မိမိနေထိုင်ရာမြို့နယ်က ဘယ်ပါတီနဲ့ ဘယ်လွှတ်တော်ကိုယ်စားလှယ်ကို ဘယ်လိုရွေးပြီး မဲပေးမလဲ (မန္တလေး ပြည်ကြီးတံခွန်မြို့နယ်) မန္တလေး- အောက်တိုဘာ ၁၅-၂၀၂၀ ဆွေလင်းထွန်း ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲအတွက် Voice Of Myanmar (VOM) က အချိန်ယူပြီး မဲဆန္ဒရှင်တချို့ကို ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အသိတွေ ပြည်သူတွေဘယ်လောက်သိထားသလဲ လို့ စစ်တမ်းသဘောမျိုးမေးကြည့်တဲ့အခါ မဲပေးဖို့သာ စိတ်အားထက်သန်ကြပြီး ရွေးကောက်ပွဲကျင်းပမယ့်ရက်၊ မိမိပေးရမယ့် ပါတီရဲ့ကိုယ်စားလှယ်လောင်းကို မသိကြသူအများစုဖြစ်နေပါတယ်။ ဒါ့ကြောင့်မို့ ဒီကနေ့ မန္တလေးခရိုင် ပြည်ကြီးတံခွန်မြို့နယ်က မဲဆန္ဒရှင်တွေအတွက် သိသင့်တဲ့ အချက်အလက်တွေကိုတင်ပြပေးလိုက်ပါတယ်။ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်မှာနေထိုင်တဲ့ မဲဆန္ဒရှင်တွေအနေနဲ့ ရှမ်းတိုင်းသားမဟုတ်တဲ့ အခြားတိုင်းရင်းသားတွေအနေနဲ့ အမျိုးသားလွှတ်တော်အတွက် တစ်မဲ၊ ပြည်သူ့လွှတ်တော်အတွက် တစ်မဲ၊ တိုင်းဒေသကြီးလွှတ်တော်အတွက် တစ်မဲ စုစုပေါင်း မဲကဒ်ပြား ၃ခု ထုတ်ယူပြီး မိမိကြိုက်နှစ်သက်တဲ့ ပါတီနဲ့ကိုယ်စားလှယ်လောင်းရဲ့ ဘေးမှာ မဲရုံကထုတ်ပေးတဲ့ တံဆိပ်တုံးကို…
Read MoreCategory: Election
မဲဆန္ဒရှင်တွေ ဘာ့ကြောင့် ရွေးကောက်ပွဲကျင်းပမယ့်နေ့နဲ့ မဲထည့်ရမယ့်ကိုယ်စားလှယ်တွေကို မသိကြသလဲ?
မဲဆန္ဒရှင်တွေ ဘာ့ကြောင့် ရွေးကောက်ပွဲကျင်းပမယ့်နေ့နဲ့ မဲထည့်ရမယ့်ကိုယ်စားလှယ်တွေကို မသိကြသလဲ? မန္တလေး-အောက်တိုဘာ၁၄-၂၀၂၀ ဆွေလင်းထွန်း+နေလင်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ၂၅ ရက်သာ လိုတော့တဲ့အချိန်မှာ မန္တလေးမြို့က မဲဆန္ဒရှင်ပြည်သူတွေ အနေနဲ့ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု ရှိမရှိ၊ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ အသိပညာ မည်မျှရှိသလဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာဘယ်လို အစိုးရမျိုးကို လိုလားသလဲ စတဲ့ အချက်တွေကို သိရှိနိုင်ဖို့ မန္တလေးမြို့ပေါ်မှာရှိတဲ့ မြို့ဟောင်းဈေး၊ ၄၁လမ်း ကုန်စိမ်းတန်းညဈေး၊ ရာသီစာပုရစ်ဈေးတို့က ဈေးသည်၊ ဈေးဝယ်တွေကို Voice Of Myanmar (VOM)က စစ်တမ်းတခု ကောက်ယူခဲ့ပါတယ်။ ဒီစစ်တမ်းမှာ တိတိကျကျပါဝင်ဖြေဆိုသူ ၆၆ ဦးရှိပြီး အမျိုးသား ၁၀ဦးနဲ့ အမျိုးသမီး ၅၆ ဦးတို့ ဖြစ်ပါတယ်။ ဒီထဲမှာ ရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုသိသူက လေးပုံတပုံလောက်ကပဲ သိပြီး မိမိဆန္ဒနယ်က…
Read Moreမိမိနေထိုင်ရာမြို့နယ်က ဘယ်ပါတီနဲ့ ဘယ်လွှတ်တော်ကိုယ်စားလှယ်ကို ဘယ်လိုရွေးပြီး မဲပေးမလဲ (မန္တလေး ချမ်းမြသာစည်မြို့နယ်)
မိမိနေထိုင်ရာမြို့နယ်က ဘယ်ပါတီနဲ့ ဘယ်လွှတ်တော်ကိုယ်စားလှယ်ကို ဘယ်လိုရွေးပြီး မဲပေးမလဲ (မန္တလေး ချမ်းမြသာစည်မြို့နယ်) မန္တလေး- အောက်တိုဘာ ၁၄-၂၀၂၀ ဆွေလင်းထွန်း+နေလင်း (VOM) ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲအတွက် Voice Of Myanmar (VOM) က အချိန်ယူပြီး မဲဆန္ဒရှင်တချို့ကို ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အသိတွေ ပြည်သူတွေဘယ်လောက်သိထားသလဲ လို့ စစ်တမ်းသဘောမျိုးမေးကြည့်တဲ့အခါ မဲပေးဖို့သာ စိတ်အားထက်သန်ကြပြီး ရွေးကောက်ပွဲကျင်းပမယ့်ရက်၊ မိမိပေးရမယ့် ပါတီရဲ့ကိုယ်စားလှယ်လောင်းကို မသိကြသူအများစုဖြစ်နေပါတယ်။ ဒါ့ကြောင့်မို့ ဒီကနေ့ မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ်က မဲဆန္ဒရှင်တွေအတွက် သိသင့်တဲ့ အချက်အလက်တွေကိုတင်ပြပေးလိုက်ပါတယ်။ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်မှာနေထိုင်တဲ့ မဲဆန္ဒရှင်တွေအနေနဲ့ ရှမ်းတိုင်းသားမဟုတ်တဲ့ အခြားတိုင်းရင်းသားတွေအနေနဲ့ အမျိုးသားလွှတ်တော်အတွက် တစ်မဲ၊ ပြည်သူ့လွှတ်တော်အတွက် တစ်မဲ၊ တိုင်းဒေသကြီးလွှတ်တော်အတွက် တစ်မဲ စုစုပေါင်း မဲကဒ်ပြား ၃ခု ထုတ်ယူပြီး မိမိကြိုက်နှစ်သက်တဲ့ ပါတီနဲ့ကိုယ်စားလှယ်လောင်းရဲ့ ဘေးမှာ မဲရုံကထုတ်ပေးတဲ့…
Read Moreရွေးကောက်ပွဲအကြောင်း မန္တလေး မြို့ဟောင်းဈေးသူဈေးသားတွေ ဘယ်လောက်သိကြသလဲ
Read Moreတရုတ်နိုင်ငံမှာ NLD ထောက်ခံကြောင်း အင်အားပြသူတွေကို တရုတ်ရဲက ဖမ်းပြီးနောက် ပြန်လွှတ်ပေး
တရုတ်နိုင်ငံမှာ NLD ထောက်ခံကြောင်း အင်အားပြသူတွေကို တရုတ်ရဲက ဖမ်းပြီးနောက် ပြန်လွှတ်ပေး ရန်ကုန်၊အောက်တိုဘာ ၉၊၂၀၂၀ အေးချမ်းသူ(VOM) တရုတ်နိုင်ငံ ကျယ်ဂေါင်နဲ့ ရွှေလီမှာ လှည့်လည်ပြီး NLD ပါတီကို ထောက်ခံအင်အားပြခဲ့တဲ့ မြန်မာနိုင်ငံသား ၄၀၀ နီးပါးကို ယာယီဖမ်းဆီးထားရာကနေ ဒီနေ့မနက်ပိုင်းက ပြန်လွှတ်ပေးခဲ့ပါတယ်။ ရှမ်းပြည်နယ်စီမံဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်ကပြောပြတာကတော့ “မနေ့ကဖမ်းထားတဲ့ NLDပါတီထောက်ခံသူတွေအားလုံးကို နံနက်(၁)နာရီက ပြန်လည်လွတ်ပေးခဲ့တာပါ။ အကုန်လုံးကိုပါ” အောက်တိုဘာ ၈ ရက်က NLD-ထောက်ခံသူမြန်မာနိုင်ငံသား ၄၀၀လောကဟာ တရုတ်နိုင်ငံပိုင် မြန်မာနယ်စပ်ကျယ်ဂေါင်ပြည်သူ့ရင်ပြင်ခေါ်မနောကွင်းကနေ စုရပ်လုပ်ပြီး ရွှေလီမြို့ပြင်ပန်းခြံကို ဆိုင်ကယ်တွေနဲ့သွားရောက်ချိန် ပန်းခြံနားအရောက် ဒေါင်းဝိုင်းလို့ခေါ်တဲ့နေရာနားမှာ တရုတ်နယ်စပ်အစိုးရက ယာယီဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ ရွှေလီမြို့နယ်ရွှေမြန်မာအွန်လိုင်း အရေးပေါ်ကျန်းမာရေးကူညီမှု ပရဟိတလူငယ်အသင်းက ကိုချမ်းမြေ့ပြောပြတာက ” တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး Express မော်တော်ယာဉ်(၁၀)စီးနဲ့ ခေါ်သွားခဲ့တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဆီကိုင်အကျဉ်းထောင်ကို ခဏ ပိုဆောင်ခဲ့တာပါ” လို့ရှင်းပြပါတယ်။ NLD-ထောက်ခံသူမြန်မာနိုင်ငံသားတွေကို…
Read Moreချင်းတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းတွေနဲ့အဖွဲ့ မင်းတပ်မှာ ကွာရန်တင်းဝင်တာ ရက်ပြည့်ပေမယ့် ထွက်ခွင့်မရလို့ မဲဆွယ်ခွင့်ဆုံးရှုံးနေ
ချင်းတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းတွေနဲ့အဖွဲ့ မင်းတပ်မှာ ကွာရန်တင်းဝင်တာ ရက်ပြည့်ပေမယ့် ထွက်ခွင့်မရလို့ မဲဆွယ်ခွင့်ဆုံးရှုံးနေ အောက်တိုဘာ- ၈- ၂၀၂၀ ရှိုင်းအောင်(VOM) ချင်းပြည်နယ်၊ မင်းတပ်မြို့ကနေ ကိုယ်စားပြုပြီး ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီစည်းရုံးရေးမှူး၊ ပါတီဝင်တွေဟာ မင်းတပ်မြို့က Quarantine Center မှာ Q ဝင်ရက်ပြည့်ပေမယ့်လို့ ကျော်နေပေမယ့် ပြန်မရတာကြောင့် မင်းတပ်မြို့မှာမဲဆွယ်စည်းရုံးဖို့ အခက်တွေ့နေကြပါတယ်။ Q ဝင်နေရတဲ့၊ CNLD ရဲ့ မင်းတပ်မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမနားကီးက VOM ပြောပြတာက “ အခက်အခဲတွေကတော့ ကျန်တဲ့ပါတီက ကိုယ်စားလှယ်လောင်းတွေက မဲဆွယ်စည်းရုံးရေးတွေလုပ်နေကြပြီလေ ကျနော်တို့ CNLD အနေနဲ့ မင်းတပ်မြို့မှာ မဲဆွယ်စည်းရုံးခွင့်မရှိဘူးဖြစ်သွားတယ်ပေါ့၊ ဒါကျတော်တို့အတွက် ပထမဦးဆုံးကြုံရတဲ့အခက်အခဲပါ၊ ဒီကနေပြန်ထွက်ပြီးတော့ မဲပြန်ဆွယ်မယ်ဆိုရင်လည်း Negative ပြပြ ဘယ်လိုပြပြပေါ့၊ ပြည်သူတွေက…
Read Moreရွေးကောက်ပွဲမဲဆွယ်စည်းရုံးခွင့်ရပြီးတဲ့ တလအတွင်း ပါတီတချို့ နှောင့်ယှက်ခံရမှုနဲ့ ဆိုင်းဘုတ်ဖျက်ဆီးခံရမှုများ
ရွေးကောက်ပွဲမဲဆွယ်စည်းရုံးခွင့်ရပြီးတဲ့ တလအတွင်း ပါတီတချို့ နှောင့်ယှက်ခံရမှုနဲ့ ဆိုင်းဘုတ်ဖျက်ဆီးခံရမှုများ အောက်တိုဘာ ၈-၂၀၂၀ ဆွေလင်းထွန်း + နေလင်း (VOM) စက်တင်ဘာ ၈ရက်ကနေ ဒီနေ့ အောက်တိုဘာ ၈ ရက်နေ့အတွင်း နိုင်ငံရေးပါတီတချို့မှာ ဆိုင်းဘုတ်တွေဖျက်ခံရသလို မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုမှာ တလအတွင်း နှောင့်ယှက်ခံရတဲ့ဖြစ်စဉ်တွေ VOM က သိရှိထားတာတော့ ၆၀ကျော် ရှိခဲ့ပေမယ့် နိုင်ငံရေးပါတီတချို့ကတော့ ဒီထက်များတယ်လို့ ဆိုကြပါတယ်။ ဗီအိုအမ်က စုဆောင်းထားတဲ့အချက်အလက်တွေအရ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(UNDP) ၁ကြိမ်၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP) ၁ကြိမ်၊ တအာင်း(ပလောင်)အမျိုးသားပါတီ(TNP) ၄ကြိမ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ၈ကြိမ်၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) ၂ကြိမ်၊ပြည်သူ့ပါတီ(PP) ၄ကြိမ်၊ ရခိုင်အမျိုးသားပါတီ(ANP) ၁ကြိမ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP) ၁ကြိမ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ၁ကြိမ်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၄၁ကြိမ် ဆိုင်းဘုတ်ဖြုတ်ချ၊ ဖျက်စီးခံရတာကို သတင်းမီဒီယာနဲ့ ဆိုရှယ်မီဒီယာမှာတွေ့ရှိသလောက် စုဆောင်းထားတာဖြစ်ပါတယ်။ …
Read Moreတရုတ်နိုင်ငံရွှေလီနဲ့ကျယ်ဂေါင်မှာ အန်အယ်လ်ဒီအောင်နိုင်ရေးလှည့်လည်သူ ၃၀၀နီးပါး ဖမ်းဆီးခံရ
Read Moreရန်ကုန်တိုင်းမှာ ကရင်နဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်စားလှယ်လောင်းနေရာအတွက် ဆန္ဒမဲပေးခွင့်ရှိသူ (၃)သိန်းကျော်ရှိ
ရန်ကုန်တိုင်းမှာ ကရင်နဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်စားလှယ်လောင်းနေရာအတွက် ဆန္ဒမဲပေးခွင့်ရှိသူ (၃)သိန်းကျော်ရှိ ရန်ကုန်၊အောက်တိုဘာ ၇-၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်တိုင်းမှာ ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ ကရင်နဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးကိုယ်စားလှယ်လောင်းနေရာကို ဆန္ဒမဲပေးခွင့်ရှိသူ (၃)သိန်းကျော်ခန့်ရှိတယ်လို့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(UNDP)မှ ဒေါ်နော်အုံးလှကပြောပါတယ်။ “လက်ရှိစာရင်းတွေအရတော့ ခရိုင်ကပေးထားတာရှိတယ်၊ မြေပြင်ကို ကွင်းဆင်းမကောက်နိူင်တော့ မသိဘူး”လို့ ဒေါ်နော်အုန်းလှကပြောပါတယ်။ ဒေါ်နော်အုံးလှဟာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ ကိုယ်စားပြုပြီး ရန်ကုန်တိုင်းမှာ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးကိုယ်စားလှယ်လောင်းအဖြစ်ဝင် ရောက်ယှဉ်ပြိုင်မယ့်သူတစ်ဦး ဖြစ်ပါတယ်။ ရန်ကုန်တိုင်းမှာပြုလုပ်မယ့် ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ ကရင်တိုင်းရင်သားရေးရာဝန်ကြီးနဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်စားလှယ်လောင်းနေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်လောင်းတွေကို ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကရင်လူမျိုး ကျား (၁၀၈၆၂၆)ဦး ၊ မ (၁၂၇၅၁၁)ဦး စုစုပေါင်း(၂၃၆၁၃၅)ဦးနဲ့ ရခိုင်လူမျိုး ကျား (၄၇၄၉၆)ဦး ၊ မ (၆၃၄၅၂)ဦး စုစုပေါင်း (၁၁၀၉၄၇)ဦးတို့ဖြစ်ပြီး စုစုပေါင်း (၃၂၇၀၈၂)ဦးရှိတယ်လို့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊မြို့နယ်ကော်မရှင်အဖွဲ့တွေ့ရဲ့ အောက်တိုဘာ ၁ရက်နေ့မှာ ဒုတိယအကြိမ်ကပ်ထားကြေညာမှု မဲစာရင်းတွေအရ သိရပါတယ်။…
Read Moreဒေါ်အောင်ဆန်းစုကြည်နဲ့ပြိုင်မယ့် ဦးဒေးဗစ်လှမြင့်ရဲ့ပါတီ ကော့မှူးမှာ ဆိုင်းဘုတ်ထောင်ခွင့်မရသေး
ဒေါ်အောင်ဆန်းစုကြည်နဲ့ပြိုင်မယ့် ဦးဒေးဗစ်လှမြင့်ရဲ့ပါတီ ကော့မှူးမှာ ဆိုင်းဘုတ်ထောင်ခွင့်မရသေး အောက်တိုဘာ ၇-၂၀၂၀ နေလင်း(VOM) ဦးဒေးဗစ်လှမြင့်ဦးအောင်တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(UNDP) ဟာ ရွေးကောက်ပွဲစည်းရုံးရေးအနေနဲ့ ပါတီရဲ့ကိုယ်စားလှယ်လောင်းမိတ်ဆက် ဆိုင်းဘုတ်ကို ကော့မှူးမြို့မှာ ထောင်ဖို့ စည်ပင်သာယာမှာ ခွင့်ပြုမိန့်တင်ပေမယ့် ဒီနေ့ထိ ခွင့်ပြုချက်မရသေးဖြစ်နေပါတယ်။ ရန်ကုန်တိုင်း ကော့မူးမြို့နယ်က ဈေးပိုင်းနဲ့ မြို့သစ်နေရာ ၂ခုမှာ ၅ပေ ၉ ပေရှိတဲ့ ကိုယ်စားလှယ်လောင်း ကြော်ငြာဆိုင်းဘုတ်ကို ထောင်ဖို့ ကော့မှုးစည်ပင်သာယာဌာနမှာ စက်တင်ဘာ ၂၄ ရက်ကတည်းက တင်ခဲ့ပေမယ့် ဒီနေ့သွားမေးတဲ့အခါ ကိုဗစ်ကြောင့်တင်ခွင့်မပေးနိုင်သေးဘူးလို့ စည်ပင်သာယာက အကြောင်းပြန်တဲ့အကြောင်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(UNDP) ရဲ့ ဥက္ကဋ္ဌလည်းဖြစ် ကော့မှူးကနေ ပြည်သူ့လွှတ်တော်နေရာကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဦးဒေးဗစ်လှမြင့်ပြောပြတာက “ ၂၄ ရက်နေ့ရက်စွဲနဲ့ကတည်းစာတင်ထားတာ စည်ပင်ဦးစီးမှူးက ဖုန်းဆက်လာကြည့်မယ်ပြောတယ် ဒီနေ့ထိ မခေါ်လို့ စည်ပင်ရုံးလိုက်သွားတော့…
Read More