ရန်ကုန်တိုင်းရှိ က.ည.န ရုံးဝန်ဆောင်မှုတွေ ဒီကနေ့ စတင်ရပ်နား

ရန်ကုန်တိုင်းရှိ က.ည.န ရုံးဝန်ဆောင်မှုတွေ ဒီကနေ့ စတင်ရပ်နား

ရန်ကုန်၊ စက်တင်ဘာ ၁၁-၂၀၂၀
သိင်္ဂီ (VOM)

လူတွေနဲ့ ထိတွေ့လုပ်ကိုင်မှုကို ရှောင်ဖို့အတွက် ရန်ကုန်တိုင်းထဲက ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးအားလုံးရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ဒီကနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ကစပြီး ရပ်ဆိုင်းလိုက်ပြီဖြစ်တယ်လို့ ရန်ကုန်တိုင်း က.ည.န တိုင်းဥိးစီးမှူး ဦးသိန်းထွဋ်ကပြောပါတယ်။

အခုလို ရပ်ဆိုင်းထားတဲ့ကာလမှာ မှတ်ပုံတင်ယာဉ်တွေအတွက် ရက်လွန်ဒဏ်ကြေး ၊ သက်တမ်းတိုးမော်တော်ယာဉ်၊ ယာဉ်မောင်းလိုင်စင် သက်တမ်းလွန်ဒဏ်ကြေးအပါအဝင် လုပ်ငန်းဆိုင်ရာတွေကို ဖြေလျှော့ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ရန်ကုန်တိုင်းမှာရှိတဲ့ ကညနရုံးတွေ ဒီနေ့စပိတ်တယ် ၊ ရန်ကုန်က အများဆုံးပဲ။ အရင်ကအွန်လိုင်းလုပ်တယ်ဆိုတာ ဖြေဖို့တို့ သက်တမ်းတိုးဖို့တို့ကို လူမများအောင်လို့ သူ့ရက်နဲ့သူ့နာရီနဲ့သူလုပ်ပေးတာပါ၊ အွန်လိုင်းကနေတော့ သက်တမ်းတိုးလို့မရသေးပါဘူး။ ရုံးထဲကို အပြင်လူဘယ်သူမှလာလို့မရဘူး။ဖြေလျှော့မှုအဖြစ် ပြည်သူတွေမနစ်နာဖို့ ရက်လွန်ဒဏ်ကြေးတွေ သက်တမ်းလွန်တဲ့ကိစ္စတွေအတွက် ဒဏ်ကြေးတွေကိုလည်း တည်ဆဲလုပ်ထုံးလုပ်နည်းတွေနဲ့အညီ သုံးသပ်စိစစ်ပြီးဖြေလျှော့ပေးမှာဖြစ်ပါတယ်။မြန်မာနိုင်ငံယာဉ်ထိန်းတပ်ဖွဲ့၊ အမြန်လမ်းရဲတပ်ဖွဲ့ကိုလည်း သက်တမ်းကုန်ဆုံးနေတဲ့ ယာဉ်တွေနဲ့ပတ်သက်လို့ ထောက်ထားဆောင်ရွက်ပေးဖို့ အကြောင်းကြားပြီးဖြစ်ပါတယ်”လို့ ဦးသိန်းထွဋ်ကပြောပါတယ်။

လက်ရှိမှာတော့ က.ည.န ရုံးတွေမှာ ဝန်ထမ်းအင်အားကို တစ်ဝက်တက်၊ တစ်ဝက်နား စနစ်နဲ့ ဆောင်ရွက်နေပြီး လုပ်ငန်းဆောင်ရွက်မှုအနေနဲ့ စာတိုက်ကနေလာတဲ့ လုပ်ငန်းတွေကိုသာ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါအခြေအနေ တည်ငြိမ်မှသာ ပုံမှန်ဝန်ဆောင်မှုလုပ်ငန်းတွေကို ပြန်လည်လက်ခံပြီး ဆောင်ရွက်ပေးမှာဖြစ်တယ်လို့် ညွှန်ကြားစာမှာဖော်ပြထားတာဖြစ်ပါတယ်။

တနိုင်ငံလုံးရှိ က.ည.န ရုံးတွေကို လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့ကစပြီး ရပ်နားမှာဖြစ်ကြောင်းနဲ့ ခုလို ရပ်နားမှုဟာလည်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်အရ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးနဲ့ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက်လုပ်ဆောင်တာဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ကညနရပ်နား

Zawgyi

ရန္ကုန္တိုင္းရွိ က.ည.န ႐ုံးဝန္ေဆာင္မႈေတြ ဒီကေန႔ စတင္ရပ္နား

ရန္ကုန္၊ စက္တင္ဘာ ၁၁-၂၀၂၀
သိဂႌ (VOM)

လူ​ေတြနဲ႔ ထိ​ေတြ႕လုပ္ကိုင္မႈကို ​ေ႐ွာင္ဖို႔အတြက္ ရန္ကုန္တိုင္းထဲက ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန႐ုံးအားလုံးရဲ႕ ဝန္ေဆာင္မႈလုပ္ငန္း​ေတြကို ဒီက​ေန႔ စက္တင္ဘာလ ၁၁ ရက္ေန႔ကစၿပီး ရပ္ဆိုင္းလိုက္ၿပီျဖစ္တယ္လို႔ ရန္ကုန္တိုင္း က.ည.န တိုင္းဥိးစီးမွဴး ဦးသိန္းထြဋ္ကေျပာပါတယ္။

အခုလို ရပ္ဆိုင္းထားတဲ့ကာလမွာ မွတ္ပုံတင္ယာဥ္​ေတြအတြက္ ရက္လြန္ဒဏ္ေၾကး ၊ သက္တမ္းတိုးေမာ္ေတာ္ယာဥ္၊ ယာဥ္ေမာင္းလိုင္စင္ သက္တမ္းလြန္ဒဏ္ေၾကးအပါအဝင္ လုပ္ငန္းဆိုင္ရာ​ေတြကို ​ေျဖေလွ်ာ့​ေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

“ရန္ကုန္တိုင္းမွာ႐ွိတဲ့ ကညန႐ုံးေတြ ဒီေန႔စပိတ္တယ္ ၊ ရန္ကုန္က အမ်ားဆုံးပဲ။ အရင္ကအြန္လိုင္းလုပ္တယ္ဆိုတာ ေျဖဖို႔တို႔ သက္တမ္းတိုးဖို႔တို႔ကို လူမမ်ားေအာင္လို႔ သူ႔ရက္နဲ႔သူ႔နာရီနဲ႔သူလုပ္​ေပးတာပါ၊ အြန္လိုင္းကေနေတာ့ သက္တမ္းတိုးလို႔မရေသးပါဘူး။ ရုံးထဲကို အျပင္လူဘယ္သူမွလာလို႔မရဘူး။ေျဖေလ်ွာ့မႈအျဖစ္ ျပည္သူေတြမနစ္နာဖို႔ ရက္လြန္ဒဏ္​ေျကးေတြ သက္တမ္းလြန္တဲ့ကိစၥေတြအတြက္ ဒဏ္ေၾကးေတြကိုလည္း တည္ဆဲလုပ္ထုံးလုပ္နည္းေတြနဲ႔အညီ သုံးသပ္စိစစ္ၿပီးေျဖေလ်ွာ့ေပးမွာျဖစ္ပါတယ္။ျမန္မာႏိုင္ငံယာဥ္ထိန္းတပ္ဖြဲ႔၊ အျမန္လမ္းရဲတပ္ဖြဲ႔ကိုလည္း သက္တမ္းကုန္ဆုံးေနတဲ့ ယာဥ္​ေတြနဲ႔ပတ္သက္လို႔ ေထာက္ထားေဆာင္ရြက္ေပးဖို႔ အေၾကာင္းၾကားၿပီးျဖစ္ပါတယ္”လို႔ ဦးသိန္းထြဋ္ကေျပာပါတယ္။

လက္႐ွိမွာ​ေတာ့ က.ည.န ႐ုံး​ေတြမွာ ဝန္ထမ္းအင္အားကို တစ္ဝက္တက္၊ တစ္ဝက္နား စနစ္နဲ႔ ​ေဆာင္ရြက္​ေနၿပီး လုပ္ငန္းေဆာင္ရြက္မႈအေနနဲ႔ စာတိုက္ကေနလာတဲ့ လုပ္ငန္း​ေတြကိုသာ လုပ္ေဆာင္​ေနတယ္လို႔ သိရပါတယ္။

ကိုဗစ္ကပ္ေရာဂါအေျခအေန တည္ၿငိမ္မွသာ ပုံမွန္ဝန္ေဆာင္မႈလုပ္ငန္း​ေတြကို ျပန္လည္လက္ခံၿပီး ေဆာင္႐ြက္ေပးမွာျဖစ္တယ္လို္႔ ၫႊန္ၾကားစာမွာေဖာ္ျပထားတာျဖစ္ပါတယ္။

တႏိုင္ငံလုံးရွိ က.ည.န ႐ုံးေတြကို လာမယ့္ စက္တင္ဘာလ ၁၄ ရက္ေန႔ကစၿပီး ရပ္နားမွာျဖစ္ေၾကာင္းနဲ႔ ခုလို ရပ္နားမႈဟာလည္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနရဲ႕ ခြင့္ျပဳခ်က္အရ COVID-19 ေရာဂါ ႀကိဳတင္ကာကြယ္ေရးနဲ႔ ကူးစက္ပ်ံ့ႏွံ႕မႈမရွိေစေရးအတြက္လုပ္​ေဆာင္တာျဖစ္တယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္ #ကညနရပ္နား

Related posts

Leave a Comment

VOM News

FREE
VIEW