တင်းမာနေတဲ့ နှစ်နိုင်ငံနယ်စပ်ကတပ်ဖွဲ့ဝင်တွေ အမြန်ဆုတ်ခွာဖို့ အိန္ဒိယ-တရုတ် သဘောတူ

တင်းမာနေတဲ့ နှစ်နိုင်ငံနယ်စပ်ကတပ်ဖွဲ့ဝင်တွေ အမြန်ဆုတ်ခွာဖို့ အိန္ဒိယ-တရုတ် သဘောတူ

မော်စကို၊ စက်တင်ဘာ-၁၁-၂၀၂၀
မျိုးဆက် (VOM)

တရုတ်နဲ့အိန္ဒိယနိုင်ငံတို့ဟာ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ အဆင့်မြင့် သံတမန်အဆင့် အစည်းအဝေးပြုလုပ်ပြီးနောက် ဟိမဝန္တာနယ်စပ်မှာဖြစ်ပွားနေတဲ့ တင်းမာမှုတွေကိုလျှော့ချရေး၊ နှစ်ဘက်အကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ထူထောင်ဖို့ သဘောတူလိုက်ကြပါတယ်။

တရုတ်နိုင်ငံခြားရေးဝမ်ယီနဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိန်ရှန်ကာတို့ဟာ မော်စကိုမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး လက်ရှိနယ်စပ်အခြေအနေဟာ နှစ်ဘက်စလုံးအတွက် အကျိုးမဖြစ်ထွန်းကြောင်း၊ နှစ်ဘက်စလုံးက တပ်ဖွဲ့ဝင်တွေကို လျှင်မြန်စွာရုပ်သိမ်းရေးနဲ့ တင်းမာမှုတွေလျှော့ချရေးအပါအဝင် အချက်ငါးချက်ပါဝင်တဲ့ သဘောတူညီမှုကို ရရှိခဲ့တယ်လို့ နှစ်နိုင်ငံပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဟိမဝန္တာအနောက်ပိုင်း နယ်စပ်ဒေသမှာ အခုသီတင်းပတ်အစောပိုင်းက တရုတ်နဲ့ အိန္ဒိယ တပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီးနောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အစည်းအဝေးပြင်ပမှာ နှစ်နိုင်ငံတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပြီး အခုလိုသဘောတူညီချက်ရရှိခဲ့တာဖြစ်ပါတယ်။

အကဲဆတ်တဲ့ နယ်စပ်ဒေသမှာ သေနတ်တွေအသုံးမပြုဖို့ အရင်အချိန်တွေကတည်းကထားရှိလာတဲ့ သဘောတူညီချက်တစ်ရပ်ကို ပဋိပက္ခဖြစ်စဉ်အတွင်း ချိုးဖောက်ကာ လေထဲကို သေနတ်ပစ်ဖောက်ခဲ့တယ်လို့ အိန္ဒိယနဲ့တရုတ်နိုင်ငံတို့က အပြန်အလှန်စွပ်စွဲထားကြပါတယ်။

နှစ်ဘက်အကြားထားရှိတဲ့ ကတိကဝတ်တွေကို ချိုးဖောက်ပြီး သေနတ်ပစ်ခတ်ခြင်းနဲ့ အခြား အန္တရာယ်ရှိတဲ့ လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ အရေးကြီးကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးကို ပြောကြားခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၁၁ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref: Reuters
Photo:Getty Images
#voiceofmyanmar #VOM #မော်စကို

Zawgyi

တင္းမာေနတဲ႔ နွစ္နိုင္ငံနယ္စပ္ကတပ္ဖြဲ႔၀င္ေတြ အျမန္ဆုတ္ခြာဖို႔ အိႏိၵယ-တရုတ္ သေဘာတူ

ေမာ္စကို၊ စက္တင္ဘာ-၁၁-၂၀၂၀
မ်ိဳးဆက္ (VOM)

တရုတ္နဲ႔အိႏိၵယနုိ္င္ငံတို႔ဟာ ရုရွားနိုင္ငံ၊ ေမာ္စကိုျမိဳ႕မွာ အဆင္႔ျမင္႔ သံတမန္အဆင္႔ အစည္းအေ၀းျပဳလုပ္ျပီးေနာက္ ဟိမ၀ႏၱာနယ္စပ္မွာျဖစ္ပြားေနတဲ႔ တင္းမာမႈေတြကိုေလွ်ာ႔ခ်ေရး၊ နွစ္ဘက္အၾကား ျငိမ္းခ်မ္းေရးနဲ႔ တည္ျငိမ္ေအးခ်မ္းမႈကို ျပန္လည္ထူေထာင္ဖို႔ သေဘာတူလိုက္ၾကပါတယ္။

တရုတ္နိုင္ငံျခားေရး၀မ္ယီနဲ႔ အိႏိၵယနိုင္ငံျခားေရး၀န္ၾကီး အက္စ္ဂ်ိန္ရွန္ကာတို႔ဟာ ေမာ္စကိုမွာ ေတြ႔ဆံုေဆြးေႏြးခဲ႔ၾကျပီး လက္ရိွနယ္စပ္အေျခအေနဟာ နွစ္ဘက္စလံုးအတြက္ အက်ိဳးမျဖစ္ထြန္းေၾကာင္း၊ နွစ္ဘက္စလံုးက တပ္ဖြဲ႔၀င္ေတြကို လွ်င္ျမန္စြာရုပ္သိမ္းေရးနဲ႔ တင္းမာမႈေတြေလွ်ာ႔ခ်ေရးအပါအ၀င္ အခ်က္ငါးခ်က္ပါ၀င္တဲ႔ သေဘာတူညီမႈကို ရရိွခဲ႔တယ္လို႔ နွစ္နိုင္ငံပူးတြဲထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဟိမ၀ႏၱာအေနာက္ပိုင္း နယ္စပ္ေဒသမွာ အခုသီတင္းပတ္အေစာပိုင္းက တရုတ္နဲ႔ အိႏိၵယ တပ္ဖြဲ႔၀င္ေတြအၾကား ပဋိပကၡျဖစ္စဥ္တစ္ခုျဖစ္ပြားခဲ႔ျပီးေနာက္ ရွန္ဟိုင္းပူးေပါင္းေဆာင္ရြက္မႈအဖြဲ႔ အစည္းအေ၀းျပင္ပမွာ နွစ္နုိင္ငံတာ၀န္ရိွသူေတြ ေတြ႔ဆံုေဆြးေႏြးျပီး အခုလိုသေဘာတူညီခ်က္ရရိွခဲ႔တာျဖစ္ပါတယ္။

အကဲဆတ္တဲ႔ နယ္စပ္ေဒသမွာ ေသနတ္ေတြအသံုးမျပဳဖို႔ အရင္အခ်ိန္ေတြကတည္းကထားရိွလာတဲ႔ သေဘာတူညီခ်က္တစ္ရပ္ကို ပဋိပကၡျဖစ္စဥ္အတြင္း ခ်ိဳးေဖာက္ကာ ေလထဲကို ေသနတ္ပစ္ေဖာက္ခဲ႔တယ္လို႔ အိႏိၵယနဲ ႔တရုတ္နိုင္ငံတို႔က အျပန္အလွန္စြပ္စြဲထားၾကပါတယ္။

နွစ္ဘက္အၾကားထားရွိတဲ႔ ကတိက၀တ္ေတြကို ခ်ိဳးေဖာက္ျပီး ေသနတ္ပစ္ခတ္ျခင္းနဲ႔ အျခား အႏၱရာယ္ရွိတဲ့ လုပ္ရပ္ေတြကို ခ်က္ခ်င္းရပ္တန္႔ဖို႔ အေရးၾကီးေၾကာင္း တရုတ္နိုင္ငံျခားေရး၀န္ၾကီး ၀မ္ယီက အိႏိၵယနိုင္ငံျခားေရး၀န္ၾကီးကို ေျပာၾကားခဲ႔တယ္လို႔ တရုတ္နုိင္ငံျခားေရး၀န္ၾကီးဌာနရဲ႕ စက္တင္ဘာ ၁၁ ရက္ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

Ref: Reuters
Photo:Getty Images
#voiceofmyanmar #VOM #ေမာ္စကို

Related posts

Leave a Comment

VOM News

FREE
VIEW