ပါတီမိတ်ဆက် (လီဆူတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ)

ပါတီမိတ်ဆက် (လီဆူတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ)
စက်တင်ဘာ ၁၂-၂၀၂၀
ရန်အောင်ထွန်း(VOM)
နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကချင်ပြည်နယ်က လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် လီဆူတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးရွှေမင်း (ခ) ဆီဖာလာလူး ကို VOM သတင်းထောက် ကိုရန်အောင်ထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။
VOM – ပါတီရဲ့ မူဝါဒက ဘယ်လိုလဲ သိပါရစေ
ဦးရွှေမင်း – လီဆူအမျိုးသားကို အခြေခံပြီးတော့ ပြည်သူတစ်ရပ်လုံးရဲ့ အကျိုးစိးပွားကို ဖွံ့ဖြိုးအောင် ကြိုးပမ်းဆောင်ရွက်မယ်ဆိုတာဖြစ်ပါတယ်။
VOM – ရွေးကောက်ပွဲ ကတိကဝတ်တွေကရော ဘာတွေလဲ
ဦးရွှေမင်း – အဓိကကတော့ ဖက်ဒရယ်ဒီမိုကရေစီကို သွားမယ်လို့ အားလုံးသဘောတူပြီးတော့ စတင်လျှောက်လှမ်းနေတဲ့ အချိန်ကာလလို့ ပြောလို့ရနေပြီ၊ အဲ့ဒီအခါမှာ ကျွန်တော်တု့ိရဲ့ အခြေခံမူဖြစ်တဲ့ တန်းတူရေးနဲ့ သွားရမှာဖြစ်တယ်။ တန်းတူညီတူ ဖွံ့ဖြိုးတိုးတက်ဖို့ ၊ သာတူညီမျှဖွံ့ဖြိုးတိုးတက်ဖို့ကို သွားရမှာဖြစ်တဲ့အတွက် တိုင်းရင်းသားများရဲ့ အခန်းကဏ္ဍဟာ အများကြီး အရေးကြီးပါတယ်။ ဒါကိုအလေးထားလုပ်သွားပါမယ်။
VOM – ဘယ်မဲဆန္ဒနယ်တွေမှာ ဝင်ပြိုင်မှာလဲ ဘယ်လောက်ပြိုင်မှာလဲ။
ဦးရွှေမင်း – မဲဆန္ဒနယ်ကတော့ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ၂၉ နေရာဖြစ်ပါတယ်။ အမျိုးသားက ၃ နေရာ၊ ပြည်သူ့က ၉ နေရာဖြစ်ပါတယ်။ တိုင်းဒေကြီးနဲ့ ပြည်နယ်မှာတော့ ၂၇ နေရာဖြစ်ပါတယ်။
VOM – ကိုယ်စားလှယ်လောင်း ဦးရေ ဘယ်လောက်ဝင်ပြိုင်မှာလဲ
ဦးရွှေမင်း – ကချင်ပြည်နယ်မှာ ၂၃ ဦး၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မှာ ၆ ဦး ကိုယ်စားလှယ်လောင်းက ၂၉ ဦးပါ၊ ကချင်ပြည်နယ်က ၂၃ ဦးမှာ လီဆူတိုင်းရင်းသားရေရာအတွက် ၁ ဦးပါမယ်၊ ရှမ်းပြည်မှာ ပြည်နယ်လွှတ်တော်နေရာ ၁ ဦး တိုင်းရင်းသားရေးရာအတွက် ၁ ဦးပါဝင်ပါမယ်။
VOM – ကိုယ်စားလှယ်လောင်း အရည်အချင်းကိုရော ဘယ်လိုသတ်မှတ်ပါသလဲ
ဦးရွှေမင်း – ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဒေနည်းဥပေဒများနဲ့အတူ အခြေခံဥပဒေက ဖော်ပြထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် သတ်မှတ်ထားတဲ့ အရည်အချင်းမျာနဲ့ လိုက်နာရမယ့် စည်းကမ်းများကိုလိုက်နာနိုင်သောသူ၊ မိမိဒေသ မိမိလူမျိုး မိမိပြည်သူကို ချစ်မြတ်နိုးသော သူများကို ဦးစားပေးရွေးပါတယ်။ ပညာအရည်အချင်းကန့်သတ်တာတော့ မရှိပါဘူး။
VOM – အင်အားကြီးပါတီတွေနဲ့ ပြိုင်ဖို့ ဘယ်လိုပြင်ထားသလဲ
ဦးရွှေမင်း – ကျွန်တော်တို့ တိုင်းရင်းသားပါတီငယ်ဆိုတာက ငွေကြေးရန်ပုံငွေ မပြည့်စုံဘူး၊ နောက်ပြီး ပညာသမ္ဘာအားဖြင့်လည်း သူတို့ကို ယှဉ်လို့မရဘူး၊ ယှဉ်လိုက်ရင် အားနည်းချက်အများကြီးရှိတဲ့အပေါ် ရှိတဲ့အားနဲ့တော့ ပြိုင်ကြမယ်ပေါ့ဗျာ၊ မဖြစ်ဖြစ်အောင်ပြိုင်ကြမယ် နိုင်အောင်ကတော့ ပြိုင်ကြမှာပဲ၊ နိုင်မယ်လို့လည်း ယူဆပါတယ်။
VOM – ၂၀၁၅ တုန်းက ဘယ်လောက်အနိုင်ရခဲ့သလဲ၊ လာမယ့်ရွေးကောက်ပွဲမှာရော ဘယ်လောက် မျှော်လင့်ထားသလဲ
ဦးရွှေမင်း – ၂၀၁၅ မှာ ဒူးလေးပါတီက ၂၈ နေရာဝင်ပြိုင်ခဲ့တယ်၊ ၅ ဦး အနိုင်ရရှိခဲ့တယ်၊ ၂၀၂၀ မှာပြိုင်တဲ့ ၂၉ ဦးထဲက ၁၅ ဦးအထက် အောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
VOM – ပါတီရဲ့ဆောင်ပုဒ်ကရော ဘယ်လိုလဲ
ဦးရွှေမင်း – တန်းတူညီမျှ တိုးတက်ဖို့ ဒူးလေးပါတီ မဲထည့်စို့ ဖြစ်ပါတယ်။
#voiceofmyanmar #VOM #ပါတီမိတ်ဆက်
Zawgyi
ပါတီမိတ္ဆက္ (လီဆူတိုင္းရင္းသား ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ)
စက္တင္ဘာ ၁၂-၂၀၂၀
ရန္ေအာင္ထြန္း(VOM)
ႏိုဝင္ဘာ ၈ ရက္ေန႔မွာ က်င္းပမယ့္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲမွာ ကခ်င္ျပည္နယ္က လီဆူတိုင္းရင္းသားေရးရာ ဝန္ႀကီးေနရာအတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ လီဆူတိုင္းရင္းသား ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ ဥကၠ႒ ဦးေ႐ႊမင္း (ခ) ဆီဖာလာလူး ကို VOM သတင္းေထာက္ ကိုရန္ေအာင္ထြန္းက ေတြ႕ဆုံေမးျမန္းထားပါတယ္။
VOM – ပါတီရဲ႕ မူဝါဒက ဘယ္လိုလဲ သိပါရေစ
ဦးေ႐ႊမင္း – လီဆူအမ်ိဳးသားကို အေျခခံၿပီးေတာ့ ျပည္သူတစ္ရပ္လုံးရဲ႕ အက်ိဳးစိးပြားကို ဖြံ႕ၿဖိဳးေအာင္ ႀကိဳးပမ္းေဆာင္႐ြက္မယ္ဆိုတာျဖစ္ပါတယ္။
VOM – ေ႐ြးေကာက္ပြဲ ကတိကဝတ္ေတြကေရာ ဘာေတြလဲ
ဦးေ႐ႊမင္း – အဓိကကေတာ့ ဖက္ဒရယ္ဒီမိုကေရစီကို သြားမယ္လို႔ အားလုံးသေဘာတူၿပီးေတာ့ စတင္ေလွ်ာက္လွမ္းေနတဲ့ အခ်ိန္ကာလလို႔ ေျပာလို႔ရေနၿပီ၊ အဲ့ဒီအခါမွာ ကြၽန္ေတာ္တု႔ိရဲ႕ အေျခခံမူျဖစ္တဲ့ တန္းတူေရးနဲ႔ သြားရမွာျဖစ္တယ္။ တန္းတူညီတူ ဖြံ႕ၿဖိဳးတိုးတက္ဖို႔ ၊ သာတူညီမွ်ဖြံ႕ၿဖိဳးတိုးတက္ဖို႔ကို သြားရမွာျဖစ္တဲ့အတြက္ တိုင္းရင္းသားမ်ားရဲ႕ အခန္းက႑ဟာ အမ်ားႀကီး အေရးႀကီးပါတယ္။ ဒါကိုအေလးထားလုပ္သြားပါမယ္။
VOM – ဘယ္မဲဆႏၵနယ္ေတြမွာ ဝင္ၿပိဳင္မွာလဲ ဘယ္ေလာက္ၿပိဳင္မွာလဲ။
ဦးေ႐ႊမင္း – မဲဆႏၵနယ္ကေတာ့ ျမန္မာႏိုင္ငံတစ္ဝန္းလုံးမွာ ၂၉ ေနရာျဖစ္ပါတယ္။ အမ်ိဳးသားက ၃ ေနရာ၊ ျပည္သူ႔က ၉ ေနရာျဖစ္ပါတယ္။ တိုင္းေဒႀကီးနဲ႔ ျပည္နယ္မွာေတာ့ ၂၇ ေနရာျဖစ္ပါတယ္။
VOM – ကိုယ္စားလွယ္ေလာင္း ဦးေရ ဘယ္ေလာက္ဝင္ၿပိဳင္မွာလဲ
ဦးေ႐ႊမင္း – ကခ်င္ျပည္နယ္မွာ ၂၃ ဦး၊ မႏၲေလးတိုင္းနဲ႔ ရွမ္းျပည္နယ္မွာ ၆ ဦး ကိုယ္စားလွယ္ေလာင္းက ၂၉ ဦးပါ၊ ကခ်င္ျပည္နယ္က ၂၃ ဦးမွာ လီဆူတိုင္းရင္းသားေရရာအတြက္ ၁ ဦးပါမယ္၊ ရွမ္းျပည္မွာ ျပည္နယ္လႊတ္ေတာ္ေနရာ ၁ ဦး တိုင္းရင္းသားေရးရာအတြက္ ၁ ဦးပါဝင္ပါမယ္။
VOM – ကိုယ္စားလွယ္ေလာင္း အရည္အခ်င္းကိုေရာ ဘယ္လိုသတ္မွတ္ပါသလဲ
ဦးေ႐ႊမင္း – ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ဥပေဒနည္းဥေပဒမ်ားနဲ႔အတူ အေျခခံဥပေဒက ေဖာ္ျပထားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားအတြက္ သတ္မွတ္ထားတဲ့ အရည္အခ်င္းမ်ာနဲ႔ လိုက္နာရမယ့္ စည္းကမ္းမ်ားကိုလိုက္နာႏိုင္ေသာသူ၊ မိမိေဒသ မိမိလူမ်ိဳး မိမိျပည္သူကို ခ်စ္ျမတ္ႏိုးေသာ သူမ်ားကို ဦးစားေပးေ႐ြးပါတယ္။ ပညာအရည္အခ်င္းကန႔္သတ္တာေတာ့ မရွိပါဘူး။
VOM – အင္အားႀကီးပါတီေတြနဲ႔ ၿပိဳင္ဖို႔ ဘယ္လိုျပင္ထားသလဲ
ဦးေ႐ႊမင္း – ကြၽန္ေတာ္တို႔ တိုင္းရင္းသားပါတီငယ္ဆိုတာက ေငြေၾကးရန္ပုံေငြ မျပည့္စုံဘူး၊ ေနာက္ၿပီး ပညာသမာၻအားျဖင့္လည္း သူတို႔ကို ယွဥ္လို႔မရဘူး၊ ယွဥ္လိုက္ရင္ အားနည္းခ်က္အမ်ားႀကီးရွိတဲ့အေပၚ ရွိတဲ့အားနဲ႔ေတာ့ ၿပိဳင္ၾကမယ္ေပါ့ဗ်ာ၊ မျဖစ္ျဖစ္ေအာင္ၿပိဳင္ၾကမယ္ ႏိုင္ေအာင္ကေတာ့ ၿပိဳင္ၾကမွာပဲ၊ ႏိုင္မယ္လို႔လည္း ယူဆပါတယ္။
VOM – ၂၀၁၅ တုန္းက ဘယ္ေလာက္အႏိုင္ရခဲ့သလဲ၊ လာမယ့္ေ႐ြးေကာက္ပြဲမွာေရာ ဘယ္ေလာက္ ေမွ်ာ္လင့္ထားသလဲ
ဦးေ႐ႊမင္း – ၂၀၁၅ မွာ ဒူးေလးပါတီက ၂၈ ေနရာဝင္ၿပိဳင္ခဲ့တယ္၊ ၅ ဦး အႏိုင္ရရွိခဲ့တယ္၊ ၂၀၂၀ မွာၿပိဳင္တဲ့ ၂၉ ဦးထဲက ၁၅ ဦးအထက္ ေအာင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။
VOM – ပါတီရဲ႕ေဆာင္ပုဒ္ကေရာ ဘယ္လိုလဲ
ဦးေ႐ႊမင္း – တန္းတူညီမွ် တိုးတက္ဖို႔ ဒူးေလးပါတီ မဲထည့္စို႔ ျဖစ္ပါတယ္။
#voiceofmyanmar #VOM #ပါတီမိတ္ဆက္

Related posts

Leave a Comment

VOM News

FREE
VIEW