စုံတွဲခွေအတွက် ဆုတောင်းပြည့်ခဲ့တဲ့ ဘိုဖြူ

ရန်ကုန် ဇန်နဝါရီ ၁၇-၂၀၁၉

သင်းသဒ္ဒါ(VOM)

စတူဒီယို တေးသီချင်းတွေနဲ့ ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ တေးသံရှင် ဘိုဖြူ ကတော့ စုံတွဲခွေအတွက် ဆုတောင်းပြည့်ခဲ့တယ်လို့ ဆိုပါတယ်။

”ကျွန်တော်က ဒီသီချင်းဟောင်းတွေ ဆိုပြီးဒီလောကထဲ ရောက်လာခဲ့တာပါ။ ကျွန်တော် တနေ့ အဆိုတော်ဖြစ်ခဲ့ရင် ပထမဆုံးစုံတွဲဆိုမှာက မမီ(မီမီဝင်းဖေ)လို့ ဆုတောင်းခဲ့ပါတယ်။ဒီဆုတောင်းပြည့်ခဲ့တယ်လို့ ပြောလို့ရပါတယ်”လို့ဆိုပါတယ်။

နာမည်ကျော် တေးသံရှင်တွေဖြစ်ကြတဲ့ ဘိုဖြူ နဲ့ မီမီဝင်းဖေ တို့ရဲ့ ”လွန်ဆန် နိုင်မလားအချစ်လေး”တေးစီးရီးကိုတော့ ဇန်နဝါရီ ၁၉ရက်တွင်  လှိုင်းတေးသံသွင်းကနေ ဖြန့်ချိမှာဖြစ်ပါတယ်။ဒီခွေမှာတော့ တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့သော တေးသီချင်းတွေကို ပြန်လည်သီဆိုထားတော့ Singal အနေဖြင့် သီချင်း ၅ပုဒ်ဆီဆိုထားသလို  စုံတွဲအနေနဲ့သီချင်း ၄ ပုဒ်ပါဝင်ထားတယ်လို့ သိရပါတယ်။

”ကိုစိုင်းထီးဆိုင် ဘယ်လိုခံစားသီဆိုခဲ့လဲ  တစ်ယောက်ကို နှစ်ခါဆီပြန်အသံသွင်းခဲ့ပါတယ်။အခက်အခဲတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ ကဆရာစိုင်းခမ်းလိတ် စိုင်းဆေနော် စိုင်းခမ်းသီ သီချင်းဟောင်းတွေကို ပြန်လည်သီဆိုထားပါတယ်။ဟိုး အရင် တုန်းက သီချင်းတွေထဲမှာ ခေါင်းစဉ်သီချင်းဖြစ်တဲ့ လွန်ဆန် နိုင်မလားအချစ်လေးလည်း ပါပါတယ်။ဟိုးအရင် အန်တီအယ်လ် ခွန်းရီသီချင်းတွေကို မမီက ပြန်ဆိုထားတာပါ။ပရိတ်တွေ အဝနားထောင်နိုင်ဖို့ သီချင်းတွေအများကြီး ထည့်ထားပါတယ်။ အရင်တုန်းက ကောင်းပြီးသား သီချင်းတွေကို ဒါထက်ပိုကောင်းအောင် ဆိုထားပါတယ်”လို့ ဆိုပါတယ်။

ဓာတ်ပုံ – သင်းသဒ္ဒါ

#voiceofmyanmar#ဘိုဖြူ#မီမီဝင်းဖေ

 

Related posts

Leave a Comment

VOM News

FREE
VIEW