မင်းပြားမြို့မှာ ရဲအရာရှိတစ်ဦး သေနတ်နဲ့ပစ်ခံရပြီး ရဲအရာရှိသေနတ်ကို လုယူထွက်ပြေးမှုဖြစ်ပွား

မင်းပြားမြို့မှာ ရဲအရာရှိတစ်ဦး သေနတ်နဲ့ပစ်ခံရပြီး ရဲအရာရှိသေနတ်ကို လုယူထွက်ပြေးမှုဖြစ်ပွား

မင်းပြား ၊ စက်တင်ဘာ ၁၁-၂၀၂၀
ကိုတိုးကြီး (VOM)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ မင်းပြားမြို့မရဲစခန်းမှာ နယ်ထိန်းတာဝန်ထမ်းဆောင်နေတဲ့ ရဲအုပ်တစ်ယောက်နဲ့ ရဲတပ်ကြပ်တစ်ယောက်တို့ဟာ မနေ့ စက်တင်ဘာ ၁၀ရက် ညပိုင်းက ညစာအတွက် ထမင်းဝယ်ဖို့သွားချိန် သေနတ်နဲ့ပစ်ခတ်ခံရပြီး ရဲအရာရှိရဲ့သေနတ်ကို လုယူထွက်ပြေးသွားတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

” နယ်ထိန်းခေါင်းဆောင် ရဲအုပ် ကောင်းမြတ်ထွန်း နဲ့ ရဲတပ်ကြပ် ဉာဏ်ဝေဖြိုးတို့ နှစ်ယောက်က စခန်းတောင်ဘက် ကိုက် ၁၀၀ အကွာက ဦးမောင်မောင်သန်းရဲ့ ထမင်းဆိုင်မှာ ထမင်းဝယ်သွားတာ၊ အဲ့ဒီမှာ ပစ္စတိုသေနတ်နဲ့ စပစ်တာ ဖြစ်တယ်၊ ရုတ်တရက် အနီးကပ် ပစ်ခတ်တာဖြစ်တဲ့အတွက် ဘေးပတ်ဝန်းကျင်က ပြည်သူတွေထိခိုက်နိုင်တာကြောင့် ရုတ်ချည်းတုန့်ပြန်ဖို့ဆိုတာ မလွယ်ဘူး၊ ရဲအုပ် ကောင်းမြတ်ထွန်းက သေနတ်ပါတယ်၊ ဒဿမ ၃၈ ဝက်ဗလီ ကျည်ခြောက်တောင့် နဲ့ ခြောက်လုံးပြူးဖြစ်တယ် ၊ အဲ့သေနတ်ကို လုယူပြီး ပစ်ခတ်ခံရတာဖြစ်တယ် ” လို့ မင်းပြားမြို့မရဲစခန်းက ရဲဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ရဲအုပ် ကောင်းမြတ်ထွန်းရဲ့ မျက်နှာ ယာဘက်ပါးကနေ ဘယ်ဘက်ပါးကို ပေါက်ထွက်ဒဏ်ရာ ၁ ချက် ၊ နှာခေါင်း ယာဘက်ကနေ ကျည်ဝင်ကာ ဝဲဘက်လည်ပင်းနေရာ ပေါက်ထွက်ဒဏ်ရာ ၁ ချက်ရရှိခဲ့တာဖြစ်ပါတယ်။

ရရှိခဲ့တဲ့ဒဏ်ရာတွေဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ မင်းပြားဆေးရုံ အရေးပေါ်လူနာဌာနက မှတ်ချက်ပြုထားတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီ ရဲအုပ်နဲ့အတူပါလာတဲ့ ရဲတပ်ကြပ်တစ်ဦးလည်း ပစ်ခတ်ခံခဲ့ရပြီး ယာဘက်နားထင်ဘေးကနေ ကျည်ဖြတ်သွားတဲ့အတွက် ကျည်ထိမှန်တာတော့ မရှိခဲ့ပါဘူး။

အဲ့ဒီရဲတပ်ကြပ်ဟာ ထမင်းဆိုင်ထဲက ထိုင်ခုံနဲ့ သေနတ်ပစ်ခတ်သူ နှစ်ယောက်ကို ပစ်ပေါက်ပြီး ခုခံကာကွယ်ချိန်မှာ သေနတ်ပစ်ခတ်သူတွေက ဆိုင်ကယ်စီးပြီး ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

” ရန်သူဆိုတာ တဖက်ရဲ့အလစ်အငိုက်ကို အမိအရယူပြီး နည်းမျိုးစုံနဲ့ တိုက်ခိုက်ကြတာဖြစ်တယ် ၊ အင်စားဂျင့် နယ်မြေဆိုတာ အချိန်ပြည့် သတိရှိနေရတယ်၊ ကိုယ်အခြေပြုတဲ့ စခန်းနဲ့ နီးတာပဲဆိုပြီး သတိလျော့လို့မရဘူး ၊ စစ်ရေးအမြင်နဲ့ အရာရာကို မြင်နေတတ်ရမယ်၊ နောက်ပြီး ထောက်ပံ့မှုပိုင်းမှာ စနစ်ကျနေဖို့လိုတယ် “လို့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လူမှုကူညီရေးကို လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံ ရဲပရဟိတအဖွဲ့ မုံရွာတာဝန်ခံ ကိုဇော်က ပြောပါတယ်။

ဒါ့အပြင် သြဂုတ်လတုန်းက ကျောက်တော်မြို့မရဲစခန်းမှူး ဒုရဲမှူး ထွန်းနိုင်ဦးကို ရဲစခန်းနဲ့ ကိုက် ၁၀၀ အနီးရှိ လက်ဖက်ရည်ဆိုင်အတွင်းထိုင်နေချိန် သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #မင်းပြား #ရဲတပ်ဖွဲ့ဝင် #သေနတ်ပစ်ခံရ

Zawgyi

မင္းျပားၿမိဳ႔မွာ ရဲအရာရွိတစ္ဦး ေသနတ္နဲ႔ပစ္ခံရၿပီး ရဲအရာရွိေသနတ္ကို လုယူထြက္ေျပးမႈျဖစ္ပြား

မင္းျပား ၊ စက္တင္ဘာ ၁၁-၂၀၂၀
ကိုတိုးႀကီး (VOM)

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕၊ မင္းျပားၿမိဳ႕မရဲစခန္းမွာ နယ္ထိန္းတာဝန္ထမ္းေဆာင္ေနတဲ့ ရဲအုပ္တစ္ေယာက္နဲ႔ ရဲတပ္ၾကပ္တစ္ေယာက္တို႔ဟာ မေန႔ စက္တင္ဘာ ၁၀ရက္ ညပိုင္းက ညစာအတြက္ ထမင္းဝယ္ဖို႔သြားခ်ိန္ ေသနတ္နဲ႔ပစ္ခတ္ခံရၿပီး ရဲအရာရွိရဲ႕ေသနတ္ကို လုယူထြက္ေျပးသြားတဲ့ျဖစ္စဥ္ ျဖစ္ပြားခဲ့တယ္လို႔ ရခိုင္ျပည္နယ္ရဲတပ္ဖြဲ႕မွဴး႐ုံးကေန သိရပါတယ္။

” နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ ေကာင္းျမတ္ထြန္း နဲ႔ ရဲတပ္ၾကပ္ ဉာဏ္ေဝၿဖိဳးတို႔ ႏွစ္ေယာက္က စခန္းေတာင္ဘက္ ကိုက္ ၁၀၀ အကြာက ဦးေမာင္ေမာင္သန္းရဲ႕ ထမင္းဆိုင္မွာ ထမင္းဝယ္သြားတာ၊ အဲ့ဒီမွာ ပစၥတိုေသနတ္နဲ႔ စပစ္တာ ျဖစ္တယ္၊ ႐ုတ္တရက္ အနီးကပ္ ပစ္ခတ္တာျဖစ္တဲ့အတြက္ ေဘးပတ္ဝန္းက်င္က ျပည္သူေတြထိခိုက္ႏိုင္တာေၾကာင့္ ႐ုတ္ခ်ည္းတုန႔္ျပန္ဖို႔ဆိုတာ မလြယ္ဘူး၊ ရဲအုပ္ ေကာင္းျမတ္ထြန္းက ေသနတ္ပါတယ္၊ ဒႆမ ၃၈ ဝက္ဗလီ က်ည္ေျခာက္ေတာင့္ နဲ႔ ေျခာက္လုံးျပဴးျဖစ္တယ္ ၊ အဲ့ေသနတ္ကို လုယူၿပီး ပစ္ခတ္ခံရတာျဖစ္တယ္ ” လို႔ မင္းျပားၿမိဳ႕မရဲစခန္းက ရဲဝန္ထမ္းတစ္ဦးက ေျပာပါတယ္။

အဲ့ဒီ ပစ္ခတ္မႈျဖစ္စဥ္ေၾကာင့္ ရဲအုပ္ ေကာင္းျမတ္ထြန္းရဲ႕ မ်က္ႏွာ ယာဘက္ပါးကေန ဘယ္ဘက္ပါးကို ေပါက္ထြက္ဒဏ္ရာ ၁ ခ်က္ ၊ ႏွာေခါင္း ယာဘက္ကေန က်ည္ဝင္ကာ ဝဲဘက္လည္ပင္းေနရာ ေပါက္ထြက္ဒဏ္ရာ ၁ ခ်က္ရရွိခဲ့တာျဖစ္ပါတယ္။

ရရွိခဲ့တဲ့ဒဏ္ရာေတြဟာ အသက္အႏၲရာယ္ စိုးရိမ္ရတဲ့ အေျခအေနမွာ ရွိတယ္လို႔ မင္းျပားေဆး႐ုံ အေရးေပၚလူနာဌာနက မွတ္ခ်က္ျပဳထားတာလည္းျဖစ္ပါတယ္။

ဒါ့အျပင္ အဲ့ဒီ ရဲအုပ္နဲ႔အတူပါလာတဲ့ ရဲတပ္ၾကပ္တစ္ဦးလည္း ပစ္ခတ္ခံခဲ့ရၿပီး ယာဘက္နားထင္ေဘးကေန က်ည္ျဖတ္သြားတဲ့အတြက္ က်ည္ထိမွန္တာေတာ့ မရွိခဲ့ပါဘူး။

အဲ့ဒီရဲတပ္ၾကပ္ဟာ ထမင္းဆိုင္ထဲက ထိုင္ခုံနဲ႔ ေသနတ္ပစ္ခတ္သူ ႏွစ္ေယာက္ကို ပစ္ေပါက္ၿပီး ခုခံကာကြယ္ခ်ိန္မွာ ေသနတ္ပစ္ခတ္သူေတြက ဆိုင္ကယ္စီးၿပီး ထြက္ေျပးသြားတယ္လို႔ သိရပါတယ္။

” ရန္သူဆိုတာ တဖက္ရဲ႕အလစ္အငိုက္ကို အမိအရယူၿပီး နည္းမ်ိဳးစုံနဲ႔ တိုက္ခိုက္ၾကတာျဖစ္တယ္ ၊ အင္စားဂ်င့္ နယ္ေျမဆိုတာ အခ်ိန္ျပည့္ သတိရွိေနရတယ္၊ ကိုယ္အေျချပဳတဲ့ စခန္းနဲ႔ နီးတာပဲဆိုၿပီး သတိေလ်ာ့လို႔မရဘူး ၊ စစ္ေရးအျမင္နဲ႔ အရာရာကို ျမင္ေနတတ္ရမယ္၊ ေနာက္ၿပီး ေထာက္ပ့ံမႈပိုင္းမွာ စနစ္က်ေနဖို႔လိုတယ္ “လို႔ ရဲတပ္ဖြဲ႕ဝင္ေတြရဲ႕ လူမႈကူညီေရးကို လုပ္ကိုင္ေနတဲ့ ျမန္မာႏိုင္ငံ ရဲပရဟိတအဖြဲ႕ မုံ႐ြာတာဝန္ခံ ကိုေဇာ္က ေျပာပါတယ္။

ဒါ့အျပင္ ၾသဂုတ္လတုန္းက ေက်ာက္ေတာ္ၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉး ထြန္းႏိုင္ဦးကို ရဲစခန္းနဲ႔ ကိုက္ ၁၀၀ အနီးရွိ လက္ဖက္ရည္ဆိုင္အတြင္းထိုင္ေနခ်ိန္ ေသနတ္နဲ႔ ပစ္ခတ္ခံရတာေၾကာင့္ ေသဆုံးခဲ့ရတဲ့ ျဖစ္စဥ္လည္း ရွိခဲ့ပါတယ္။

#voiceofmyanmar #VOM #မင္းျပား #ရဲတပ္ဖြဲ႔ဝင္ #ေသနတ္ပစ္ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW