COVID – 19 ရောဂါပြန့်ပွားနေမူကို ထိန်းချုပ်နိုင်ဖို့ အဝေးပြေးယာဉ်နဲ့ရထားခရီးစဉ်များ ယာယီရပ်ဆိုင်း

COVID – 19 ရောဂါပြန့်ပွားနေမူကို ထိန်းချုပ်နိုင်ဖို့ အဝေးပြေးယာဉ်နဲ့ရထားခရီးစဉ်များ ယာယီရပ်ဆိုင်း

ရန်ကုန် ၊ စက်တင်ဘာ ၁၁-၂၀၂၀
ယဉ်ပပထွန်း( VOM)

Covid-19 ရောဂါပြန့်ပွားနေမူကြောင့် ရန်ကုန်တိုင်းအတွင်းကပြည်သူတွေ ပြင်ပကိုခရီးသွားလာခြင်းမပြုဖို့ ထုတ်ပြန်ထားတဲ့အတွက် အဝေးပြေးခရီးသည်တင်ကားတွေ ယာယီရပ်ဆိုင်းထားပါတယ်လို ့JJ-expressယာဉ်လိုင်း မှ တာဝန်ရှိသူ ဦးမြင့်ဦးက VOM ကိုပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်အပါအဝင် မြို့နယ် ၄၄ မြို့နယ်(ကိုကိုးကျွန်းမပါ)မှာ ကျန်းမာရေးဆိုင်ရာကိစ္စနဲ့ အရေးကြီးလုပ်ဆောင်ရပ်တွေကလွဲြ့ပီး ရန်ကုန်တိုင်းပြင်ပကို ဒီကနေ့ ကနေစတင်ကာ အောက်တိုဘာ ၁ ရက်နေ့အထိ ခရီးသွားရောက်ခြင်းမပြုဖို့ တားမြစ်သတိပေးထားတယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ Covid _19 ရောဂါဟာ ပြည်တွင်းကူးစက်မှု မြှင့်တက်လာတဲ့အတွက် ကာကွယ်ထိန်းချုပ်တဲ့အ‌နေနဲ့ မန္တလေးတိုင်းကို အဝင်/အထွက်ရှိနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းအားလုံးကိုလည်း ယာယီရပ်ဆိုင်းထားလိုက်ဖို့ စက်တင်ဘာ ၁၀ ရက်နေ့ညနေက ပြုလုပ်တဲ့ ကိုဗစ် ၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုန့်ပြန်‌ ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှာဆုံးဖြတ်ခဲ့ပါတယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

” ကျွန်တော်တို့ဒီနေ့ကစပြီး ခရီးစဉ်တွေအားလုံးကို ယာယီရပ်ဆိုင်းထားတာ ဖြစ်ပါတယ်၊ ဘယ်လောက်ကြာအုံးမယ်ဆိုတာကတော့ ရက်အတိအကျမသိရသေးပါဘူး။ လက်မှတ်ရောင်းထားတာတွေကိုလည်း ပြန်လည် အမ်းပေးခဲ့ပါတယ်” လို့JJ-expressယာဉ်လိုင်း မှ တာဝန်ရှိသူ ဦးမြင့်ဦးကပြောပါတယ်။

ဒါ့အပြင် အဝေးပြေးကားတွေ ယာယီရပ်ဆိုင်းထားတာရှိနေသလို အဝေးပြေးအမြန်ရထားတွေလည်း ယာယီရပ်ဆိုင်းမှာ ဖြစ်တယ်လို ့ မြန်မာ့မီးရထား နေပြည်တော်ရုံးချုပ်မှ တာဝန်ရှိသူတစ်ဦးက VOM ကိုပြောပါတယ်။

” ရထားတွေ ယာယီရပ်ဆိုင်းဖို့ရှိပါတယ် ။ ဒီနေ့လား မနက်ဖြန်လားဆိုတာ အပေါ်က ညွှန်ကြားချက်မကျသေးလို့ပါ။ ရထားအစီးရေ ဘယ်လောက်ရပ်ဆိုင်းမယ်ဆိုတာကတော့ မနက်ဖြန်ထွက်မယ်ထင်တယ် ” လို မြန်မာ့မီးရထား နေပြည်တော်ရုံးချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ရန်ကုန်တိုင်းမှာပြေးဆွဲပေးနေတဲ့ မြို့ပတ်ရထားတွေကိုတော့ လျော့ပြီးပြေးဆွဲဖို့အတွက် လက်ရှိစာတင်ထားပါတယ်လို့ မြန်မာ့မီးရထား ရန်ကုန်တိုင်း(၇) မန်နေဂျာ ဦးဇော်လွင်ကပြောပါတယ်။

မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မူလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကြည်သိန်းပြောပြတာကလည်း ” လေလောဆယ် ကားတွေသွားရလား၊ မရလား မသိသေးဘူးဖြစ်နေတယ် ။ ကားတွေမှာက ကုန်တွေနဲ့ဆိုတော့ သွားမှရမှာဖြစ်နေတယ်၊ အဲ့ဒီအခက်အခဲလေးတော့ နည်းနည်းရှိနေတယ် ။ လောလောဆယ်တော့ ညှိနှိုင်းနေဆဲ့ပါ” လို့ပြောပါတယ်။

ကုန်စည်စီးဆင်းမှုမရပ်တန့်ဖို့အတွက်လည်း ထည့်သွင်းစဉ်းစားရတာမို့ ကုန်တင်ယာဉ်တွေကိုတော့ ခွင်ပြုဦးမှာဖြစ်ပေမယ့် အဲ့ဒီယာဉ်တွေရဲ့ ယာဉ်မောင်း၊နောက်လိုက်နဲ့ ပါလာသူတွေကို မန္တလေးကို တိုက်ရိုက်ဝင်ခွင့်ပြုမှာတော့မဟုတ်ဘဲ ရမည်းသင်းမြို့အထိသာ ဝင်ခွင့်ပြုဖို့ဆုံးဖြတ်ပြီး အဲ့ဒီကနေ လူအပြောင်းအလဲလုပ်၊ ကား အပြောင်းအလဲလုပ်ပြီးမှ ကုန်တွေကို တိုင်း‌ဒေသကြီးအတွင်း တစ်ဆင့်သယ်ယူခွင့်ပြုမှာဖြစ်တဲ့အပြင် အမျိုးသားကျန်းမာရေးဆိုင်ရာကိစ္စဖြစ်တာကြောင့် ပြည်သူတွေနားလည်ပေးကြမယ်ထင်ပါတယ်လို့လည်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

COVID – 19 ေရာဂါျပန္႔ပြားေနမူကို ထိန္းခ်ဳပ္နိုင္ဖို႔ အေဝးေျပးယာဥ္နဲ ့ရထားခရီးစဥ္မ်ား ယာယီရပ္ဆိုင္း

ရန္ကုန္ ၊ စက္တင္ဘာ ၁၁-၂၀၂၀
ယဥ္ပပထြန္း( VOM)

Covid-19 ေရာဂါျပန္ ့ပြားေနမူေၾကာင့္ ရန္ကုန္တိုင္းအတြင္းကျပည္သူေတြ ျပင္ပကိုခရီးသြားလာျခင္းမျပဳဖို႔ ထုတ္ျပန္ထားတဲ့အတြက္ အေဝးေျပးခရီးသည္တင္ကားေတြ ယာယီရပ္ဆိုင္းထားပါတယ္လို ့JJ-expressယာဥ္လိုင္း မွ တာဝန္႐ွိသူ ဦးျမင့္ဦးက VOM ကိုေျပာပါတယ္။

ရန္ကုန္တိုင္းအတြင္း Stay at Home သတ္မွတ္ထားတဲ့ ျမိဳ ့နယ္အပါအဝင္ ျမိဳ ့နယ္ ၄၄ ျမိဳ႔နယ္(ကိုကိုးကြ်န္းမပါ)မွာ က်န္းမာေရးဆိုင္ရာကိစၥနဲ႔ အေရးၾကီးလုပ္ေဆာင္ရပ္ေတြကလြဲၿ႔ပီး ရန္ကုန္တိုင္းျပင္ပကို ဒီကေန႔ ကေနစတင္ကာ ေအာက္တိုဘာ ၁ ရက္ေန႔အထိ ခရီးသြားေရာက္ျခင္းမျပဳဖို႔ တားျမစ္သတိေပးထားတယ္လို႔ ရန္ကုန္တိုင္းအစိုးရအဖဲြ႔က ထုတ္ျပန္ထားတာျဖစ္ပါတယ္။

လက္ရွိျဖစ္ပြားေနတဲ့ Covid _19 ေရာဂါဟာ ျပည္တြင္းကူးစက္မွု ျမွင့္တက္လာတဲ့အတြက္ ကာကြယ္ထိန္းခ်ဳပ္တဲ့အ‌ေနနဲ႔ မႏၲေလးတိုင္းကို အဝင္/အထြက္ရွိေနတဲ့ ခရီးသည္တင္ယာဥ္လိုင္းအားလုံးကိုလည္း ယာယီရပ္ဆိုင္းထားလိုက္ဖို့ စက္တင္ဘာ ၁၀ ရက္ေန ့ညေနက ျပဳလုပ္တဲ့ ကိုဗစ္ ၁၉ ထိန္းခ်ဳပ္ေရးနဲ႔ အေရးေပၚတုန႔္ျပန္‌ ေရးေကာ္မတီလုပ္ငန္း ညႇိႏွိုင္းအစည္းအေဝးမွာဆုံးျဖတ္ခဲ့ပါတယ္လို ့ မနၱေလးတိုင္းဝန္ၾကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္က သူရဲ႔လူမႈကြန္ယက္စာမ်က္ႏွာမွာ ေဖာ္ျပထားတာျဖစ္ပါတယ္။

” ကြ်န္ေတာ္တို ့ဒီေန႔ကစျပီး ခရီးစဥ္ေတြအားလံုးကို ယာယီရပ္ဆိုင္းထားတာ ျဖစ္ပါတယ္၊ ဘယ္ေလာက္ၾကာအံုးမယ္ဆိုတာကေတာ့ ရက္အတိအက်မသိရေသးပါဘူး။ လက္မွတ္ေရာင္းထားတာေတြကိုလည္း ျပန္လည္ အမ္းေပးခဲ့ပါတယ္” လို ့JJ-expressယာဥ္လိုင္း မွ တာဝန္႐ွိသူ ဦးျမင့္ဦးကေျပာပါတယ္။

ဒါ့အျပင္ အေဝးေျပးကားေတြ ယာယီရပ္ဆိုင္းထားတာ႐ွိေနသလို အေဝးေျပးအျမန္ရထားေတြလည္း ယာယီရပ္ဆိုင္းမွာ ျဖစ္တယ္လို ့ ျမန္မာ့မီးရထား ေနျပည္ေတာ္ရံုးခ်ဳပ္မွ တာဝန္႐ွိသူတစ္ဦးက VOM ကိုေျပာပါတယ္။

” ရထားေတြ ယာယီရပ္ဆိုင္းဖို ့႐ွိပါတယ္ ။ ဒီေန႔လား မနက္ျဖန္လားဆိုတာ အေပၚက ညႊန္ၾကားခ်က္မက်ေသးလို႔ပါ။ ရထားအစီးေရ ဘယ္ေလာက္ရပ္ဆိုင္းမယ္ဆိုတာကေတာ့ မနက္ျဖန္ထြက္မယ္ထင္တယ္ ” လို ျမန္မာ့မီးရထား ေနျပည္ေတာ္ရံုးခ်ဳပ္မွ တာဝန္႐ွိသူတစ္ဦးကေျပာပါတယ္။

ရန္ကုန္တိုင္းမွာေျပးဆဲြေပးေနတဲ့ ျမိဳ့ပတ္ရထားေတြကိုေတာ့ ေလ်ာ့ျပီးေျပးဆဲြဖို႔အတြက္ လက္ရွိစာတင္ထားပါတယ္လို့ ျမန္မာ့မီးရထား ရန္ကုန္တိုင္း(၇) မန္ေနဂ်ာ ဦးေဇာ္လြင္ကေျပာပါတယ္။

ျမန္မာနိုင္ငံ အေဝးေျပးကုန္စည္ပို့ေဆာင္ေရးဝန္ေဆာင္မူလုပ္ငန္း႐ွင္မ်ားအသင္း ဥကၠ႒ ဦးၾကည္သိန္းေျပာျပတာကလည္း ” ေလေလာဆယ္ ကားေတြသြားရလား၊ မရလား မသိေသးဘူးျဖစ္ေနတယ္ ။ ကားေတြမွာက ကုန္ေတြနဲ႔ဆိုေတာ့ သြားမွရမွာျဖစ္ေနတယ္၊ အဲ့ဒီအခက္အခဲေလးေတာ့ နည္းနည္းရွိေနတယ္ ။ ေလာေလာဆယ္ေတာ့ ညွိနိွုင္းေနဆဲ့ပါ” လို ့ေျပာပါတယ္။

ကုန္စည္စီးဆင္းမွုမရပ္တန႔္ဖို့အတြက္လည္း ထည့္သြင္းစဥ္းစားရတာမို့ ကုန္တင္ယာဥ္ေတြကိုေတာ့ ခြင္ျပဳဦးမွာျဖစ္ေပမယ့္ အဲ့ဒီယာဥ္ေတြရဲ့ ယာဥ္ေမာင္း၊ေနာက္လိုက္နဲ႔ ပါလာသူေတြကို မႏၲေလးကို တိုက္ရိုက္ဝင္ခြင့္ျပဳမွာေတာ့မဟုတ္ဘဲ ရမည္းသင္းၿမိဳ့အထိသာ ဝင္ခြင့္ျပဳဖို့ဆုံးျဖတ္ၿပီး အဲ့ဒီကေန လူအေျပာင္းအလဲလုပ္၊ ကား အေျပာင္းအလဲလုပ္ၿပီးမွ ကုန္ေတြကို တိုင္း‌ေဒသႀကီးအတြင္း တစ္ဆင့္သယ္ယူခြင့္ျပဳမွာျဖစ္တဲ့အျပင္ အမ်ိဳးသားက်န္းမာေရးဆိုင္ရာကိစၥျဖစ္တာေၾကာင့္ ျပည္သူေတြနားလည္ေပးၾကမယ္ထင္ပါတယ္လို႔လည္း မႏၲေလးတိုင္းဝန္ၾကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္က လူမႈကြန္ယက္စာမ်က္ႏွာမွာ ေရးသားေဖာ္ျပထားတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္ #

Related posts

Leave a Comment

VOM News

FREE
VIEW