NLD ပါတီရဲ့ အမာခံထောက်ပံ့သူ တော်ဝင်နှင်းဆီ ဦးစိုးညွန့် ကွယ်လွန်

NLD ပါတီကို အမာခံထောက်ပံ့သူ တော်ဝင်နှင်းဆီ ဦးစိုးညွန့် ကွယ်လွန် စက်တင်ဘာ ၁၂-၂၀၂၀ ကောင်းလက်ျာ(VOM) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိကအမာခံ ထောက်ပံ့သူ၊ မြန်မာနိုင်ငံ ငှက်ဝါသနာရှင်များအသင်း ဥက္ကဋ္ဌလည်းဖြစ်တဲ့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်နဲ့ ခမ်းမပိုင်ရှင် ဦးစိုးညွန့် အသက် (၇၃)နှစ် ဒီနေ့ စက်တင်ဘာ ၁၂ ရက်ည ၇ နာရီကျော်ကျော်က ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ NLD ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးအောင်ရှင်(မုံရွာ) က “ည ၇ နာရီလောက်က ရန်ကုန်ဆေးရုံမှာကွယ်လွန်သွားတာပါ။ ကိုဗစ်နဲ့မဆိုင်ပါဘူး။ လူကြီးရောဂါနဲ့ကွယ်လွန်တာလို့သိရပြီး အသက် ၇၀ ကျော်ရှိမယ် ” လို့ ပြောပါတယ်။ ကွယ်လွန်သူ ဦးစိုးညွန့်ဟာ NLD ပါတီဒီမိုကရေစီအရေးတော်ပုံဖြတ်သန်းမှု ခရီးတစ်‌‌ေလျှာက်ဆက်တိုက်ပါဝင်လာသူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ ငှက်ကြည့်သူများနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းနဲ့ပတ်သက်လို့ ဦးဆောင်နာယက တစ်ဦးလည်း ဖြစ်တယ်လို့…

Read More

ပဲခူးတိုင်းအဝင်မှာ ကျန်းမာရေးထောက်ခံစာမပြနိုင်တဲ့ကားတွေကို ဖြတ်သန်းခွင့်မပေးတဲ့အတွက် ကားအစီး ၈၀ လောက်ပိတ်မိနေ

ပဲခူးတိုင်းအဝင်မှာ ကျန်းမာရေးထောက်ခံစာမပြနိုင်တဲ့ကားတွေကို ဖြတ်သန်းခွင့်မပေးတဲ့အတွက် ကားအစီး ၈၀ လောက်ပိတ်မိနေ ရန်ကုန်၊ စက်တင်ဘာ ၁၂-၂၀၂၀ သိင်္ဂီ (VOM) ရန်ကုန်တိုင်းအထွက် ပဲခူးတိုင်းအဝင်မှာ ရန်ကုန်ကပြန်လာတဲ့ကားတွေကို ကျန်းမာရေးထောက်ခံစာမပြနိုင်ရင် ဖြတ်သန်းခွင့်မပေးတာကြောင့် ကားအစီး ၇၀ လောက်ပိတ်မိနေတယ်လို့ ပိတ်မိနေတဲ့ကားသမားတစ်ဦးကပြောပါတယ်။ “အစီး ၇၀၊ ၈၀ လောက်တန်းစီနေရတယ်။ ကျန်းမာရေးစစ်ဆေးချက်ပေါ့။ ကျနော်တို့မှာ ရောဂါမရှိဘူးဆိုတဲ့အကြောင်းပေါ့ လက်မှတ်ပါတဲ့စာရွက်ပါရင် ဖြတ်သန်းသွားလာခွင့်ပေးမယ်။ ကုန်စည်ရုံး၊ ကျနော်တို့ဂိတ် ၊ရပ်ကွက်ထောက်ခံစာပါတယ်။ ခုဖြတ်သန်းသွားမရဘဲ ပိတ်မိနေတာပါ။ ဂိတ်မှူးကိုလည်း ဖြစ်စဉ်ကိုပြောပြထားတယ်။ ကျနော် စရောက်တာ ၅ နာရီဝန်းကျင်၊ ကျနော်စရောက်ထဲက ကျနော့ရှေ့ အစီး ၅၀ လောက်ရှိနေတယ်။ ထုတ်ပြန်တာက ကြိုလဲမသိရတော့ အခက်အခဲဖြစ်သွားတယ်။ ဥက္ကံနဲ့ သုံးဆယ်ကြားမှာ နယ်ကန့်ထားတာလေးရှိတယ်၊ အဲ့ကြားက ပဲခူးတိုင်းကကြိုဆိုပါ၏ဆိုတဲ့ ဆိုင်းဘုတ်နားက စပိတ်တာ။”လို့ လက်ရှိ ကားပိတ်မိနေတဲ့ ကုန်ကားမောင်းသူ ကိုဝင်းကိုကပြောပါတယ်။ ဒီကနေ့…

Read More

ဧရာဝတီတိုင်းမှာ တိုင်းပြင်ပမြို့တွေကနေလာရင် လာရောက်ခွင့်မပြု

ဧရာဝတီတိုင်းမှာ တိုင်းပြင်ပမြို့တွေကနေလာရင် လာရောက်ခွင့်မပြု ပုသိမ်၊ စက်တင်ဘာ ၁၂-၂၀၂၀ ကိုအောင်(VOM) ဧရာဝတီတိုင်းမှာ ပြင်ပမြို့တွေကို ကျန်းမာရေးကိစ္စနဲ့ အခြားအရေးကြီးကိစ္စတွေကလွဲပြီး သွားလာခွင့်နဲ့ ဝင်ရောက်ခွင့်မပြုတော့ဘူးလို့ တိုင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။ “မနေ့ကအရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်အရ ယခုလ ၁၁ရက်နေ့ကနေ စပိတ်ဖို့ဆုံးဖြတ်ချက်ချလိုက်တာပါ”လို့ တိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးကပြောပါတယ်။ လက်ရှိမှာတော့ မြို့အဝင်ဂိတ်တွေထားရှိစစ်ဆေးနေပြီး ကုန်စည်စီးဆင်းမူမပြတ်တောက်ရေးအတွက် ကုန်တင်ယာဉ်တွေကို ဝင်ရောက်ခွင့်ပေးထားပြီး သတ်မှတ်ထားတဲ့အချက်တွေပြည့်စုံမှ မြို့တွင်းကို ဝင်ရောက်ရမှာဖြစ်ပါတယ်။ “ကုန်ကားတွေက ဒရိုင်ဘာစပါယ်ယာရဲ့ကျန်းမာရေးထောက်ခံစာပါမှ၊ မပါရင် မြို့ပြင်ကနေပြီး မြို့ထဲကကားတွေကို ကုန်တွေချိန်းပေးရမယ်”လို့ ဝန်ကြီးဦးဝင်းဌေးကရှင်းပြပါတယ်။ ဧရာဝတီတိုင်းအတွင်းမှာ ကိုဗစ်ရောဂါအတည်ပြုလူနာတွေ့ ရှိမူ မြှင့်တက်လာတဲ့အတွက် တိုင်းအတွင်းကို တစ်မြို့နဲ့တစ်မြို့သွားလာရာမှာလည်း ထောက်ခံချက်ယူဆောင်လာရမှာဖြစ်ပြီး ထောက်ခံချက်မပါရင် မြို့ထဲကိုဝင်ခွင့်ပိတ်ပင်ထားတယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #ဧရာဝတီ Zawgyi ဧရာဝတီတိုင်းမှာ တိုင်းပြင်ပမြို့တွေကနေလာရင် လာရောက်ခွင့်မပြု ပုသိမ်၊ စက်တင်ဘာ ၁၂-၂၀၂၀ ကိုအောင်(VOM) ဧရာဝတီတိုင်းမှာ ပြင်ပမြို့တွေကို…

Read More

မော်လမြိုင်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး ကိုဗစ်ပိုးတွေ့ပြီးနောက် သင်တန်းအတူတက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၄၀နီးပါး ကွာရန်တင်းထားရှိ

မော်လမြိုင်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး ကိုဗစ်ပိုးတွေ့ပြီးနောက် သင်တန်းအတူတက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၄၀နီးပါး ကွာရန်တင်းထားရှိ နေပြည်တော်၊စက်တင်ဘာ ၁၂-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ထဲမှာ စက်တင်ဘာလ ၁၁ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တစ်ဦး ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီးတဲ့နောက်ပိုင်း ရဲသင်တန်းအတူတက်ခဲ့ကြတဲ့ တပ်ဖွဲ့ဝင် ၄၀နီးပါးကို သက်ဆိုင်ရာနယ်မြေအလိုက် ကွာရန်တင်းပြုလုပ်စောင့်ကြည့်ထားတယ်လို့ မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ မော်လမြိုင်မှာကန့်သတ်ထားသူတွေထဲက ရဲတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် အမျိုးသား၊ အမျိုးသမီး ၁၉ ဦးမှာ ကိုဗစ်‌ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး အဲ့ဒီအထဲက ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာပါ ရောဂါပိုးတွေ့ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီရဲတပ်ဖွဲ့ဝင်တစ်ဦးဟာ မုဒုံမြို့နယ်၊ ကမာဝက်နယ်မြေရဲစခန်းက ရောဂါပိုးတွေ့လူနာ Case-1967နဲ့ ထိတွေ့မှုရှိခဲ့တာလည်း ဖြစ်ပါတယ်။ ” ကနေ့ကွာရန်တင်း စဝင်နေရပြီ။ တစ်မြို့နယ် လေးယောက်လောက်နဲ့ မြို့နယ်အလိုက် ကွာရန်တင်း လုပ်ထားတယ်။ ရဲတပ်ဖွဲ့ဝင်နဲ့ သင်တန်းအတူတက်ပြီး မနေ့ကမှ သင်တန်းဆင်းသွားတာပါ”လို့ မွန်ပြည်နယ် ကျန်းမာရေးဦစီးဌာနမှ ဒု-ပြည်နယ်ဦးစီးအရာရှိ…

Read More

ဧရာဝတီတိုင်းမှာ ပါတီကြီး ၃ခု အင်အားအပြည့်နဲ့ပြိုင်မယ်

Irrawaddy

ဧရာဝတီတိုင်းမှာ ပါတီကြီး ၃ခု အင်အားအပြည့်နဲ့ပြိုင်မယ်   Voice Of Myanmar   ဧရာဝတီတိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့ဟာလွှတ်တော်အသီးသီးရဲ့ ကိုယ်စားလှယ်နေရာတွေအတွက်နေရာကုန်လူကုန်၉၂နေရာစလုံးပြိုင်ပြီးညီညွတ်သောဒီမိုကရက်တစ်ပါတီကတော့၉၁နေရာပြိုင်မယ့်အတွက်အားပြိုင်မှုကောင်းတဲ့တိုင်းဒေသကြီးတခုဖြစ်ပါတယ်။   ပဲခူးတိုင်းကမြို့နယ်၂၆မြို့နယ်မှာဒီပါတီကြီးတွေအပြင်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ကရင်ပြည့်သူ့ပါတီ၊ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားနဲ့အလုပ်သမားပြည်သူ့ပါတီ၊ကရင်အမျိုးသားပါတီ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊အမျိုးသမီးပါတီ(မွန်) ၊အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ဒီမိုကရက်တစ်ပါတီ(မြန်မာ) ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီစတဲ့ ပါတီ ၂၁ ပါတီကကိုယ်စားလှည်လောင်းတွေနဲ့တသီးပုဂ္ဂလ ၁၆ ဦး စုစုပေါင်း ကိုယ်စားလှယ် ၅၄၂ ဦး ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။   #voiceofmyanmar #VOM #ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားလှယ် Zawgyi ဧရာဝတီတိုင်းမှာ ပါတီကြီး ၃ခု အင်အားအပြည့်နဲ့ပြိုင်မယ် Voice Of Myanmar ဧရာဝတီတိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့ဟာ လွှတ်တော်အသီးသီးရဲ့ ကိုယ်စားလှယ်နေရာတွေအတွက် နေရာကုန် လူကုန် ၉၂ နေရာစလုံးပြိုင်ပြီး ညီညွတ်သောဒီမိုကရက်တစ်ပါတီကတော့ ၉၁ နေရာပြိုင်မယ့်အတွက် အားပြိုင်မှုကောင်းတဲ့ တိုင်းဒေသကြီးတခုဖြစ်ပါတယ်။…

Read More

မဲဆန္ဒနယ်အနည်းဆုံးဖြစ်တဲ့ ကယားပြည်နယ်မှာ အင်အားတူပြိုင်မယ့်ပါတီ ၅ခုရှိ

မဲဆန္ဒနယ်အနည်းဆုံးဖြစ်တဲ့ ကယားပြည်နယ်မှာ အင်အားတူပြိုင်မယ့်ပါတီ ၅ခုရှိ Voice Of Myanmar မဲဆန္ဒနယ် ၇ ခုသာရှိတဲ့ ကယားပြည်နယ်မှာ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ နဲ့ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီတို့ဟာ တက်စုံရွက်ကုန်ဖွင့်ပြီး ပြိုင်ကြမှာဖြစ်ပါတယ်။ ဒေသခံတိုင်းရင်းသားပါတီဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကတော့ ၃၄ နေရာရှိတဲ့အနက် နေရာ ၃၀ ပဲပြိုင်ပြီး အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီကတော့ ၁၉နေရာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီ၊ ကယန်းအမျိုးသားပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ကရင်အမျိုးသားပါတီနဲ့ တသီးပုဂ္ဂလ၁၃ ဦး စုစုပေါင်း ကိုယ်စာလှယ်လောင်းပေါင်း ၂၇၂ ဦးက လွှတ်တော်အသီးအသီးအတွက် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ #voiceofmyanmar #VOM #ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် Zawgyi မဲဆန္ဒနယ်အနည်းဆုံးဖြစ်တဲ့ ကယားပြည်နယ်မှာ အင်အားတူပြိုင်မယ့်ပါတီ ၅ခုရှိ Voice Of Myanmar မဲဆန္ဒနယ် ၇ ခုသာရှိတဲ့ ကယားပြည်နယ်မှာ…

Read More

ကိုဗစ် ၁၉ အတည်ပြုလူနာ အများဆုံးတွေ့ထားတဲ့ Music Zone KTV ကို တရားစွဲမယ်

ကိုဗစ် ၁၉ အတည်ပြုလူနာ အများဆုံးတွေ့ထားတဲ့ Music Zone KTV ကို တရားစွဲမယ် ရန်ကုန် ၊ စက်တင်ဘာ ၁၂-၂၀၂၀ သိင်္ဂီ (VOM) ကိုဗစ် ၁၉ အတည်ပြုလူနာ အများဆုံးတွေ့ခဲ့ရတဲ့ သင်္ဃန်းကျွန်းမြို့နယ်က Music Zone KTV ကို တရားစွဲဆိုတော့မှာဖြစ်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောပါတယ်။ Music Zone ဆိုင်ဟာ ကိုဗစ်ကာလမှာ တားမြစ်ထားတဲ့ KTV ၊ Bar ဖွင့်လှစ် ခွင့်ပိတ်ထားတာကို ချိုးဖောက်ခဲ့ပါတယ်။ ဒါကြောင့် ကိုဗစ် ရောဂါ ကူးစက်ပြန့်ပွားမှုဖြစ်ပွားခဲ့တဲ့အတွက် သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေအရ တရားစွဲဆိုမှာဖြစ်တယ်လို့ သိရပါတယ်။ “ကိုဗစ်ကော်မတီက တရားစွဲဖို့ဆုံးဖြတ်တယ်။ ဆုံးဖြတ်တဲ့အခါ ဘယ်သူက တရားလိုလုပ်စွဲမလဲဆိုတော့ ဇဝနအုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပါမယ်၊ ဘာဖြစ်လို့လဲဆိုရင် အဲ့ဒီ ဆိုင်က ဇဝနရပ်ကွက်ထဲမှာတည်ရှိနေလို့ပါ။ တရားလိုဖြစ်သူနဲ့ရဲမှူးက…

Read More

ရွေးကောက်ပွဲမှာ ဘင်္ဂါလီတွေကို ပါဝင်ခွင့်ပြုဖို့ ကုလလုံခြုံရေးကောင်စီ အဖွဲ့ဝင်ရှစ်နိုင်ငံ တိုက်တွန်း

ရွေးကောက်ပွဲမှာ ဘင်္ဂါလီတွေကို ပါဝင်ခွင့်ပြုဖို့ ကုလလုံခြုံရေးကောင်စီ အဖွဲ့ဝင်ရှစ်နိုင်ငံ တိုက်တွန်း ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၂-၂၀၂၀ မျိုးဆက် (VOM) မြန်မာနိုင်ငံမှာကျင်းမယ့် ရွေးကောက်ပွဲတွေမှာ လူမျိုးတုန်းသတ်ဖြတ်ခံရတယ်လို့ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ဘင်္ဂါလီအသိုင်းအဝိုင်းကို ပါဝင်ခွင့်ပြုဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၈ နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံက တာဝန်ရှိသူတွေရဲ့ ရုပ်သံဆွေးနွေးပွဲတစ်ခုပြုလုပ်ပြီးနောက် မြန်မာနိုင်ငံရွေးကောက်ပွဲမှာ ဘင်္ဂါလီတွေပါဝင်ခွင့်ရရေးနဲ့ပတ်သက်ပြီး ဘယ်လ်ဂျီယံ၊ ဒိုမီနီကန်၊ ပြင်သစ်၊ ဂျာမနီ၊ တူနီရှား၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတို့က လက်မှတ်ရေးထိုး တောင်းဆိုလိုက်တာဖြစ်ပါတယ်။ မိမိတို့အနေနဲ့ မြန်မာအစိုးရရဲ့ ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းတွေကို အသိအမှတ်ပြုကြောင်းနဲ့ လာမယ့် နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲဟာ မြန်မာ့အသွင်ကူးပြောင်းရေးအတွက် အရေးကြီးတဲ့ သမိုင်းမှတ်တိုင်တစ်ခုဖြစ်တယ်လို့ လက်မှတ်ရေးထိုးတဲ့ နိုင်ငံတွေကဆိုပါတယ်။ ရွေးကောက်ပွဲမှာ ဘင်္ဂါလီတွေအပါအဝင် အခြားလူမှုအသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေအတွက် ဘေးကင်းလုံခြုံပြီး အားလုံးပါဝင်နိုင်တဲ့ရွေးကောက်ပွဲဖြစ်ဖို့ ကတိပြုထားတယ်လို့ လက်မှတ်ရေးထိုးတဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်နဲ့…

Read More

ရခိုင်ပြည်နယ်က ပါတီတွေ လူလူချင်းထိတွေ့မှုမရှိဘဲ မဲဆွယ်စည်းရုံးနိုင်

ရခိုင်ပြည်နယ်က ပါတီတွေ လူလူချင်းထိတွေ့မှုမရှိဘဲ မဲဆွယ်စည်းရုံးနိုင် စစ်တွေ၊ စက်တင်ဘာ ၁၂- ၂၀၂၀ ထက်အောင်စိုင်း (VOM) လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်းက နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးရေးလုပ်ရာမှာ တစ်ဦးနဲ့ တစ်ဦးထိတွေ့မှုမရှိဘဲ မဲဆွယ်လိုတဲ့နေအိမ်ရှေ့တွေမှာ ပါတီတံဆိပ်တွေ၊ လက်ကမ်းစာစောင်တွေနဲ့ မဲဆွယ်စည်းရုံးနိုင်တယ်လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောပါတယ်။ “ တစ်ခုတော့လုပ်လို့ရတာပေါ့ အိမ်ရှေ့တွေကနေ ဖြတ်လျှောက်သွားပြီးတော့ ကိုယ့်ရဲ့ ပန်းဖလက်လေးတွေကိုထားပြီး ကျနော့်ကို မဲပေးကြအုံးနော်လို့အော်ပြီး လျှောက်သွား အဲ့ဒီလိုတော့ ရမှာပေါ့။ Face to Face ဆိုတဲ့ လူချင်းနီးစပ် ထိစပ်မယ့်ကိစ္စမျိုးမလုပ်ဖို့ ဒါပါပဲ။ ရခိုင်ပြည်နယ်တစ်ခုလုံးက Stay at Home ကြေညာထားတာလေ။ ဒါကြောင့် ကျနော်တို့က ကျန်မာရေးဝန်ကြီးဌာနက ထွက်ထားတဲ့ ကြေညာချက်အတိုင်း လိုက်နာဆောင်ရွက်ဖို့…

Read More

အာဖဂန်အစိုးရနဲ့ တာလီဘန်အဖွဲ့တို့ ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပြီ

အာဖဂန်အစိုးရနဲ့ တာလီဘန်အဖွဲ့တို့ ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပြီ ဒိုဟာ၊ စက်တင်ဘာ-၁၂-၂၀၂၀ မျိုးဆက် (VOM) အာဖဂန်အစိုးရနဲ့ တာလီဘန်အဖွဲ့တို့အကြား ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပင်လယ်ကွေ့နိုင်ငံ၊ ကာတာမှာ စတင်ပြုလုပ်တော့မှာဖြစ်ပြီး ဒီလိုငြိမ်းချမ်းရေးဆွေးနွေးဖို့ လအတန်ကြာ နှောင့်နှေးမှုတွေပြီးနောက် စက်တင်ဘာ ၁၂ ရက်မှာ စတင်ဆွေးနွေးကြမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးမှုဖွင့်ပွဲကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုလည်း တက်ရောက်မှာဖြစ်ပြီး ဒါဟာ သမိုင်းဝင်မယ့် ဆွေးနွေးပွဲဖြစ်တယ်လို့ သူကပြောဆိုလိုက်ပါတယ်။ အမေရိကန်နဲ့ တာလီဘန်အဖွဲ့တို့အကြား လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ကို ဖေဖော်ဝါရီလအတွင်းမှာ ရရှိပြီးနောက် အာဖဂန်အစိုးရနဲ့ တာလီဘန်အဖွဲ့တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်လာတာပါ။ ဒါပေမယ့် ဆယ်စုနှစ်လေးခုကြာ စစ်ပွဲတွေဖြစ်ပြီး အကြပ်အတည်းဖြစ်နေတဲ့ အာဖဂန်မြေမှာ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး အကျဉ်းသားလဲလှယ်ရေးအစီအစဉ်အပေါ် သဘောထား ကွဲလွဲမှုတွေရှိနေပါတယ်။ လွန်ခဲ့တဲ့ ၁၉ နှစ်အကြာက အမေရိကန်မြေပေါ်မှာ တာလီဘန်တို့ တိုက်ခိုက်မှုပြုခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်မှာ အာဖဂန်ခေါင်းဆောင်တွေဟာ…

Read More
VOM News

FREE
VIEW