ဇာတ်ညွန်းစာအုပ်တင်ပြမှသာ ဇာတ်ညွန်းထူးချွန်ဆုအတွက် စဉ်းစားမည်

ရန်ကုန် ဇန်န၀ါရီ ၂၈-၂၀၁၉

သင်းသဒ္ဒါ(VOM)

၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ဇာတ်ညွှန်းဆုအတွက် ဇာတ်ညွန်းစာအုပ်တင်ပြမှသာ ဇာတ်ညွန်း ထူးချွန်ဆုအတွက် စဉ်းစားမယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး (ဗဟို) မှ ဒုတိယဥက္ကဌ ဦးအေးကြူလေး က ဆိုပါတယ်။

“ဇာတ်ညွှန်းစာအုပ်ကိုတော့ နှစ်တိုင်းတင်ခိုင်းဖြစ်ပါတယ်။ခါတိုင်း မတင်ကြတဲ့သူတွေလည်းရှိတယ်။ ကိုယ်ဇာတ်ကားကို ဆုရမယ်ထင်တယ်ဆိုရင် တင်ကြတယ်။ခပ်ပေါ့ပေါ့ကားတွေ ဆိုတော့ ဇာတ်ညွှန်းစာအုပ်ကို မတင်ကြဘူး။ တချို့က မတင်ကြတာရှိတယ်။ များသောအားဖြင့် ထုတ်ပြန်ထားတာကို သေချာမဖတ်ကြတော့ မသိကြဘူး။ ခုကတော့ သေချာသိအောင် ၊သတိထားမိအောင် ထုတ်ပြန်လိုက်တာပါ”လို့ဆိုပါတယ်။

၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ဇာတ်ညွှန်းဆုအတွက် ဇာတ်ညွှန်းစာအုပ်တင်ပြမှသာ ဇာတ်ညွှန်း ထူးချွန်ဆုကို ထည့်သွင်းစဉ်းစားမည်ဖြစ်ပြီးတော့  ဇာတ်ညွှန်းစာအုပ် မတင်ပြသူတွေအတွက် လုံးဝဇာတ် ညွှန်းဆုကို ထည့်သွင်းစဉ်းစားမည်မဟုတ်ဘူးလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး (ဗဟို) မှ ထုတ်ပြန်ခဲ့ပါတယ်။

“၂၀၁၈ ခုနှစ်ရဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုအတွက် အကယ်ဒမီ စာရင်းဝင် ၈၃ကား ကြည့်ရှုခဲ့ တာတော့ ဖေဖော်ဝါရီ ၅ ရက်မှာပထမအကြိမ်စစ်ဆေးမှု ပြီးပါမယ်။ Nomination စာရင်းဝင် ရုပ်ရှင်ဇာတ် ကားတွေလည်း မတ်လပထမအပတ်(သို့)ဒုတိယအပတ်မှာတော့ ကြေငြာသွားမှာပါ”လို့ ဆိုပါတယ်။

အကယ်ဒမီ ဆုပေးအပ် မည့် ဆုချီးမြှင့်ပွဲကို ရန်ကုန်မြို့ ၊ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ပွဲကွင်းလမ်းရှိ ရွှေထွဋ်တင်ကွင်း၌ ကျင်းပ သွား မည်ဖြစ်သည်။

ဓာတ်ပုံ – သင်းသဒ္ဒါ

#voiceofmyanmar#ဇာတ်ညွန်းဆု#ဦးအေးကြူလေး

Related posts

Leave a Comment

VOM News

FREE
VIEW