မြစ်ဆုံစီမံကိန်း အရွယ်အစားချုံ့တာ သို့မဟုတ် နေရာပြောင်းတည်ဆောက်ဖို့ ဦးသောင်းထွန်း အကြုံပြု

နေပြည်တော်၊ ဇန်န၀ါရီ-၂၉-၂၀၁၉

မျိုးဆက် (VOM)

 

တရုတ်နိုင်ငံနဲ့ တည်ဆောက်ဖို့သဘောတူထားပြီး လက်ရှိမှာ လုပ်ငန်းရပ်တန့်ထားရတဲ့ မြစ်ဆုံရေကာတာစီမံကိန်းနဲ့ပတ်သက်ပြီး စီမံကိန်းအရွယ်အစားကို လျှော့တာ ဒါမှမဟုတ် နေရာရွှေ့ပြောင်းတာလိုမျိုး အခြားနည်းလမ်းတွေ လုပ်ဖို့ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် ဥက္ကဌ ဦးသောင်းထွန်းက ဇန်န၀ါရီ ၂၉ ရက်က ပြောပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်ရှိ ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံတန်ဖိုးရှိ အဆိုပါမြစ်ဆုံစီမံကိန်းကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကြောင့် သမ္မတဦးသိန်းစိန်လက်ထက်မှာ ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

စီမံကိန်းလုပ်ဆောင်ရာနေရာဟာ မြေငလျင်ကြောပေါ်မှာ တည်ရှိသောကြောင့် ဒေသခံတွေကို ကြီးကြီးမားမားထိခိုက်နိုင်တာအပါအ၀င် ပြသနာအချို့ကို ၎င်းကပြောဆိုခဲ့ပါတယ်။ စီမံကိန်းရဲ့ ရေဝေရေလဲဧရိယာဟာ စင်ကာပူနိုင်ငံနှစ်ဆလောက်ရှိတာကြောင့် ကျေးရွာအမြောက်အများဟာ ၎င်းတို့ရဲ့ စိုက်ပျိုးနိုင်တဲ့ လယ်ယာမြေတွေ ဆုံးရှုံးဖို့ရှိနေပြီး ဒါဟာလည်း ပြသနာတစ်ရပ်လို့ ၎င်းကဆိုပါတယ်။

ဒါကြောင့် မြစ်ဆုံရေကာတာအရွယ်အစားကို ချုံ့တာ ၊ နေရာရွှေ့ပြောင်းတာနဲ့ တရုတ်ကုမ္ပဏီကို တစ်ခြားရွေးချယ်စရာ စီမံကိန်းတစ်ခုကမ်းလှမ်းတာမျိုးအပါအ၀င် တစ်ခြားနည်းလမ်းအချို့ကို ဦးသောင်းထွန်းက ပြောဆိုခဲ့ပြီး အစိုးရရဲ့ ဦးစားပေးအစီအစဉ်ကိုတော့ ၎င်းက ထည့်သွင်းပြောဆိုတာမရှိပါဘူး။

မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်ဖက်ဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ထည့်သွင်းစဉ်းစားကြောင်းနဲ့ အဆိုပါစီမံကိန်းနဲ့ပတ်သက်ပြီး ဖြေရှင်းနိုင်ဖို့နည်းလမ်းတွေကိုကြိုးစားလုပ်ဆောင်နေတယ်လို့ ၎င်းက ပြောပါတယ်။

ရင်းနှိးမြုပ်နှံမူနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီးလည်းဖြစ်တဲ့ ဦးသောင်းထွန်းရဲ့ မှတ်ချက်ပြုပြောဆိုတာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ချက်ချင်းမှတ်ချက်ပေးခြင်းမရှိပါဘူး။ အဆိုပါမြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေကို ဆက်လက်ထိန်းသိမ်းထားမယ်လို့ တရုတ်အစိုးရက ယခင်က ပြောဆိုထားပါတယ်။

Ref : Reuter

Photo : Reuter

Related posts

Leave a Comment

VOM News

FREE
VIEW