ရသေ့တောင်မှာ တိုက်ပွဲဆက်ဖြစ်ပြီး ဒေသခံ (၄) ဦးဒဏ်ရာရကာ နေရပ်စွန့်ခွာသူ (၃) ထောင်နီးပါးထပ်တိုး

ရသေ့တောင်မှာ တိုက်ပွဲဆက်ဖြစ်ပြီး ဒေသခံ (၄) ဦးဒဏ်ရာရကာ နေရပ်စွန့်ခွာသူ (၃) ထောင်နီးပါးထပ်တိုး

ရသေ့တောင်၊ အောက်တိုဘာ ၁၅- ၂၀၂၀
ထက်အောင်စိုင်း(VOM)

အခုလ အောက်တိုဘာ ၁ ရက်နေ့ကနေ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ရဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး မနေ့ အောက်တိုဘာလ (၁၄) ရက်နေ့မှာလည်း ရသေ့တောင်မြို့နယ်၊ အောင်သာစည်ကျေးရွာအနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မနေ့ အောက်တိုဘာလ (၁၄) ရက် နေ့လည်ပိုင်းက ရသေ့တောင်မြို့နယ်၊ မေယုမြစ်အနောက်ဖက်ကမ်းက ပြာပင်ရင်းကျေးရွာကို လက်နက်ကြီးကျည်ကျပြီး ကျေးရွာသား (၄) ဦးဒဏ်ရာရှိခဲ့တယ်လို့ လက်နက်ကြီးထိမှန်ဒဏ်ရာရှိခဲ့တဲ့ ဦးသန်းစိန်မောင်က ပြောပြပါတယ်။

ဒဏ်ရာရရှိသူတွေဟာ ပြာပင်ရင်းကျေးရွာက အသက် (၅၅) နှစ်အရွယ် ဦးမောင်မြထွန်း(လည်ပင်း၊ ခေါင်းနဲ့ လက်ဒဏ်ရာ) ၊ ဦးဘချို အသက်(၅၆) နှစ် ရင်ဘတ်ဒဏ်ရာ(ပြင်းထန်)၊ ဦးမောင်မြခိုင် (၂၈) မှာ ညာခြေသလုံးဒဏ်ရာ နဲ့ ဦးသန်းစိန်မောင် (၃၇) နှစ်မှာ လက်မောင်းအောက်ဖက် ကျည်စထိမှန်ဒဏ်ရာတွေအသီးသီးရရှိသွားကြောင်းနဲ့ ဒဏ်ရာပြင်းထန်တဲ့ ဦးဘချိုကိုတော့ လက်ရှိမှာ စစ်တွေဆေးရုံသို့ ပို့ဆောင်နေတယ်လို့ သိရပါတယ်။

လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိသွားတဲ့ ဦးသန်းစိန်မောင် ပြောပြတာက” မနေ့က ပြောတာတော့ ဇက်နေဗီက ပစ်ပြီးဆင်းလာတယ်လို့ ကြားပါတယ်။ ကျနော်ထင်တာတာကတော့ နေဗီက ပစ်တာလို့ပဲထင်ပါတယ်။ ကျနော်တို့က လက်နက်ကြီးသံတွေကြားတော့ စာသင်ကျောင်းအတွင်းမှာ ပုန်းနေတဲ့အခါ လက်နက်ကြီးက လာကျတာပါ။ ဒဏ်ရာရတာက ကျနော့်မှာ ယောက်ဖ(၂) ယောက်နဲ့ အဖေတစ်ယောက်၊ ပြီးတော့ ကျနော်လည်း ပါပါတယ်။ စစ်တွေဆေးရုံကို ပို့လိုက်တာက ကျနော့်အဖေပါ၊ အခုလိုကာလမျိုးမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတယ်ဆိုရင် တိုက်ချင်တဲ့ပစ်မှတ်ကိုပဲ တိုက်ဖို့လိုတယ်၊ တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ပြည်သူလူထုကို အခုလိုမျိုး ဒုက္ခရောက်အောင် မလုပ်စေချင်ဘူး”လို့ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့က တပ်မတော်နဲ့ အေအေတို့ ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး မေယုမြစ်အနောက်ဖက်ကမ်းက စေတီပြင်တိုက်နယ်အတွင်း ကံပြင်၊ စဖိုကျွန်း၊ အောက်ကျောင်းတောင်၊ အောင်စည်ကုန်း၊ ပြင်ဝန်းနဲ့ ဒိုးဝေချောင်းစတဲ့ ကျေးရွာတွေက ဒေသခံ (၂) ထောင်ကျော် (၃) ထောင်နီးပါးဟာလည်း စေတီပြင်းကျေးရွာကို ထွက်ပြေခိုလှုံနေရတယ်လို့ သိရပါတယ်။

အဲ့ဒီကျေးရွာတွေထဲက ကံပြင်ကျေးရွာနဲ့ ပြင်ဝန်းကျေးရွာကို ပြီးခဲ့တဲ့ အောက်တိုဘာလ (၅)ရက်နေ့နဲ့ (၆) ရက်နေ့က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ဒေသခံ အနည်းဆုံး(၃) ဦးဒဏ်ရာရှိခဲ့တာလည်း ဖြစ်ပွားခဲ့ပါတယ်။

လက်ရှိမှာ စေတီပြင်ကျေးရွာကို ရောက်ရှိနေတဲ့ စစ်ဘေးရှောင်ဦးရေ (၃)ထောင်နီးပါးအတွက် နေထိုင်ဖို့နေရာ အဓိကလိုအပ်နေပြီး စားဝတ်နေရေးတွေဟာလည်း အဆင်ပြေမှုမရှိကြောင်း စစ်ဘေးရှောင်တွေနဲ့ ဒဏ်ရာရအရပ်သားတွေကို ကူညီပေးနေတဲ့ ကိုဘက္ကာက ပြောပါတယ်။

“ မနေ့ကထွက်ပြေးတာမှာ စေတီပြင်တိုက်နယ်ထဲမှာပါတဲ့ ရွာ(၆) ရွာလောက်က ရှောင်သွားကြတယ်။ ဇက်နေဗီတွေကလည်း လက်နက်ကြီးတွေပစ်နေတော့ ရှောင်သွားကြတာ။ အဲဒီ စစ်ဘေးရှောင်တွေအတွက် နေရာထိုင်ခင်းတွေကလည်း အဆင်မပြေဘူး။ စားရေးသောက်ရေးကအစ အခက်အခဲရှိတယ်”လို့ ကိုဘက္ကာက ပြောပါတယ်။

အောက်တိုဘာလ ၁၃ ရက်နေ့က ရခိုင်ပြည်နယ်အလယ်ပိုင်း၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စု၊ ကွေ့ချေကျေးရွာကို လက်နက်ကြီးကျည်ကျပြီး စစ်ဘေးရှောင်စခန်းက အသက် (၂၂) နှစ်အရွယ် မောင်ငမျိုးဆိုသူ ဒဏ်ရာရရှိသွားတယ်လို့လည်း သိရပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၁၄ ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်း အရပ်သားထိခိုက်ဒဏ်ရာရှိသူ (၁၃) ဦးထိရှိပြီး သေဆုံးသူ (၄) ဦးထိရှိလာနေတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုဟာ အရင်က ကျေးရွာတွေမှာ ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ စစ်ဘေးရှောင်စခန်းတွေမှာပါ လက်နက်ကြီး ကျည်တွေကျရောက်ပေါက်ကွဲလာတာကြောင့် ဒေသခံတွေအနေနဲ့ လုံခြုံမှု မရှိတော့ သလိုခံစားရကြောင်း ဒေသခံတွေနဲ့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်သူတွေက ပြောထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းကနေ အခု ၂၀၂၀ ခုနှစ်အထိ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးရှောင်ဦးရေ (၂) သိန်းကျော်နဲ့ အရပ်သား သေဆုံးမှု (၃၀၀) ဝန်းကျင်ထိရှိလာပြီး ဒဏ်ရာရရှိသူ (၇၀၀) နီးပါရှိတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ထားတဲ့စာရင်းတွေအရ သိရပါတယ်။

အောက်တိုဘာလ (၁) ရက်နေ့ကနေ (၁၄) ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ ထိတွေ့တိုက်ပွဲ အနည်းဆုံး (၉) ကြိမ်တိတိဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ပွဲတွေထဲမှာ လက်ရှိ ရသေ့တောင်မြို့နယ်ဖက်မှာဖြစ်ပွားနေတဲ့ အောင်သာစည်ကျေးရွာအနီးက နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဟာ ပြင်းထန်တယ်လို့ နှစ်ဖက်ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

#voicofmyanmar #VOM #ရသေ့တောင် #တိုက်ပွဲဖြစ်ပွား #အရပ်သားဒဏ်ရာရ

Zawgyi

ရေသ့ေတာင္မွာ တိုက္ပြဲဆက္ျဖစ္ၿပီး ေဒသခံ (၄) ဦးဒဏ္ရာရကာ ေနရပ္စြန႔္ခြာသူ (၃) ေထာင္နီးပါးထပ္တိုး

ရေသ့ေတာင္၊ ေအာက္တိုဘာ ၁၅- ၂၀၂၀
ထက္ေအာင္စိုင္း(VOM)

အခုလ ေအာက္တိုဘာ ၁ ရက္ေန႔ကေန ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ေနၿပီး မေန႔ ေအာက္တိုဘာလ (၁၄) ရက္ေန႔မွာလည္း ရေသ့ေတာင္ၿမိဳ႕နယ္၊ ေအာင္သာစည္ေက်း႐ြာအနီးတစ္ဝိုက္မွာ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

မေန႔ ေအာက္တိုဘာလ (၁၄) ရက္ ေန႔လည္ပိုင္းက ရေသ့ေတာင္ၿမိဳ႕နယ္၊ ေမယုျမစ္အေနာက္ဖက္ကမ္းက ျပာပင္ရင္းေက်း႐ြာကို လက္နက္ႀကီးက်ည္က်ၿပီး ေက်း႐ြာသား (၄) ဦးဒဏ္ရာရွိခဲ့တယ္လို႔ လက္နက္ႀကီးထိမွန္ဒဏ္ရာရွိခဲ့တဲ့ ဦးသန္းစိန္ေမာင္က ေျပာျပပါတယ္။

ဒဏ္ရာရရွိသူေတြဟာ ျပာပင္ရင္းေက်း႐ြာက အသက္ (၅၅) ႏွစ္အ႐ြယ္ ဦးေမာင္ျမထြန္း(လည္ပင္း၊ ေခါင္းနဲ႔ လက္ဒဏ္ရာ) ၊ ဦးဘခ်ိဳ အသက္(၅၆) ႏွစ္ ရင္ဘတ္ဒဏ္ရာ(ျပင္းထန္)၊ ဦးေမာင္ျမခိုင္ (၂၈) မွာ ညာေျခသလုံးဒဏ္ရာ နဲ႔ ဦးသန္းစိန္ေမာင္ (၃၇) ႏွစ္မွာ လက္ေမာင္းေအာက္ဖက္ က်ည္စထိမွန္ဒဏ္ရာေတြအသီးသီးရရွိသြားေၾကာင္းနဲ႔ ဒဏ္ရာျပင္းထန္တဲ့ ဦးဘခ်ိဳကိုေတာ့ လက္ရွိမွာ စစ္ေတြေဆး႐ုံသို႔ ပို႔ေဆာင္ေနတယ္လို႔ သိရပါတယ္။

လက္နက္ႀကီးက်ည္ထိမွန္ဒဏ္ရာရရွိသြားတဲ့ ဦးသန္းစိန္ေမာင္ ေျပာျပတာက” မေန႔က ေျပာတာေတာ့ ဇက္ေနဗီက ပစ္ၿပီးဆင္းလာတယ္လို႔ ၾကားပါတယ္။ က်ေနာ္ထင္တာတာကေတာ့ ေနဗီက ပစ္တာလို႔ပဲထင္ပါတယ္။ က်ေနာ္တို႔က လက္နက္ႀကီးသံေတြၾကားေတာ့ စာသင္ေက်ာင္းအတြင္းမွာ ပုန္းေနတဲ့အခါ လက္နက္ႀကီးက လာက်တာပါ။ ဒဏ္ရာရတာက က်ေနာ့္မွာ ေယာက္ဖ(၂) ေယာက္နဲ႔ အေဖတစ္ေယာက္၊ ၿပီးေတာ့ က်ေနာ္လည္း ပါပါတယ္။ စစ္ေတြေဆး႐ုံကို ပို႔လိုက္တာက က်ေနာ့္အေဖပါ၊ အခုလိုကာလမ်ိဳးမွာ ႏွစ္ဖက္တိုက္ပြဲျဖစ္ပြားတယ္ဆိုရင္ တိုက္ခ်င္တဲ့ပစ္မွတ္ကိုပဲ တိုက္ဖို႔လိုတယ္၊ တိုက္ပြဲနဲ႔ မသက္ဆိုင္တဲ့ ျပည္သူလူထုကို အခုလိုမ်ိဳး ဒုကၡေရာက္ေအာင္ မလုပ္ေစခ်င္ဘူး”လို ႔ေျပာပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၁၃ ရက္ေန႔က တပ္မေတာ္နဲ႔ ေအေအတို႔ ရေသ့ေတာင္ၿမိဳ႕နယ္အတြင္း တိုက္ပြဲအျပင္းအထန္ျဖစ္ပြားၿပီး ေမယုျမစ္အေနာက္ဖက္ကမ္းက ေစတီျပင္တိုက္နယ္အတြင္း ကံျပင္၊ စဖိုကြၽန္း၊ ေအာက္ေက်ာင္းေတာင္၊ ေအာင္စည္ကုန္း၊ ျပင္ဝန္းနဲ႔ ဒိုးေဝေခ်ာင္းစတဲ့ ေက်း႐ြာေတြက ေဒသခံ (၂) ေထာင္ေက်ာ္ (၃) ေထာင္နီးပါးဟာလည္း ေစတီျပင္းေက်း႐ြာကို ထြက္ေျပခိုလႈံေနရတယ္လို႔ သိရပါတယ္။

အဲ့ဒီေက်း႐ြာေတြထဲက ကံျပင္ေက်း႐ြာနဲ႔ ျပင္ဝန္းေက်း႐ြာကို ၿပီးခဲ့တဲ့ ေအာက္တိုဘာလ (၅)ရက္ေန႔နဲ႔ (၆) ရက္ေန႔က လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲၿပီး ေဒသခံ အနည္းဆုံး(၃) ဦးဒဏ္ရာရွိခဲ့တာလည္း ျဖစ္ပြားခဲ့ပါတယ္။

လက္ရွိမွာ ေစတီျပင္ေက်း႐ြာကို ေရာက္ရွိေနတဲ့ စစ္ေဘးေရွာင္ဦးေရ (၃)ေထာင္နီးပါးအတြက္ ေနထိုင္ဖို႔ေနရာ အဓိကလိုအပ္ေနၿပီး စားဝတ္ေနေရးေတြဟာလည္း အဆင္ေျပမႈမရွိေၾကာင္း စစ္ေဘးေရွာင္ေတြနဲ႔ ဒဏ္ရာရအရပ္သားေတြကို ကူညီေပးေနတဲ့ ကိုဘကၠာက ေျပာပါတယ္။

“ မေန႔ကထြက္ေျပးတာမွာ ေစတီျပင္တိုက္နယ္ထဲမွာပါတဲ့ ႐ြာ(၆) ႐ြာေလာက္က ေရွာင္သြားၾကတယ္။ ဇက္ေနဗီေတြကလည္း လက္နက္ႀကီးေတြပစ္ေနေတာ့ ေရွာင္သြားၾကတာ။ အဲဒီ စစ္ေဘးေရွာင္ေတြအတြက္ ေနရာထိုင္ခင္းေတြကလည္း အဆင္မေျပဘူး။ စားေရးေသာက္ေရးကအစ အခက္အခဲရွိတယ္”လို႔ ကိုဘကၠာက ေျပာပါတယ္။

ေအာက္တိုဘာလ ၁၃ ရက္ေန႔က ရခိုင္ျပည္နယ္အလယ္ပိုင္း၊ အမ္းၿမိဳ႕နယ္၊ ဒါးလက္ေခ်ာင္းအုပ္စု၊ ေကြ႕ေခ်ေက်း႐ြာကို လက္နက္ႀကီးက်ည္က်ၿပီး စစ္ေဘးေရွာင္စခန္းက အသက္ (၂၂) ႏွစ္အ႐ြယ္ ေမာင္ငမ်ိဳးဆိုသူ ဒဏ္ရာရရွိသြားတယ္လို႔လည္း သိရပါတယ္။

ေအာက္တိုဘာလ ၁ ရက္ေန႔ကေန ေအာက္တိုဘာလ ၁၄ ရက္ေန႔အထိ ရခိုင္ျပည္နယ္အတြင္း အရပ္သားထိခိုက္ဒဏ္ရာရွိသူ (၁၃) ဦးထိရွိၿပီး ေသဆုံးသူ (၄) ဦးထိရွိလာေနတာ ျဖစ္ပါတယ္။

ရခိုင္ျပည္နယ္အတြင္း လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲမႈဟာ အရင္က ေက်း႐ြာေတြမွာ ျဖစ္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ စစ္ေဘးေရွာင္စခန္းေတြမွာပါ လက္နက္ႀကီး က်ည္ေတြက်ေရာက္ေပါက္ကြဲလာတာေၾကာင့္ ေဒသခံေတြအေနနဲ႔ လုံၿခဳံမႈ မရွိေတာ့ သလိုခံစားရေၾကာင္း ေဒသခံေတြနဲ႔ စစ္ေဘးေရွာင္အေရး ကူညီေဆာင္႐ြက္သူေတြက ေျပာထားပါတယ္။

ရခိုင္ျပည္နယ္အတြင္း စစ္ေရးပဋိပကၡေတြေၾကာင့္ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ႏွစ္ကုန္ပိုင္းကေန အခု ၂၀၂၀ ခုႏွစ္အထိ ေနရပ္စြန႔္ခြာထြက္ေျပးရတဲ့ စစ္ေဘးေရွာင္ဦးေရ (၂) သိန္းေက်ာ္နဲ႔ အရပ္သား ေသဆုံးမႈ (၃၀၀) ဝန္းက်င္ထိရွိလာၿပီး ဒဏ္ရာရရွိသူ (၇၀၀) နီးပါရွိတယ္လို႔ အရပ္ဖက္အဖြဲ႕အစည္းေတြရဲ႕ ထုတ္ျပန္ထားတဲ့စာရင္းေတြအရ သိရပါတယ္။

ေအာက္တိုဘာလ (၁) ရက္ေန႔ကေန (၁၄) ရက္ေန႔အထိ ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နဲ႔ ေအေအတို႔ ထိေတြ႕တိုက္ပြဲ အနည္းဆုံး (၉) ႀကိမ္တိတိျဖစ္ပြားခဲ့ၿပီး အဲ့ဒီတိုက္ပြဲေတြထဲမွာ လက္ရွိ ရေသ့ေတာင္ၿမိဳ႕နယ္ဖက္မွာျဖစ္ပြားေနတဲ့ ေအာင္သာစည္ေက်း႐ြာအနီးက ႏွစ္ဖက္ထိေတြ႕တိုက္ပြဲေတြဟာ ျပင္းထန္တယ္လို႔ ႏွစ္ဖက္ထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။

#voicofmyanmar #VOM #ရေသ့ေတာင္ #တိုက္ပြဲျဖစ္ပြား #အရပ္သားဒဏ္ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW