ပါတီမိတ်ဆက် (ဝံသာနုဒီမိုကရက်တစ်ပါတီ)

ပါတီမိတ်ဆက် (ဝံသာနုဒီမိုကရက်တစ်ပါတီ) မန္တလေး၊ စက်တင်ဘာ ၁၁-၂၀၂၀ ရှိုင်းအောင်(VOM) လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဝံသာနုဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးရဲမင်း ကို VOM သတင်းထောက် ကိုရှိုင်းအောင်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ ဦးရဲမင်း- အောင်မြေသာဇံမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ယောက်၊ မဲဆန္ဒနယ်အမှတ်( ၂ ) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၁ ယောက် ၊ချမ်းအေးသာဇံမှာ မဲဆန္ဒနယ်အမှတ် (၁) ၊ အမှတ် ( ၂ ) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ယောက်၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ၅ ယောက် ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ VOM – ပါတီရဲ့…

Read More

ရခိုင်ပြည်နယ်မှာ ဒေသခံတိုင်းရင်းသားပါတီတွေထက် ပြည်ခိုင်ဖြိုးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လက်ရည်တူယှဉ်မယ်

ရခိုင်ပြည်နယ်မှာ ဒေသခံတိုင်းရင်းသားပါတီတွေထက် ပြည်ခိုင်ဖြိုးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လက်ရည်တူယှဉ်မယ် Voice Of Myanmar ရခိုင်ပြည်နယ်က မဲဆန္ဒနယ် ၁၇ ခုစလုံးမှာ အန်အယ်လ်ဒီနဲ့ ပြည်ခိုင်ဖြိုးက လက်ကုန်ယှဉ်ပြိုင်ကြမှာမို့ ရှိတဲ့ ၃၄ နေရာလုံး လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းတင်သွင်းထားပါတယ်။ ဒေသခံ ရခိုင်အမျိုးသားပါတီကတော့ ၃၃နေရာပဲစာရင်းတင်သွင်းထားပြီး တနိုင်ငံလုံး ကိုယ်စားလှယ်အများဆုံးလျှောက်ထားတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီကတော့ ရခိုင်ပြည်နယ်မှာ ၅၁ နေရာပဲ လျာထားထားတာကိုတွေ့ရပါတယ်။ ကျန်တဲ့ ပါတီတွေကတော့ ရခိုင့်ဦးဆောင်ပါတီ ၄၂နေရာ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ၂၆နေရာ ပြိုင်မှာဖြစ်ပြီး တခြားပါတီတွေကတော့ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ၊မြိုအမျိုးသားဒီမိုကရေစီပါတီ ၊ ခမီအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အရှိုချင်းအမျိုးသားပါတီ၊ ချင်းတိုင်းရင်းသားများပါတီနဲ့ တသီးပုဂ္ဂလ ၄၁ ဦး စုစုပေါင်း ကိုယ်စားလှယ် ၃၈၀ဦး ပြိုင်ကြမှာဖြစ်ပါတယ်။ လက်ရှိအနေအထားမှာ ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ် အကုန်လုံး…

Read More

ပါတီမိတ်ဆက် (ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်-PNO)

ပါတီမိတ်ဆက် (ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်-PNO) မန္တလေး၊ စက်တင်ဘာ ၁၀-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့် ၂၀၂၀ နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် ကယန်းအမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ ဒု-ဥက္ကဋ္ဌ ဦးခွန်မောင်တောင်းကို VOMသတင်းထောက် မလဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ PNO – ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် ၂၈ ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ ကတိကဝတ်က ဘာတွေဖြစ်မလဲ PNO – နယ်မြေဒေသဖွံ့ဖြိုးရေး လူမှုစီးပွားဖွံ့ဖြိုးရေးအတွက်ကို ကျန်တော်တို့က စဉ်ဆက်မပြတ်ဆောင်ရွက်ပေးမယ်။ ၂၀၁၀၊၂၀၁၅ အခုလည်း ဆက်လက်ပြီးတော့မှ ဒေသဖွံ့ဖြိုးရေးအတွက် ဒါကိုပဲဆောင်ရွက်မှာပါ။ VOM- အာဏာရပါတီနဲ့ ပါတီကြီးတွေကို ဘယ်လိုအင်အားတွေနဲ့ ယှဉ်ပြိုင်သွားမလဲ PNO – သူတို့က ကျွန်တော်တို့ကိုယှဉ်ပြိုင် ။ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ဒေသရအောင်ကြိုးစားနေတယ်။ ပထမအကြိမ်တုန်းကလည်း…

Read More

မကွေးတိုင်းမှာ ကိုယ်စားလှယ်လောင်းအင်အားတူပါတီ ၄ခုရှိ

Magway canditate

မကွေးတိုင်းမှာ ကိုယ်စားလှယ်လောင်းအင်အားတူပါတီ ၄ခုရှိ   Voice Of Myanmar   မကွေးတိုင်း ၂၅ မြို့နယ်က မဲဆန္ဒနယ်အကုန်လုံးကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီ ၄ခုကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) တို့ဖြစ်ပါတယ်။ သူတို့ပါတီတွေဟာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေအတွက် စုစုပေါင်း ၈၈ နေရာလုံး ဝင်ပြိုင်မှာဖြစ်ပါတယ်။   တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက နေရာ ၅၁ နေရာ  အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ( DNP )က ၁၆ နေရာပြိုင်ပြီး၊ ပြည်သူ့ရှေ့ဆောင်ပါတီက ၁၂နေရာ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ ချင်းတိုင်းရင်းသားများပါတီ နဲ့ တသီးပုဂ္ဂလ ၁၆ ယောက် ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။   #voiceofmyanmar #VOM #မကွေးတိုင်းလွှတ်တော်ကိုယ်စားလှယ်များ…

Read More

ပါတီမိတ်ဆက် (ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ)

ပါတီမိတ်ဆက် (ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ) အင်အားနည်းပေမယ့် အားကြီးသူတွေနဲ့ မိတ်ဖွဲ့ထားလို့ အားမငယ်တဲ့ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ မန္တလေး၊ စက်တင်ဘာ ၁၀-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့် ၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးအေးကြိုင် ကို ဗီအိုအမ်ရဲ့ နိုင်ငံရေးပါတီမိတ်ဆက်ကဏ္ဍအတွက် ဗီအိုအမ်သတင်းထောက် မလဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ဘယ်လောက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ? ဦးအေးကြိုင်- ရခိုင်ပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၆ ယောက် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ VOM – ပါတီရဲ့ ကတိကဝတ်က ဘာတွေဖြစ်မလဲ? ဦးအေးကြိုင်- အကယ်၍ ကျန်တော်တို့ လွှတ်တော်မှာပါဝင်ခွင့်ရှိရင် ရခိုင်ပြည်နယ်အနေနဲ့ တောင်သူလယ်သမားအခန်းကဏ္ဍနဲ့ပတ်သက် လို့လုပ်ကိုင်‌ဆောင်ရွက်မှုတွေ အားနည်းချက်ရှိတယ်။တစ်ခြားနိုင်ငံက တောင်သူလယ်သမားတွေနဲ့အချိတ်အဆက်လုပ်ပြီးလို့ရှိရင်,နောင်လာမဲ့အနာဂတ်မှာ လက်ရှိအချိန်ထက် တောင်သူလယ်သမားတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ ပိုမိုမြင့်မားလာအောင်၊ နောက်တစ်ခုက အခုလက်ရှိအခြေအနေမှာက တောင်သူလယ်သမားတွေရဲ့လုပ်ကိုင်မှု၊…

Read More

ပါတီမိတ်ဆက် Democratic Party-Myanmar ဒီမိုကရက်တစ်ပါတီ (မြန်မာ)

ပါတီမိတ်ဆက် Democratic Party-Myanmar ဒီမိုကရက်တစ်ပါတီ (မြန်မာ) VOM ရဲ့ နိုင်ငံရေးပါတီ မိတ်ဆက်တဲ့ကဏ္ဍအတွက် ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဌ ဦးသုဝေကို VOMသတင်းထောက် ကိုညီသစ်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ဒီမိုကရက်တစ်ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက် အရေအတွက်ဝင်ပြိုင်ဖို့ရှိပါသလဲ DPM – ကျွန်တော်တို့က ၃၃ ယောက် တင်ထားပါတယ်။ VOM-ပါတီရဲ့ကတိကဝတ်တွေက ဘာတွေဖြစ်မလဲ DPM- ကတိကဝတ်ရယ်လို့တော့ မပာုတ်ပါဘူး၊ ကျွန်တော်တို့ ကြေညာစာတမ်းထုတ်တဲ့အထဲမှာ ကျတော်တို့ပါတီအနေနဲ့ တိုင်းပြည်ကိုဘယ်လိုတည်ဆောက်ချင်တယ် ဆိုတာမျိုးကိုပြောပြထားပါတယ်၊ အန္တိမ ရည်မှန်းချက်ကတော့ ပြည်ထောင်စု မြန်မာနိုင်ငံသားတွေ လူဖြစ်ရကျိုးနပ်စေဖို့ပါပဲ။ VOM-အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုးကို ဘယ်လိုအင်အားမျိုးနဲ့ယဉ်ပြိုင်မလဲ ခင်ဗျာ့ DPM- အဲ့ဒါကတော့ ဒီလိုပါ အခုဆို ကျွန်တော်တို့က ၃၃ ယောက်ပဲပြိုင်နိုင်တာလေ၊ သူတို့က ထောင်ကျော်တယ်လေ၊ အင်အားအနေနဲ့ပြိုင်တာတော့မရှိဘူးပေါ့၊ ဒါပေမယ့်ကျွန်တော်တို့ကတော့ ကျွန်တော်တို့ပါတီရဲ့ပါတီဝင်တွေဖြစ်လာတဲ့နောက် ပါတီဝင်တစ်ယောက်ပာာ သူရဲ့အရည်အချင်းရှိအောင်ပေါ့ဗျာ၊ နိုင်ငံသားဆိုရင်လည်း အဖိုးတန်တဲ့နိုင်ငံသားတစ်ဦးဖြစ်အောင်…

Read More

ရှမ်းပြည်နယ်တခုလုံးမှာ လွှတ်တော်ကိုယ်စားလှယ်အများဆုံးဟာ ညီညွတ်သောဒီမိုကရက်တစ်ပါတီဖြစ်

ရှမ်းပြည်နယ်တခုလုံးမှာ လွှတ်တော်ကိုယ်စားလှယ်အများဆုံးဟာ ညီညွတ်သောဒီမိုကရက်တစ်ပါတီဖြစ်   Voice Of Myanmar   ရှမ်းပြည်နယ်တခုလုံးမှာ မဲဆန္ဒနယ် ၅၅ ခုရှိတဲ့အနက် မြို့နယ် ၅၀ မှာ ရွေးကောက်ပွဲကျင်းပဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေငြာထားပါတယ်။   ရှမ်းပြည်နယ်ကနေပြီးတော့ လွှတ်တော်အသီးသီးကိုဝင်ရောက်ယှယ်ပြိုင်မယ့် ပါတီပေါင်း ၃၃ ခုနဲ့ တသီးပုဂ္ဂလိကကိုယ်စားလှယ်လောင်း အရေအတွက်ဟာ ၁၀၁၈ ဦးရှိပါတယ်။ ဒီထဲကနေ ကိုယ်စားလှယ်လောင်း ၁၆၅ယောက်နဲ့ အများဆုံးယှဉ်ပြိုင်တာကတော့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP ) ဖြစ်ပါတယ်။ ဒုတိယကိုယ်စားလှယ်အများဆုံးကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) ဖြစ်ပြီး  ၁၅၅ ယောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ တတိယကတော့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ဖြစ်ပြီး ၁၅၁ယောက်ပြိုင်မှာပါ။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ကတော့ ၁၁၀ စတုတ္ထနေရာက  ရှိပါတယ်။   ကျန်တဲ့ ပါတီတွေကတော့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊…

Read More

New Hope For The People ဆိုတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ

ပါတီမိတ်ဆက်ကဏ္ဍ New Hope For The People ဆိုတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကနေ အသွင်ပြောင်းလာတဲ့ သက်တော်ရှည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဟာ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၄၀၀နီးပါးနဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဗီအိုအမ်ရဲ့ နိုင်ငံရေးပါတီမိတ်ဆက်ကဏ္ဍအတွက် ဗီအိုအမ်သတင်းထောက် ကိုညီသစ်က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှုးဦးသိန်းထွန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။ VOM-တစည ပါတီအနေနဲ့ လွှတ်တော် ကိုယ်စားလှယ် ဘယ်လောက် အရေအတွက် ၀င်ပြိုင်ဖို့ရှိလဲခင်မျာ့ UTT- ခြုံပြောရင် ၁၇၅ မြို့နယ်မှာ စုစုပေါင်း ကိုယ်စားလှယ် ၃၈၄ ဦးနဲ့ ပြိုင်မှာပါ၊ VOM- ပါတီရဲ့ ကတိက၀တ် ဘာတွေဖြစ်မလဲ UTT-ကျနော်တို့ ပါတီရဲ ကဏ္ဍ ၁၆ ခုပါ တဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်း ထုတ်ထားပြီးသားပါခင်ဗျ၊ ကျနော်တို့ ပေချ်မှာရှိပါတယ်။အဲ့ဒီထဲမှာပါပါတယ်။ နောက်တစ်ခုက ည မှာလည်းပဲ TVTalk…

Read More

ပါတီမိတ်ဆက် (ကယန်းအမျိုးသားပါတီ)

ပါတီမိတ်ဆက် (ကယန်းအမျိုးသားပါတီ) မန္တလေး၊ စက်တင်ဘာ ၁၀-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့် ၂၀၂၀ နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် ကယန်းအမျိုးသားပါတီ ပြောရေးစိုခွင့်ရှိသူ ဦးခွန်းကလေးမင်းကို VOMသတင်းထောက် လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM – ပါတီအနေနဲ့ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ? . ဦးခွန်းကလေးမင်း – ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် ၁၀ယောက်ရှိပါတယ်။ VOM – ပါတီရဲ့ ကတိကဝတ်က ဘာတွေဖြစ်မလဲ? ဦးခွန်ကလေးမင်း – ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကနေ ကယန်းအမျိုးသားပါတီအနေနဲ့ ပြည်သူတွေကို ကတိပြုပြီး ရပ်တည်သွားမယ့်အရာတွေကတော့ ကယန်းဒေသအပါအဝင် ကရင်နီပြည်နယ်အတွင်းက လူထုတွေရဲ့ စားဝတ်နေရေး ပိုမိုပြေလည်စေဖို့အတွက် တောင်သူတွေရဲ့ သီးနှံဈေးကွက်နဲ့ ကျေးလက်တွေရဲ့ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်စေဖို့ ဦးစားပေးကြိုးပမ်းဆောင်ရွက်သွားမယ်။ နောက်တစ်ချက်က ခွဲခြားခြင်းမရှိဘဲ ကလေးသူငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေး…

Read More

လွှတ်တော်အသီးသီးမှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း မန္တလေးတိုင်းအတွင်းမှာ ၆၁၇ ယောက်ရှိ

#Mandalay Luttaw

လွှတ်တော်အသီးသီးမှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း မန္တလေးတိုင်းအတွင်းမှာ ၆၁၇ ယောက်ရှိ Voice Of Myanmar မန္တလေးတိုင်းအတွင်းက နေပြည်တော်ပြည်ထောင်စုနယ်မြေ ၈မြို့နယ်နဲ့ ကျန် ၂၈ မြို့ နယ်တွေမှာ ပါတီ ၂၁ ပါတီနဲ့ တသီးပုဂ္ဂလအပါအဝင် ၆၁၇ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ရှိတဲ့ ၁၀၅နေရာအကုန်လုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီက ၁၀၄ နေရာ ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီက ၁၀၃နေရာ ယှဉ်ပြိုင်မှာပါ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၄၉နေရာနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီက ၃၆ နေရာ ယှဉ်ပြိုင်မှာပါ၊ ကျန်ပါတီတွေကတော့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ပါတီ၊ အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ အခြေခံလူတန်းစားမြင့်မားရေးပါတီ၊ ဒီမိုကရက်တစ်ပါတီမြန်မာ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဝံသာနုဒီမိုကရက်တစ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ၊ လီဆူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ၊ တအာင်းပလောင်အမျိုးသားပါတီ၊ အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ နဲ့…

Read More
VOM News

FREE
VIEW