ဧရာဝတီတိုင်းမှာ တိုင်းပြင်ပမြို့တွေကနေလာရင် လာရောက်ခွင့်မပြု

ဧရာဝတီတိုင်းမှာ တိုင်းပြင်ပမြို့တွေကနေလာရင် လာရောက်ခွင့်မပြု

ပုသိမ်၊ စက်တင်ဘာ ၁၂-၂၀၂၀
ကိုအောင်(VOM)

ဧရာဝတီတိုင်းမှာ ပြင်ပမြို့တွေကို ကျန်းမာရေးကိစ္စနဲ့ အခြားအရေးကြီးကိစ္စတွေကလွဲပြီး သွားလာခွင့်နဲ့ ဝင်ရောက်ခွင့်မပြုတော့ဘူးလို့ တိုင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

“မနေ့ကအရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်အရ ယခုလ ၁၁ရက်နေ့ကနေ စပိတ်ဖို့ဆုံးဖြတ်ချက်ချလိုက်တာပါ”လို့ တိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးကပြောပါတယ်။

လက်ရှိမှာတော့ မြို့အဝင်ဂိတ်တွေထားရှိစစ်ဆေးနေပြီး ကုန်စည်စီးဆင်းမူမပြတ်တောက်ရေးအတွက် ကုန်တင်ယာဉ်တွေကို ဝင်ရောက်ခွင့်ပေးထားပြီး သတ်မှတ်ထားတဲ့အချက်တွေပြည့်စုံမှ မြို့တွင်းကို ဝင်ရောက်ရမှာဖြစ်ပါတယ်။

“ကုန်ကားတွေက ဒရိုင်ဘာစပါယ်ယာရဲ့ကျန်းမာရေးထောက်ခံစာပါမှ၊ မပါရင် မြို့ပြင်ကနေပြီး မြို့ထဲကကားတွေကို ကုန်တွေချိန်းပေးရမယ်”လို့ ဝန်ကြီးဦးဝင်းဌေးကရှင်းပြပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ ကိုဗစ်ရောဂါအတည်ပြုလူနာတွေ့ ရှိမူ မြှင့်တက်လာတဲ့အတွက် တိုင်းအတွင်းကို တစ်မြို့နဲ့တစ်မြို့သွားလာရာမှာလည်း ထောက်ခံချက်ယူဆောင်လာရမှာဖြစ်ပြီး ထောက်ခံချက်မပါရင် မြို့ထဲကိုဝင်ခွင့်ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီ

Zawgyi

ဧရာ၀တီတိုင္းမွာ တိုင္းျပင္ပၿမိဳ႕ေတြကေနလာရင္ လာေရာက္ခြင့္မျပဳ

ပုသိမ္၊ စက္တင္ဘာ ၁၂-၂၀၂၀
ကိုေအာင္(VOM)

ဧရာ၀တီတိုင္းမွာ ျပင္ပၿမိဳ႕ေတြကို က်န္းမာေရးကိစၥနဲ႔ အျခားအေရးႀကီးကိစၥေတြကလြဲၿပီး သြားလာခြင့္နဲ႔ ဝင္ေရာက္ခြင့္မျပုေတာ့ဘူးလို႔ တိုင္းအစိုးရအဖြဲ႕က သတင္းထုတ္ျပန္လိုက္ပါတယ္။

“မေန႔ကအေရးေပၚအစည္းအေဝးဆုံးျဖတ္ခ်က္အရ ယခုလ ၁၁ရက္ေန႔ကေန စပိတ္ဖို႔ဆုံးျဖတ္ခ်က္ခ်လိုက္တာပါ”လို႔ တိုင္းအစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ လမ္းပန္းဆက္သြယ္ေရး၀န္ႀကီး ဦး၀င္းေဌးကေျပာပါတယ္။

လက္ရွိမွာေတာ့ ၿမိဳ႕အ၀င္ဂိတ္ေတြထားရွိစစ္ေဆးေနၿပီး ကုန္စည္စီးဆင္းမူမျပတ္ေတာက္ေရးအတြက္ ကုန္တင္ယာဥ္ေတြကို ၀င္ေရာက္ခြင့္ေပးထားၿပီး သတ္မွတ္ထားတဲ့အခ်က္ေတြျပည္႔စံုမွ ၿမိဳ႕တြင္းကို ၀င္ေရာက္ရမွာျဖစ္ပါတယ္။

“ကုန္ကားေတြက ဒ႐ိုင္ဘာစပါယ္ယာရဲ႕က်န္းမာေရးေထာက္ခံစာပါမွ၊ မပါရင္ ျမိဳ႕ျပင္ကေနၿပီး ၿမိဳ႕ထဲကကားေတြကို ကုန္ေတြခ်ိန္းေပးရမယ္”လို႔ ၀န္ႀကီးဦး၀င္းေဌးကရွင္းျပပါတယ္။

ဧရာ၀တီတိုင္းအတြင္းမွာ ကိုဗစ္ေရာဂါအတည္ျပဳလူနာေတြ႕ ရွိမူ ျမွင့္တက္လာတဲ့အတြက္ တိုင္းအတြင္းကို တစ္ၿမိဳ႕နဲ႔တစ္ၿမိဳ႕သြားလာရာမွာလည္း ေထာက္ခံခ်က္ယူေဆာင္လာရမွာျဖစ္ၿပီး ေထာက္ခံခ်က္မပါရင္ ျမိဳ႕ထဲကို၀င္ခြင့္ပိတ္ပင္ထားတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ဧရာဝတီ

Related posts

Leave a Comment

VOM News

FREE
VIEW