စပစ်တာ ဖြစ်တယ်၊ ရုတ်တရက် အနီးကပ် ပစ်ခတ်တာဖြစ်တဲ့အတွက် ဘေးပတ်ဝန်းကျင်က ပြည်သူတွေထိခိုက်နိုင်တာကြောင့် ရုတ်ချည်းတုန့်ပြန်ဖို့ဆိုတာ မလွယ်ဘူး၊ ရဲအုပ် ကောင်းမြတ်ထွန်းက သေနတ်ပါတယ်၊ ဒဿမ ၃၈…

Read More
VOM News

FREE
VIEW