ကိုဗစ်ကာလ ကျူဝင်နေရသူများ စိတ်ပိုင်းဆိုင်ရာအတွက် ဘာတွေသတိပြု လိုက်နာရမလဲ

ကိုဗစ် ၁၉ ကပ်‌ရောဂါကာလအတွင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဌာနများက ကိုဗစ်ကပ်ရောဂါကာလ လိုက်နာရမယ့် အချက်များကို သီးသန့်ထုတ်ပြန်ခဲ့ပါတယ်။ ယင်းအနက် ကိုဗစ်ကပ်ရောဂါကာလ ကျူဝင်နေရသူများ စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး သိရှိလိုက်နာရမည့် အချက်များကို စိတ်ကျန်းမာရေး စီမံချက်နှင့် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ မေလဆန်းပိုင်းမှ ထုတ်ပြန်ထားတဲ့ အချက်တွေကနေ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ ၁ – ကျူစခန်းဝင်နေ(အသွားအလာကန့်သက်မှုဖြင့်နေ)တဲ့ အချိန်မှာ ဖုန်းနဲ့ဖြစ်စေ၊ အင်တာနက်ဖြင့်ဖြစ်စေ ကိုယ့်ရဲ့မိတ်ဆွေ အသိုင်းအဝိုင်းနှင့် ပုံမှန် ဆက်သွယ်ပါ။ ၂ – ကိုယ့်ရဲ့ တစ်ကိုယ်ရေ လိုအပ်ချက်၊ ခံစားချက်တွေကို အာရုံစိုက်ပါ။ ၃ – ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပန်းပြေစေတဲ့ လှုပ်ရှားဆောင်ရါက်မှုတွေကို လုပ်ပါ။ ၄ – ပုံမှန် လေ့ကျင့်ခန်းတွေလုပ်ပါ။ ၅ – အိပ်ချိန်၊ အိပ်ရာထချိန် မှန်ပါစေ။…

Read More

Quarantine တဲ့ မဲဆန္ဒရှင်တွေ မဲလက်မှတ်နဲ့ ၆ ပေအကွာက ကြိုတင်မဲပေးရမည်

မြစ်ကြီးနား- နိုဝင်ဘာ၄-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ် ၊ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က Quarantine Center တွေမှာ အသွားအလာ ကန့်သတ်ခံထားရသူတွေကို နိုဝင်ဘာလ ၄ ရက်နေ့ကစပြီး ကြိုတင်မဲပေးခွင့် ပြုခဲ့ပြီး မဲဆန္ဒရှင်တွေဟာ မဲလက်မှတ်နဲ့ ၆ ပေအကွာကနေ မဲပေးရမှာ ဖြစ်တယ်လို့ မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူးနဲ့ ဝိုင်းမော်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသိန်းမြို့တို့ရဲ့ ပြောကြားချက်အရ သိရပါတယ်။ Quarantine Center က မဲပေးခွင့်ရှိသူတွေကို ကြိုတင်မဲကောက်ယူမှု အနေနဲ့ မြစ်ကြီးနားမြို့နယ်အတွင်း နိုဝင်ဘာ ၄ ရက်နဲ့ ၅ ရက်မှာ ကောက်ယူမှာဖြစ်ပြီး ဝိုင်းမော်မြို့နယ် အတွင်းမှာတော့ ၅ ရက်နေ့ကနေ ၇ ရက်အတွင်း ကောက်ယူမယ်လို့ သိရပါတယ်။ အဲ့ဒီလိုမဲပေးတဲ့အခါမှာ ရပ်ကျေးကော်မရှင် တာဝန်ရှိသူတွေ၊ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေနဲ့ စောင့်ကြည့်ရေး…

Read More

ပါးစပ်နှင့် နှာခေါင်းစည်း အရည်အသွေးကောင်းမကောင်း ဘယ်လိုစစ်မလဲ

နိုဝင်ဘာ ၃-၂၀၂၀ ဈေးကွက်ထဲက နှာခေါင်းစည်း Mask တွေကို အလွယ်မဝယ်သင့်ပါဘူး၊ ဘယ်လိုအရည်အသွေးတွေရှိသင့်တယ်၊ ဘယ်လိုဟာမှ ကာကွယ်မှုအပြည့်ပေးနိုင်တယ်ဆိုတာတွေကို အလွယ်တကူသိဖို့ ဒါလေးခဏဖတ်ပေးပါ။ ပထမဆုံးပြင်ပ သွင်ပြင်လက္ခဏာအနေနဲ့ စစ်နိုင်တာက ပါးစပ်နဲ့နှာခေါင်းစည်းတစ်ခုဟာ အလွှာ ၃ ခုပါရှိရပါမယ်။ ၁ – အပြင်ဘက်အလွှာဟာ ရေမဝင်နိုင်တဲ့၊ ရက်တလုပ်ထားတာမဟုတ်တဲ့ (non-woven) အလွှာဖြစ်တဲ့ လူနဲ့ လူခန္ဓာကိုယ်ကနေထွက်တဲ့ အစက်အမှုန်တွေကို မဝင်ရောက်ဖို့ ကာကွယ်ပေးပါတယ်။ ၂ – အလယ်အလွှာဟာ လေစစ် (Melt Blown)အလွှာဖြစ်တယ်၊ ရောဂါပိုးမွှားဖြတ်သန်း ဝင်/ထွက်တာကို ကာကွယ်ပေးတယ်။ ၃ – အတွင်းဘက်အလွှာက ရေစုပ်ယူနိုင်တဲ့၊ ရက်လုပ်ထားတဲ့ (non-woven) အလွှာဖြစ်လို့ တပ်ဆင်သူရဲ့ ကိုယ်က ထွက်နေတဲ့ အရည်အစက်အမှုန်တွေကို စုပ်ယူပြီးတော့ ပြင်ပကိုမထွက်ဖို့ ကာကွယ်ပေးပါတယ်။ ၄ – နှာခေါင်းနေရာပေါ်မှာရှိတဲ့ သတ္ထုချောင်း(ကလစ်)က ဝတ်ဆင်သူနဲ့ အံဝင်ခွင်ကျဖြစ်နိုင်ဖို့…

Read More

ရန်ကင်းကလေးဆေးရုံ ကိုဗစ်ကူးစက်ခံရသူ ၅ဝ ကျော်အထိ ရှိလာ

ရန်ကုန်-အောက်တိုဘာ၃၀-၂၀၂၀ ထက်ခေါင်လင်း(VOM) ရန်ကုန်မြို့ ရန်ကင်းကလေးဆေးရုံမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ ကလေးငယ်တွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အားလုံးပေါင်း ၅ဝ ကျော် ကူးစက်ခံနေရပြီဖြစ်တယ်လို့ ရန်ကင်းကလေးဆေးရုံက သိရပါတယ်။ ကိုဗစ် ဒုတိယလှိုင်း စတင်ဖြစ်ပေါ်စဉ်ကတည်းက တဖြည်းဖြည်းနဲ့ ဆေးရုံကို လာပြတဲ့ ကလေးလူနာနဲ့ မိသားစုတွေထဲက တယောက်စ၊ နှစ်ယောက်စ စတင်တွေ့ရှိခဲ့ရာကနေ ယခုရက်ပိုင်းအထိ အဆိုပါ ကိန်းဂဏန်းအထိ ရောက်ရှိလာတာလို့ ရန်ကင်းကလေးဆေးရုံက လက်ထောက်ဆေးရုံအုပ် ဒေါက်တာမင်းသန့်က ပြောပါတယ်။ ဒေါက်တာမင်းသန့်က “ဆေးရုံကို ဖျားလို့၊ နာလို့ လာပြတဲ့ ကလေးတွေကို သံသယရှိလို့ စစ်လိုက်တဲ့အခါ တွေ့တာပါ။ နောက်ပြီး ကျန်းမာရေး ဝန်ထမ်းဆရာ၊ ဆရာမတွေ ကူးစက်တယ်ဆိုတာကလည်း အဲ့ဒီလိုကလေးတွေနဲ့ ထိတွေ့မိတဲ့ သူတချို့ကို စစ်ရာကတွေ့တယ်။ ပြောချင်တာက အခု ပမာဏက တပြိုင်နက်ထဲ ဖြစ်တာမျိုးမဟုတ်ဘူး” လို့ ဆိုပါတယ်။ ယခု…

Read More

ကိုဗစ်ကာလ ကျူဝင်နေရသူများ စိတ်ပိုင်းဆိုင်ရာအတွက် ဘာတွေသတိပြု လိုက်နာရမလဲ

ကိုဗစ် ၁၉ ကပ်‌ရောဂါကာလအတွင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဌာနများက ကိုဗစ်ကပ်ရောဂါကာလ လိုက်နာရမယ့် အချက်များကို သီးသန့်ထုတ်ပြန်ခဲ့ပါတယ်။ ယင်းအနက် ကိုဗစ်ကပ်ရောဂါကာလ ကျူဝင်နေရသူများ စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး သိရှိလိုက်နာရမည့် အချက်များကို စိတ်ကျန်းမာရေး စီမံချက်နှင့် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ မေလဆန်းပိုင်းမှ ထုတ်ပြန်ထားတဲ့ အချက်တွေကနေ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ ၁ – ကျူစခန်းဝင်နေ(အသွားအလာကန့်သက်မှုဖြင့်နေ)တဲ့ အချိန်မှာ ဖုန်းနဲ့ဖြစ်စေ၊ အင်တာနက်ဖြင့်ဖြစ်စေ ကိုယ့်ရဲ့မိတ်ဆွေ အသိုင်းအဝိုင်းနှင့် ပုံမှန် ဆက်သွယ်ပါ။ ၂ – ကိုယ့်ရဲ့ တစ်ကိုယ်ရေ လိုအပ်ချက်၊ ခံစားချက်တွေကို အာရုံစိုက်ပါ။ ၃ – ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပန်းပြေစေတဲ့ လှုပ်ရှားဆောင်ရါက်မှုတွေကို လုပ်ပါ။ ၄ – ပုံမှန် လေ့ကျင့်ခန်းတွေလုပ်ပါ။ ၅ – အိပ်ချိန်၊ အိပ်ရာထချိန် မှန်ပါစေ။…

Read More

ဖားကန့်တောင်ပြိုရွာမှာ လော့ဒေါင်း ပြန်ဖျက်ပေးဖို့ ဆန္ဒပြ

အောက်တိုဘာ ၂၇-၂၀၂၀ ရန်အောင်ထွန်း (VOM) ဓာတ်ပုံ – နောင်ရိုး ကချင်ပြည်နယ် ဖားကန့်မြို့နယ် တောင်ပြိုကျေးရွာမှာ လော့ဒေါင်းချထားတာ ပြန်ပြင်ပေးဖို့ လူအင်အား ရာနဲ့ချီတဲ့ ကျေးရွာလူထုဟာ အောက်တိုဘာ ၂၇ မွန်းလွဲပိုင်းက ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ပါတယ်။ ဖားကန့်ဒေသမှာ ပိုးတွေ့လူနာများလာလို့ အောက်တိုဘာ ၂၀ ရက်နေ့မှာ ရောဂါပိုးကူးစက်မှုကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ရေးအတွက် ဖားကန့်နဲ့ မိုးညှင်းနှစ်မြို့နယ်ကို Stay At Home နေထိုင်ကြဖို့ ကျန်းမာရေးနှင့် အားကစာဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ တောင်ပြိုကျေးရွာ ကိုတော့ ရောဂါပိုးတွေ့သူများလာလို့ အဲ့ဒီမတိုင်ခင်ကတည်းက အသွားအလာ ကန့်သတ်ထားတာလို့ သိရပါတယ်။ “ ကယ်ဆယ်ရေးက ပေးတော့ပေးတာပေါ့ အာလူးတို့ ဆန် ဆီ ဆားတို့ ပေးတာရှိတယ်။ ပိုက်ဆံကတော့ ဘယ်သူပေးတယ်မသိဘူး တစ်အိမ် ၄၇၀၀၀ ပေးတာ ဆယ်ရက်လာက်ရှိပြီ တစ်ခါတော့ပေးတယ်။ အဲ့ဒီကယ်ဆယ်ရေး…

Read More

ပါးစပ်နှင့် နှာခေါင်းစည်း အရည်အသွေးကောင်း/ မကောင်း ဘယ်လိုစစ်မလဲ

ဈေးကွက်ထဲက နှာခေါင်းစည်း Mask တွေကို အလွယ်မဝယ်သင့်ပါဘူး၊ ဘယ်လိုအရည်အသွေးတွေရှိသင့်တယ်၊ ဘယ်လိုဟာမှ ကာကွယ်မှုအပြည့်ပေးနိုင်တယ်ဆိုတာတွေကို အလွယ်တကူသိဖို့ ဒါလေးခဏဖတ်ပေးပါ။

Read More

မြစ်ကြီးနားကာဝင်းမှာ ဝင်ထွက်နေတဲ့ မော်တော်ယာဉ်တွေ စည်းကမ်းလိုက်နာမှု အားနည်း

မြစ်ကြီးနားကာဝင်းမှာ ဝင်ထွက်နေတဲ့ မော်တော်ယာဉ်တွေ စည်းကမ်းလိုက်နာမှု အားနည်း မြစ်ကြီးနား၊ အောက်တိုဘာ- ၂၄- ၂၀၂၀ ရန်အောင်ထွန်း(VOM) မြစ်ကြီးနားမြို့ကားဝင်းအတွင်းမှာ ဝင်ထွက်နေတဲ့ ယာဉ်တွေနဲ့ ယာဉ်မောင်းအများစုဟာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာကြဘူးလို့ မြစ်ဖျားဧရာကားဝင်း အတွင်း တာဝန်ကျနေတဲ့ ကျန်းမာရေးဝန်ထမ်းရဲ့ ပြောကြာချက်အရ သိရပါတယ်။ Covid-19 ရောဂါကာကွယ်ထိန်းချုပ်နေတဲ့ ကာလအတွင်း ကုန်စည်စီးဆင်မှု ရပ်တန့်မသွားအောင် တိုင်းကျော်နယ်ကျော်ဒေသကို ကုန်စည်နဲ့ထွက်မယ့် ကားတွေနဲ့ ပြည်နယ်အတွင်း လူစီးကားတွေကို ကားအသင်းရဲ့ထောက်ခံချက်၊ မော်တော်ယာဉ်များကြီးကြပ်ရေး ကော်မတီ (ယကတ)ရဲ့ ထောက်ခံချက်နဲ့ လိုက်ပါမယ့် ယာဉ်မောင်းနဲ့ ယာဉ်အကူရဲ့ ကျန်းမာရေးထောက်ခံချက် ဝင်ထွက်သွားလာခွင့်ပြုပေးနေတာ ဖြစ်ပါတယ်။ တစ်ရက်ကို ကားအစီးရေ ၃၀ လောက်ဝင်နေပြီး ဗန်းမော်၊ တနိုင်း၊ ပူတာအို၊ မိုးကောင်း နဲ့ အင်းတော်ကြီး ဒေသက ကားတွေအများဆုံး ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပေးနေရတယ်လို့ မြစ်ဖျားဧရာကားဝင်း…

Read More

သာယာဝတီ အကျဉ်းထောင်မှာ Covid-19ပိုးတွေ့သူ ၁၈၀ ဝန်းကျင်ရှိနေ

အောက်တိုဘာ ၂၃ -၂၀၂၀ နေလင်း+ကောင်းလက်ျာ(VOM) ပြီးခဲ့တဲ့ ရက်ပိုင်းက ပဲခူးတိုင်းဒေသကြီး သာယာဝတီ အကျဉ်းထောင်မှာ အကျဉ်းကျခံနေရသူ ၁၆ ဦး Covid-19ရောဂါပိုးတွေ့ရှိခဲ့လို့ အကျဉ်း ကျခံနေရသူနဲ့ဝန်ထမ်း၂၅၀ ကျော်ကို နှာခေါင်းတို့ပတ်နမူနာယူစစ်ဆေးတာမှာ မနေ့က အဖြေအရ ၁၆၀ ထပ်မံစစ်ဆေးတွေ့ရှိ ခဲ့တယ်လို့ သာယာဝတီအကျဉ်းထောင်ရဲ့ အကြီးတန်းအရာရှိတစ်ဦးထံကသိရှိရပါတယ်။ ၁၉ ရက်နေ့က အကျဉ်းသား ၁၆ ဦးပိုး စစ်ဆေးတွေ့ရှိတဲ့အတွက် ထိစပ်ခဲ့သူတွေကို ထပ်မံစစ်ဆေးထားတယ်လို့သိရတယ်။ လက်တလောမှာ အကျဉ်းသားတွေ ကိုဗစ်ပိုးတွေ့ခဲ့တယ် ဆိုတဲ့ ကိစ္စ ပြည်ထဲရေးဘက်ကမှအတည်ပြုပေးမှရမယ်လို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးတစ်ဦးက ပြောပြပါတယ်။ အောက်တိုဘာ၂၂ ရက်နေ့မှာ သာယာဝတီအကျဉ်းထောင် အိပ်ဆောင်တစ်ခုက အကျဉ်းသား၂၄၀ ကျော်နဲ့အကျဉ်းထောင်ဝန်ထမ်း ၁၁ ဦးကို ရောဂါပို့စစ်ဆေးရာက အကျဉ်းသား ၁၅၇ ဦးနဲ့ဝန်ထမ်း ၃ ဦး စုစုပေါင်း ၁၆၀ ခန့်ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး ပိုးရှိ လူနာများလာတာကြောင့်…

Read More

ကပ်ဘေးကာလအတွင်း အလုပ်သွားတဲ့အခါ

လူသားများသက်တမ်းစေ့နေထိုင်နိုင်ရန်အတွက် အာဟာရပြည့်ဝဖို့လိုအပ်ပါတယ်။ ကိုဗစ်ဟူသော အခက်အခဲ၊ အကြပ်အတည်းကာလမှာ အာဟာရပြည့်ဝဖို့၊ ဗိုက်ဝစေဖို့ တစ်နေ့စာတစ်နေ့ဖြေရှင်းကြရသူတွေအများကြီး အပြင်မထွက်ဖို့ သတိပေးထားပေမယ့် ရောဂါပိုးထက်ဝမ်းစာကအရေးကြီးလေတော့လမ်းထွက်ကြ၊ အလုပ်သွားကြရမှာပါ။ အချို့ကားကိုယ်နဲ့ဆိုင်တဲ့ရုံးခန်း၊ အချို့က ကိုယ်နဲ့သက်ဆိုင်တဲ့စက်ရုံ၊ အချို့ ကရပ်ကွက်ထဲမှာ ပဲဖိနပ်ပါးအောင်လမ်းလျှောက်ဈေးရောင်းကြရတယ် စသည်ဖြင့်စုံလို့။ ဒါ့ကြောင့်ကိုဗစ်ကာလ၊ ကပ်ဘေးကာလမှာအလုပ်သွားကြရတဲ့အခါ မဖြစ်မနေပြုလုပ်ရမယ့်အရာတွေကိုမျှဝေ ပေးချင်ပါတယ်။   -အလုပ်ခွင်ကိုရောက်တာနဲ့လက်ဆေးခြင်းကိုဦးစွာလုပ်ပါ အလုပ်ခွင်ကိုရောက်ပြီဆိုတာနဲ့ဦးစွာလက်ဆေးဖို့လိုပါတယ်။ လက်ဆေးတဲ့နေရာမှာလည်း စက္ကန့်(၂၀)ကြာတဲ့ အထိဆေးကြောပေးဖို့လိုပါတယ်။ -ကိုယ်နဲ့အတူပါလာတာတွေကို ပိုးသတ်ပေးပါ။ ကိုယ်နဲ့အတူပါလာတဲ့ပစ္စည်းတွေကို အရက်ပြန်သုတ်ထားတဲ့ဝါဂွမ်းနဲ့ပွတ်ပေးဖို့လိုပါတယ်။ဥပမာ။လက်ကိုင် အိတ်၊လက်ကိုင်ဖုန်းစသည်ဖြင့်.. -မိမိထိုင်မယ့်နေရာကိုပိုးသတ်ပေးပါ မိမိထိုင်မယ့်နေရာကိုဂရုတစိုက်ပိုးသတ်ပေးဖို့လိုပါတယ်။ စားပွဲပေါ်ရှိပစ္စည်းတွေကိုပါ သန့်စင်ပေးဖို့လိုတာကို မမေ့စေချင်ဘူး။ စားပွဲပေါ်ကကော်ဖီခွက်ကအစ သီးသန့်ထားထားဖို့လိုပါတယ်။ အရင်အချိန်တွေကလိုမိတ်ဆွေ တွေနဲ့ကော်ဖီတစ်ခွက်တည်းသောက်တာတွေကိုပါ မလုပ်သင့်ပါဘူး။ -ပိုးသတ်ပြီးတိုင်းမိမိလက်ကိုပြန်စစ်ပေးပါ။ ပစ္စည်းတစ်ခုခုကိုပိုးသတ်ပြီးတိုင်း၊သန့်စင်ပြီးတဲ့အခါတိုင်း မိမိလက်ကိုလည်း ဆေးကြောဖို့လိုတာကိုမမေ့စေချင်ဘူး။ မိမိမျက်နှာကိုလက်နဲ့မကြာခဏကိုင်ခြင်းမျိုးမဖြစ်စေဖို့ဂရုပြုရပါမယ်။ -စကားတွေနီးကပ်စွာ ပြောတာကိုရှောင်ပါ အရင်အချိန်တွေလို တစ်ယောက်နဲ့တစ်ယောက်ရင်းရင်းနီးနီး စကားတွေပြော၊ရယ်မောတာတွေကိုရှောင်ကြဉ် သင့်ပါတယ်။ -လက်ဆွဲနှုတ်ဆွဲတာကိုလည်း ရှောင်ပါ။ အလုပ်မှာတစ်ယောက်နဲ့တစ်ယောက် ယဉ်ကျေးမှုအရ လက်ဆွဲနှုတ်ဆက်တာမျိုးကိုလည်းရှောင်ကြဉ်ပါ။…

Read More
VOM News

FREE
VIEW