မန္တလေး၊ ဇန်နဝါရီ ၂၈-၂၀၁၉
ဟိန်းကို(VOM)
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ၊ ဒဟတ္တောကျေးရွာအုပ်စု၊အောင်သပြေကျေးရွာ ဒေသခံတွေဟာ
မိမိတို့ကျေးရွာမှာ ဒေသခံဆန္ဒမပါပဲ` မြင့် ´ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ တည်ဆောက်ထားမှုကို ကန့်ကွက်ဆန္ဒပြဖို့ မန္တလေးမှာပြင်ဆင်ထားခဲ့တာပါ။ ဒီကနေ့ နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်မှာ ဆန္ဒပြမှုပြုလုပ်ဖို့ လာရောက်ချိန်မှာ ရဲတပ်ဖွဲ့က တားဆီးတဲ့အတွက် မလုပ်ဖြစ်ပဲပြန်သွားရပါတယ်။
အောင်သပြေဒေသခံတွေဟာ ဥပဒေနဲ့မညီပဲတည်ဆောက်ထားတဲ့ စက်ရုံကို အပြီးပိုင်ဖျက်သိမ်ပေးဖို့၊ ဒေသခံတွေကိုမတရားစွဲဆိုထားတဲ့ ပုဒ်မတွေဖျက်သိမ်းပေးဖို့၊ ဖမ်းဆီးထားတဲ့ တောင်သူတွေကို အမြန်ဆုံးပြန်လွတ်ပေးဖို့အတွက်ဆိုပြီး ဆန္ဒပြဖို့လာတဲ့ ဒေသခံတွေဟာ မဟာအောင်မြေမြို့နယ် ၆၂လမ်း ၃၅×၃၆ကြားမှာ ရဲတပ်ဖွဲ့ရဲ့တားဆီးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
#voiceofmyanmar#မန္တလေး#အောင်သပြေဒေသခံတွေဆန္ဒပြမှုတားမြစ်ခံရ#