ခေတ်သုံးခေတ်ရဲ့ 3C Concert ဖျော်ဖြေပွဲလုပ်သွားမယ်ဆိုတဲ့ အိမ့်ချစ်

ရန်ကုန် ဇန်န၀ါရီ ၂၈-၂၀၁၉ သင်းသဒ္ဒါ(VOM) ခေတ်သုံးခေတ်ဖြစ်တဲ့ ချစ်ကောင်း၊ အိမ့်ချစ်နဲ့ ဂျူနီယာချစ်ကောင်းတို့ရဲ့  3C Concert ဖျော်ဖြေပွဲလေး လုပ်သွားမယ်လို့ အဆိုတော် အိမ့်ချစ်ကဆိုပါတယ်။ “အဖေနဲ့မောင်လေးရယ် အိမ့်ချစ်ရယ် ပေါင်းပြီးတော့ လာမယ့် ၂ လပိုင်းမှာ ဖျော်ဖြေပွဲလေး လုပ်သွား မှာပါ။ သားအဖ သုံးယောက် ပေါင်းပြီးတော့ နောက်ပိုင်း Show ပွဲတွေလုပ်သွားဖို့ ရှိပါတယ်”လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့ ည ၇ နာရီမှာတော့ ခေတ်သုံးခေတ်ဖြစ်တဲ့ ချစ်ကောင်း ၊ အိမ့်ချစ် နဲ့ ဂျူနီယာ ချစ်ကောင်းတို့ရဲ့ ချစ်စဖွယ်ပွဲလေးဖြစ်တဲ့ 3C Concert ကို ရန်ကုန်မြို့ လေးထောင့်ကန် မီးပွိုင့်နားက ibis Hotel ရဲ့ 369 Dine & Bar မှာကျင်းပသွားမှာပါ။ အိမ့်ချစ်က…

Read More

စစ်ကိုင်းမှာ မြေပြိုမှုကြောင့် လူ(၃)ဦးသေ ၊ တစ်ဦးဒဏ်ရာရ

စစ်ကိုင်း၊ ဇန်နဝါရီ ၂၉ မောင်တာရာ (VOM) စစ်ကိုင်းမြို့နယ် ကျောက်တောကျေးရွာအုပ်စု တောင်ညိုရွာသစ် ရှင်သီဝလိကျောင်းအောက် မြောက်ဘက်မှာရှိတဲ့ ကျောက်ကျင်းမှာ ဒီနေ့ နံနက်ပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူ (၃) ဦး ကျောက်ပိ သေဆုံးကာ လူ (၁) ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပါတယ်။ ကျောက်တူးဖော်ရာကနေ တောင်ပြိုကျတဲ့အတွက် ရွှေမင်းဝံရပ်ကွက်နေ ချက်ဖောင်း (၃၂)နှစ် မှာ ပြင်းထန်ဒဏ်ရာများရရှိခဲ့ပြီး  ရွှေမင်းဝံရပ်ကွက်နေ ဒေါ်စန်း (၄၇)နှစ်၊ သူရအောင် နဲ့အနောက်တောင်ညိုကျေးရွာနေ  ဝေလင်းထွန်း တို့မှာ ကျောက်ပိ သေဆုံးခဲ့ပါတယ်။ ကျောက်ပိခဲ့ပြီး သေဆုံးနေတဲ့ ဒေါ်စန်း၊ သူရအောင် နဲ့  ဝေလင်းထွန်း နှင့် ပုဇင်းခေါင်းထော်လာဂျီ တစ်စီး တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများ၊စစ်ကိုင်းမြို့က လူမှုကယ်ဆယ်ရေးအသင်းများက တူးဖော်ထုတ်ရာ နေ့လယ် ၁ နာရီ အချိန်ခန့်မှာ ရုပ်အလောင်းတွေကို တူးဖော်ထုတ်နိုင်ခဲ့ပါတယ်။ လက်ရှိ…

Read More

အောင်​သ​ပြေ​ကျေးရွာသား​တွေ ဆန္ဒပြမှု ရဲတပ်​ဖွဲ့ခွင့်ပြုမိန့်မပေးသလို တားဆီးခဲ့

  မန္တ​လေး၊ ဇန်​နဝါရီ ၂၈-၂၀၁၉ ဟိန်းကို(VOM) ​မန္တ​လေးတိုင်း​ဒေသကြီး၊ ပုသိမ်​ကြီးမြို့နယ်​ ၊ ​​ဒဟ​တ္တော​ကျေးရွာအုပ်​စု၊​အောင်​သ​ပြေ​ကျေးရွာ ​ဒေသခံ​တွေဟာ မိမိတို့​ကျေးရွာမှာ ​ဒေသခံဆန္ဒမပါပဲ` မြင့်​ ´ ​ကျောက်​မီး​သွေးစွမ်းအင်​သုံး ဘိလပ်​​မြေစက်​ရုံ တည်​​ဆောက်​ထားမှုကို ကန့်​ကွက်​​ဆန္ဒပြဖို့  မန္တလေးမှာပြင်ဆင်ထားခဲ့တာပါ။  ဒီက​နေ့ နံနက်​ပိုင်းက မဟာ​အောင်​​မြေမြို့နယ်​မှာ ဆန္ဒပြမှုပြုလုပ်​ဖို့ လာ​ရောက်​ချိန်မှာ ရဲတပ်​ဖွဲ့က တားဆီးတဲ့အတွက်​ မလုပ်​ဖြစ်​ပဲပြန်​သွားရပါတယ်​။ ​​အောင်​သ​ပြေ​ဒေသခံ​တွေဟာ ဥပ​ဒေနဲ့မညီပဲတည်​​ဆောက်​ထားတဲ့ စက်​ရုံကို အပြီးပိုင်​​ဖျက်​သိမ်​​ပေးဖို့၊ ​ဒေသခံ​တွေကိုမတရားစွဲဆိုထားတဲ့ ပုဒ်​မ​တွေဖျက်​သိမ်း​ပေးဖို့၊ ဖမ်းဆီးထားတဲ့ ​တောင်​သူ​တွေကို အမြန်​ဆုံးပြန်​လွတ်​​ပေးဖို့အတွက်ဆိုပြီး ​ ဆန္ဒပြဖို့​လာတဲ့ ​ဒေသခံ​တွေဟာ မဟာ​အောင်​​မြေမြို့နယ်​ ၆၂လမ်း ၃၅×၃၆ကြားမှာ ရဲတပ်​ဖွဲ့ရဲ့တားဆီးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်​။ #voiceofmyanmar#မန္တ​လေး#​အောင်​သ​ပြေ​ဒေသခံ​တွေဆန္ဒပြမှုတားမြစ်​ခံရ#

Read More

ဇာတ်ညွန်းစာအုပ်တင်ပြမှသာ ဇာတ်ညွန်းထူးချွန်ဆုအတွက် စဉ်းစားမည်

ရန်ကုန် ဇန်န၀ါရီ ၂၈-၂၀၁၉ သင်းသဒ္ဒါ(VOM) ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ဇာတ်ညွှန်းဆုအတွက် ဇာတ်ညွန်းစာအုပ်တင်ပြမှသာ ဇာတ်ညွန်း ထူးချွန်ဆုအတွက် စဉ်းစားမယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး (ဗဟို) မှ ဒုတိယဥက္ကဌ ဦးအေးကြူလေး က ဆိုပါတယ်။ “ဇာတ်ညွှန်းစာအုပ်ကိုတော့ နှစ်တိုင်းတင်ခိုင်းဖြစ်ပါတယ်။ခါတိုင်း မတင်ကြတဲ့သူတွေလည်းရှိတယ်။ ကိုယ်ဇာတ်ကားကို ဆုရမယ်ထင်တယ်ဆိုရင် တင်ကြတယ်။ခပ်ပေါ့ပေါ့ကားတွေ ဆိုတော့ ဇာတ်ညွှန်းစာအုပ်ကို မတင်ကြဘူး။ တချို့က မတင်ကြတာရှိတယ်။ များသောအားဖြင့် ထုတ်ပြန်ထားတာကို သေချာမဖတ်ကြတော့ မသိကြဘူး။ ခုကတော့ သေချာသိအောင် ၊သတိထားမိအောင် ထုတ်ပြန်လိုက်တာပါ”လို့ဆိုပါတယ်။ ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ဇာတ်ညွှန်းဆုအတွက် ဇာတ်ညွှန်းစာအုပ်တင်ပြမှသာ ဇာတ်ညွှန်း ထူးချွန်ဆုကို ထည့်သွင်းစဉ်းစားမည်ဖြစ်ပြီးတော့  ဇာတ်ညွှန်းစာအုပ် မတင်ပြသူတွေအတွက် လုံးဝဇာတ် ညွှန်းဆုကို ထည့်သွင်းစဉ်းစားမည်မဟုတ်ဘူးလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး (ဗဟို) မှ ထုတ်ပြန်ခဲ့ပါတယ်။ “၂၀၁၈ ခုနှစ်ရဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီ…

Read More

၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှ စတင် ဒွါဒသမတန်း ပညာရေးစနစ်အဖြင့် စတင်သင်ကြားမည်

နေပြည်တော် ဇန်န၀ါရီ ၂၈-၂၀၁၉ မိုင်ချယ်ရီ (VOM) ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကနေ စတင်ပြီးတော့ ဒွါဒသမတန်း (Grade 12) အတန်းထားရှိကာ အခြေခံပညာရေးမူကို ပြုပြင်ပြောင်းလဲရေး ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောလိုက်ပါတယ်။ ဇန်န၀ါရီလ ၂၈ ရက်နေ့မှာ ကျင်းပပြုလုပ်နေတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေး မှာ ကျိုက်မရော မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးစောကျော်ဝင်းအောင် ရဲ့ အခြေခံပညာ(၁၀)တန်း စာမေးပွဲရမှတ်ဖြင့် တက္ကသိုလ်ဝင်ခွင့်သတ်မှတ်ခြင်းကြောင့် အခြေခံပညာကလေးများရဲ့ လက်တွေ့ဘ၀ဖွံဖြိုးမှုကို ထိခိုက်နေခြင်းအပေါ် ပြောင်းလဲဆောင်ရွက်ရန် ဆိုတဲ့ မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ ၀န်ကြီးက “စနစ်သစ် ပညာရေး ပြုပြင်ပြောင်းလဲမှု များတွင် ၀ိဇ္ဇာဘာသာတွဲ နှင့် သိပ္ပံဘာသာတွဲ တို့ကို ဟန်ချက် ညီညီ အချိုးညီမျှတရေး၊ ဖွံဖြိုးရေးဘာသာ တွဲဖက် သင်ရိုးဝင် ဘာသာရပ်များကိုလည်း…

Read More

ရသေ့တောင်မြို့နယ်အတွင်း ဒီနေ့မနက်ပိုင်းက တိုက်ပွဲတွေဆက်ဖြစ်

ရသေ့တောင်၊ ဇန်နဝါရီ ၂၈-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းမှာ ဒီကနေ့မနက် ၇ နာရီခွဲအချိန်က စတင်ပြီးတော့ မြန်မာ့တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ ရသေ့တောင်မြို့နယ် မြောက်ဘက် အုန်းချောင်းကျေးရွာအနီးမှာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ၂၆ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ သမီးလှကျေးရွာရဲ့ အနီးဝန်းကျင်နေရာမှာပဲ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ “တိုက်ပွဲဖြစ်တာကတော့ မနက်ပိုင်းကတည်းက ဖြစ်နေကြတာပါ။ မနက် ၇ နာရီခွဲလောက်မှာ စဖြစ်ပါတယ်။ ပစ်ခတ်သံတွေကိုရွာကနေ ကြားနေရတယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်တာတွေရှိခဲ့ပါတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာမှာ အုန်းချောင်းကျေးရွာအပြင်ဘက် ရွာနှင့်ကပ်ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျေးရွာသားတွေအနေန့ စိုးရိမ်မှုတွေရှိနေကြတာဖြစ်ပါတယ်။ “ဖြစ်နေတဲ့နေရာနဲ့ရွာနဲ့က သိပ်မဝေးဘူး။ ရွာနားမှာလို့ပြောလို့ရတယ်။ တောင်နဲ့လယ်ကွင်းပြင်ထဲမှာဖြစ်နေတာ။ ရွာသားတွေကတော့ ကြောက်လန့်နေကြတာပေါ့။ ဘယ်မှမသွားရဲမလာရဲဖြစ်နေကြတယ်။”လို့ ဆက်လက်ပြောကြားပါတယ်။ ဒါ့အပြင် ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း သမီးလှကျေးရွာနဲ့ အိုးဖောက်ကျေးရွာအနီးမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ကျေးရွာကိုလက်နက်ကြီးတွေနဲ့…

Read More

စစ်ကိုင်းမှာတောင်ပြို လို့ ၃ယောက်သေ မြုပ်နေသူတွေရှိနိုင်သေး

စစ်ကိုင်း ဇန်နဝါရီ ၂၈-၂၀၁၉ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်တောင်ရိုး တောင်ညိုကျေးရွာအရှေ့ဘက် ရွာသစ်ကျေးရွာ အနီးက ကျောက်ထုတ်တဲ့လုပ်ငန်းခွင်မှာ ဒီနေ့ မနက် ၈ နာရီခန့် က တောင်ပြိုမှုဖြစ်ပွားခဲ့လို့ လူ ၃ယောက်သေဆုံးသွားတယ်လို့သိရပါတယ်။ အဲ့ဒီတောင်ပြိုရာမှာ ကျောက်တုံးပိပြီး အမျိုးသမီး ၂ယောက်နဲ့အမျိုးသား၁ဦး စုစုပေါင်း သေဆုံးသူ ၃ဦးဟုသိရပြီး အမျိုးသား၁ဦး ကို တော့ဆေးရုံသို့ပိုဆောင်ထားတယ်လို့သိရပါတယ်။ ရွှေမင်းဝံရပ်ကွက်က ၃ယောက်နဲ အနောက်တောင်ညိုက၁  ယောက်ထော်လာဂျီ ၂ စီး ပါသွားပြီး မြေပိနေသူတွေရှိနိုင်တာမို့ သက်ဆိုင်ရာဌာနတွေနဲ့ ပရဟိတအဖွဲ့တွေက ရှာဖွေနေတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း)ထံကသိရပါတယ်။ #voiceofmyanmar#စစ်ကိုင်း#တောင်ပြို

Read More
VOM News

FREE
VIEW