ပါတီမိတ်ဆက် ( “ဝ” အမျိုးသားပါတီ-WNP )

ပါတီမိတ်ဆက် ( “ဝ” အမျိုးသားပါတီ-WNP )

မန္တလေး၊ စက်တင်ဘာ ၁၀-၂၀၂၀
လဲ့လဲ့ဝင်း(VOM)

လာမယ့် ၂၀၂၀ နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် “ဝ” အမျိုးသားပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ရှမ်းမြောက်တာဝန်ခံ ဦးဆိုင်နပ် ကို VOMသတင်းထောက် လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။
“ဝ” အမျိုးသားပါတီဟာ “ဝ” အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ၊ “ဝ” ဒီမိုကရက်တစ်ပါတီ နဲ့ “ဝ” လစ်ဘရယ် ဒီမိုကရက်တစ်တိုးတက်ဖွံ့ဖြိုးရေးပါတီတို့ပူးပေါင်းပြီး ၂၀၂၀ ပြည့်နှစ် ဧပြီ ၂ရက်မှာ မှတ်ပုံတင်ခဲ့တာဖြစ်ပါတယ်။

VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ
ဦးဆိုင်နပ် – ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် ၂၁ ယောက်ရှိပါတယ်။

VOM – ပါတီရဲ့ ကတိကဝတ်က ဘာတွေဖြစ်မလဲ
ဦးဆိုင်းနပ် – မရှိပါဘူး။ ဒေသနဲ့ဖွံ့ဖြိုးရေးကို အရင်ဦးစားပေးတယ်။

VOM- အာဏာရပါတီ၊ ပြည်ခိုင်ဖြိုး စတဲ့ပါတီကြီးတွေကို ဘယ်လိုအင်အားတွေနဲ့ ယှဉ်ပြိုင်သွားမလဲ။
ဦးဆိုင်နပ် – ပါတီကြီးတွေဆိုတော့ ကျွန်တော်တို့တားလို့မရဘူး။ ဖြစ်ချင်ရင်တော့ သူတို့ကို ကျန်တော်တို့ ဒေသကိုမပေးဝင်စေချင်ဘူး။ ဒီမိုကရေစီဆိုတာ တားလို့မရ။ သူကိုင် ကိုယ်ကိုင်မှာ အဓိကကတော့ပြည်သူတွေကိုစည်းရုံးရမှာနဲ့ နားလည်သဘောပေါက်မှ ကျွန်တော်တို့ အနိုင်ရမှာ။

VOM- ပါတီဝင်အင်အား ဘယ်လောက်ရှိပါသလဲ
ဦးဆိုင်နပ် – မှတ်ပုံတင်ကျတာ မကြာသေးဘူးဆိုတော့ ကော်မရှင်တင်ထားတဲ့ အင်အားက ၅၀၀ရှိတယ်။

VOM- ကိုယ်စားလှယ်ကို ဘယ်လိုရွေးလဲ။
ဦးဆိုင်နပ် – ဒေသကိုအခြေခံပြီး အရင်ဦးစားပေးတယ်။ အဆိုပြုတာကို လွတ်လွတ်လပ်လပ်ပေးတယ်။ အဆိုပြုတာကိုကြည့်ပြီးတော့ ဒေသကို အထူးပြုတဲ့လူကို အဓိကဦးစားပေးတယ်။

VOM – ပါတီရဲ့ မှုဝါဒကဘာတွေလဲ
ဦးဆိုင်နပ် – နံပါတ် ၁ အနေနဲ့၂၀၂၀ ခုနှစ်အတွင်း ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲမှာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မဲဆန္ဒနယ်မှ ဝင်ရောက်အရွေးချယ်ခံမယ့် လွှတ်တော်အဆင့်ဆင့်ရဲ့ ကိုယ်စားလှယ်လောင်းများဟာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနဲ့ ဆက်နွယ် ပတ်သက်မှုရှိသည့် ဇာတိမြေနယ်ခံတိုင်းရင်းသားလူမျိုးအစစ်အမှန်ဖြစ်ပြီး၊ ပြည်ထောင်စုအကျိုးအတွက် မိမိကိုယ်ကို စွန့်လွှတ်အနစ်နာခံသောသူ၊ အများပြည်သူအကျိုးကို သယ်ပိုးထမ်းဆောင်လိုသည့်ဆန္ဒ၊ စိတ်ဓာတ်အပြည့်အဝရှိသောသူ၊ နယ်မြေဒေသအကျိုးကို ဧကန်အမှန် ထိထိရောက်ရောက် နှင့် ကျွမ်းကျင်လိမ္မာစွာ လုပ်ကိုင်နိုင်စွမ်းရှိသောသူ ဖြစ်ရမည် ဟု အလေးအနက် ခံယူထားပါတယ်။ နံပါတ် ၂ အနေနဲ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ အကျိုးစီးပွားတွေကို ဖြစ်ထွန်းစေတဲ့ လုပ်ငန်းရပ်များဆောင်ရွက်ရာတွင် မည်သည့်နိုင်ငံရေးပါတီ၊ မည်သည့်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ တည်ကြည်ဖြောင့်မတ်စွာ ခံယူထားပါတယ်။နံပါတ် ၃ အချက်ကတော့ “ဝ” တိုင်းရင်းသားလူမျိုးအများစု တစ်ဆက်တစ်စပ်တည်း အခြေချနေထိုင်တဲ့ အရပ်ဒေသတွေကို ပေါင်းစည်းပြီး၊ ပြည်ထောင်စုအဖွဲ့ဝင် “ဝ” ပြည်နယ်တစ်ခုအဖြစ် အသိအမှတ်ပြု သတ်မှတ်ပေးမယ်ဆိုရင် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံဖြိုးရေးလုပ်ငန်းစဉ်ယန္တရားတွေကို ပိုမိုလျင်မြန်စွာ ဖြစ်ထွန်း အောင်မြင်စေလိမ့်မယ်လို့ ရိုးသားပွင့်လင်းစွာ ခံယူထားပါတယ်။

VOM – ပါတီရဲ့ဆောင်ပုဒ်က ဘာလဲ
ဦးဆိုင်နပ်- ဒေသအကျိုးကို အတူတကွ ပူးတွဲ လုပ်ဆောင်နိုင်ဖို့ “ဝ”အမျိုးသားပါတီကို မဲပေးစို့

#voiceofmyanmar #VOM #ပါတီမိတ်ဆက်

Zawgyi

ပါတီမိတ္ဆက္ ( “ဝ” အမ်ိဳးသားပါတီ-WNP )

မႏၲေလး၊ စက္တင္ဘာ ၁၀-၂၀၂၀
လဲ့လဲ့ဝင္း(VOM)

လာမယ့္ ၂၀၂၀ ႏိုဝင္ဘာလ ၈ရက္ေန႔ ေ႐ြးေကာက္ပြဲမွာဝင္ၿပိဳင္မယ့္ “ဝ” အမ်ိဳးသားပါတီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ရွမ္းေျမာက္တာဝန္ခံ ဦးဆိုင္နပ္ ကို VOMသတင္းေထာက္ လဲ့လဲ့ဝင္းက ေမးျမန္းထားတာျဖစ္ပါတယ္။
“ဝ” အမ်ိဳးသားပါတီဟာ “ဝ” အမ်ိဳးသား စည္းလုံးညီၫြတ္ေရးပါတီ၊ “ဝ” ဒီမိုကရက္တစ္ပါတီ နဲ႔ “ဝ” လစ္ဘရယ္ ဒီမိုကရက္တစ္တိုးတက္ဖြံ႕ၿဖိဳးေရးပါတီတို႔ပူးေပါင္းၿပီး ၂၀၂၀ ျပည့္ႏွစ္ ဧၿပီ ၂ရက္မွာ မွတ္ပုံတင္ခဲ့တာျဖစ္ပါတယ္။

VOM – ပါတီအေနနဲ႔ ဝင္ၿပိဳင္မယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ ဘယ္ေလာက္အေရအတြက္ ေ႐ြးေကာက္ပြဲေကာ္မရွင္ကိုတင္ထားလဲ
ဦးဆိုင္နပ္ – ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ ၂၁ ေယာက္ရွိပါတယ္။

VOM – ပါတီရဲ႕ ကတိကဝတ္က ဘာေတြျဖစ္မလဲ
ဦးဆိုင္းနပ္ – မရွိပါဘူး။ ေဒသနဲ႔ဖြံ႕ၿဖိဳးေရးကို အရင္ဦးစားေပးတယ္။

VOM- အာဏာရပါတီ၊ ျပည္ခိုင္ၿဖိဳး စတဲ့ပါတီႀကီးေတြကို ဘယ္လိုအင္အားေတြနဲ႔ ယွဥ္ၿပိဳင္သြားမလဲ။
ဦးဆိုင္နပ္ – ပါတီႀကီးေတြဆိုေတာ့ ကြၽန္ေတာ္တို႔တားလို႔မရဘူး။ ျဖစ္ခ်င္ရင္ေတာ့ သူတို႔ကို က်န္ေတာ္တို႔ ေဒသကိုမေပးဝင္ေစခ်င္ဘူး။ ဒီမိုကေရစီဆိုတာ တားလို႔မရ။ သူကိုင္ ကိုယ္ကိုင္မွာ အဓိကကေတာ့ျပည္သူေတြကိုစည္း႐ုံးရမွာနဲ႔ နားလည္သေဘာေပါက္မွ ကြၽန္ေတာ္တို႔ အႏိုင္ရမွာ။

VOM- ပါတီဝင္အင္အား ဘယ္ေလာက္ရွိပါသလဲ
ဦးဆိုင္နပ္ – မွတ္ပုံတင္က်တာ မၾကာေသးဘူးဆိုေတာ့ ေကာ္မရွင္တင္ထားတဲ့ အင္အားက ၅၀၀ရွိတယ္။

VOM- ကိုယ္စားလွယ္ကို ဘယ္လိုေ႐ြးလဲ။
ဦးဆိုင္နပ္ – ေဒသကိုအေျခခံၿပီး အရင္ဦးစားေပးတယ္။ အဆိုျပဳတာကို လြတ္လြတ္လပ္လပ္ေပးတယ္။ အဆိုျပဳတာကိုၾကည့္ၿပီးေတာ့ ေဒသကို အထူးျပဳတဲ့လူကို အဓိကဦးစားေပးတယ္။

VOM – ပါတီရဲ႕ မႈဝါဒကဘာေတြလဲ
ဦးဆိုင္နပ္ – နံပါတ္ ၁ အေနနဲ႔၂၀၂၀ ခုႏွစ္အတြင္း က်င္းပျပဳလုပ္မယ့္ အေထြေထြေ႐ြးေကာက္ပြဲမွာ “ဝ” ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း မဲဆႏၵနယ္မွ ဝင္ေရာက္အေ႐ြးခ်ယ္ခံမယ့္ လႊတ္ေတာ္အဆင့္ဆင့္ရဲ႕ ကိုယ္စားလွယ္ေလာင္းမ်ားဟာ “ဝ”ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္းနဲ႔ ဆက္ႏြယ္ ပတ္သက္မႈရွိသည့္ ဇာတိေျမနယ္ခံတိုင္းရင္းသားလူမ်ိဳးအစစ္အမွန္ျဖစ္ၿပီး၊ ျပည္ေထာင္စုအက်ိဳးအတြက္ မိမိကိုယ္ကို စြန႔္လႊတ္အနစ္နာခံေသာသူ၊ အမ်ားျပည္သူအက်ိဳးကို သယ္ပိုးထမ္းေဆာင္လိုသည့္ဆႏၵ၊ စိတ္ဓာတ္အျပည့္အဝရွိေသာသူ၊ နယ္ေျမေဒသအက်ိဳးကို ဧကန္အမွန္ ထိထိေရာက္ေရာက္ ႏွင့္ ကြၽမ္းက်င္လိမၼာစြာ လုပ္ကိုင္ႏိုင္စြမ္းရွိေသာသူ ျဖစ္ရမည္ ဟု အေလးအနက္ ခံယူထားပါတယ္။ နံပါတ္ ၂ အေနနဲ႔က ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ရဲ႕ အက်ိဳးစီးပြားေတြကို ျဖစ္ထြန္းေစတဲ့ လုပ္ငန္းရပ္မ်ားေဆာင္႐ြက္ရာတြင္ မည္သည့္ႏိုင္ငံေရးပါတီ၊ မည္သည့္အဖြဲ႕အစည္းနဲ႔မဆို ပူးေပါင္းလုပ္ေဆာင္သြားမယ္လို႔ တည္ၾကည္ေျဖာင့္မတ္စြာ ခံယူထားပါတယ္။နံပါတ္ ၃ အခ်က္ကေတာ့ “ဝ” တိုင္းရင္းသားလူမ်ိဳးအမ်ားစု တစ္ဆက္တစ္စပ္တည္း အေျခခ်ေနထိုင္တဲ့ အရပ္ေဒသေတြကို ေပါင္းစည္းၿပီး၊ ျပည္ေထာင္စုအဖြဲ႕ဝင္ “ဝ” ျပည္နယ္တစ္ခုအျဖစ္ အသိအမွတ္ျပဳ သတ္မွတ္ေပးမယ္ဆိုရင္ နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရး၊ တရားဥပေဒစိုးမိုးေရး၊ ေဒသဖြံၿဖိဳးေရးလုပ္ငန္းစဥ္ယႏၲရားေတြကို ပိုမိုလ်င္ျမန္စြာ ျဖစ္ထြန္း ေအာင္ျမင္ေစလိမ့္မယ္လို႔ ႐ိုးသားပြင့္လင္းစြာ ခံယူထားပါတယ္။

VOM – ပါတီရဲ႕ေဆာင္ပုဒ္က ဘာလဲ
ဦးဆိုင္နပ္- ေဒသအက်ိဳးကို အတူတကြ ပူးတြဲ လုပ္ေဆာင္ႏိုင္ဖို႔ “ဝ”အမ်ိဳးသားပါတီကို မဲေပးစို႔

#voiceofmyanmar #VOM #ပါတီမိတ္ဆက္

Related posts

Leave a Comment

VOM News

FREE
VIEW