မိမိနေထိုင်ရာမြို့နယ်က ဘယ်ပါတီနဲ့ ဘယ်လွှတ်တော်ကိုယ်စားလှယ်ကို ဘယ်လိုရွေးပြီး မဲပေးမလဲ (မန္တလေး ပြည်ကြီးတံခွန်မြို့နယ်)

မိမိနေထိုင်ရာမြို့နယ်က ဘယ်ပါတီနဲ့ ဘယ်လွှတ်တော်ကိုယ်စားလှယ်ကို ဘယ်လိုရွေးပြီး မဲပေးမလဲ (မန္တလေး ပြည်ကြီးတံခွန်မြို့နယ်)

မန္တလေး- အောက်တိုဘာ ၁၅-၂၀၂၀
ဆွေလင်းထွန်း

၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲအတွက် Voice Of Myanmar (VOM) က အချိန်ယူပြီး မဲဆန္ဒရှင်တချို့ကို ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အသိတွေ ပြည်သူတွေဘယ်လောက်သိထားသလဲ လို့ စစ်တမ်းသဘောမျိုးမေးကြည့်တဲ့အခါ မဲပေးဖို့သာ စိတ်အားထက်သန်ကြပြီး ရွေးကောက်ပွဲကျင်းပမယ့်ရက်၊ မိမိပေးရမယ့် ပါတီရဲ့ကိုယ်စားလှယ်လောင်းကို မသိကြသူအများစုဖြစ်နေပါတယ်။ ဒါ့ကြောင့်မို့ ဒီကနေ့ မန္တလေးခရိုင် ပြည်ကြီးတံခွန်မြို့နယ်က မဲဆန္ဒရှင်တွေအတွက် သိသင့်တဲ့ အချက်အလက်တွေကိုတင်ပြပေးလိုက်ပါတယ်။

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်မှာနေထိုင်တဲ့ မဲဆန္ဒရှင်တွေအနေနဲ့ ရှမ်းတိုင်းသားမဟုတ်တဲ့ အခြားတိုင်းရင်းသားတွေအနေနဲ့ အမျိုးသားလွှတ်တော်အတွက် တစ်မဲ၊ ပြည်သူ့လွှတ်တော်အတွက် တစ်မဲ၊ တိုင်းဒေသကြီးလွှတ်တော်အတွက် တစ်မဲ စုစုပေါင်း မဲကဒ်ပြား ၃ခု ထုတ်ယူပြီး မိမိကြိုက်နှစ်သက်တဲ့ ပါတီနဲ့ကိုယ်စားလှယ်လောင်းရဲ့ ဘေးမှာ မဲရုံကထုတ်ပေးတဲ့ တံဆိပ်တုံးကို နှိပ်ရမှာဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသားတွေအတွက်ကတော့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက်ပါပေးရမှာမို့ မဲပေးရမယ့်လက်မှတ်ကဒ်ပြား တစ်ခု ထပ်ထည့်ရမှာမို့ ၄ မဲပေးရမှာဖြစ်ပါတယ်။ မဲလက်မှတ်တွေကို ထုတ်ယူတဲ့အခါ စုတ်ပြဲတာ ရေစိုတာ မှင်စွန်းတာ စတာတွေကိုသေချာစစ်ဆေးပြီး မကြိုက်ရင် ချက်ချင်းလဲလှယ်ခိုင်းလို့ရပါတယ်။ ပြည်ကြီးတံခွန်က မဲပေးမယ့်သူတွေ ဘယ်ပါတီက ကိုယ်စားလှယ်လောင်းကို ရွေးကြမလဲ ဆက်ဖတ်ကြည့်ပါ။

ပြည်ကြီးတံခွန်က အမျိုးသားလွှတ်တော်နေရာအတွက် ဘယ်သူတွေပြိုင်မလဲ ?

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၅)တွင် ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ(DNP) စသည့် နိုင်ငံရေးပါတီ ၆ ခုမှ ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ဒီထဲက မိမိတို့နှစ်သက်ရာ ပါတီနဲ့ ကိုယ်စားလှယ်လောင်းဘေးမှာ အမှန်ခြစ်တံဆိပ်တုံးလေး အကွက်ထဲမှာ သေချာရိုက်နှိပ်ပေးရမှာဖြစ်ပါတယ်။

ပြည်ကြီးတံခွန်က ပြည်သူ့လွှတ်တော်အတွက် ဘယ်ပါတီကိုရွေးမလဲ ?

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၊ ပြည်သူ့ပါတီ(PP)၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ(DNP)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) စသည့် နိုင်ငံရေးပါတီ ၇ ခုမှ ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်ကြမှာပါ။ ဒီထဲက မိမိတို့နှစ်သက်ရာ ပါတီနဲ့ ကိုယ်စားလှယ်လောင်းဘေးမှာ အမှန်ခြစ်တံဆိပ်တုံးလေး အကွက်ထဲမှာ သေချာရိုက်နှိပ်ပေးရမှာဖြစ်ပါတယ်။

ပြည်ကြီးတံခွန် မဲဆန္ဒနယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်အတွက် ဘယ်ပါတီတွေပြိုင်မလဲ ?

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁) တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၊ ပြည်သူ့ပါတီ(PP)၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) စသည့် နိုင်ငံရေးပါတီ ၆ ခုမှ ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်ကြမှာပါ။ ဒီထဲက မိမိတို့နှစ်သက်ရာ ပါတီနဲ့ ကိုယ်စားလှယ်လောင်းဘေးမှာ အမှန်ခြစ်တံဆိပ်တုံးလေး အကွက်ထဲမှာ သေချာရိုက်နှိပ်ပေးရမှာဖြစ်ပါတယ်။

ပြည်ကြီးတံခွန် မဲဆန္ဒနယ် အမှတ် ၂ မှာ ဘယ်ပါတီတွေပြိုင်မလဲ ?

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ်(၂) တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၊ ပြည်သူ့ပါတီ(PP)၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) စသည့် နိုင်ငံရေးပါတီ ၆ ခုမှ ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်ကြမှာပါ။ ဒီထဲက မိမိတို့နှစ်သက်ရာ ပါတီနဲ့ ကိုယ်စားလှယ်လောင်းဘေးမှာ အမှန်ခြစ်တံဆိပ်တုံးလေး အကွက်ထဲမှာ သေချာရိုက်နှိပ်ပေးရမှာဖြစ်ပါတယ်။

ပြည်ကြီးတံခွန်မှာနေတဲ့ ရှမ်းတိုင်းရင်းသားတွေအတွက် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာ ဘယ်ပါတီတွေပြိုင်မလဲ ?

မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) စသည့် နိုင်ငံရေးပါတီ ၅ ခုမှ ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ဒီထဲက မိမိတို့နှစ်သက်ရာ ပါတီနဲ့ ကိုယ်စားလှယ်လောင်းဘေးမှာ အမှန်ခြစ်တံဆိပ်တုံးလေး အကွက်ထဲမှာ သေချာရိုက်နှိပ်ပေးရမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်က အသိအမှတ်ပြုကြေငြာထားတဲ့ ပါတီအလိုက် ကိုယ်စားလှယ်လောင်းစာရင်းနဲ့ ပါတီအမှတ်တံဆိပ်ကို သေချာကြည့်ပြီး ၅နှစ်မှ တခါပေးရတဲ့ မိမိတို့အသည်းကြားက မဲတပြားအတွက် မမှားဖို့နဲ့ ပယ်မဲမဖြစ်ဖို့ ပုံတွေကို သေချာကြည့်ရှုပေးကြပါရန် ပူးတွဲ တင်ပြပေးလိုက်ပါသည်။

#votereducation #ရွေးကောက်ပွဲ #VOICEOFMYANMAR #VOM

Zawgy

မိမိေနထိုင္ရာၿမိဳ႕နယ္က ဘယ္ပါတီနဲ႔ ဘယ္လႊတ္ေတာ္ကိုယ္စားလွယ္ကို ဘယ္လိုေ႐ြးၿပီး မဲေပးမလဲ (မႏၲေလး ျပည္ႀကီးတံခြန္ၿမိဳ႕နယ္)

မႏၲေလး- ေအာက္တိုဘာ ၁၅-၂၀၂၀
ေဆြလင္းထြန္း

၂၀၂၀ ႏိုဝင္ဘာ ၈ ရက္ေန႔မွာက်င္းပမယ့္ေ႐ြးေကာက္ပြဲအတြက္ Voice Of Myanmar (VOM) က အခ်ိန္ယူၿပီး မဲဆႏၵရွင္တခ်ိဳ႕ကို ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္တဲ့ အသိေတြ ျပည္သူေတြဘယ္ေလာက္သိထားသလဲ လို႔ စစ္တမ္းသေဘာမ်ိဳးေမးၾကည့္တဲ့အခါ မဲေပးဖို႔သာ စိတ္အားထက္သန္ၾကၿပီး ေ႐ြးေကာက္ပြဲက်င္းပမယ့္ရက္၊ မိမိေပးရမယ့္ ပါတီရဲ႕ကိုယ္စားလွယ္ေလာင္းကို မသိၾကသူအမ်ားစုျဖစ္ေနပါတယ္။ ဒါ့ေၾကာင့္မို႔ ဒီကေန႔ မႏၲေလးခ႐ိုင္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္က မဲဆႏၵရွင္ေတြအတြက္ သိသင့္တဲ့ အခ်က္အလက္ေတြကိုတင္ျပေပးလိုက္ပါတယ္။

မႏၲေလးတိုင္းေဒသႀကီး ျပည္ႀကီးတံခြန္ၿမိဳ႕နယ္မွာေနထိုင္တဲ့ မဲဆႏၵရွင္ေတြအေနနဲ႔ ရွမ္းတိုင္းသားမဟုတ္တဲ့ အျခားတိုင္းရင္းသားေတြအေနနဲ႔ အမ်ိဳးသားလႊတ္ေတာ္အတြက္ တစ္မဲ၊ ျပည္သူ႔လႊတ္ေတာ္အတြက္ တစ္မဲ၊ တိုင္းေဒသႀကီးလႊတ္ေတာ္အတြက္ တစ္မဲ စုစုေပါင္း မဲကဒ္ျပား ၃ခု ထုတ္ယူၿပီး မိမိႀကိဳက္ႏွစ္သက္တဲ့ ပါတီနဲ႔ကိုယ္စားလွယ္ေလာင္းရဲ႕ ေဘးမွာ မဲ႐ုံကထုတ္ေပးတဲ့ တံဆိပ္တုံးကို ႏွိပ္ရမွာျဖစ္ပါတယ္။ ရွမ္းတိုင္းရင္းသားေတြအတြက္ကေတာ့ ရွမ္းတိုင္းရင္းသားေရးရာဝန္ႀကီးေနရာအတြက္ပါေပးရမွာမို႔ မဲေပးရမယ့္လက္မွတ္ကဒ္ျပား တစ္ခု ထပ္ထည့္ရမွာမို႔ ၄ မဲေပးရမွာျဖစ္ပါတယ္။ မဲလက္မွတ္ေတြကို ထုတ္ယူတဲ့အခါ စုတ္ၿပဲတာ ေရစိုတာ မွင္စြန္းတာ စတာေတြကိုေသခ်ာစစ္ေဆးၿပီး မႀကိဳက္ရင္ ခ်က္ခ်င္းလဲလွယ္ခိုင္းလို႔ရပါတယ္။ ျပည္ႀကီးတံခြန္က မဲေပးမယ့္သူေတြ ဘယ္ပါတီက ကိုယ္စားလွယ္ေလာင္းကို ေ႐ြးၾကမလဲ ဆက္ဖတ္ၾကည့္ပါ။

ျပည္ႀကီးတံခြန္ အမ်ိဳးသားလႊတ္ေတာ္ေနရာအတြက္ ဘယ္သူေတြၿပိဳင္မလဲ ?

မႏၲေလးတိုင္းေဒသႀကီး ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္မဲဆႏၵနယ္ အမွတ္(၅)တြင္ ညီၫြတ္ေသာဒီမိုကရက္တစ္ပါတီ(UDP)၊ ျပည္သူ႔ေရွ႕ေဆာင္ပါတီ(PPP)၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(NLD)၊ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ(UBP)၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ(USDP)၊ အမ်ိဳးသားႏိုင္ငံေရးဒီမိုကရက္တစ္ပါတီ(DNP) စသည့္ ႏိုင္ငံေရးပါတီ ၆ ခုမွ ကိုယ္စားလွယ္ေလာင္းမ်ား ပါဝင္ယွဥ္ၿပိဳင္ၾကမွာျဖစ္ပါတယ္။ ဒီထဲက မိမိတို႔ႏွစ္သက္ရာ ပါတီနဲ႔ ကိုယ္စားလွယ္ေလာင္းေဘးမွာ အမွန္ျခစ္တံဆိပ္တုံးေလး အကြက္ထဲမွာ ေသခ်ာ႐ိုက္ႏွိပ္ေပးရမွာျဖစ္ပါတယ္။

ျပည္ႀကီးတံခြန္က ျပည္သူ႔လႊတ္ေတာ္အတြက္ ဘယ္ပါတီကိုေ႐ြးမလဲ ?

မႏၲေလးတိုင္းေဒသႀကီး ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္တြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(NLD)၊ ျပည္သူ႔ေရွ႕ေဆာင္ပါတီ(PPP)၊ ညီၫြတ္ေသာဒီမိုကရက္တစ္ပါတီ(UDP)၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ(USDP)၊ ျပည္သူ႔ပါတီ(PP)၊ အမ်ိဳးသားႏိုင္ငံေရးဒီမိုကရက္တစ္ပါတီ(DNP)၊ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ(UBP) စသည့္ ႏိုင္ငံေရးပါတီ ၇ ခုမွ ကိုယ္စားလွယ္ေလာင္းမ်ား ပါဝင္ယွဥ္ၿပိဳင္ၾကမွာပါ။ ဒီထဲက မိမိတို႔ႏွစ္သက္ရာ ပါတီနဲ႔ ကိုယ္စားလွယ္ေလာင္းေဘးမွာ အမွန္ျခစ္တံဆိပ္တုံးေလး အကြက္ထဲမွာ ေသခ်ာ႐ိုက္ႏွိပ္ေပးရမွာျဖစ္ပါတယ္။

ျပည္ႀကီးတံခြန္ မဲဆႏၵနယ္ အမွတ္ ၁ တိုင္းေဒသႀကီးလႊတ္ေတာ္အတြက္ ဘယ္ပါတီေတြၿပိဳင္မလဲ ?

မႏၲေလးတိုင္းေဒသႀကီး ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္မဲဆႏၵနယ္ အမွတ္(၁) တြင္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ(USDP)၊ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ(UBP)၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(NLD)၊ ျပည္သူ႔ပါတီ(PP)၊ ညီၫြတ္ေသာဒီမိုကရက္တစ္ပါတီ(UDP)၊ ျပည္သူ႔ေရွ႕ေဆာင္ပါတီ(PPP) စသည့္ ႏိုင္ငံေရးပါတီ ၆ ခုမွ ကိုယ္စားလွယ္ေလာင္းမ်ား ပါဝင္ယွဥ္ၿပိဳင္ၾကမွာပါ။ ဒီထဲက မိမိတို႔ႏွစ္သက္ရာ ပါတီနဲ႔ ကိုယ္စားလွယ္ေလာင္းေဘးမွာ အမွန္ျခစ္တံဆိပ္တုံးေလး အကြက္ထဲမွာ ေသခ်ာ႐ိုက္ႏွိပ္ေပးရမွာျဖစ္ပါတယ္။

ျပည္ႀကီးတံခြန္ မဲဆႏၵနယ္ အမွတ္ ၂ မွာ ဘယ္ပါတီေတြၿပိဳင္မလဲ ?

မႏၲေလးတိုင္းေဒသႀကီး ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္မဲဆႏၵနယ္ အမွတ္(၂) တြင္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ(USDP)၊ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ(UBP)၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(NLD)၊ ျပည္သူ႔ပါတီ(PP)၊ ညီၫြတ္ေသာဒီမိုကရက္တစ္ပါတီ(UDP)၊ ျပည္သူ႔ေရွ႕ေဆာင္ပါတီ(PPP) စသည့္ ႏိုင္ငံေရးပါတီ ၆ ခုမွ ကိုယ္စားလွယ္ေလာင္းမ်ား ပါဝင္ယွဥ္ၿပိဳင္ၾကမွာပါ။ ဒီထဲက မိမိတို႔ႏွစ္သက္ရာ ပါတီနဲ႔ ကိုယ္စားလွယ္ေလာင္းေဘးမွာ အမွန္ျခစ္တံဆိပ္တုံးေလး အကြက္ထဲမွာ ေသခ်ာ႐ိုက္ႏွိပ္ေပးရမွာျဖစ္ပါတယ္။

ျပည္ႀကီးတံခြန္မွာေနတဲ့ ရွမ္းတိုင္းရင္းသားေတြအတြက္ ရွမ္းတိုင္းရင္းသားေရးရာဝန္ႀကီးေနရာ ဘယ္ပါတီေတြၿပိဳင္မလဲ ?

မႏၲေလးတိုင္းေဒသႀကီး ရွမ္းတိုင္းရင္းသားေရးရာဝန္ႀကီးေနရာအတြက္ ညီၫြတ္ေသာဒီမိုကရက္တစ္ပါတီ(UDP)၊ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီ(SNDP)၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(NLD)၊ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(SNLD)၊ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ(UBP) စသည့္ ႏိုင္ငံေရးပါတီ ၅ ခုမွ ကိုယ္စားလွယ္ေလာင္းမ်ား ပါဝင္ယွဥ္ၿပိဳင္ၾကမွာျဖစ္ပါတယ္။ ဒီထဲက မိမိတို႔ႏွစ္သက္ရာ ပါတီနဲ႔ ကိုယ္စားလွယ္ေလာင္းေဘးမွာ အမွန္ျခစ္တံဆိပ္တုံးေလး အကြက္ထဲမွာ ေသခ်ာ႐ိုက္ႏွိပ္ေပးရမွာျဖစ္ပါတယ္။

ေ႐ြးေကာက္ပြဲေကာ္မရွင္က အသိအမွတ္ျပဳေၾကျငာထားတဲ့ ပါတီအလိုက္ ကိုယ္စားလွယ္ေလာင္းစာရင္းနဲ႔ ပါတီအမွတ္တံဆိပ္ကို ေသခ်ာၾကည့္ၿပီး ၅ႏွစ္မွ တခါေပးရတဲ့ မိမိတို႔အသည္းၾကားက မဲတျပားအတြက္ မမွားဖို႔နဲ႔ ပယ္မဲမျဖစ္ဖို႔ ပုံေတြကို ေသခ်ာၾကည့္ရႈေပးၾကပါရန္ ပူးတြဲ တင္ျပေပးလိုက္ပါသည္။

#votereducation #ေ႐ြးေကာက္ပြဲ #VOICEOFMYANMAR #VOM

 

Related posts

Leave a Comment

VOM News

FREE
VIEW