ကိုဗစ် ၁၉ အတည်ပြုလူနာ အများဆုံးတွေ့ထားတဲ့ Music Zone KTV ကို တရားစွဲမယ်

ကိုဗစ် ၁၉ အတည်ပြုလူနာ အများဆုံးတွေ့ထားတဲ့ Music Zone KTV ကို တရားစွဲမယ်

ရန်ကုန် ၊ စက်တင်ဘာ ၁၂-၂၀၂၀
သိင်္ဂီ (VOM)

ကိုဗစ် ၁၉ အတည်ပြုလူနာ အများဆုံးတွေ့ခဲ့ရတဲ့ သင်္ဃန်းကျွန်းမြို့နယ်က Music Zone KTV ကို တရားစွဲဆိုတော့မှာဖြစ်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောပါတယ်။

Music Zone ဆိုင်ဟာ ကိုဗစ်ကာလမှာ တားမြစ်ထားတဲ့ KTV ၊ Bar ဖွင့်လှစ် ခွင့်ပိတ်ထားတာကို ချိုးဖောက်ခဲ့ပါတယ်။

ဒါကြောင့် ကိုဗစ် ရောဂါ ကူးစက်ပြန့်ပွားမှုဖြစ်ပွားခဲ့တဲ့အတွက် သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေအရ တရားစွဲဆိုမှာဖြစ်တယ်လို့ သိရပါတယ်။

“ကိုဗစ်ကော်မတီက တရားစွဲဖို့ဆုံးဖြတ်တယ်။ ဆုံးဖြတ်တဲ့အခါ ဘယ်သူက တရားလိုလုပ်စွဲမလဲဆိုတော့ ဇဝနအုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပါမယ်၊ ဘာဖြစ်လို့လဲဆိုရင် အဲ့ဒီ ဆိုင်က ဇဝနရပ်ကွက်ထဲမှာတည်ရှိနေလို့ပါ။ တရားလိုဖြစ်သူနဲ့ရဲမှူးက ဆက်လက်ဆောင်ရွက်ပါလိမ့်မယ်။ အချက်အလက်တွေ ရယူပြီး ရက်ပိုင်းအတွင်းမှာပဲ ဆောင်ရွက်မှာ ဖြစ်ပါတယ် “လို့ ဦးမောင်မောင်ဦးက ပြောပါတယ်။

ခုဆိုရင် Music Zone ဆိုင်ကနေ ကိုဗစ်အတည်ပြုလူနာပေါင်း ၉၂ ဦးအထိ တွေ့ရှိထားရကြောင်း၊ တွေ့ရှိတဲ့ လူနာအားလုံးဟာ ဆိုင်ဝန်ထမ်းတွေဖြစ်ကြောင်းနဲ့ ဆိုင်ကိုတော့ လော့ဒေါင်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။

နောက်ဆက်တွဲအနေနဲ့ Music Zone ကို သွားရောက်မှုရှိခဲ့တဲ့ လူတွေကိုလည်း ကျန်းမာရေးစောင့်ကြည့်စစ်ဆေးမှုပေးနိုင်ဖို့ CCTV မှတ်တမ်းတွေကနေ လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။

Music Zone ကတော့ စားသောက်ဆိုင်၊ စင်တင် ၊ KTV တွဲရက်ဖွင့်ထားတဲ့ ဆိုင်တစ်ခုဖြစ်ပြီး ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝနရပ်ကွက် ၊ သုမင်္ဂလာလမ်းမှာ ဖွင့်ထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #MusicZone #တရားစွဲမယ်

Zawgyi

ကိုဗစ္ ၁၉ အတည္ျပဳလူနာ အမ်ားဆုံးေတြ႔ထားတဲ့ Music Zone KTV ကို တရားစြဲမယ္

ရန္ကုန္ ၊ စက္တင္ဘာ ၁၂-၂၀၂၀
သိဂႌ (VOM)

ကိုဗစ္ ၁၉ အတည္ျပဳလူနာ အမ်ားဆုံးေတြ႔ခဲ့ရတဲ့ သဃၤန္းကြၽန္းၿမိဳ႕နယ္က Music Zone KTV ကို တရားစြဲဆိုေတာ့မွာျဖစ္တယ္လို႔ သဃၤန္းကြၽန္းၿမိဳ႕နယ္ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္ဦးက ေျပာပါတယ္။

Music Zone ဆိုင္ဟာ ကိုဗစ္ကာလမွာ တားျမစ္ထားတဲ့ KTV ၊ Bar ဖြင့္လွစ္ ခြင့္ပိတ္ထားတာကို ခ်ိဳးေဖာက္ခဲ့ပါတယ္။

ဒါေၾကာင့္ ကိုဗစ္ ေရာဂါ ကူးစက္ျပန္႔ပြားမႈျဖစ္ပြားခဲ့တဲ့အတြက္ သဘာဝ ေဘးအႏၱရာယ္စီမံခန္႔ခြဲမႈဥပေဒအရ တရားစြဲဆိုမွာျဖစ္တယ္လို႔ သိရပါတယ္။

“ကိုဗစ္ေကာ္မတီက တရားစြဲဖို႔ဆုံးျဖတ္တယ္။ ဆုံးျဖတ္တဲ့အခါ ဘယ္သူက တရားလိုလုပ္စြဲမလဲဆိုေတာ့ ဇဝနအုပ္ခ်ဳပ္ေရးမႉးက တရားလိုလုပ္ပါမယ္၊ ဘာျဖစ္လို႔လဲဆိုရင္ အဲ့ဒီ ဆိုင္က ဇဝနရပ္ကြက္ထဲမွာတည္႐ွိေနလို႔ပါ။ တရားလိုျဖစ္သူနဲ႔ရဲမွဴးက ဆက္လက္ေဆာင္ရြက္ပါလိမ့္မယ္။ အခ်က္အလက္ေတြ ရယူၿပီး ရက္ပိုင္းအတြင္းမွာပဲ ေဆာင္ရြက္မွာ ျဖစ္ပါတယ္ “လို႔ ဦးေမာင္ေမာင္ဦးက ေျပာပါတယ္။

ခုဆိုရင္ Music Zone ဆိုင္ကေန ကိုဗစ္အတည္ျပဳလူနာေပါင္း ၉၂ ဦးအထိ ေတြ႔႐ွိထားရေၾကာင္း၊ ေတြ့ရွိတဲ့ လူနာအားလုံးဟာ ဆိုင္ဝန္ထမ္း​ေတြျဖစ္ေျကာင္းနဲ့ ဆိုင္ကိုေတာ့ ေလာ့ေဒါင္း ျပဳလုပ္ထားတယ္လို႔ သိရပါတယ္။

ေနာက္ဆက္တြဲအေနနဲ႔ Music Zone ကို သြားေရာက္မွု႐ွိခဲ့တဲ့ လူေတြကိုလည္း က်န္းမာေရးေစာင့္ၾကည့္စစ္ေဆးမွုေပးႏိုင္ဖို႔ CCTV မွတ္တမ္းေတြကေန လိုက္လံ႐ွာေဖြေနတယ္လို႔ သိရပါတယ္။

Music Zone ကေတာ့ စားေသာက္ဆိုင္၊ စင္တင္ ၊ KTV တြဲရက္ဖြင့္ထားတဲ့ ဆိုင္တစ္ခုျဖစ္ၿပီး ရန္ကုန္ၿမိဳ႔၊ သဃၤန္းကၽြန္းၿမိဳ့နယ္၊ ဇဝနရပ္ကြက္ ၊ သုမဂၤလာလမ္းမွာ ဖြင့္ထားတာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္ #MusicZone #တရားစြဲမယ္

Related posts

Leave a Comment

VOM News

FREE
VIEW