ရည်းစားထားလိုက် ပြတ်လိုက်ဖြစ်နေတယ်ဆိုတဲ့ ပိုင်တံခွန်

ရန်ကုန် ဇန်န၀ါရီ ၂၉-၂၀၁၉

သင်းသဒ္ဒါ(VOM)

ကိုရီးယား မင်းသားနဲ့တူတယ်ဆိုပြီး မိန်းကလေး ပရိသတ်ကြားနေပန်းစားနေတဲ့ မော်ဒယ်လ် သရုပ်ဆောင် ပိုင်တံခွန်ကတော့ ရည်းစားထားလိုက်ပြတ်လိုက် ဖြစ်နေတယ်လို့ ဆိုပါတယ်။

“ယောက်ျားလေး သရုပ်ဆောင် ဖြစ်လို့ ကိုယ့်ကို ဆော်ကြည်ဘဲလို့ ထင်ကြတာပါ။ တကယ်တော့ ပရိသတ် အထင်လွဲနေတာပါ။ အပြင်မှာ မရှိဘူး။ လူငယ်ဆိုတော့ ရည်းစားထားလိုက် ပြတ်လိုက်နဲ့ပါ။ လောလော ဆယ် ရည်းစားမရှိသေးပါဘူး။ အရင်နဲ့စာရင် ကိုယ်တိုင်လည်း ရင့်ကျက်လာပြီလေ။ အရင်တွေ့ခဲ့တဲ့ ကောင်မလေးတွေက အဲလိုပေါ့။ ကိုယ့်ရည်းစားရင် တည်ငြိမ်ရင့်ကျက်သူကို ရွေးချယ်ဖြစ်မယ်ပေါ့”လို့ဆိုပါတယ်။

သူကတော့ ဖေဖော်ဝါရီ ၁၆ ရက်နေ့လောက်မှာ ကိုမြင့်မြတ်၊ မသင်ဇာဝင့်ကျော်၊ ညိမ်းသော်၊ L ဘောင် နူးတို့နဲ့ အတူ ပူတာအိုကို သွားရောက်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲက ကာရိုက် တာကို တော့ ဒါရိုက်တာက မပြောခိုင်းသေးဘူး။ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းထားတဲ့ ထုတ်လုပ်ရေးတွေတော့ ရှိပါတယ် လို့ သိရပါတယ်။

“ဆံပင်ကို စိတ်ခံစား ချက်အတိုင်း ထားတယ် ဆံပင်ရှည်ထားတာက တစ်နှစ်လောက်ရှိပါပြီ။ ကျွန်တော် ရဲ့ ဆံပင်ရှည် ထားတာကတော့ ဖက်ရှင်တစ်ခုအနေနဲ့ပေါ့။ ဆံပင်ပုံချိန်းမလာဆိုတာတော့ အတိအကျ ပြောလို့ မရဘူး။ ဆံပင်ပုံစံချိန်းဖြစ်ရင်တော့ ကတုံးတုံးဖို့လည်း ရှိပါတယ်။ ဆံပင် အထောင်ကေထားရင်လည်း အမြဲတမ်းကို သ နေရတယ်။ ကေလှအောင် လုပ်နေရတယ်။ ရှည်နေတော့ ထုံးထားလိုက်လည်းရတယ်လေ။ ကတုံးတုံး ချင်ကျတော့လည်း ဒီလိုပဲ ကတုံးဆိုရင် သနေဖို့မလိုဘူးလေ။ ဒါကြောင့် တုံးချင်တာပါ”လို့ဆိုပါတယ်။

လက်ရှိမှာလည်း ခန္ဓာကိုယ်မှာ တတ်တူးတွေတွေ ပြည့်နေသလို တတ်တူးကို ပရိသတ်ကို ပြဖို့ ထိုးတာ ထက်၊ ကိုယ်တိုင် ကြိုက်လို့ကို ထိုးဖြစ်တာပါ။ မမြင်နိုင်တဲ့ နေရာတွေမှာလည်း တတ်တူးတွေ အများကြီး ရှိပါ တယ်လို့သိရပါတယ်။

ဓာတ်ပုံ -ပိုင်တံခွန်ဖေ့စ်ဘွတ်

#voiceofmyanmar#ပိုင်တံခွန်

Related posts

Leave a Comment

VOM News

FREE
VIEW