မြန်မာ့ဒီမိုကရေစီရေးကို ကိုယ်ထိလက်ရောက်ကူညီခဲ့တဲ့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဟောင်းကွယ်လွန်

  နယူးဒေလီ ဇန်နဝါရီ ၂၉-၂၀၁၉ ထိန်လင်း (VOM) ဗမာပြည်ဒီမိုကရေစီရေးရဲ့မိတ်ဆွေကြီး (Friend of Burma Democracy)  အိန္ဒိယရောက်ဗမာကျောင်းသားတို့ရဲ့ ကျေးဇူးရှင် ကာကွယ်ရေးဝန်ကြီးဟောင်း မစ္စတာ ဂျော့ဖာနန်ဒက်(George Fernandes) အသက် ၈၈ နှစ်ဟာ လူကြီးရောဂါနဲ့ ဒီကနေ့ ကွယ်လွန်သွားပြီဖြစ်ပါတယ်။   All Burma Students League အဖွဲ့ရဲ့ ဥက္ကဋ္ဌ ရဲဘော်ကျော်သန်းက မြန်မာ့ဒီမိုကရေစီရေးအတွက် မစ္စတာ ဂျော့ဖာနန်ဒက် ကူညီခဲ့တာတွေနဲ့ အောင့်မေ့ဖွယ်တွေကို ခုလို ပြောပြပါတယ်။   “ အန်ကယ်ကြီးက ကျနော်တို့ အိန္ဒိယရောက်ဒီမိုကရေစီရေးလုပ်တဲ့ မြန်မာတွေအတွက် ကျေးဇူးရှင်ပါ။ ၁၉၉၀ ကျနော်တို့မရောက်ခင်ကတည်းက ဒေါ်သန်းသန်းနု(ဦးနုရဲ့သမီး)  ဦးမောသီရိ (အိန္ဒိယရောက် မြန်မာ့နိုင်ငံရေးကူညီသူ) တို့ သမ္မတဟောင်း ကေ အာ နာရယန်းတို့နဲ့ဖွဲ့ထားတဲ့ Friend of Democracy in…

Read More

မြစ်ဆုံစီမံကိန်း အရွယ်အစားချုံ့တာ သို့မဟုတ် နေရာပြောင်းတည်ဆောက်ဖို့ ဦးသောင်းထွန်း အကြုံပြု

နေပြည်တော်၊ ဇန်န၀ါရီ-၂၉-၂၀၁၉ မျိုးဆက် (VOM)   တရုတ်နိုင်ငံနဲ့ တည်ဆောက်ဖို့သဘောတူထားပြီး လက်ရှိမှာ လုပ်ငန်းရပ်တန့်ထားရတဲ့ မြစ်ဆုံရေကာတာစီမံကိန်းနဲ့ပတ်သက်ပြီး စီမံကိန်းအရွယ်အစားကို လျှော့တာ ဒါမှမဟုတ် နေရာရွှေ့ပြောင်းတာလိုမျိုး အခြားနည်းလမ်းတွေ လုပ်ဖို့ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် ဥက္ကဌ ဦးသောင်းထွန်းက ဇန်န၀ါရီ ၂၉ ရက်က ပြောပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်ရှိ ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံတန်ဖိုးရှိ အဆိုပါမြစ်ဆုံစီမံကိန်းကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကြောင့် သမ္မတဦးသိန်းစိန်လက်ထက်မှာ ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ စီမံကိန်းလုပ်ဆောင်ရာနေရာဟာ မြေငလျင်ကြောပေါ်မှာ တည်ရှိသောကြောင့် ဒေသခံတွေကို ကြီးကြီးမားမားထိခိုက်နိုင်တာအပါအ၀င် ပြသနာအချို့ကို ၎င်းကပြောဆိုခဲ့ပါတယ်။ စီမံကိန်းရဲ့ ရေဝေရေလဲဧရိယာဟာ စင်ကာပူနိုင်ငံနှစ်ဆလောက်ရှိတာကြောင့် ကျေးရွာအမြောက်အများဟာ ၎င်းတို့ရဲ့ စိုက်ပျိုးနိုင်တဲ့ လယ်ယာမြေတွေ ဆုံးရှုံးဖို့ရှိနေပြီး ဒါဟာလည်း ပြသနာတစ်ရပ်လို့ ၎င်းကဆိုပါတယ်။ ဒါကြောင့် မြစ်ဆုံရေကာတာအရွယ်အစားကို ချုံ့တာ ၊ နေရာရွှေ့ပြောင်းတာနဲ့ တရုတ်ကုမ္ပဏီကို…

Read More

တရုတ်နိုင်ငံမှာ လူအုပ်ထဲကားနဲ့ဝင်တိုက်ပြီး လူ ၁၅ ယောက်သတ်ခဲ့သူကို ကွပ်မျက် 

ပေကျင်း၊ ဇန်န၀ါရီ-၂၉-၂၀၁၉ မျိုးဆက် (VOM) လွန်ခဲ့တဲ့နှစ်က တရုတ်နိုင်ငံ ဟူနန်ပြည်နယ်အလယ်ပိုင်းမှာရှိတဲ့ လူစည်ကားရာ ရင်ပြင်တစ်ခုသို့ ကားတစ်စီးကို အတင်းမောင်းဝင် တိုက်ခဲ့တာကြောင့် လူ ၁၅ ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်မှာ ကားမောင်းခဲ့တဲ့ အမျိုးသားတစ်ဦးကို ဇန်န၀ါရီ ၂၉ ရက်မှာ တရုတ်အာဏာပိုင်တွေက ကွပ်မျက်လိုက်ပါတယ်။ ယန်ဇန်ယွန်လို့အမည်ရတဲ့ အဆိုပါအမျိုးသားဟာ လွန်ခဲ့တဲ့ စက်တင်ဘာလက ဟန်ဒေါင်းမြို့က အများပြည်သူဆိုင်ရာ ရင်ပြင်တစ်ခုက လူတွေကို ဂေါ်ပြား၊ ဓါးမြှောင်တွေနဲ့ တိုက်ခိုက်ခြင်းမပြုမီ ကားကို လူအုပ်ကြားထဲ မောင်းဝင်ခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကြောင့် လူ ၁၅ ဦးသေဆုံးပြီး ၄၃ ဦးထိခိုက်ဒါဏ်ရာ ရရှိခဲ့ပါတယ်။ ၎င်းဟာ အန္တရာယ်ရှိတဲ့ နည်းလမ်းတွေကတစ်ဆင့် အများပြည်သူရဲ့ လုံခြုံရေးကို ထိခိုက်အောင် ပြုခဲ့တဲ့အတွက် သေဒါဏ်ချမှတ်လိုက်တယ်လို့ ဟူနန်ပြည်နယ်မှာရှိတဲ့ တရားရုံးက ဇန်န၀ါရီ ၂၉ ရက်က ထုတ်ပြန်လိုက်ပါတယ်။ တရားခံဟာ ယခင်ကလည်း တမင်တကာ…

Read More

ဘင်္ဂါလီပြသနာတွင် ကိုဖီအာနန်ကော်မရှင် အကြံပြုချက်များကို အကောင်အထည်ဖော်ဖို့ ယူနီဆက်ဖ်အကြီး အကဲတိုက်တွန်း

နေပြည်တော်၊ ဇန်န၀ါရီ-၂၉-၂၀၁၉ မျိုးဆက် (VOM) ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်ခဲ့တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ  အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်များကို အကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) အမှုဆောင်ညွှန်ကြားရေးမှူးက မြန်မာအစိုးရကို ဇန်န၀ါရီ ၂၈ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံကနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသမှာ ခိုလှုံနေကြတဲ့ ကလေးငယ်တွေရဲ့ဘ၀ဟာ လုံခြုံမှုမရှိသလို မျှော်လင့်ချက်ကင်းမဲ့နေတယ်လို့ ယူနီဆက်ဖ်ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူးဖြစ်သူ ဟင်နရီရားတား အိတ်ခ်ျဖိုးက နေပြည်တော်သို့ ရောက်ရှိနေချိန်မှာ ပြောပါတယ်။ ကိုဖီအာနန်ရဲ့ ဘင်္ဂါလီပြသနာဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေအတိုင်း မြန်မာနိုင်ငံက အကောင်အထည်ဖော်ပေးနိုင်မယ်ဆိုရင် ဒုက္ခသည်စခန်းက ကလေးငယ်တွေရဲ့ လွတ်လပ်မှုနဲ့ ပညာသင်ကြားတာတွေကိုပါ အထောက်အကူပြု ကူညီနိုင်မှာဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။ ကော်မရှင်ရဲ့ အကြံပြုချက်တွေအတိုင်းအကောင်အထည်ဖော်ခြင်းက ဘင်္ဂလာဒေ့ရှ်ကနေ မြန်မာနိုင်ငံသို့ ဘင်္ဂါလီတွေပြန်လည်ဝင်ရောက်ဖို့ သင့်တော်တဲ့ အခြေအနေတွေဖန်တီးပေးရေးအတွက် အစပြုလိုက်တဲ့ သဘောလည်းဖြစ်တယ်လို့ ဟင်နရီရားတား အိတ်ခ်ျဖိုးက…

Read More

ရည်းစားထားလိုက် ပြတ်လိုက်ဖြစ်နေတယ်ဆိုတဲ့ ပိုင်တံခွန်

ရန်ကုန် ဇန်န၀ါရီ ၂၉-၂၀၁၉ သင်းသဒ္ဒါ(VOM) ကိုရီးယား မင်းသားနဲ့တူတယ်ဆိုပြီး မိန်းကလေး ပရိသတ်ကြားနေပန်းစားနေတဲ့ မော်ဒယ်လ် သရုပ်ဆောင် ပိုင်တံခွန်ကတော့ ရည်းစားထားလိုက်ပြတ်လိုက် ဖြစ်နေတယ်လို့ ဆိုပါတယ်။ “ယောက်ျားလေး သရုပ်ဆောင် ဖြစ်လို့ ကိုယ့်ကို ဆော်ကြည်ဘဲလို့ ထင်ကြတာပါ။ တကယ်တော့ ပရိသတ် အထင်လွဲနေတာပါ။ အပြင်မှာ မရှိဘူး။ လူငယ်ဆိုတော့ ရည်းစားထားလိုက် ပြတ်လိုက်နဲ့ပါ။ လောလော ဆယ် ရည်းစားမရှိသေးပါဘူး။ အရင်နဲ့စာရင် ကိုယ်တိုင်လည်း ရင့်ကျက်လာပြီလေ။ အရင်တွေ့ခဲ့တဲ့ ကောင်မလေးတွေက အဲလိုပေါ့။ ကိုယ့်ရည်းစားရင် တည်ငြိမ်ရင့်ကျက်သူကို ရွေးချယ်ဖြစ်မယ်ပေါ့”လို့ဆိုပါတယ်။ သူကတော့ ဖေဖော်ဝါရီ ၁၆ ရက်နေ့လောက်မှာ ကိုမြင့်မြတ်၊ မသင်ဇာဝင့်ကျော်၊ ညိမ်းသော်၊ L ဘောင် နူးတို့နဲ့ အတူ ပူတာအိုကို သွားရောက်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲက ကာရိုက် တာကို တော့ ဒါရိုက်တာက မပြောခိုင်းသေးဘူး။ရုပ်ရှင်ရိုက်ဖို့…

Read More

စိတ်ကြွဆေးပြား တွေ့ရှိသဖြင့် တရားရင်ဆိုင်နေရသည့် ကျန်းမာရေးဝန်ထမ်းဆရာမ အမှု အမိန့်ချမည်

ဂန့်ဂေါ ဇန်န၀ါရီ ၂၉-၂၀၁၉ မိုင်ချယ်ရီ(VOM) မကွေးတိုင်း ဂန့်ဂေါမြို့နယ် တရားရုံးမှာ စိတ်ကြွဆေးပြား တွေ့ရှိမှု နဲ့ တရားရင်ဆိုင်နေရတဲ့ စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာ ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်း ဆရာမ အမှုကို စွဲချက်တင်သင့် မတင်သင့် အမိန့်ချမှတ်တော့မှာဖြစ်ပါတယ်။ ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ စွဲချက်တင်သင့်မသင့်အမိန့်ချမှတ်မယ်လို့ ဆရာမအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ အထက်တန်းရှေ့နေ ဒေါ်ဗန်နီဒင်း က “အခုက တရာလို နဲ့ လိုပြသက်သေတွေ စစ်ဆေးချက်အရ တရာခံကို ဒီအမှု နဲ့ ဆက်စပ်မှု ရှိမရှိ စွဲချက် ဒီအမှု နဲ့ ငြိစွန်းမှု ရှိမရှိ ဆိုတဲ့ ဟာကို စွဲချက် တင်သင့် မတင်သင့် အမိန့်ချမယ်” လို့ ပြောပါတယ်။ ဒေါ်သန်းသန်းမြင့် (၄၃) နှစ် ဟာဆိုရင် သူစီးနင်းလာတဲ့ အိန္ဒိယဆိုင်ကယ်…

Read More

ဂျပန်နိုင်ငံမှာ ၁၉၉၉  ခုနှစ်နောက်ပိုင်း တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ဒုတိယအမြင့်ဆုံးအဆင့်သို့ ရောက်ရှိ

၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီ-၂၉-၂၀၁၉ ဇီဝညို ၁၉၉၉ ခုနှစ်ကတည်းက စတင်ပြီး လေ့လာဆန်းစစ်မှုများ ပြုလုပ်နေခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ တတိယပတ် တစ်ပတ်အတွင်းမှာ ဂျပန်နိုင်ငံက ဆေးရုံ၊ ဆေးခန်းတစ်ခုချင်းဆီကို လာရောက်ပြသခဲ့ကြတဲ့ တုပ်ကွေးလူနာဦးရေဟာ ဒုတိယအမြင့်ဆုံးကိန်းဂဏန်းအဆင့်ကို ရောက်ရှိနေကြောင်း ဂျပန်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံတ၀ှမ်းက ဆေးရုံ၊ ဆေးခန်းစုစုပေါင်း ငါးထောင်ကို ပုံမှန်စောင့်ကြည့်ခဲ့ရာမှာ တုပ်ကွေးလူနာ ပျမ်းမျှဦးရေဟာ ယခင်ရက်သတ္တပတ်မှာ ရှိခဲ့တဲ့ ပျမ်းမျှလူနာ (၁၅ ဒသမ ၃၇) ကနေ (၅၃ ဒသမ ၉၁) အထိ တစ်ပတ်အတွင်း မြင့်မားလာခဲ့ပြီးတော့ ဒီကိန်းဂဏန်းပမာဏဟာ ၂၀၁၈ ခုနှစ်က စံချိန်တင်တုပ်ကွေးလူနာဦးရေ (၅၄.၃၃) နောက်မှာ ဒုတိယလိုက်ခဲ့တာဖြစ်ကြောင်း ၀န်ကြီးဌာနက ကြေညာခဲ့ပါတယ်။ တစ်ပတ်တာကာလအတွင်း နိုင်ငံတ၀ှမ်း စုစုပေါင်းတုပ်ကွေးလူနာဦးရေ (၂ ဒသမ ၁၃)သန်း ရှိခဲ့ပြီးတော့…

Read More
VOM News

FREE
VIEW