ကိုဗစ်ရောဂါကြောင့် ကရင်ပြည်နယ်ထဲက မဲဆန္ဒနယ် ၇ နေရာကို စာရင်းကနေပယ်ဖျက်ပေးဖို့ ပြည်နယ်လွှတ်တော်က တောင်းဆို

ကိုဗစ်ရောဂါကြောင့် ကရင်ပြည်နယ်ထဲက မဲဆန္ဒနယ် ၇ နေရာကို စာရင်းကနေပယ်ဖျက်ပေးဖို့ ပြည်နယ်လွှတ်တော်က တောင်းဆို အောက်တိုဘာ ၁၅-၂၀၂၀ သိင်္ဂီ(VOM) ကရင်ပြည်နယ်ထဲက မဲဆန္ဒနယ် ၇ နေရာကို မဲဆန္ဒနယ် စာရင်းကနေ ပယ်ဖျက်ရုပ်သိမ်းပေးဖို့ ပြည်နယ်လွှတ်တော်က တောင်းဆိုထားတယ်လို့ ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။ လှိုင်းဘွဲ့မြို့နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၉)နဲ့ ကရင်ပြည်နယ်လွှတ်တော် လှိုင်းဘွဲ့မဲဆန္ဒနယ် အမှတ် ၂ ရှိတဲ့ မဲဆန္ဒနယ်မြေအချို့မှာ ကိုဗစ်ရောဂါကြောင့် အချို့ရွာတွေမှာ ဝင်ရောက်ဖို့ ပိတ်ဆို့ခံရပြီး ကွင်းဆင်းစည်းရုံးဖို့ခက်ခဲခြင်း၊ လမ်းပန်းဆက်သွယ်ရေး လွန်စွာခက်ခဲခြင်း စတဲ့အခြေအနေတွေကြောင့် ကိုယ်စားလှယ်လောင်းတွေရဲ့ တင်ပြချက်အရ ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲကာလအတိုင်း မဲဆန္ဒနယ်မြေကို ပယ်ဖျက်ရုပ်သိမ်းပေးဖို့ ပြည်နယ်လွှတ်တော်က အောက်တိုဘာ ၁၂ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ အကြောင်းကြားစာမှာ ဖော်ပြထားတာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ ပယ်ဖျက်ပေးဖို့တောင်းဆိုတဲ့ မဲဆန္ဒနယ်မြေတွေကိစ္စနဲ့ပတ်သက်ပြီး ခရိုင်အဆင့်က စိစစ်နေဆဲ ဖြစ်တယ်လို့…

Read More

ဘန်ကောက်မှာ အကြီးအကျယ်ဆန္ဒပြမှုတွေကြောင့် အရေးပေါ်အမိန့် ထိုင်းအစိုးရထုတ်

ဘန်ကောက်မှာ အကြီးအကျယ်ဆန္ဒပြမှုတွေကြောင့် အရေးပေါ်အမိန့် ထိုင်းအစိုးရထုတ် ဘန်ကောက်၊ အောက်တိုဘာ-၁၅-၂၀၂၀ မျိုးဆက် (VOM) ထိုင်းနိုင်ငံမှာ လူအများအပြားစုဝေးတာတွေအပါအဝင် မြို့တော်ဘန်ကောက်မှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို ရပ်တန့်ဖို့အတွက် အရေးပေါ်အမိန့်တစ်ရပ်ကို ထိုင်းအစိုးရက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့အတွက် အရေးပေါ်အစီအမံတွေ လိုအပ်တာကြောင့် ဒီအမိန့်ကိုထုတ်ပြန်လိုက်တာဖြစ်တယ်လို့ ရုပ်မြင်သံကြားကနေထုတ်ပြန်တဲ့ အမိန့်မှာ ရဲတပ်ဖွဲ့ကဖတ်ကြားခဲ့ပါတယ်။ ဒီနေ့မနက်အစောပိုင်းမှာတော့ ရဲတပ်ဖွဲ့ဟာ ဆန္ဒပြတဲ့ အဓိကခေါင်းဆောင်သုံးဦးအပါအဝင် တက်ကြွလှုပ်ရှားသူအချို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ကျောင်းသားတွေဦးဆောင်တဲ့ ဒီမိုကရေစီလှုပ်ရှားမှု ဆန္ဒပြပွဲတွေမှာ ထိုင်းဝန်ကြီးချုပ်နှုတ်ထွက်ရေးနဲ့ ထိုင်းဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးတို့ကို တောင်းဆိုနေကြပါတယ်။ အရေးပေါ်အမိန့်ဟာ ဒီနေ့ညနေ ၄ နာရီအချိန်မှာ စတင်သက်ဝင်မှာဖြစ်ပါတယ်။ ဆန္ဒပြသူ ၂၀ ဦးကိုဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရဲတပ်ဖွဲ့ကပြောကြားထားပြီး ဖမ်းဆီးထားသူတွေရဲ့ အမည်တွေကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။ လက်ရှိဆန္ဒပြမှုတွေဟာ စစ်တပ်အကြီးအကဲဟောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ အာဏာရလာပြီး နောက်ပိုင်း အကြီးမားဆုံးလူထုလှုပ်ရှားမှုအဖြစ် သတ်မှတ်နိုင်ပါတယ်။ Ref :…

Read More

မိမိနေထိုင်ရာမြို့နယ်က ဘယ်ပါတီနဲ့ ဘယ်လွှတ်တော်ကိုယ်စားလှယ်ကို ဘယ်လိုရွေးပြီး မဲပေးမလဲ (မန္တလေး ပြည်ကြီးတံခွန်မြို့နယ်)

မိမိနေထိုင်ရာမြို့နယ်က ဘယ်ပါတီနဲ့ ဘယ်လွှတ်တော်ကိုယ်စားလှယ်ကို ဘယ်လိုရွေးပြီး မဲပေးမလဲ (မန္တလေး ပြည်ကြီးတံခွန်မြို့နယ်) မန္တလေး- အောက်တိုဘာ ၁၅-၂၀၂၀ ဆွေလင်းထွန်း ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲအတွက် Voice Of Myanmar (VOM) က အချိန်ယူပြီး မဲဆန္ဒရှင်တချို့ကို ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အသိတွေ ပြည်သူတွေဘယ်လောက်သိထားသလဲ လို့ စစ်တမ်းသဘောမျိုးမေးကြည့်တဲ့အခါ မဲပေးဖို့သာ စိတ်အားထက်သန်ကြပြီး ရွေးကောက်ပွဲကျင်းပမယ့်ရက်၊ မိမိပေးရမယ့် ပါတီရဲ့ကိုယ်စားလှယ်လောင်းကို မသိကြသူအများစုဖြစ်နေပါတယ်။ ဒါ့ကြောင့်မို့ ဒီကနေ့ မန္တလေးခရိုင် ပြည်ကြီးတံခွန်မြို့နယ်က မဲဆန္ဒရှင်တွေအတွက် သိသင့်တဲ့ အချက်အလက်တွေကိုတင်ပြပေးလိုက်ပါတယ်။ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်မှာနေထိုင်တဲ့ မဲဆန္ဒရှင်တွေအနေနဲ့ ရှမ်းတိုင်းသားမဟုတ်တဲ့ အခြားတိုင်းရင်းသားတွေအနေနဲ့ အမျိုးသားလွှတ်တော်အတွက် တစ်မဲ၊ ပြည်သူ့လွှတ်တော်အတွက် တစ်မဲ၊ တိုင်းဒေသကြီးလွှတ်တော်အတွက် တစ်မဲ စုစုပေါင်း မဲကဒ်ပြား ၃ခု ထုတ်ယူပြီး မိမိကြိုက်နှစ်သက်တဲ့ ပါတီနဲ့ကိုယ်စားလှယ်လောင်းရဲ့ ဘေးမှာ မဲရုံကထုတ်ပေးတဲ့ တံဆိပ်တုံးကို…

Read More

ရသေ့တောင်မှာ တိုက်ပွဲဆက်ဖြစ်ပြီး ဒေသခံ (၄) ဦးဒဏ်ရာရကာ နေရပ်စွန့်ခွာသူ (၃) ထောင်နီးပါးထပ်တိုး

ရသေ့တောင်မှာ တိုက်ပွဲဆက်ဖြစ်ပြီး ဒေသခံ (၄) ဦးဒဏ်ရာရကာ နေရပ်စွန့်ခွာသူ (၃) ထောင်နီးပါးထပ်တိုး ရသေ့တောင်၊ အောက်တိုဘာ ၁၅- ၂၀၂၀ ထက်အောင်စိုင်း(VOM) အခုလ အောက်တိုဘာ ၁ ရက်နေ့ကနေ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ရဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး မနေ့ အောက်တိုဘာလ (၁၄) ရက်နေ့မှာလည်း ရသေ့တောင်မြို့နယ်၊ အောင်သာစည်ကျေးရွာအနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မနေ့ အောက်တိုဘာလ (၁၄) ရက် နေ့လည်ပိုင်းက ရသေ့တောင်မြို့နယ်၊ မေယုမြစ်အနောက်ဖက်ကမ်းက ပြာပင်ရင်းကျေးရွာကို လက်နက်ကြီးကျည်ကျပြီး ကျေးရွာသား (၄) ဦးဒဏ်ရာရှိခဲ့တယ်လို့ လက်နက်ကြီးထိမှန်ဒဏ်ရာရှိခဲ့တဲ့ ဦးသန်းစိန်မောင်က ပြောပြပါတယ်။ ဒဏ်ရာရရှိသူတွေဟာ ပြာပင်ရင်းကျေးရွာက အသက် (၅၅) နှစ်အရွယ် ဦးမောင်မြထွန်း(လည်ပင်း၊ ခေါင်းနဲ့ လက်ဒဏ်ရာ) ၊ ဦးဘချို အသက်(၅၆) နှစ် ရင်ဘတ်ဒဏ်ရာ(ပြင်းထန်)၊ ဦးမောင်မြခိုင် (၂၈)…

Read More
VOM News

FREE
VIEW