ပါတီမိတ်ဆက် (ဝံသာနုဒီမိုကရက်တစ်ပါတီ)

ပါတီမိတ်ဆက် (ဝံသာနုဒီမိုကရက်တစ်ပါတီ)

မန္တလေး၊ စက်တင်ဘာ ၁၁-၂၀၂၀
ရှိုင်းအောင်(VOM)

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဝံသာနုဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးရဲမင်း ကို VOM သတင်းထောက် ကိုရှိုင်းအောင်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ
ဦးရဲမင်း- အောင်မြေသာဇံမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ယောက်၊ မဲဆန္ဒနယ်အမှတ်( ၂ ) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၁ ယောက် ၊ချမ်းအေးသာဇံမှာ မဲဆန္ဒနယ်အမှတ် (၁) ၊ အမှတ် ( ၂ ) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ယောက်၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၅ ယောက် ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

VOM – ပါတီရဲ့ ကတိကဝတ်က ဘာတွေဖြစ်မလဲ
ဦးရဲမင်း- ပြည်သူတွေအတွက်က ဒီနေ့ဒီအချိန်မှာ စားဝတ်နေရေး မပြေလည်ကြဘူးလေ၊ ပြည်သူတွေကို သက်သာချောင်ချိဖို့ရယ်၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးလေးတွေမပြည်စုံတာ ပုသိမ်ကြီးနယ်ဘက်မှာ ရှိပါတယ်၊ အဲဒါတွေကို စီစဉ်ပြီးလုပ်ပေးဖို့ အစီအစဉ်ရှိပါတယ်။ အလုပ်ကိုင်အခွင့်လမ်းတွေကို ဘယ်လိုဖန်တီးပေးမယ်ဆိုတဲ့အခွင့်လမ်းတွေရှိတယ်၊ လက်ရှိအနေနဲ့ ပါတီဌာနချုပ်မှာ အမျိုးသမီးတွေ ၁၅ ယောက်လာက် အလုပ်အကိုင်ပေးထားနိုင်ခဲ့တယ်။

VOM- အာဏာရပါတီနဲ့ ပါတီကြီးတွေကို ဘယ်လိုအင်အားတွေနဲ့ ယှဉ်ပြိုင်သွားမလဲ
ဦးရဲမင်း- သူတို့က သူဌေးပါတီတွေလေ တစ်အိမ်တက်ဆင်း သွားဖို့ကလည်းမလွယ်၊ ကားတွေငှာပြီး လျှောက်သွားဖို့ကလည်းမလွယ်၊ အခက်အခဲတွေ့တော့ ပါတီငယ်လေးတွေက ကိုယ်တစ်ယောက်ထဲတင်မဟုတ်ပါဘူး၊ သူတို့လိုလည်း မလုပ်နိုင်သေးပါဘူး၊ အားလုံးသိတဲ့အတိုင်းပဲ၊ ၈ ရက်နေ့မတိုင်ခင်ကတည်းက ရန်ကုန်- မန္တလေးစုပြီး အုန်းအုန်းအုန်း လုပ်နေတာ ရွေးကောက်ပွဲကော်မရှင်ဥပဒေကလည်း သူတို့အတွက်က သက်သက်၊ ကိုယ်တို့ပါတီလေးတွေအတွက်က သက်သက်၊ ဒီလိုပဲ တွေးတောင်တွေးမိပါတယ်၊ နိုင်တာတော့ NLD ပဲနိုင်မှာ၊ သို့သော် လွတ်လပ်ပြီး တရားမျှတပြီး သိက္ခာရှိရှိနိုင်စေချင်ပါတယ် ။နိုင့်ထက်စီးနင်းလုပ်တယ်လို့ ခံစားရပါတယ်။ Code of contacts တွေ သူတို့ကယူတယ်၊ ဒီနေ့လည်း အကိုတို့ လက်မှတ်မထိုးခဲ့ပါဘူး၊ သူများ ပါတီရုံးရှေ့ကိုလာပြီးတော့ ဆိုင်ကယ်တွေနဲ့ ပတ်တာတို့၊ အော်ဟစ်ပြီးထွက်သွားတာမျိုးတွေ ဒါတွေက မလုပ်ကောင်းဘူးလေ။ ကျင့်ဝတ်လေ ကျင့်ဝတ်ဆိုတော့ ဥပဒေမရှိတော့ ဘာပဲပြောပြော အကိုတို့က ဒီအတိုင်းထိုင်ကြည့်နေလိုက်တာ ခွင့်လွှတ်ပြီးသားပါ။

VOM- ကိုဗစ်နဲ့ ရွေးကောက်ပွဲကာလမှာ ပါတီရဲ့အခက်အခဲက ဘာတွေဖြစ်မလဲ ၊ စိန်ခေါ်မှုကရော ဘယ်လိုလဲ
ဦးရဲမင်း- ကိုဗစ်ရယ်၊ ဘဏ္ဍာရေးအခက်အခဲရယ် နောက်ပြည်သူလူထုက ရအောင်တော့စည်းရုံးမှာပါ၊ ကိုယ်နိုင်သလောက်ပေါ့ ဒီရွေးကောက်ပွဲမှာဘာပဲပြောပြော အနိုင်ရအောင်တော့ ကြိုးစားနေမှာပါ၊ ပြည်သူတွေနဲ့ ထိတွေ့တဲ့အခါ နိုင်သလောက်လေးတော့ ကြိုးစားပြီး ဆောင်ရွက်နေတယ်၊ နေရာကွက်ကြား ဆိုင်းဘုတ်ထောင်တယ်၊ ပါတီရဲ့ ဒုတိယဥက္ကဋ္ဌကလည်း ပရဟိတအဖွဲ့ထဲမှာရှိတော့ သူတို့လို အုံ့အော်သောင်းနင်း မလုပ်နိုင်ပါဘူး။ကိုဗစ်ကာလဖြစ်တဲ့အပြင် လက်ရှိရွေးကောက်ပွဲကို မရွေ့ဆိုင်းရင်တောင်၊ ပြည်သူက တော်တော်ဒုက္ခရောက်တယ်၊ အခုဆိုရင် ရန်ကုန်က ပါတီငယ်လေးတွေလည်း လှမ်းပြောတယ်၊ သူတို့တွေလည်း စည်းရုံးရေးဆင်းဖို့ ခက်ခဲနေတယ်တဲ့ လမ်းကြောင်းတွေပိတ်တော့။ နိုင်ငံရေးကို ယုံကြည်ချက်နဲ့သာလုပ်တာ ဒီပါတီကို ရည်ရှည်တည်တန့်အောင် ရပ်တည်ဖို့ဆိုတာ တော်တော်လေးရုန်းကန်ရပါတယ်။

VOM- ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုအရည်အချင်းသတ်မှတ်ပြီးရွေးချယ်လဲ
ဦးရဲမင်းဦး- အကုန်လုံးက ဘွဲ့ရတွေပါ၊ စဉ်ဆက်မပြတ်ပေါ့လေ၊ ၈၈ ကနေ ယနေ့အချိန်ထိ နိုင်ငံရေးကို စဉ်ဆက်မပြတ်လုပ်လာတဲ့ပုဂ္ဂိုလ်တွေ ၄ယောက်ပါပါတယ်၊ လူငယ်ထဲကတော့ တစ်ယောက်ပဲပါတာပေါ့၊ ပါတီထဲမှာပဲ ၂၀၁၅ ကတည်းက နိုင်ငံရေးလုပ်ခဲ့တဲ့သူတွေကို ရွေးချယ်ထားတာပါ။

VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရော ဘယ်နှနေရာ နိုင်ခဲ့ဖူးပါသလဲ
ဦးရဲမင်းဦး- အကိုတို့က ၂၀၁၀ မှာကတည်းက ဝင်ပြိုင်ခဲ့တာ ၂၀၁၅ မှာရောပဲ တစ်ခါမှတော့ မနိုင်ဖူးပါဘူး။

VOM- ပါတီရဲ့ ဆောင်ပုဒ်ကဘာလဲ
ဦးရဲမင်း – တိတိကျကျပြောရရင် အစဉ်အလာတစ်ခုအတွက် ဝံသာနု၊ မပြောင်းလဲသောပြောင်းလဲခြင်းအတွက် ဝံသာနု။

#voiceofmyanmar #VOM #ပါတီမိတ်ဆက် #ဝံသာနုဒီမိုကရက်တစ်ပါတီ

Zawgyi

ပါတီမိတ္ဆက္ (ဝံသာႏုဒီမိုကရက္တစ္ပါတီ)

မႏၲေလး၊ စက္တင္ဘာ ၁၁-၂၀၂၀
ရႈိင္းေအာင္(VOM)

လာမယ့္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲမွာ မႏၲေလးတိုင္း၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ပုသိမ္ႀကီးၿမိဳ႕နယ္ကေန ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ဝံသာႏုဒီမိုကရက္တစ္ပါတီရဲ႕ ဥကၠ႒ ဦးရဲမင္း ကို VOM သတင္းေထာက္ ကိုရႈိင္းေအာင္က ဆက္သြယ္ေမးျမန္းထားတာျဖစ္ပါတယ္။

VOM – ပါတီအေနနဲ႔ ဝင္ၿပိဳင္မယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ ဘယ္ေလာက္အေရအတြက္ ေ႐ြးေကာက္ပြဲေကာ္မရွင္ကိုတင္ထားလဲ
ဦးရဲမင္း- ေအာင္ေျမသာဇံမွာ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၂ ေယာက္၊ မဲဆႏၵနယ္အမွတ္( ၂ ) တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၁ ေယာက္ ၊ခ်မ္းေအးသာဇံမွာ မဲဆႏၵနယ္အမွတ္ (၁) ၊ အမွတ္ ( ၂ ) တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၂ ေယာက္၊ စုစုေပါင္း လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၅ ေယာက္ ဝင္ေရာက္ယွဥ္ၿပိဳင္သြားမွာ ျဖစ္ပါတယ္။

VOM – ပါတီရဲ႕ ကတိကဝတ္က ဘာေတြျဖစ္မလဲ
ဦးရဲမင္း- ျပည္သူေတြအတြက္က ဒီေန႔ဒီအခ်ိန္မွာ စားဝတ္ေနေရး မေျပလည္ၾကဘူးေလ၊ ျပည္သူေတြကို သက္သာေခ်ာင္ခ်ိဖို႔ရယ္၊ က်န္းမာေရး၊ စီးပြားေရး၊ လူမႈေရး၊ ပညာေရးေလးေတြမျပည္စုံတာ ပုသိမ္ႀကီးနယ္ဘက္မွာ ရွိပါတယ္၊ အဲဒါေတြကို စီစဥ္ၿပီးလုပ္ေပးဖို႔ အစီအစဥ္ရွိပါတယ္။ အလုပ္ကိုင္အခြင့္လမ္းေတြကို ဘယ္လိုဖန္တီးေပးမယ္ဆိုတဲ့အခြင့္လမ္းေတြရွိတယ္၊ လက္ရွိအေနနဲ႔ ပါတီဌာနခ်ဳပ္မွာ အမ်ိဳးသမီးေတြ ၁၅ ေယာက္လာက္ အလုပ္အကိုင္ေပးထားႏိုင္ခဲ့တယ္။

VOM- အာဏာရပါတီနဲ႔ ပါတီႀကီးေတြကို ဘယ္လိုအင္အားေတြနဲ႔ ယွဥ္ၿပိဳင္သြားမလဲ
ဦးရဲမင္း- သူတို႔က သူေဌးပါတီေတြေလ တစ္အိမ္တက္ဆင္း သြားဖို႔ကလည္းမလြယ္၊ ကားေတြငွာၿပီး ေလွ်ာက္သြားဖို႔ကလည္းမလြယ္၊ အခက္အခဲေတြ႕ေတာ့ ပါတီငယ္ေလးေတြက ကိုယ္တစ္ေယာက္ထဲတင္မဟုတ္ပါဘူး၊ သူတို႔လိုလည္း မလုပ္ႏိုင္ေသးပါဘူး၊ အားလုံးသိတဲ့အတိုင္းပဲ၊ ၈ ရက္ေန႔မတိုင္ခင္ကတည္းက ရန္ကုန္- မႏၲေလးစုၿပီး အုန္းအုန္းအုန္း လုပ္ေနတာ ေ႐ြးေကာက္ပြဲေကာ္မရွင္ဥပေဒကလည္း သူတို႔အတြက္က သက္သက္၊ ကိုယ္တို႔ပါတီေလးေတြအတြက္က သက္သက္၊ ဒီလိုပဲ ေတြးေတာင္ေတြးမိပါတယ္၊ ႏိုင္တာေတာ့ NLD ပဲႏိုင္မွာ၊ သို႔ေသာ္ လြတ္လပ္ၿပီး တရားမွ်တၿပီး သိကၡာရွိရွိႏိုင္ေစခ်င္ပါတယ္ ။ႏိုင့္ထက္စီးနင္းလုပ္တယ္လို႔ ခံစားရပါတယ္။ Code of contacts ေတြ သူတို႔ကယူတယ္၊ ဒီေန႔လည္း အကိုတို႔ လက္မွတ္မထိုးခဲ့ပါဘူး၊ သူမ်ား ပါတီ႐ုံးေရွ႕ကိုလာၿပီးေတာ့ ဆိုင္ကယ္ေတြနဲ႔ ပတ္တာတို႔၊ ေအာ္ဟစ္ၿပီးထြက္သြားတာမ်ိဳးေတြ ဒါေတြက မလုပ္ေကာင္းဘူးေလ။ က်င့္ဝတ္ေလ က်င့္ဝတ္ဆိုေတာ့ ဥပေဒမရွိေတာ့ ဘာပဲေျပာေျပာ အကိုတို႔က ဒီအတိုင္းထိုင္ၾကည့္ေနလိုက္တာ ခြင့္လႊတ္ၿပီးသားပါ။

VOM- ကိုဗစ္နဲ႔ ေ႐ြးေကာက္ပြဲကာလမွာ ပါတီရဲ႕အခက္အခဲက ဘာေတြျဖစ္မလဲ ၊ စိန္ေခၚမႈကေရာ ဘယ္လိုလဲ
ဦးရဲမင္း- ကိုဗစ္ရယ္၊ ဘ႑ာေရးအခက္အခဲရယ္ ေနာက္ျပည္သူလူထုက ရေအာင္ေတာ့စည္း႐ုံးမွာပါ၊ ကိုယ္ႏိုင္သေလာက္ေပါ့ ဒီေ႐ြးေကာက္ပြဲမွာဘာပဲေျပာေျပာ အႏိုင္ရေအာင္ေတာ့ ႀကိဳးစားေနမွာပါ၊ ျပည္သူေတြနဲ႔ ထိေတြ႕တဲ့အခါ ႏိုင္သေလာက္ေလးေတာ့ ႀကိဳးစားၿပီး ေဆာင္႐ြက္ေနတယ္၊ ေနရာကြက္ၾကား ဆိုင္းဘုတ္ေထာင္တယ္၊ ပါတီရဲ႕ ဒုတိယဥကၠ႒ကလည္း ပရဟိတအဖြဲ႕ထဲမွာရွိေတာ့ သူတို႔လို အုံ႔ေအာ္ေသာင္းနင္း မလုပ္ႏိုင္ပါဘူး။ကိုဗစ္ကာလျဖစ္တဲ့အျပင္ လက္ရွိေ႐ြးေကာက္ပြဲကို မေ႐ြ႕ဆိုင္းရင္ေတာင္၊ ျပည္သူက ေတာ္ေတာ္ဒုကၡေရာက္တယ္၊ အခုဆိုရင္ ရန္ကုန္က ပါတီငယ္ေလးေတြလည္း လွမ္းေျပာတယ္၊ သူတို႔ေတြလည္း စည္း႐ုံးေရးဆင္းဖို႔ ခက္ခဲေနတယ္တဲ့ လမ္းေၾကာင္းေတြပိတ္ေတာ့။ ႏိုင္ငံေရးကို ယုံၾကည္ခ်က္နဲ႔သာလုပ္တာ ဒီပါတီကို ရည္ရွည္တည္တန႔္ေအာင္ ရပ္တည္ဖို႔ဆိုတာ ေတာ္ေတာ္ေလး႐ုန္းကန္ရပါတယ္။

VOM- ပါတီရဲ႕ ကိုယ္စားလွယ္ေလာင္းေတြကို ဘယ္လိုအရည္အခ်င္းသတ္မွတ္ၿပီးေ႐ြးခ်ယ္လဲ
ဦးရဲမင္းဦး- အကုန္လုံးက ဘြဲ႕ရေတြပါ၊ စဥ္ဆက္မျပတ္ေပါ့ေလ၊ ၈၈ ကေန ယေန႔အခ်ိန္ထိ ႏိုင္ငံေရးကို စဥ္ဆက္မျပတ္လုပ္လာတဲ့ပုဂၢိဳလ္ေတြ ၄ေယာက္ပါပါတယ္၊ လူငယ္ထဲကေတာ့ တစ္ေယာက္ပဲပါတာေပါ့၊ ပါတီထဲမွာပဲ ၂၀၁၅ ကတည္းက ႏိုင္ငံေရးလုပ္ခဲ့တဲ့သူေတြကို ေ႐ြးခ်ယ္ထားတာပါ။

VOM- ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲေတြမွာေရာ ဘယ္ႏွေနရာ ႏိုင္ခဲ့ဖူးပါသလဲ
ဦးရဲမင္းဦး- အကိုတို႔က ၂၀၁၀ မွာကတည္းက ဝင္ၿပိဳင္ခဲ့တာ ၂၀၁၅ မွာေရာပဲ တစ္ခါမွေတာ့ မႏိုင္ဖူးပါဘူး။

VOM- ပါတီရဲ႕ ေဆာင္ပုဒ္ကဘာလဲ
ဦးရဲမင္း – တိတိက်က်ေျပာရရင္ အစဥ္အလာတစ္ခုအတြက္ ဝံသာႏု၊ မေျပာင္းလဲေသာေျပာင္းလဲျခင္းအတြက္ ဝံသာႏု။

#voiceofmyanmar #VOM #ပါတီမိတ္ဆက္ #ဝံသာႏုဒီမိုကရက္တစ္ပါတီ

Related posts

Leave a Comment

VOM News

FREE
VIEW