NLD ပါတီရဲ့ အမာခံထောက်ပံ့သူ တော်ဝင်နှင်းဆီ ဦးစိုးညွန့် ကွယ်လွန်

NLD ပါတီကို အမာခံထောက်ပံ့သူ တော်ဝင်နှင်းဆီ ဦးစိုးညွန့် ကွယ်လွန်

စက်တင်ဘာ ၁၂-၂၀၂၀
ကောင်းလက်ျာ(VOM)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိကအမာခံ ထောက်ပံ့သူ၊ မြန်မာနိုင်ငံ ငှက်ဝါသနာရှင်များအသင်း ဥက္ကဋ္ဌလည်းဖြစ်တဲ့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်နဲ့ ခမ်းမပိုင်ရှင်
ဦးစိုးညွန့် အသက် (၇၃)နှစ် ဒီနေ့ စက်တင်ဘာ ၁၂ ရက်ည ၇ နာရီကျော်ကျော်က ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

NLD ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးအောင်ရှင်(မုံရွာ) က
“ည ၇ နာရီလောက်က ရန်ကုန်ဆေးရုံမှာကွယ်လွန်သွားတာပါ။ ကိုဗစ်နဲ့မဆိုင်ပါဘူး။ လူကြီးရောဂါနဲ့ကွယ်လွန်တာလို့သိရပြီး အသက် ၇၀ ကျော်ရှိမယ် ” လို့
ပြောပါတယ်။

ကွယ်လွန်သူ ဦးစိုးညွန့်ဟာ NLD ပါတီဒီမိုကရေစီအရေးတော်ပုံဖြတ်သန်းမှု ခရီးတစ်‌‌ေလျှာက်ဆက်တိုက်ပါဝင်လာသူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ ငှက်ကြည့်သူများနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းနဲ့ပတ်သက်လို့ ဦးဆောင်နာယက တစ်ဦးလည်း
ဖြစ်တယ်လို့ အသင်းဝင် ဦးကျော်နိုင်ကပြောပါတယ်။

လက်ရှိ အာဏာရပါတီ NLD ပါတီရဲ့ဥက္ကဋ္ဌလည်းဖြစ်သလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ ရန်ကုန်မြို့တက္ကသိုလ်ရိပ်သားလမ်း ခြံအမှတ်၅၄ က ဝင်းခြံတခါးကို ကျပ်သိန်းရာချီပေးဝယ်ပြီး ရံပုံငွေထည့်ပေးခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

ရန်ကုန်တိုင်း ဗဟန်း ရွှေဂုံတိုင်မီးပွိုင့်အနီးက တော်ဝင်နှင်းဆီခမ်းမဟာ တချိန်က အတိုက်အခံနိုင်ငံရေးအင်အားစုတွေ အရပ်ဖက်အဖွဲ့အစည်းတွေ အတော်များများ တော်ဝင်နှင်းဆီနဲ့ ပတ်သက်ခဲ့ဘူးကြပါတယ်။

#voiceofmyanmar #VOM #ဦးစိုးညွန့်ကွယ်လွန် #တော်ဝင်နှင်းဆီ

Zawgyi

NLD ပါတီကို အမာခံေထာက္ပံ့သူ ေတာ္ဝင္ႏွင္းဆီ ဦးစိုးၫြန႔္ ကြယ္လြန္

စက္တင္ဘာ ၁၂-၂၀၂၀
ေကာင္းလက္်ာ(VOM)

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ အဓိကအမာခံ ေထာက္ပံ့သူ၊ ျမန္မာႏိုင္ငံ ငွက္ဝါသနာရွင္မ်ားအသင္း ဥကၠ႒လည္းျဖစ္တဲ့ ေတာ္ဝင္ႏွင္းဆီ စားေသာက္ဆိုင္နဲ႔ ခမ္းမပိုင္ရွင္
ဦးစိုးၫြန႔္ အသက္ (၇၃)ႏွစ္ ဒီေန႔ စက္တင္ဘာ ၁၂ ရက္ည ၇ နာရီေက်ာ္ေက်ာ္က ရန္ကုန္ေဆး႐ုံႀကီးမွာ ေဆးကုသမႈခံယူရင္း ကြယ္လြန္သြားတယ္လို႔ မိသားစုနဲ႔နီးစပ္သူေတြဆီက သိရပါတယ္။

NLD ပါတီ ဗဟိုအလုပ္မႈေဆာင္ေကာ္မတီဝင္ ဦးေအာင္ရွင္(မုံ႐ြာ) က
“ည ၇ နာရီေလာက္က ရန္ကုန္ေဆး႐ုံမွာကြယ္လြန္သြားတာပါ။ ကိုဗစ္နဲ႔မဆိုင္ပါဘူး။ လူႀကီးေရာဂါနဲ႔ကြယ္လြန္တာလို႔သိရၿပီး အသက္ ၇၀ ေက်ာ္ရွိမယ္ ” လို႔
ေျပာပါတယ္။

ကြယ္လြန္သူ ဦးစိုးၫြန႔္ဟာ NLD ပါတီဒီမိုကေရစီအေရးေတာ္ပုံျဖတ္သန္းမႈ ခရီးတစ္‌‌ေလွ်ာက္ဆက္တိုက္ပါဝင္လာသူတစ္ဦးျဖစ္ၿပီး ျမန္မာႏိုင္ငံ ငွက္ၾကည့္သူမ်ားနဲ႔ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးလုပ္ငန္းနဲ႔ပတ္သက္လို႔ ဦးေဆာင္နာယက တစ္ဦးလည္း
ျဖစ္တယ္လို႔ အသင္းဝင္ ဦးေက်ာ္ႏိုင္ကေျပာပါတယ္။

လက္ရွိ အာဏာရပါတီ NLD ပါတီရဲ႕ဥကၠ႒လည္းျဖစ္သလို ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္လည္းျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ ေနထိုင္ရာ ရန္ကုန္ၿမိဳ႕တကၠသိုလ္ရိပ္သားလမ္း ၿခံအမွတ္၅၄ က ဝင္းၿခံတခါးကို က်ပ္သိန္းရာခ်ီေပးဝယ္ၿပီး ရံပုံေငြထည့္ေပးခဲ့သူတစ္ဦးလည္းျဖစ္ပါတယ္။

ရန္ကုန္တိုင္း ဗဟန္း ေ႐ႊဂုံတိုင္မီးပြိဳင့္အနီးက ေတာ္ဝင္ႏွင္းဆီခမ္းမဟာ တခ်ိန္က အတိုက္အခံႏိုင္ငံေရးအင္အားစုေတြ အရပ္ဖက္အဖြဲ႕အစည္းေတြ အေတာ္မ်ားမ်ား ေတာ္ဝင္ႏွင္းဆီနဲ႔ ပတ္သက္ခဲ့ဘူးၾကပါတယ္။

#voiceofmyanmar #VOM #ဦးစိုးၫြန႔္ကြယ္လြန္ #ေတာ္ဝင္ႏွင္းဆီ

Related posts

Leave a Comment

VOM News

FREE
VIEW