ကွာရန်တင်းဝင်တဲ့ အလုပ်သမားတွေကို ဆေးခွင့်အဖြစ်သတ်မှတ်ပြီး လူမှုဖူလုံရေး အာမခံကြေး ထောက်ပံ့မယ်

ကွာရန်တင်းဝင်တဲ့ အလုပ်သမားတွေကို ဆေးခွင့်အဖြစ်သတ်မှတ်ပြီး လူမှုဖူလုံရေး အာမခံကြေး ထောက်ပံ့မယ်

ရန်ကုန်၊ စက်တင်ဘာ ၁၁-၂၀၂၀
သိင်္ဂီ (VOM)

ကိုဗစ်ကာလမှာ အသွားအလာကန့်သတ်ခံရပြီး ကွာရန်တင်းဝင်နေရတဲ့အလုပ်သမားတွေကို လူမှုဖူလုံရေး အာမခံကြေးထောက်ပံ့မှာဖြစ်တဲ့အတွက် အလုပ်သမားတွေအနေနဲ့ ပြန်ည်တောင်းခံနိုင်တယ်လို့ လူမှုဖူလုံရေးအဖွဲ့ကနေ သိရပါတယ်။

လူမှုဖူလုံရေးကြေးထည့်ဝင်ထားတဲ့ အာမခံအလုပ်သမားတွေကို အာမခံငွေကြေးပြန်လည်စီစစ်ထုတ်ပေးမှာဖြစ်တဲ့အတွက် အာမခံထည့်ဝင်ကြေးကို မှတ်ပုံတင်ကာလ (၆)လနဲ့ ထည့်ဝင်ကြေးကာလ (၄)လရှိဖို့ လိုအပ်သလို ညွှန်ကြားချက်အရ ကွာရန်တင်းဝင်ရကြောင်း ထောက်ခံစာပြသဖို့လည်း လိုအပ်တယ်လို့ သိရပါတယ်။

သက်မှတ်ချက်တွေနဲ့ပြည့်စုံတဲ့ အလုပ်သမားတွေကိုတော့ လစာရဲ့ ပျမ်းမျှ ၆၀ ရာခိုင်နူန်းကို ကျန်းမာရေးအထောက်အပံ့အဖြစ် ပေးအပ်မှာဖြစ်ပါတယ်။

” အလုပ်သမားတွေ နောက်ဆုံးထည့်ဝင်ကြေးပေးသွင်းထားတဲ့ လုပ်ခလစာအပေါ်မူတည်ပြီးတော့ ၆၀ ရာခိုင်နှုန်းကို ထုတ်ပေးနေတာဖြစ်ပါတယ်။ သူတို့ ကွာရန်တင်းဝင်နေချိန်ကို ဆေးခွင့်အဖြစ်သတ်မှတ်ပြီး ခုလိုဆောင်ရွက်ပေးတာဖြစ်ပါတယ်။ “လို့ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနုကပြောပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက စက်တင်ဘာလ ၄ ရက်နေ့အထိ ကွာရန်တင်းဝင်ရတဲ့ အလုပ်သမားပေါင်း ၅၀၀ နီးပါးရှိနေပြီး အဲ့ဒီအလုပ်သမားတွေကိုလည်း လူမှုဖူလုံးရေး ထောက်ပံ့ကြေး ၄၅သန်းကျော် ပေးအပ်ထားတယ်လို့ ဒေါ်သန်းသန်းနုကပြောပါတယ်။

ကွာရန်တင်းဝင်နေတဲ့ အလုပ်သမားတွေအနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းကနေထုတ်ပေးတဲ့ ကွာရန်တင်း ရက်ပြည့်ပြီးကြောင်း ထောက်ခံချက် ၊ လူမှုဖူလုံရေးဆေးခန်းကနေ ထုတ်ပေးတဲ့ ဆေးသက်သေခံလက်မှတ်နဲ့အတူ သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေးရုံးကို ဆက်သွယ်ပြီး ငွေကြေးအကျိုးခံစားခွင့်တွေ ထုတ်ယူနိုင်မှာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ကွာရန်တင်းအလုပ်သမား #ထောက်ပံ့

Zawgyi

ကြာရန္တင္းဝင္တဲ့ အလုပ္သမားေတြကို ေဆးခြင့္အျဖစ္သတ္မွတ္ၿပီး လူမႈဖူလုံေရး အာမခံေၾကး ေထာက္ပံ့မယ္

ရန္ကုန္၊ စက္တင္ဘာ ၁၁-၂၀၂၀
သိဂႌ (VOM)

ကိုဗစ္ကာလမွာ အသြားအလာကန္႔သတ္ခံရၿပီး ကြာရန္တင္းဝင္ေနရတဲ့အလုပ္သမားေတြကို လူမႈဖူလုံေရး အာမခံေၾကးေထာက္ပံ့မွာျဖစ္တဲ့အတြက္ အလုပ္သမား​ေတြအေနနဲ႔ ​ျပန္ည္ေတာင္းခံနိုင္တယ္လို႔ လူမွုဖူလုံေရးအဖြဲ႕ကေန သိရပါတယ္။

လူမႈဖူလုံေရးေၾကးထည့္ဝင္ထားတဲ့ အာမခံအလုပ္သမားေတြကို အာမခံေငြေၾကးျပန္လည္စီစစ္ထုတ္ေပးမွာျဖစ္တဲ့အတြက္ အာမခံထည့္ဝင္ေၾကးကို မွတ္ပုံတင္ကာလ (၆)လနဲ႔ ထည့္ဝင္ေၾကးကာလ (၄)လရွိဖို႔ လိုအပ္သလို ၫႊန္ၾကားခ်က္အရ ကြာရန္တင္းဝင္ရေၾကာင္း ေထာက္ခံစာျပသဖို႔လည္း လိုအပ္တယ္လို႔ သိရပါတယ္။

သက္မွတ္ခ်က္ေတြနဲ႔ျပည့္စုံတဲ့ အလုပ္သမားေတြကိုေတာ့ လစာရဲ႕ ပ်မ္းမ်ွ ၆၀ ရာခိုင္ႏူန္းကို က်န္းမာေရးအေထာက္အပံ့အျဖစ္ ေပးအပ္မွာျဖစ္ပါတယ္။

” အလုပ္သမားေတြ ​ေနာက္ဆုံးထည့္ဝင္ေၾကးေပးသြြင္းထားတဲ့ လုပ္ခလစာအေပၚမူတည္ၿပီးေတာ့ ၆၀ ရာခိုင္ႏွုန္းကို ထုတ္ေပးေနတာျဖစ္ပါတယ္။ သူတို႔ ကြာရန္တင္းဝင္ေနခ်ိန္ကို ေဆးခြင့္အျဖစ္သတ္မွတ္ၿပီး ခုလိုေဆာင္ရြက္ေပးတာျဖစ္ပါတယ္။ “လို႔ လူမွုဖူလုံေရးအဖြဲ႕ ညႊန္ၾကားေရးမွူး ေဒၚသန္းသန္းႏုကေျပာပါတယ္။

အခုဆိုရင္ ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါစတင္ျဖစ္ပြားခ်ိန္ကတည္းက စက္တင္ဘာလ ၄ ရက္ေန႔အထိ ကြာရန္တင္းဝင္ရတဲ့ အလုပ္သမားေပါင္း ၅၀၀ နီးပါးရွိေနၿပီး အဲ့ဒီအလုပ္သမားေတြကိုလည္း လူမႈဖူလုံးေရး ေထာက္ပံ့ေၾကး ၄၅သန္းေက်ာ္ ေပးအပ္ထားတယ္လို႔ ေဒၚသန္းသန္းႏုကေျပာပါတယ္။

ကြာရန္တင္းဝင္ေနတဲ့ အလုပ္သမားေတြအေနနဲ႔ သက္ဆိုင္ရာအဖြဲ့အစည္းကေနထုတ္ေပးတဲ့ ကြာရန္တင္း ရက္ျပည့္ၿပီးေၾကာင္း ေထာက္ခံခ်က္ ၊ လူမွုဖူလုံေရးေဆးခန္းကေန ထုတ္ေပးတဲ့ ေဆးသက္ေသခံလက္မွတ္နဲ႕အတူ သက္ဆိုင္ရာ ၿမိဳ့နယ္လူမွုဖူလုံေရး႐ုံးကို ဆက္သြယ္ၿပီး ေငြေၾကးအက်ိဳးခံစားခြင့္ေတြ ထုတ္ယူနိုင္​မွာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္ #ကြာရန္တင္းအလုပ္သမား #ေထာက္ပံ့

Related posts

Leave a Comment

VOM News

FREE
VIEW