စစ်ကိုင်းမှာတောင်ပြို လို့ ၃ယောက်သေ မြုပ်နေသူတွေရှိနိုင်သေး

စစ်ကိုင်း ဇန်နဝါရီ ၂၈-၂၀၁၉

စောပြည့်ချမ်းသာ(VOM)

စစ်ကိုင်တောင်ရိုး တောင်ညိုကျေးရွာအရှေ့ဘက် ရွာသစ်ကျေးရွာ အနီးက ကျောက်ထုတ်တဲ့လုပ်ငန်းခွင်မှာ ဒီနေ့ မနက် ၈ နာရီခန့် က တောင်ပြိုမှုဖြစ်ပွားခဲ့လို့ လူ ၃ယောက်သေဆုံးသွားတယ်လို့သိရပါတယ်။

အဲ့ဒီတောင်ပြိုရာမှာ ကျောက်တုံးပိပြီး အမျိုးသမီး ၂ယောက်နဲ့အမျိုးသား၁ဦး စုစုပေါင်း သေဆုံးသူ ၃ဦးဟုသိရပြီး အမျိုးသား၁ဦး ကို တော့ဆေးရုံသို့ပိုဆောင်ထားတယ်လို့သိရပါတယ်။

ရွှေမင်းဝံရပ်ကွက်က ၃ယောက်နဲ အနောက်တောင်ညိုက၁  ယောက်ထော်လာဂျီ ၂ စီး ပါသွားပြီး မြေပိနေသူတွေရှိနိုင်တာမို့ သက်ဆိုင်ရာဌာနတွေနဲ့ ပရဟိတအဖွဲ့တွေက ရှာဖွေနေတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း)ထံကသိရပါတယ်။

#voiceofmyanmar#စစ်ကိုင်း#တောင်ပြို

Related posts

Leave a Comment

VOM News

FREE
VIEW