မလိုအပ်ရင် ဖက်ရှင်ပိုင်း မဟော့ဘူးဆိုတဲ့ အိချောပို

ရန်ကုန် ဇန်န၀ါရီ ၁၉-၂၀၁၉

သင်းသဒ္ဒါ (VOM)

ပရိသတ်အချစ်တော် စူစူ (ခ) အိချောပိုကတော့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ရင် မလိုအပ်ရင် ဖက်ရှင်ပိုင်း မဟော့ဘူးလို့ ဆိုပါတယ်။

”အိချောက ဟော့တဲ့ ဖက်ရှင်လိုအပ်ရင်တဲ့ ဟော့ပါတယ်။  မလိုအပ်ရင်တော့ ဖက်ရှင်ပိုင်းကို မဟော့ပါဘူး။   အိချောက ရိုးရိုး လေးတွေ ၀တ်ဆင်တာနဲ့ Free စတိုင်တွေ ကြိုက်ပါတယ်။သရုပ်ဆောင်တွေ တော်တော်များများက ကိုယ့်ရဲ့ သရုပ်ဆောင်ပိုင်းကိုပဲ အာရုံစိုက်ချင်ကြတာမို့ ဖက်ရှင်ပတ်သက်ပြီးတော့ Stylelist တွေ ထားကြတယ်။ဒီလို Stylelist တွေ ပေါ်လာလို့ ၀မ်းသာမိပါတယ်”လို့ဆိုပါတယ်။

သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးသွားဖို့ ရှိပါတယ်လို့သိရပါတယ်။သရုပ်ဆောင်နဲ့ ပတ်သက်ပြီး အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေသလို ကြော်ငြာတွေလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။

ဇာတ်ကား ရိုက်ကူးမှာလည်း အိချောကတော့  ”ကိုယ့်ရိုက်ကူးတဲ့ ဇာတ်လမ်းပေါ် မူတည်ပြီးတော့ ၀တ်ဆင်ဖြစ်တာ များပါတယ်။ တချို့ မပုံ့၊ ကိုမျိုးမင်းစိုး၊ စတဲ့ ဒီဇိုင်နာအများကြီးရဲ့ ၀တ်စုံတွေကို ၀တ်ဖြစ်ပါတယ်။ မြန်မာဝတ်စုံ ပဲဖြစ်ဖြစ်၊ ခေတ်ပေါ်ဖက်ရှင်ပဲဖြစ်ဖြစ် နောက်မှ ပရိသတ်အားပေးလာကြတာ တွေ့ရပါတယ်”လို့ဆိုပါတယ်။

 

ဓာတ်ပုံ- သင်းသဒ္ဒါ

#voiceofmyanmar#အိချောပို

Related posts

Leave a Comment

VOM News

FREE
VIEW