မန္တလေး၊ ဇန်နဝါရီ ၃၀-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့က ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ နှစ်စဉ်ပြုလုပ်နေတဲ့ မြန်မာရိုးရာယဉ်ကျေးမှုပွဲတော် အခမ်းအနားများ ကျင်းပရာမှာ ထည့်သွင်းကပြနေတဲ့ အေရိုးဗစ်အက၊ ပန်းပွားအက ကပြတဲ့နေရာအစား မြန်မာရိုးရာ ကဗျာလွတ်အကကို အစားထိုးကပြနိုင်ဖို့အတွက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မန္တလေး ကံတက်ကုန်း(မစိုးရိမ်)ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အကျိုးတော်ဆောင်ဥက္ကဌ ဦးဝင်းလှိုင်ဦး က ပြောပါတယ်။ #voiceofmyanmar#မန္တလေး#ကဗျာလွတ်အကများပါဝင်ကပြနိုင်ရန်ဆောင်ရွက်မည်#
Read MoreCategory: အနုပညာ
ရည်းစားထားလိုက် ပြတ်လိုက်ဖြစ်နေတယ်ဆိုတဲ့ ပိုင်တံခွန်
ရန်ကုန် ဇန်န၀ါရီ ၂၉-၂၀၁၉ သင်းသဒ္ဒါ(VOM) ကိုရီးယား မင်းသားနဲ့တူတယ်ဆိုပြီး မိန်းကလေး ပရိသတ်ကြားနေပန်းစားနေတဲ့ မော်ဒယ်လ် သရုပ်ဆောင် ပိုင်တံခွန်ကတော့ ရည်းစားထားလိုက်ပြတ်လိုက် ဖြစ်နေတယ်လို့ ဆိုပါတယ်။ “ယောက်ျားလေး သရုပ်ဆောင် ဖြစ်လို့ ကိုယ့်ကို ဆော်ကြည်ဘဲလို့ ထင်ကြတာပါ။ တကယ်တော့ ပရိသတ် အထင်လွဲနေတာပါ။ အပြင်မှာ မရှိဘူး။ လူငယ်ဆိုတော့ ရည်းစားထားလိုက် ပြတ်လိုက်နဲ့ပါ။ လောလော ဆယ် ရည်းစားမရှိသေးပါဘူး။ အရင်နဲ့စာရင် ကိုယ်တိုင်လည်း ရင့်ကျက်လာပြီလေ။ အရင်တွေ့ခဲ့တဲ့ ကောင်မလေးတွေက အဲလိုပေါ့။ ကိုယ့်ရည်းစားရင် တည်ငြိမ်ရင့်ကျက်သူကို ရွေးချယ်ဖြစ်မယ်ပေါ့”လို့ဆိုပါတယ်။ သူကတော့ ဖေဖော်ဝါရီ ၁၆ ရက်နေ့လောက်မှာ ကိုမြင့်မြတ်၊ မသင်ဇာဝင့်ကျော်၊ ညိမ်းသော်၊ L ဘောင် နူးတို့နဲ့ အတူ ပူတာအိုကို သွားရောက်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲက ကာရိုက် တာကို တော့ ဒါရိုက်တာက မပြောခိုင်းသေးဘူး။ရုပ်ရှင်ရိုက်ဖို့…
Read Moreခေတ်သုံးခေတ်ရဲ့ 3C Concert ဖျော်ဖြေပွဲလုပ်သွားမယ်ဆိုတဲ့ အိမ့်ချစ်
ရန်ကုန် ဇန်န၀ါရီ ၂၈-၂၀၁၉ သင်းသဒ္ဒါ(VOM) ခေတ်သုံးခေတ်ဖြစ်တဲ့ ချစ်ကောင်း၊ အိမ့်ချစ်နဲ့ ဂျူနီယာချစ်ကောင်းတို့ရဲ့ 3C Concert ဖျော်ဖြေပွဲလေး လုပ်သွားမယ်လို့ အဆိုတော် အိမ့်ချစ်ကဆိုပါတယ်။ “အဖေနဲ့မောင်လေးရယ် အိမ့်ချစ်ရယ် ပေါင်းပြီးတော့ လာမယ့် ၂ လပိုင်းမှာ ဖျော်ဖြေပွဲလေး လုပ်သွား မှာပါ။ သားအဖ သုံးယောက် ပေါင်းပြီးတော့ နောက်ပိုင်း Show ပွဲတွေလုပ်သွားဖို့ ရှိပါတယ်”လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့ ည ၇ နာရီမှာတော့ ခေတ်သုံးခေတ်ဖြစ်တဲ့ ချစ်ကောင်း ၊ အိမ့်ချစ် နဲ့ ဂျူနီယာ ချစ်ကောင်းတို့ရဲ့ ချစ်စဖွယ်ပွဲလေးဖြစ်တဲ့ 3C Concert ကို ရန်ကုန်မြို့ လေးထောင့်ကန် မီးပွိုင့်နားက ibis Hotel ရဲ့ 369 Dine & Bar မှာကျင်းပသွားမှာပါ။ အိမ့်ချစ်က…
Read Moreဇာတ်ညွန်းစာအုပ်တင်ပြမှသာ ဇာတ်ညွန်းထူးချွန်ဆုအတွက် စဉ်းစားမည်
ရန်ကုန် ဇန်န၀ါရီ ၂၈-၂၀၁၉ သင်းသဒ္ဒါ(VOM) ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ဇာတ်ညွှန်းဆုအတွက် ဇာတ်ညွန်းစာအုပ်တင်ပြမှသာ ဇာတ်ညွန်း ထူးချွန်ဆုအတွက် စဉ်းစားမယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး (ဗဟို) မှ ဒုတိယဥက္ကဌ ဦးအေးကြူလေး က ဆိုပါတယ်။ “ဇာတ်ညွှန်းစာအုပ်ကိုတော့ နှစ်တိုင်းတင်ခိုင်းဖြစ်ပါတယ်။ခါတိုင်း မတင်ကြတဲ့သူတွေလည်းရှိတယ်။ ကိုယ်ဇာတ်ကားကို ဆုရမယ်ထင်တယ်ဆိုရင် တင်ကြတယ်။ခပ်ပေါ့ပေါ့ကားတွေ ဆိုတော့ ဇာတ်ညွှန်းစာအုပ်ကို မတင်ကြဘူး။ တချို့က မတင်ကြတာရှိတယ်။ များသောအားဖြင့် ထုတ်ပြန်ထားတာကို သေချာမဖတ်ကြတော့ မသိကြဘူး။ ခုကတော့ သေချာသိအောင် ၊သတိထားမိအောင် ထုတ်ပြန်လိုက်တာပါ”လို့ဆိုပါတယ်။ ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ဇာတ်ညွှန်းဆုအတွက် ဇာတ်ညွှန်းစာအုပ်တင်ပြမှသာ ဇာတ်ညွှန်း ထူးချွန်ဆုကို ထည့်သွင်းစဉ်းစားမည်ဖြစ်ပြီးတော့ ဇာတ်ညွှန်းစာအုပ် မတင်ပြသူတွေအတွက် လုံးဝဇာတ် ညွှန်းဆုကို ထည့်သွင်းစဉ်းစားမည်မဟုတ်ဘူးလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး (ဗဟို) မှ ထုတ်ပြန်ခဲ့ပါတယ်။ “၂၀၁၈ ခုနှစ်ရဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီ…
Read Moreငွေကြေးအကျိုးအမြတ် လုံးဝမရှိဘဲ အခွေထုတ်လိုက်တဲ့ ဂီတမှူး ဓီရာမိုရ်
ရန်ကုန် ဇန်နဝါရီ ၂၇-၂၀၁၉ သင်းသဒ္ဒါ (VOM) ဇော်ဂျီ ရဲ့ သံစဉ်ခွေ Zaw-G’s Tunes သီချင်းခွေကို ထုတ်ပေးလိုက်တဲ့ ဂီတမှူး ဓီရာမိုရ် ကတော့ သီချင်းခွေထုတ်တာ ငွေရေးကြေးရေးအကျိုးအမြတ်ကတော့ လုံးဝရှိမှာမဟုတ်ပါဘူးလို့ဆိုပါတယ်။ ”ကျွန်တော်တို့ ဘယ်အသိုင်းအဝိုင်းမဆို လူငယ်တွေကို တံခါးဖွင့်ပေးဖို့လိုတယ်။ မျိုးဆက်သစ် လူငယ်တွေကို ဆွဲခေါ်လာဖို့လိုတယ်။ လမ်းတွေပြဖို့ လိုတယ်၊ လမ်းတွေလည်း ဖောက်ခိုင်းဖို့လိုတယ်။ ဘယ်လိုနေရာမဆို လိုအပ်ပါတယ်။ ဂီတလောကဆိုလည်း ပခုံးပြောင်း တာဝန်ထမ်းဆောင်မယ့် စွမ်းအင်မြှင့်တင်တဲ့ လူတွေလိုအပ်ပါတယ်။ ဒါကြောင့် မျိုးဆက်သစ်တွေကို မြေတောင်မြှောက်တဲ့အနေနဲ့ ကိုယ်တိုင်ထုတ်လုပ်ပေးတယ်။ စွမ်းဆောင်ရည်ရှိတဲ့ ကလေးတွေများလာဖို့အတွက် အရှုံးအမြတ်မတွက်ပဲ လက်ကမ်းကြိုဆိုတာပါ။ ဒီခွေထုတ်တာ ငွေရေးကြေးရေးအကျိုးအမြတ်ကတော့ လုံးဝရှိမှာမဟုတ်ပါဘူး။ ကိုယ့်လောက အတွက်ကောင်းလာမှာပါ”လို့ဆိုပါတယ်။ ၂၀၁၈ ခုနှစ် မတ်လ ၁၀ ရက်နေ့ကတော့ အကယ်ဒမီ ဓီရာမိုရ်ရဲ့ နာမည်ကျော် အော်ဂက်စတာတီးဝိုင်းနဲ့ Academy Tribute…
Read Moreလက်ထပ်မယ့်သူ စိတ်ရှင်းအောင်နေတယ်ဆိုတဲ့ အေးမြတ်သူ
ရန်ကုန် ဇန်န၀ါရီ ၂၇-၂၀၁၉ သင်းသဒ္ဒါ (VOM) ပရိသတ်အချစ်တော် မြတ်လေး(ခ)အေးမြတ်သူကတော့ လက်ထပ်မယ့်သူ စိတ်ရှင်းအောင်နေတယ် လို့ ဆိုပါတယ်။ ” ယောက္ခမ ဆူလိမ့်မယ်။ အေးမြတ်သူတို့ အသက်အရွယ်ကလေ တအားကြီး မငယ်တော့ဘူး။ ၃၀ ကျော်သွားပြီ။ သဉ္ဇာလေးက ၃၀တောင်မပြည့်သေးဘူး ထင်တယ်။ အများကြီးငယ် တယ်ဆို တော့ အေးမြတ် သူလည်း သဉ္ဇာအရွယ်တုန်းကဆိုးခဲ့တာပဲလေ။ သဉ္ဇာဆိုးနေတယ်လို့ မပြောဘူးနော်။ အေးမြတ်သူက ၃၀ကျော်လာပြီဆိုတော့ အိမ်ထောင်ပြုသင့်တဲ့ အမျိုးသမီး တစ်ယောက်ဖြစ်လာတယ်ဆိုတော့ အေးမြတ်သူ လည်း ကိုယ်ယူမယ့် အမျိုးသားရဲ့ စိတ်ရှင်းအောင် ကိုယ်ယူမယ့် အမျိုးသားဘက်ကို ပြန်ကြည့်ရတယ်။ အေး မြတ်သူ တအားကြီးဆိုးဖို့ မရှိပါဘူး။ ဒါကြောင့် အေးမြတ်သူ ဖက်ရှင်ပိုင်းကိုလည်း အရမ်းကြီး မလှုပ်ပါဘူး”လို့ ဆိုပါတယ်။ သူမကတော့ လက်ရှိမှာ ရွှေနန်းတော် စိန်ရွှေရတနာဆိုင်ကံစမ်းမဲ ဖွင့်ပွဲတစ်ကို…
Read Moreအကယ်ဒမီပေးပွဲမှာ Star Award ဆုကို ဘုမသိဘမသိ ပေးတာမဟုတ်ဘူးလို့ ဆရာဟိန်းလတ်ဆို
ရန်ကုန် ဇန်န၀ါရီ ၂၆-၂၀၁၉ သင်းသဒ္ဒါ (VOM) မြန်မာနိုင်ငံ သတင်းစာရေးဆရာအသင်း MJA က ကြီးမှူးပြီးတော့ ၂၀၁၈ ခုနှစ် ရုပ်ရှင်ဇာတ်ကား တွေကို Star Award ဆုပေးမှာနဲ့ ပတ်သက်ပြီးတော့ သတင်းစာဆရာဟိန်းလတ်က တချို့လူတွေ ပြောသလို ဘုမသိဘမသိပေးချင် သလိုလျှောက်ပေးတာမဟုတ်ဘဲ သေချာစိစစ်ပေးမှာပါလို့ ဆိုပါတယ်။ တချို့တွေက သတင်းစာသမားတွေကပေးတယ်ဆိုပြီးတော့ ဝေဖန်နေတဲ့အပေါ်”ကျွန်တော်တို့ သတင်းစာဆရာဆိုတာ ဦးဝင်းငြိမ်း ၊ ဦးမြတ်ခိုင်၊ ကျွန်တော်ရော ရုပ်ရှင်လောကနဲ့ ထိဆက်နေတယ်။ စာနယ်ဇင်း လောက၀င်လာကတည်းက အကုန်နဲ့လည်း ရင်းနှီးတယ်။ ရုပ်ရှင်ဝေဖန်ရေးတွေ ရေးဖြစ် တယ်။ ရုပ်ရှင်အညွှန်းတွေလည်း ရေးဖြစ်တယ်။ ကျွန်တော်တို့ ဒီအထဲမှာပါတဲ့သူအများစုက ရုပ်ရှင်အကြောင်းကို သိနေကြတယ်။ သတင်းစာ ဆရာ ရိုးရိုးမဟုတ်ဘူး။ ထို့အတူ ဂီတအကြောင်းနားလည်တဲ့ အင်္လကာဝတ်ရည်ကို မောင်မောင်အေးတို့ ဂီတပိုင်းမှာပါတယ်။ ဓာတ်ပုံအကြောင်းနားလည်တဲ့ ဓာတ်ပုံဆရာတွေပါတယ်။ ရုပ်ရှင်ကြည့်သူ သဘာရှင့်သူတွေ…
Read Moreမြန်မာပြည်ရဲ့ ပထမဆုံး သိပ္ပံဇာတ်ကားကို အမိုက်ခံပြီးရိုက်တာဆိုတဲ့ ဒါရိုက်တာ ညိုမင်းလွင်
ရန်ကုန် ဇန်န၀ါရီ ၂၆-၂၀၁၉ သင်းသဒ္ဒါ(VOM) မြန်မာပြည်ရဲ့ ပထမဆုံး သပ္ပံရုပ်ရှင်ဖြစ်တဲ့ အနန္တဇာတ်ကားကိုတော့ ဒါရိုက်တာ ညိုမင်းလွင်က အမိုက်ခံပြီးတော့ ရိုက်ခဲ့တာလို့ ဆိုပါတယ်။ “အာကာသ သိပ္ပံ ရုပ်ရှင်ဇာတ်ကားတစ်ကားကတော့ ရှိသင့်တယ်ထင်လို့ ကျွန်တော် ရိုက်ခဲ့တာပါ။ နောက်ပိုင်း လူငယ်တွေလည်း ဖန်တီးလုပ်ဆောင်နေကြပြီ။ အရှေ့ကနေ အမိုက်ခံပြီး လုပ်ပြပေမယ့် လူတစ်ယောက် လိုနေသေးတယ်လို့ ကျွန်တော် မြင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်အမိုက်ခံပြီးတော့ လုပ်ဆောင်တာပါ” လို့ဆိုပါတယ်။ ထိုင်းနိုင်ငံ မြန်မာရုပ်ရှင်ပွဲတော်မှာ အနန္တဇာတ်ကားကို အင်တာနက်မှာတွြေ့ပီး အဖွင့်ဇာတ်ကားအဖြစ် သူ့တို့ဘက် ကမ်းလှမ်းတာကို ခံရတယ်လို့ သိရပါတယ်။ ထိုင်းမှာ ပြသဖို့အတွက် အကယ်ဒမီ ဦးကြည်မင်း သိန်းက တဆင့် ဆက်သွယ်လာတာပါလို့ သိရပါတယ်။ ပရိသတ်ကို အမြည်းတွေ ပေးနေပေမယ့် ကိုယ်တိုင် စိတ်တိုင်မကျသေးလို့ ကြားနေတယ်။ လောဘကြီးတာ ကြောင့်ပါ။ ဒီ ဇာတ်ကားကတော့…
Read Moreဒုတိယအကြိမ် The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်အဖြစ် Rဇာနည်ဝင်ရောက်လာ
ရန်ကုန် – ဇန်ဝါရီ ၂၅၊ ၂၀၁၉ The Voice Myanmar Season 2 သီချင်းဆိုပြိုင်ပွဲကို လာမည့်ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြန်လည်စတင်တော့မှာဖြစ်ပါတယ်။ ဒုတိယအကြိမ် ပြိုင်ပွဲရဲ့ အကဲဖြတ်ဒိုင်လူကြီးစာရင်းမှာ အဆိုတော် လင်းလင်းနေရာ အစား အဆိုတော် Rဇာနည် ဝင်ရောက်လာတာဖြစ်ပါတယ်။ ကျန် ဒိုင်လူကြီးတွေက နီနီခင်ဇော် ၊ ရန်ရန်ချမ်း ၊ဟန်ထူးလွင် တို့ပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲကိုတော့ ဖေဖော်ဝါရီလ ၂၄ ရက်ကနေ ဇွန်လ ၁၆ ရက်အထိပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ ပြိုင်ပွဲကို လျှောက်ထားသူ ၈,၀၀၀ ရှိတယ်လို့လည်းဆိုပါတယ်။ ဒီthe voice myanmar ပွဲကိုMPT ကအဓိက ပံ့ပိုးကူညီထားပါတယ်။ “ အဆိုဘက်မှာ ဝါသနာပါတဲ့လူငယ်တွေ အတွက်တော့ တကယ်ကောင်းတဲ့အစီအစဉ်ဖြစ်တယ်။ ရွက်ပုန်းသီး လူငယ်တွေဖော်ထုတ်တာလည်းဖြစ်တယ်။ ကိုယ်ပိုင် တေးစီးရီးအခွေထုတ်ဖို့ဆိုတာ…
Read Moreပြိုင်ပွဲက တက်လာသူနဲ့ အပြင်မှာဇောက်ချလုပ်ကိုင်လာတဲ့ အဆိုတော်ချင်းမတူနိုင်ဘူးလို့ ဟန်ထူးလွင် ဆို
ရန်ကုန် ဇန်န၀ါရီ ၂၅ -၂၀၁၉ သင်းသဒ္ဒါ ဟစ်ဟော့ပ် ဂီတတွေနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရထားတဲ့ အဆိုတော် ဟန်ထူးလွင်(ခ) ကျားပေါက်ကတော့ ပြိုင်ပွဲက တက်လာသူနဲ့ အပြင်မှာဇောက်ချလုပ်ကိုင်လာတဲ့ အဆိုတော်ချင်းမတူနိုင်ဘူးလို့ ဆိုပါတယ်။ “ပြိုင်ပွဲကတက်လာတဲ့ အဆိုရှင်နဲ့ အပြင်လောကကနေ ဂီတတခုကို ဇောက်ချရုန်းကန် အချိန်ကုန်ခံ တက်လာတဲ့ ပုံစံချင်မတူနိုင်ပါဘူး။ မြူးဇစ်ပေါ်မြင်တဲ့အမြင်ရော ပရိသတ်က သူတို့မြင်တာရော၊ လေ့လာမှု ကလည်း အချိန်ကြာလာရင် ကွာခြားလာပါတယ်။ ပရိသတ် မှတ်မိပြီးဆိုတာက ကိုယ့်က အတင်း ပြေးရမှာပါ။ ပြိုင်ပွဲပြီးလို့ အနုပညာအလုပ်ကပြီးသွားတာ မဟုတ်ပါဘူုး။ ပြိုင်ပွဲပြီးမှ အနုပညာ အလုပ်တိုင်က စတိုင်ပတ်မှာပါ”လို့ဆိုပါတယ်။ သူကတော့ The Voice Myanmar Season 1 မှာ လက်ရှိ Coachအဖြစ် လုပ်ဆောင်နေသလို Saeson 2 မှာလည်း ဆက်လက်ပါဝင်ဆောင်ရွက်နေပါတယ်။ မျိုးဆက်သစ်…
Read More