ကပ်ဘေးကာလအတွင်း အလုပ်သွားတဲ့အခါ

လူသားများသက်တမ်းစေ့နေထိုင်နိုင်ရန်အတွက် အာဟာရပြည့်ဝဖို့လိုအပ်ပါတယ်။ ကိုဗစ်ဟူသော
အခက်အခဲ၊ အကြပ်အတည်းကာလမှာ အာဟာရပြည့်ဝဖို့၊ ဗိုက်ဝစေဖို့
တစ်နေ့စာတစ်နေ့ဖြေရှင်းကြရသူတွေအများကြီး အပြင်မထွက်ဖို့ သတိပေးထားပေမယ့် ရောဂါပိုးထက်ဝမ်းစာကအရေးကြီးလေတော့လမ်းထွက်ကြ၊ အလုပ်သွားကြရမှာပါ။

အချို့ကားကိုယ်နဲ့ဆိုင်တဲ့ရုံးခန်း၊ အချို့က ကိုယ်နဲ့သက်ဆိုင်တဲ့စက်ရုံ၊ အချို့ ကရပ်ကွက်ထဲမှာ
ပဲဖိနပ်ပါးအောင်လမ်းလျှောက်ဈေးရောင်းကြရတယ် စသည်ဖြင့်စုံလို့။

ဒါ့ကြောင့်ကိုဗစ်ကာလ၊ ကပ်ဘေးကာလမှာအလုပ်သွားကြရတဲ့အခါ
မဖြစ်မနေပြုလုပ်ရမယ့်အရာတွေကိုမျှဝေ ပေးချင်ပါတယ်။

 

ကပ်ဘေးကာလအတွင်း အလုပ်သွားတဲ့အခါ

-အလုပ်ခွင်ကိုရောက်တာနဲ့လက်ဆေးခြင်းကိုဦးစွာလုပ်ပါ
အလုပ်ခွင်ကိုရောက်ပြီဆိုတာနဲ့ဦးစွာလက်ဆေးဖို့လိုပါတယ်။ လက်ဆေးတဲ့နေရာမှာလည်း
စက္ကန့်(၂၀)ကြာတဲ့ အထိဆေးကြောပေးဖို့လိုပါတယ်။

-ကိုယ်နဲ့အတူပါလာတာတွေကို ပိုးသတ်ပေးပါ။
ကိုယ်နဲ့အတူပါလာတဲ့ပစ္စည်းတွေကို
အရက်ပြန်သုတ်ထားတဲ့ဝါဂွမ်းနဲ့ပွတ်ပေးဖို့လိုပါတယ်။ဥပမာ။လက်ကိုင်
အိတ်၊လက်ကိုင်ဖုန်းစသည်ဖြင့်..

-မိမိထိုင်မယ့်နေရာကိုပိုးသတ်ပေးပါ

မိမိထိုင်မယ့်နေရာကိုဂရုတစိုက်ပိုးသတ်ပေးဖို့လိုပါတယ်။ စားပွဲပေါ်ရှိပစ္စည်းတွေကိုပါ
သန့်စင်ပေးဖို့လိုတာကို မမေ့စေချင်ဘူး။ စားပွဲပေါ်ကကော်ဖီခွက်ကအစ
သီးသန့်ထားထားဖို့လိုပါတယ်။ အရင်အချိန်တွေကလိုမိတ်ဆွေ
တွေနဲ့ကော်ဖီတစ်ခွက်တည်းသောက်တာတွေကိုပါ မလုပ်သင့်ပါဘူး။

-ပိုးသတ်ပြီးတိုင်းမိမိလက်ကိုပြန်စစ်ပေးပါ။
ပစ္စည်းတစ်ခုခုကိုပိုးသတ်ပြီးတိုင်း၊သန့်စင်ပြီးတဲ့အခါတိုင်း မိမိလက်ကိုလည်း
ဆေးကြောဖို့လိုတာကိုမမေ့စေချင်ဘူး။ မိမိမျက်နှာကိုလက်နဲ့မကြာခဏကိုင်ခြင်းမျိုးမဖြစ်စေဖို့ဂရုပြုရပါမယ်။

-စကားတွေနီးကပ်စွာ ပြောတာကိုရှောင်ပါ
အရင်အချိန်တွေလို တစ်ယောက်နဲ့တစ်ယောက်ရင်းရင်းနီးနီး
စကားတွေပြော၊ရယ်မောတာတွေကိုရှောင်ကြဉ် သင့်ပါတယ်။

-လက်ဆွဲနှုတ်ဆွဲတာကိုလည်း ရှောင်ပါ။
အလုပ်မှာတစ်ယောက်နဲ့တစ်ယောက် ယဉ်ကျေးမှုအရ
လက်ဆွဲနှုတ်ဆက်တာမျိုးကိုလည်းရှောင်ကြဉ်ပါ။ လက်ဆွဲနှုတ်ဆက်မယ့်အစား
ပြုံပြပြီးနှုတ်ဆက်တာမျိုးပြုလုပ်ပေးလိုက်ပါ။

-နှာခေါင်းစည်းတွေကို တပ်ထားပါ
အလုပ်ကိုရောက်ပြီဆိုပြီး နှာခေါင်းစည်းကိုချွတ်ပစ်တာမျိုးမပြုလုပ်သင့်ပါ။နှာခေါင်းစည်းကို
စနစ်တကျတပ် ဆင်ထားဖို့လိုပါတယ်။ အသုံးပြုပြီးသော နှာခေါင်းစည်းတွေကိုလည်း
စနစ်တကျစွန့်ပစ်ဖို့ကိုလည်းဂရုပြုသင့် ပါတယ်။ လက်သန့်ဆေးရည်တွေကို
ကိုယ်နဲ့မကွာဆောင်ထားသင့်ပါတယ်။

-နေထိုင်မကောင်းဖြစ်နေပါက ကောင်းမွန်စွာအနားယူပါ
နှာစေးချောင်းဆိုးဖြစ်တဲ့အခါ
နှာခေါင်းနဲ့ပါးစပ်ကိုတစ်သျှူးစနဲ့အုပ်ပြီးဆိုးသင့်ပါတယ်။အသုံးပြုပြီးတစ်သျှူး
တွေကိုလည်းစနစ်တကျစွန့်ပစ်ဖို့လိုအပ်ပါတယ်။

 

ကပ်ဘေးကာလအတွင်း အလုပ်သွားတဲ့အခါ

အလုပ်ကနေ အိမ်ပြန်တဲ့အခါ

-အိမ်ထဲမဝင်ခင်ကိုယ့်ရဲ့ပစ္စည်းတွေကိုပိုးသတ်ပေးပါ။ အပြင်ကစီးလာတဲ့ဖိနပ်ကိုလည်း
အိမ်ခန်းအပြင်ဘက်မှာ ထားခဲ့ပါ။ အလုပ်မှာဝတ်ခဲ့တဲ့အဝတ်အစားတွေကိုသီးသန့်ခွဲထားပြီး
ဆပ်ပြာနဲ့စိမ်ထားသင့်ပါတယ်။ တစ်ကိုယ် ရေသန့်ရှင်းရေးအတွက်
အလုပ်ကပြန်ပြန်လာချင်းရေချိုးလိုက်ပါ။ ကိုယ်ကအလုပ်ကိုအမြဲသွားနေရသူဆို
ကိုယ့်ရဲ့တစ်ကိုယ်ရေသန့်ရှင်း ရေးသုံးပစ္စည်းတွေကိုလည်း
သီးသန့်ခွဲခြားထားသင့်ပါတယ်။အဓိကကတော့ အခက်အခဲအကြပ်အတည်းကာလ
မှာအာဟာရပြည့်ဝေအောင်စားရမယ်။ အိပ်ရေး၀၀လည်းအိပ်မယ်၊ အိမ်အ
ပြင်ထွက်လိုက်တာနဲ့ ရောဂါကာကွယ်တဲ့အရာတွေကို စနစ်တကျကျင့်သုံးသွားမယ်ဆို
ကိုဗစ်ဆိုတဲ့ကပ်ဘေးရန်ကကာကွယ်နိုင်မှာပါ။

The Voice Daily ကနေ ပြန်လည်ကူးယူဖေါ်ပြသည်။

#voiceofmyanmar #VOM #ကိုဗစ်ကာကွယ်ရေး #ကိုဗစ်ကပ်ဘေးအလုပ်သွားတဲ့အခါ

Related posts

Leave a Comment

VOM News

FREE
VIEW