ကိုယ့်အားနည်းချက်တွေကို ချစ်ပေးသူနိုင်သူကိုဘဲ ချစ်သူအဖြစ်ရွေးချင်တယ်ဆိုတဲ့ လုလုအောင်

ရန်ကုန် ဇန်န၀ါရီ ၂၀-၂၀၁၉ သင်းသဒ္ဒါ(VOM) Sexy ပုံတွေကြောင့် ပရိသတ်ဝင်စားခြင်းခံရတဲ့ မော်ဒယ်လ် လုလုအောင်ကတော့ ကိုယ့်အားနည်း ချက်တွေကို ချစ်ပေးသူနိုင်သူကိုဘဲ ချစ်သူအဖြစ်ရွေးချင်တယ်လို့ ဆိုပါတယ်။ အချစ်ရေးပတ်သက်ရင် “လုက အခုကတော့ တစ်ယောက်တည်းပါပဲ။ ရွေးမယ်ဆိုရင်တော့ ကိုယ့်ကိုမြတ်နိုး တန်ဖိုးထားတဲ့ သူ ၊ ကိုယ့်ရဲ့ အားနည်းချက်တွေကို ချစ်ပေးတဲ့သူဆိုရင်တော့ ကောင်းတာပေါ့။ လုရဲ့ အားနည်းချက်ကတော့ အပျိုမလေး မဟုတ်ဘူး။ ကလေးအမေလည်း ဖြစ်တယ်။ အဲဒါတွေကို နားလည်ပေးမဲ့ သူပေါ့”လို့ဆိုပါတယ်။ သူမကတော့ လတ်တလောမှာ ဖိတ်ကြားထားတဲ့ ပွဲတွေကို ကမ်းလှမ်းထာတဲ့ ဖက်ရှင်အတိုင်း ၀တ်ဆင် တက်ရောက်ဖြစ်ပြီးတော့  တစ်ယောက်ထဲ ဆိုပေမယ့် လု ဘ၀က ပုံမှန်ပါပဲလို့ သိရပါတယ်။ သမီးဖြစ်တဲ့ သူကို တော့ ပညာတတ်ကြီးတစ်ယောက်ဖြစ်စေချင်တယ်လို့လည်း သိရပါတယ်။ အနုပညာ ပတ်သတ်ပြီးတော့ မော် ဒယ်လ်တစ်ယောက်အဖြစ်နဲ့ ပဲ…

Read More

အမေများနေ့မှာ အမေအားလုံးကို ဂုက်ပြုလိုက်တဲ့ နေတိုး

ရန်ကုန် ဇန်န၀ါရီ ၂၀-၂၀၁၉ သင်းသဒ္ဒါ (VOM) ပရိသတ် အချစ်တော် အကယ်ဒမီ နေတိုးကတော့ အမေများနေ့မှာ အမေအားလုံးကို ဂုက်ပြုလိုက်ပါ တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံတွင် အမေများနေ့ ပြာသိုလပြည့်အမေများနေ့ ပတ်သက်ပြီးတော့ “အမေများနေ့အတွက် အမှတ်တရဆိုရင် လူသားတိုင်းလူသားတိုင်းကတော့ မိခင်ကမွေးဖွားလာတယ်။ အဖေ အမေ ဆိုတာ ဘုရားနဲ့ တစ်ကိုင်းထဲထားတဲ့အရာလည်းဖြစ်သလို မိဘကြောင့် သားသမီးဆိုတာ ဖြစ်လာ တာပါ။ ကျွန်တော်တို့ အမေများနေ့ဆိုတဲ့ အသံကိုကြားလိုက်တာနဲ့ ရင်ထဲမှာ မေတ္တာတရားတွေနဲ့ ပြည့်နေတဲ့ နေ့တစ်နေ့လို့လည်း သုံးသပ်မိပါတယ်။ကိုယ့်တိုင်ကလည်း အမေရဲ့စောက်ရှောင့်မှု ၊အမေရဲ့ နွေးထွေးမှု အောက်မှာ ရှိနေသေး တယ်။မိဘကိုလည်း ပြုစုစောက်ရှောင့်ခွင့်ရှိတဲ့ အချိန်အနေအထားတစ်ခုမှာ ရှိလို့ကျေနပ် မိပါတယ်။ အဓိက တော့ အမှတ်တရဆိုတာထက် ကျွန်တော်ဖြစ်တည်လာတာ ဒီအဖေနဲ့ အမေကြောင့်ပါ။ အမှတ်တရ လည်း ထွေ ထွေထူးထူးမရှိပါဘူး။ မိဘတွေအပေါ်မှာ…

Read More

” ဆေး “သီချင်းကြောင့် ငယ်မူပြန်ရမလိုဖြစ်နေတဲ့ကော်နီ

ရန်ကုန် ဇန်နဝါရီ ၂၀- ၂၀၁၉ သင်းသဒ္ဒါ (VOM) ဂီတသက်တမ်း နှစ် ၃၀လောက် ပရိသတ်ကို အသံအားပြင်းပြင်းနဲ့ ဆွဲဆောင်ခဲ့တဲ့ ကော်နီကတော့ ဆေးသီချင်းကြောင့် ငယ်မူပြန်ရမလိုဖြစ်နေတယ် လို့ ဆိုပါတယ်။ ”ခုချိန်မှ ဆေး သီချင်းကြောင့် မကော်အသစ် တဖန်ငယ်မူပြန်ရမလိုဖြစ်နေတယ်၊ အမှန်တော့ မကော်က ကိုယ်ကိုကိုယ်အဖွားကြီးဖြစ်နေပြီလို့ ထင်ထားတာပါ။စိတ်နှလုံးကိုလည်း ဒုံးဒုံးချထားတယ်။ ဒီဆေး သီချင်းကို ပေါက်မယ်လို့လည်း မထင်ခဲ့ဘူး ။ကိုယ့် ပရိသတ်တွေ ငါ့ကို လွမ်းနေပါလားလို့ ခံစားမိတယ်။စိတ်နဲ့ခွန်းအားတွေထပ်ရလာတယ် ။ ငါ့ဒါထက် ပရိသတ်တွေ ပေးဆပ်ပြီးတော့ ကြိုးစားရဦးမယ် လို့ တွေးမိတယ်။ ဒီသီချင်းက ဝေကြီးရဲ့ ဝှက်ဖဲ လေးလို့ မကော်ထင်ပါတယ်”လို့ဆိုပါတယ်။ သူမကတော့ ဆေးသီချင်း သရုပ်ဆောင်တဲ့ ပတ်သက်ပြီးတော့ မကော် အိပ်ရေး ပျက်နေတဲ့တွင် အချိန်တွင် ရိုက်ကူးထားတာဖြစ်ပြီးတော့ မုဒ်ကကောင်းတာတော့ မဟုတ်ပါဘူး။ လူကနည်းနည်း…

Read More

ဂီတနဲ့ ပတ်သက်ရင် အရှုံးအမြတ် မတွက်ဘူးဆိုတဲ့ အောင်ထက်

ရန်ကုန် ဇန်နဝါရီ ၁၉-၂၀၁၉ သင်းသဒ္ဒါ (VOM) အိပ်မက်ဆုံရာက အဆိုတော် အောင်ထက်ကတာ့ ဂီတနဲ့ ပတ်သက်ရင် အရှုံးအမြတ် မတွက်ဘူးဆိုပါတယ်။  ‘ ကျွန်တော်အနေနဲ့ ဂီတနဲ့ ပတ်သက်ရင် ရှုံးခြင်း မြတ်ခြင်းကို မကြည့်ပဲလုပ်ဆောင်ဖြစ်တယ် ။ငွေကြေးထက် အနုပညာ အလုပ်ကို အမြဲတမ်းလုပ်ကိုင်ခွင့်ရချင်တာပါ။ ဂီတဆိုတဲ့ အရာကိုအမြဲတမ်း ဖက်တွယ်ပြီးတော့ နေနေရရင် ကျွန်တော့်အတွက်က အရာရာတိုင်အဆင်ပြေပါတယ်။ ဂီတလုပ်နေရရင်ပဲ အောင်မြင်မှု ရတယ်လို့ ပြောလို့ရပါတယ်”လို့ဆိုပါတယ် ။ သူကတော့ လတ်တလော နန်းစံသူ ပိုးထည်တိုက်မှာ အဆိုတော်တွေဖြစ်တဲ့ ဖြိုးပြည့်စုံ ၊ ဇွဲပြည့် ၊ဖိုးပြည့်(မင်းသားကြီး) ၊ ထက်လျှံမှူး(မွန်မလေးစီသို့)၊ ဇင်ဘိုထက်(ဂေါင်)၊ခင်စုစုနိုင် ၊ ဂေဂေး ၊ ဝတ်ရည်ထက်တိုနဲ့အတူ တေးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။ ”ကျွန်တော် နှစ် အခွေထဲက သီချင်းတွေ တော်တော်များများတော့ ရိုက်ကူးတာ ပြီးနေပါပြီ ။…

Read More

အကယ်ဒမီစိစစ်ရေးအဖွဲ့က သန့်သန့်လေးသွားနေတာလို့ အဖွဲ့ဥက္ကဌ ဦးကြည်စိုးထွန်းဆို

ရန်ကုန် ဇန်နဝါရီ ၁၉- ၂၀၁၉ သင်းသဒ္ဒါ   ၂၀၁၈ ခုနှစ်မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုအတွက်  အကဲခတ်ကြည့်ရှုတဲ့အခါ စိစစ်ရေးအဖွဲ့က ရိုးရိုးသားသား သန့်သန့်လေးသွားနေတာပါလို့  မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယက နဲ့  အကယ်ဒမီ စိစစ်အဖွဲ့ဥက္ကဌ ဦးကြည်စိုးထွန်း ကဆိုပါတယ်။   “အရင်နှစ်တွေကတော့  အဂတိလိုက်စားမှုရှိတယ်လို့ အသံတွေထွက်ခဲ့တာကြောင့် ဒီနှစ်မှာတော့ စည်းမျဉ်း၊ စည်းကမ်းတွေပတ်သက်ပြီး  အကောင်းဆုံး သမာသမတ်ကျကျလုပ်ဆောင်နေပါတယ်။ အရင်ကဆိုရင်  ဖုန်းဆက်ပြီးတော့ ဆုတွေအတွက် ပြောလာတာရှိပါတယ်။ နောက် Message နဲ့လာတယ်။ ဒါမျိုးတွေ ရှိခဲ့ပါတယ်။ အဲဒါတွေကြောင့် အကယ်ဒမီဆုပေးပွဲ မတိုင်ခင် အသံတွေ ထွက်လာခဲ့တယ်။ ဒါကို ဒီနေ့မှာ ဖြေရတာက အဲလိုမလာအောင် လုပ်တာပါ။ တို့ ရုပ်ရှင်သမားတွေထဲက ဖုန်းဆက်တယ်။ Message ပို့တာတွေက မသမာနည်းတွေပါ။ မိသွားရင် နှစ်ဘက်လုံးအတွက် မကောင်းပါဘူး။ မသမာနည်း အဲလိုလုပ်ဆောင်ဟာကို သိ…

Read More

နှာခေါင်း ခွဲစိတ်ပြုပြင်လိုက်လို့ ပိုပြီးယုံကြည်မှုရှိတယ်ဆိုတဲ့ ရတနာဗို

ရန်ကုန် ဇန်နဝါရီ ၁၉-၂၀၁၉ သင်းသဒ္ဒါ (VOM) အနုပညာပျိုခင်း ၂ က သရုပ်ဆောင် ရတနာဗိုကတော့ တကယ်လိုအပ်တယ်ထင်လို့ နှာခေါင်း ခွဲစိတ်ပြုပြင်လိုက်တာပါ လို့ဆိုပါတယ်။ ‘ဗို နှာခေါင်းလေး ခွဲစိတ်ပြုပြင်လိုက်တော့ သူငယ်ချင်းတွေကလည်း လှတယ်လို့ပြောကြပါတယ်။  ဗိုရဲ့ နားက အရိုးနုလေးကို ခွဲစိတ်ပြီးတော့ နှာခေါင်းမှာထည့်တာပါ။ ဒီလိုပြုပြင်လိုက်တော့ ဗိုလ် အနေနဲ့ ပိုပြီးတော့ယုံကြည်မှုရှိသွားတာပေါ့နော်”လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာပဲ ထိုင်ဝမ်က ခွဲစိတ်ကျွမ်းကျင်နသူနဲ့ ပြုပြင်လိုက်တာဖြစ်တယ်လို့သိရပါတယ်။  သူမတော့ လတ်တလော မင်းသား သျှိုင်းဇေ အန်ကယ်လေး လူမင်းနဲ့ နွံဆိုတဲ့ ဇာတ်ကားကို ရန်ကုန်မြို့မှာ ရိုက်ကူးနေပြီးတော့  ရုပ်ရှင်ကားကြီးလည်း ဖေဖော်ဝါရီလမှာ ဆက်လက်ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။ အလှအပနဲ့ စပ်လျဉ်းပြီးတော့ ”အရင်ကတော့ အသားအရည်နဲ့ ပတ်သက်ရင် ဂရုမစိုက်ဖြစ်ပါဘူး။ခုနောက်ပိုင်း အသားအရည် ကြည်အောင် အိမ်မှာရှားဇောင်းလက်ပတ်ပင်က အသားလေးနဲ့ မျက်နှာကို တိုက်ပေးဖြစ်ပါတယ် ။စလိမ်းလိမ်းချင်းမှာတော့…

Read More

အသက် ငါးနှစ်အောက် ကလေးငယ်တွေအတွက် ခေတ်သစ်ဖောင်ဒေရှင်းမှ ကျန်းမာရေးစောင့်ရှောက်ပေးမည်

ရန်ကုန် ဇန်နဝါရီ ၁၈- ၂၀၁၉ သင်းသဒ္ဒါ(VOM) အသက်၅နှစ်အောက် ကလေးငယ်တွေအတွက်  အဆိုတော် လင်းလင်း နဲ့ ချစ်သုဝေတို့ရဲ့သမီး ငယ်လေးတွေဖြစ်တဲ့  ခေတ် နဲ့ သစ် တို့ရဲ့ ခေတ်သစ် ဖောင်ဒေးရှင်းကနေ ကျန်းမာရေး စောင့်ရှောက်မှုပေးသွားမှာဖြစ်ပါတယ်။ ခေတ်သစ် လူမှုကူညီရေး ဖောင်ဒေးရှင်းမှာ အလုပ်အမှုဆောင် ချစ်သုဝေက  ”ညီမတို့နိုင်ငံမှာ ကလေးတွေအတွက် ကျန်းမာရေး ဖောင်ဒေးရှင်း ဆိုတာရှားပါတယ် ၊ အဲ့ဒါကြောင့် အသက်(၅) နှစ်အောက်ကလေးတွေ ရဲ့ ကျန်းမာရေးကို အဓိကထားစောင့်ရှောက်သွားမှာပါ ၊ လတ်တလောအနေနဲ့ဆို နှလုံးအပေါက်ပါတဲ့ ကလေးငယ်လေးအတွက် လှူဒါန်းစောင့်ရှောက်တာတော့ရှိနေပါတယ် ၊ ဒီကလေးတွေ ရဲ့ ဒုက္ခ ၊မိသားစု ရဲ့ ဒုက္ခတွေကို တစ်ဖက်ကနေ  ကူညီနိုင်တာမျိုးလည်းရှိပါတယ်”လို့  ဆိုပါတယ် ။     သူတို့ရဲ့  အမွှာသမီးငယ်လေးများဖြစ်တဲ့ မေမြန်မာခေတ် နဲ့ မေမြန်မာသစ် …

Read More

မလိုအပ်ရင် ဖက်ရှင်ပိုင်း မဟော့ဘူးဆိုတဲ့ အိချောပို

ရန်ကုန် ဇန်န၀ါရီ ၁၉-၂၀၁၉ သင်းသဒ္ဒါ (VOM) ပရိသတ်အချစ်တော် စူစူ (ခ) အိချောပိုကတော့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ရင် မလိုအပ်ရင် ဖက်ရှင်ပိုင်း မဟော့ဘူးလို့ ဆိုပါတယ်။ ”အိချောက ဟော့တဲ့ ဖက်ရှင်လိုအပ်ရင်တဲ့ ဟော့ပါတယ်။  မလိုအပ်ရင်တော့ ဖက်ရှင်ပိုင်းကို မဟော့ပါဘူး။   အိချောက ရိုးရိုး လေးတွေ ၀တ်ဆင်တာနဲ့ Free စတိုင်တွေ ကြိုက်ပါတယ်။သရုပ်ဆောင်တွေ တော်တော်များများက ကိုယ့်ရဲ့ သရုပ်ဆောင်ပိုင်းကိုပဲ အာရုံစိုက်ချင်ကြတာမို့ ဖက်ရှင်ပတ်သက်ပြီးတော့ Stylelist တွေ ထားကြတယ်။ဒီလို Stylelist တွေ ပေါ်လာလို့ ၀မ်းသာမိပါတယ်”လို့ဆိုပါတယ်။ သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးသွားဖို့ ရှိပါတယ်လို့သိရပါတယ်။သရုပ်ဆောင်နဲ့ ပတ်သက်ပြီး အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေသလို ကြော်ငြာတွေလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ဇာတ်ကား ရိုက်ကူးမှာလည်း အိချောကတော့  ”ကိုယ့်ရိုက်ကူးတဲ့ ဇာတ်လမ်းပေါ် မူတည်ပြီးတော့ ၀တ်ဆင်ဖြစ်တာ များပါတယ်။ တချို့…

Read More

ခေတ်ရေစီးကြောင်းကြောင့် မြန်မာသံစဉ်တွေ ထုတ်လုပ်ရတာ ပိုခက်ခဲလာတယ်ဆိုတဲ့ ဖိုးသောကြာ

ရန်ကုန် ဇန်န၀ါရီ ၁၇-၂၀၁၉ သင်းသဒ္ဒါ(VOM) မြန်မာသံဂန္တ၀င် တေးသီချင်းတွေသီဆိုတဲ့ အဆိုတော် ဖိုးသောကြာကတော့ ခေတ်ရေစီးကြောင်းအရ မြန်မာသံစဉ်တွေထုတ်လုပ်ရတာပိုခက်ခဲလာတယ်လို့ဆိုပါတယ်။ “ကျွန်တော်တို့ ခေတ်ကာလ အရ နားဆင်နေတဲ့ ပရိသတ်တွေမျိုးစုံရှိလာတယ်။ပြည်ပ နိုင်ငံတကာ တေးဂီတတွေလွှမ်းမိုးလာတာမို့ ဒါတော့ မြန်မာသံဂီတမေးမှိန်သွားမှာ စိုးရိမ်မိပါတယ်။ ကျွန်တော်တို့ မြန်မာဂီတတေးသီချင်းတွေကလည်း ရောင်းအားတွေ ကျနေချိန်မှာ ကိုယ့်ရှိတဲ့ငွေနဲ့ ခြစ်ခြုပ်ပြီးတော့ လုပ်ရတာပါ။ထုတ်လုပ်ရတာလည်း အခက်အခဲတွေ ပိုတွေ့စေပါတယ်”လို့ဆိုပါတယ်။ သူကတော့ စုံတွဲ သီချင်းခွေသစ်အတွက် တေးသီချင်းတွေ တီးခတ်စုစည်းထားပြီးတော့ သီချင်းသစ် နဲ့ သီချင်းဟောင်း တစ်ကိုယ်တော်အခွေထွက်ဖို့ရှိတယ်လို့ဆိုပါတယ်။ ဖခင်ဖြစ်သူ သုမောင်ရဲ့ သီချင်းအပုဒ်ပေါင်း ၂၀၀၀ ကျော် ၃၀၀၀ ကျော်ရှိပါတယ်သေးတယ်လို့ ဆိုပါတယ်။ နဂါးနီ သီချင်းခွေ ၂၀၁၈ ခုနှစ်အတွက် ရောင်းအား အကောင်းဆုံးဆု နဲ့ ထုတ်ဝေသူဆုနှစ်ခုရရှိခဲ့တဲ့  City FM ပေးတဲ့ဆုနဲ့ဆက်စပ်ပြီး ဖိုးသောကြာပြောပြတာက ”ခုလို ဆုတွေရလို့လည်း…

Read More

စုံတွဲခွေအတွက် ဆုတောင်းပြည့်ခဲ့တဲ့ ဘိုဖြူ

ရန်ကုန် ဇန်နဝါရီ ၁၇-၂၀၁၉ သင်းသဒ္ဒါ(VOM) စတူဒီယို တေးသီချင်းတွေနဲ့ ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ တေးသံရှင် ဘိုဖြူ ကတော့ စုံတွဲခွေအတွက် ဆုတောင်းပြည့်ခဲ့တယ်လို့ ဆိုပါတယ်။ ”ကျွန်တော်က ဒီသီချင်းဟောင်းတွေ ဆိုပြီးဒီလောကထဲ ရောက်လာခဲ့တာပါ။ ကျွန်တော် တနေ့ အဆိုတော်ဖြစ်ခဲ့ရင် ပထမဆုံးစုံတွဲဆိုမှာက မမီ(မီမီဝင်းဖေ)လို့ ဆုတောင်းခဲ့ပါတယ်။ဒီဆုတောင်းပြည့်ခဲ့တယ်လို့ ပြောလို့ရပါတယ်”လို့ဆိုပါတယ်။ နာမည်ကျော် တေးသံရှင်တွေဖြစ်ကြတဲ့ ဘိုဖြူ နဲ့ မီမီဝင်းဖေ တို့ရဲ့ ”လွန်ဆန် နိုင်မလားအချစ်လေး”တေးစီးရီးကိုတော့ ဇန်နဝါရီ ၁၉ရက်တွင်  လှိုင်းတေးသံသွင်းကနေ ဖြန့်ချိမှာဖြစ်ပါတယ်။ဒီခွေမှာတော့ တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့သော တေးသီချင်းတွေကို ပြန်လည်သီဆိုထားတော့ Singal အနေဖြင့် သီချင်း ၅ပုဒ်ဆီဆိုထားသလို  စုံတွဲအနေနဲ့သီချင်း ၄ ပုဒ်ပါဝင်ထားတယ်လို့ သိရပါတယ်။ ”ကိုစိုင်းထီးဆိုင် ဘယ်လိုခံစားသီဆိုခဲ့လဲ  တစ်ယောက်ကို နှစ်ခါဆီပြန်အသံသွင်းခဲ့ပါတယ်။အခက်အခဲတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ ကဆရာစိုင်းခမ်းလိတ် စိုင်းဆေနော် စိုင်းခမ်းသီ သီချင်းဟောင်းတွေကို ပြန်လည်သီဆိုထားပါတယ်။ဟိုး အရင်…

Read More
VOM News

FREE
VIEW