တရုတ်နိုင်ငံမှာ NLD ထောက်ခံကြောင်း အင်အားပြသူတွေကို တရုတ်ရဲက ဖမ်းပြီးနောက်  ပြန်လွှတ်ပေး

တရုတ်နိုင်ငံမှာ NLD ထောက်ခံကြောင်း အင်အားပြသူတွေကို တရုတ်ရဲက ဖမ်းပြီးနောက်  ပြန်လွှတ်ပေး

ရန်ကုန်၊အောက်တိုဘာ ၉၊၂၀၂၀
အေးချမ်းသူ(VOM)

တရုတ်နိုင်ငံ ကျယ်ဂေါင်နဲ့ ရွှေလီမှာ လှည့်လည်ပြီး NLD ပါတီကို ထောက်ခံအင်အားပြခဲ့တဲ့ မြန်မာနိုင်ငံသား ၄၀၀ နီးပါးကို ယာယီဖမ်းဆီးထားရာကနေ ဒီနေ့မနက်ပိုင်းက ပြန်လွှတ်ပေးခဲ့ပါတယ်။

ရှမ်းပြည်နယ်စီမံဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်ကပြောပြတာကတော့
“မနေ့ကဖမ်းထားတဲ့ NLDပါတီထောက်ခံသူတွေအားလုံးကို နံနက်(၁)နာရီက ပြန်လည်လွတ်ပေးခဲ့တာပါ။ အကုန်လုံးကိုပါ”

အောက်တိုဘာ ၈ ရက်က NLD-ထောက်ခံသူမြန်မာနိုင်ငံသား ၄၀၀လောကဟာ တရုတ်နိုင်ငံပိုင် မြန်မာနယ်စပ်ကျယ်ဂေါင်ပြည်သူ့ရင်ပြင်ခေါ်မနောကွင်းကနေ စုရပ်လုပ်ပြီး ရွှေလီမြို့ပြင်ပန်းခြံကို ဆိုင်ကယ်တွေနဲ့သွားရောက်ချိန် ပန်းခြံနားအရောက် ဒေါင်းဝိုင်းလို့ခေါ်တဲ့နေရာနားမှာ တရုတ်နယ်စပ်အစိုးရက ယာယီဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

ရွှေလီမြို့နယ်ရွှေမြန်မာအွန်လိုင်း အရေးပေါ်ကျန်းမာရေးကူညီမှု ပရဟိတလူငယ်အသင်းက ကိုချမ်းမြေ့ပြောပြတာက

” တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး Express မော်တော်ယာဉ်(၁၀)စီးနဲ့ ခေါ်သွားခဲ့တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဆီကိုင်အကျဉ်းထောင်ကို ခဏ ပိုဆောင်ခဲ့တာပါ” လို့ရှင်းပြပါတယ်။

NLD-ထောက်ခံသူမြန်မာနိုင်ငံသားတွေကို တရုတ်နယ်စပ်အစိုးရက ယာယီထိန်းသိမ်းခံရတုန်း မြန်မာနိုင်ငံရှမ်းပြည်နယ်မြောက်ပိုင်းအစိုးရကနေ ကူမင်းကောင်စစ်ဝန်ရုံးကတဆင့်တရုတ်နယ်စပ်အစိုးရနှင့်ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် သန်းခေါင်ကျော်မှာ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

အင်အားပြသူတွေဟာ တရုတ်နယ်စပ်မှာ We Chat နဲ့Faceboook ကနေ သဘောထားတွေထင်မြင်ချက်တွေရေးတင်ကြရာကနေ လူစုမိပြီး ခုလိုဖမ်းဆီးခံရတာဖြစ်ပါတယ်။
ဒီအဖြစ်အပျက်ကြောင့် တရုတ်မြန်မာနယ်စပ်ရှိ မြန်မာရွှေပြောင်းအလုပ်သမားတွေ သွားလာရခက်ခဲသွားမှာစိုးရိမ်ကြောင်း ရွှေလီမြို့နယ်ရှိ ရွှေမြန်မာ အွန်လိုင်းအရေးပေါ်ကျန်းမာရေး ကူညီမှုပရဟိတလူငယ်အသင်းဝင် ကိုချမ်းမြေ့က သုံးသပ်ပြော
ဆိုပါတယ်။

#voiceofmyanmar #VOM #ရွှေလီ #တရုတ်မြန်မာနယ်စပ်

ဓါတ်ပုံ စိုင်းထွန်းကိုကို

 

Zawgy

တ႐ုတ္ႏိုင္ငံမွာ NLD ေထာက္ခံေၾကာင္း အင္အားျပသူေတြကို တ႐ုတ္ရဲက ဖမ္းၿပီးေနာက္  ျပန္လႊတ္ေပး

ရန္ကုန္၊ေအာက္တိုဘာ ၉၊၂၀၂၀
ေအးခ်မ္းသူ(VOM)

တ႐ုတ္ႏိုင္ငံ က်ယ္ေဂါင္နဲ႔ ေ႐ႊလီမွာ လွည့္လည္ၿပီး NLD ပါတီကို ေထာက္ခံအင္အားျပခဲ့တဲ့ ျမန္မာႏိုင္ငံသား ၄၀၀ နီးပါးကို ယာယီဖမ္းဆီးထားရာကေန ဒီေန႔မနက္ပိုင္းက ျပန္လႊတ္ေပးခဲ့ပါတယ္။

ရွမ္းျပည္နယ္စီမံဘ႑ာေရးဝန္ႀကီး ဦးစိုးၫြန႔္လြင္ကေျပာျပတာကေတာ့
“မေန႔ကဖမ္းထားတဲ့ NLDပါတီေထာက္ခံသူေတြအားလုံးကို နံနက္(၁)နာရီက ျပန္လည္လြတ္ေပးခဲ့တာပါ။ အကုန္လုံးကိုပါ”

ေအာက္တိုဘာ ၈ ရက္က NLD-ေထာက္ခံသူျမန္မာႏိုင္ငံသား ၄၀၀ေလာကဟာ တ႐ုတ္ႏိုင္ငံပိုင္ ျမန္မာနယ္စပ္က်ယ္ေဂါင္ျပည္သူ႔ရင္ျပင္ေခၚမေနာကြင္းကေန စုရပ္လုပ္ၿပီး ေ႐ႊလီၿမိဳ႕ျပင္ပန္းၿခံကို ဆိုင္ကယ္ေတြနဲ႔သြားေရာက္ခ်ိန္ ပန္းၿခံနားအေရာက္ ေဒါင္းဝိုင္းလို႔ေခၚတဲ့ေနရာနားမွာ တ႐ုတ္နယ္စပ္အစိုးရက ယာယီဖမ္းဆီးထိန္းသိမ္းခဲ့တာပါ။

ေ႐ႊလီၿမိဳ႕နယ္ေ႐ႊျမန္မာအြန္လိုင္း အေရးေပၚက်န္းမာေရးကူညီမႈ ပရဟိတလူငယ္အသင္းက ကိုခ်မ္းေျမ့ေျပာျပတာက

” တ႐ုတ္ရဲတပ္ဖြဲ႕က ဖမ္းဆီးထိန္းသိမ္းခဲ့ၿပီး Express ေမာ္ေတာ္ယာဥ္(၁၀)စီးနဲ႔ ေခၚသြားခဲ့တဲ့ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားေတြကို ဆီကိုင္အက်ဥ္းေထာင္ကို ခဏ ပိုေဆာင္ခဲ့တာပါ” လို႔ရွင္းျပပါတယ္။

NLD-ေထာက္ခံသူျမန္မာႏိုင္ငံသားေတြကို တ႐ုတ္နယ္စပ္အစိုးရက ယာယီထိန္းသိမ္းခံရတုန္း ျမန္မာႏိုင္ငံရွမ္းျပည္နယ္ေျမာက္ပိုင္းအစိုးရကေန ကူမင္းေကာင္စစ္ဝန္႐ုံးကတဆင့္တ႐ုတ္နယ္စပ္အစိုးရႏွင့္ေဆြးေႏြးညႇိႏႈိင္းခဲ့ၿပီးေနာက္ သန္းေခါင္ေက်ာ္မွာ ျပန္လႊတ္ေပးခဲ့တာျဖစ္ပါတယ္။

အင္အားျပသူေတြဟာ တ႐ုတ္နယ္စပ္မွာ We Chat နဲ႔Faceboook ကေန သေဘာထားေတြထင္ျမင္ခ်က္ေတြေရးတင္ၾကရာကေန လူစုမိၿပီး ခုလိုဖမ္းဆီးခံရတာျဖစ္ပါတယ္။
ဒီအျဖစ္အပ်က္ေၾကာင့္ တ႐ုတ္ျမန္မာနယ္စပ္ရွိ ျမန္မာေ႐ႊေျပာင္းအလုပ္သမားေတြ သြားလာရခက္ခဲသြားမွာစိုးရိမ္ေၾကာင္း ေ႐ႊလီၿမိဳ႕နယ္ရွိ ေ႐ႊျမန္မာ အြန္လိုင္းအေရးေပၚက်န္းမာေရး ကူညီမႈပရဟိတလူငယ္အသင္းဝင္ ကိုခ်မ္းေျမ့က သုံးသပ္ေျပာ
ဆိုပါတယ္။

#voiceofmyanmar #VOM #ေ႐ႊလီ #တ႐ုတ္ျမန္မာနယ္စပ်

ဓါတ္ပုံ စိုင္းထြန္းကိုကို

 

Related posts

Leave a Comment

VOM News

FREE
VIEW